Aung San Suu Kyi မြန်မာပြည် ၏ သူမတူ သံမဏိ နိုင်ငံရေးသမားတစ်ယောက် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၏အသက် ၈၀ ပြည့် မွေးနေ့ အမှတ်တရ ( ၂ /၃) သူ့ဘဝ ၊ သူ့ပညာ ၊ သူအရည်အချင်းများ နှင့် သူ ၏ နိုင်ငံချစ်စိတ် များ ]

Aung San Suu Kyi မြန်မာပြည် ၏ သူမတူ သံမဏိ နိုင်ငံရေးသမားတစ်ယောက် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၏အသက် ၈၀ ပြည့် မွေးနေ့ အမှတ်တရ ၊ သူ့ပညာ ၊ သူအရည်အချင်းများ နှင့် သူ့၏ နိုင်ငံချစ်စိတ် များ ။ စာပေဟောပြောပွဲများ၊ သတင်းစာရှင်းလင်းပွဲများ၊ တွေ့ဆုံမေးမြန်း အင်တာဗျူးများ

Aung San Suu Kyi’s story is incredible – she spent years under house arrest, peacefully fought against a military dictatorship in Myanmar and has finally taken political office.

Watch more AJ+ In-Depth: http://ajplus.co/ajindepth

Aung San Suu Kyi’s decisions now could shape Myanmar’s future, and not everyone is optimistic – especially when it comes to the country’s Muslim minority, the Rohingya.

Learn more here:
BBC. “Myanmar: Aung San Suu Kyi Exclusive Interview – BBC News.”    • Myanmar: Aung San Suu Kyi exclus…  

Al Jazeera. “The Trouble With Aung San Suu Kyi.” http://www.aljazeera.com/blogs/a…

United Nations. “Statement By Ms. Yanghee Lee, Special Rapporteur On The Situation Of Human Rights In Myanmar At The 34th Session Of The Human Rights Council.” http://www.ohchr.org/EN/NewsEven…

Presented by: Sana Saeed
Written by: Emily Gibson
Edited by: Brian Joseph
Animations by: Marisa Cruz
Produced by: Emily Gibson

Aung San Suu Kyi : Freedom Fighter Or Fraud ?

Aung San Suu Kyi, recognized globally for her nonviolent struggle for democracy in Burma, has been in and out of house arrest since 1989, spending over 15 years confined due to her political activities. The documentary highlights the strains in her marriage due to her commitment to Burma, with her husband Michael Aris supporting her despite the distance and challenges they faced. Aung San Suu Kyi emerged as a key leader of the democratic movement in Burma, impressing many with her speeches and political leadership, despite challenges from her own family and the Burmese regime.

From the World Wars and the atomic bomb to the Space Race and digital revolution, The Modern Age explores the world-changing events and people of the 20th century. Every week we’ll be bringing you award-winning documentaries that journey into the century that defined our way of life.

Subscribe so you don’t miss out!

The Modern Age is part of the History Hit Network. For any enquiries please email owned-enquiries@littledotstudios.com

Lady of No Fear: Aung San Suu Kyi ‘s Journey From Family to Freedom Fighter ( Geopolitical Documentary ) Portrait of Nobel Prize winner Aung San Suu Kyi, who has led the non-violent human rights and democracy movement in Burma since 1988. The documentary Lady of No Fear zooms in on her personal life and the immense sacrifices she imposes upon herself to attain her goal.

Twitter:   / realstoriesdocs  
Facebook –   / realstorieschannel  
Instagram – @realstoriesdocs

Content licensed from First Hand Films. Any queries, please contact us at: owned-enquiries@littledotstudios.com

Honoring 80 Years : Daw Aung San Suu Kyi’s Enduring Legacy.

June 19 marks the 80th birthday of Daw Aung San Suu Kyi. Despite her unjust imprisonment by the Myanmar junta since the 2021 military coup, her unwavering courage and lifelong fight for justice continue to inspire us all. On this milestone birthday, we honour her strength and resilience. To commemorate her 80 years, we’ve created this 80-minute video in tribute. All credit goes to the original creators of the clips featured—this collective work is a shared gesture of solidarity and admiration. We stand with her—always.

Press Conference

aw Aung San Suu Kyi, revered around the world for her peaceful fight for democracy in Burma, received an honorary degree from The Johns Hopkins University on Thursday, May 24, 2012. Suu Kyi did not attend the ceremony, but accepted her degree with this pre-recorded message.

ung San Suu Kyi’s interview with VOA’s State Department correspondent Scott Sterns. The interview was held at VOA Headquarters in Washington on Sept. 18, 2012

Daw Aung San Suu Kyi Speech at Sandhurst with Burmese Subtitle https://youtu.be/fza7Jnh0ehY?si=oLaYbK3A34QAOwh7

https://fb.watch/AChYakAmZH/?

Public Addresses

aw Aung San Suu Kyi addressed an audience of more than 400, sharing her views on how leadership mindsets and style set the tone for transformational change.

Interviews

Aung San Suu Kyi became a worldwide symbol of freedom and democracy after spending 15 years of her life under house arrest. Since her release in 2010, she has gone from dissident to politician, and has spearheaded the drive for legal and political reform in Myanmar as leader of opposition party, the National League for Democracy, and Chairperson of the Committee for the Rule of Law and Tranquillity.

This IBA interview was conducted in Nay Pyi Taw, where Aung Sang Suu Kyi was hosting an IBAHRI workshop with the aim of promoting discussion on the need to reform current rules governing Myanmar’s legal profession.

In the interview (Nov 2014) she discusses issues including the importance of the rule of law and the key challenges facing the legal profession in Myanmar. https://youtu.be/nEkVOtz4abc?si=KduY7k1n0c08b5CD

Messages from DASSK

Speeches

At Sandhurst with Burmese Subtitle https://youtu.be/fza7Jnh0ehY?si=uCiIYyZMaEe6aWx0

We condemn all human right violations

In her first comments on Rohingya crisis, Myanmar’s leader says she is ‘concerned’ over Muslims fleeing to Bangladesh.

Reported World

Burma’s broken dream: This Wednesday’s classic episode takes us to Burma, or Myanmar, where Aung San Suu Kyi has been coming under fire for her reluctance to offer support to the Rohingya Muslim minority. Krishnan Guru-Murthy went to Burma earlier this year in April to find out why the promise of Aung San Suu Kyi’s civillian government seems to be failing.

Subscribe to our channel for more Unreported World episodes:    / unreportedworld  

This Unreported World episode was first aired on Channel 4 on 14/04/2017.

Press Conferences.

Myanmar 2013 https://youtu.be/MFEEmdKbqBE?si=zqHkKVaLSwYMIThwhttps://youtu.be/MFEEmdKbqBE?si=zqHkKVaLSwYMIThw

Exclusive Interviews by BBC News

TED Talk

University Lectures

Questions & Answers

Emocracy and Non-Violence

Social Problems

News Medias , CNA/

FORUM DISCUSSIONS

Columbia University World Leaders Forum : A Discussion Featuring Daw Aung San Suu Kyi

his World Leaders Forum program features a discussion with Daw Aung San Suu Kyi, chair of the National League for Democracy, Member of Parliament from Kawmhu Constituency, and recipient of the 1991 Nobel Peace Prize. Ann Curry, national and international anchor and correspondent for NBC News moderates. Ms. Suu Kyi discusses the role of education and health on human development and Burma’s political transition.

September 22, 2012

World Leaders Forum:
http://www.worldleaders.columbia…

Co-sponsored by the Institute for the Study of Human Rights:
http://hrcolumbia.org/

Chapters – Introduction / Why I want to meetyoung people/ My approach to life / Sources of influence / Gandhi/ When was your release / How soon will Burma become a free and independent country/ What can you do to help Burmese refugees / What changes would you make in Burmese relations / What is your perspective on activism /What are some areas that international nonprofits can make the biggest contribution to Burma /What do you see as the role of academic institutions /What would you recommend to students in the Burmese disasters /Advice for students /Future of business in Burma /Security and Unification of Burma /

News Media

Aung San Suu Kyi’s Myanmar by Al Jazeera English

When Aung San Suu Kyi swept to power in Myanmar, the world hailed a new era. But one year on, the persecution of the country’s Rohingya Muslim minority is tarnishing her international reputation.

Meanwhile, fighting rages in the country’s north, the number of political detainees has risen sharply, and the economy has slowed.

Aung San Suu Kyi’s supporters say she can’t be blamed, and that undemocratic forces are undermining her. Others point to mismanagement and a fundamental lack of political experience.

101 East returns to Myanmar to find out if the high hopes held for pro-democracy icon Aung San Suu Kyi have turned to dust.

အမေစုပြောခဲ့တာတွေဟာ နွေဦး တော်လှန်ရေးအတွက်ပါ ကွက်တိ အသုံးတညိ့နေ ို့ Zaw Tun Oo post

https://fb.watch/AChx4Jjyn2/?

အမေစု ပြောခဲ့တာတွေဟာ နွေဦးတော်လှန်ရေး အတွက်ပါ ကွက်တိ အသုံးတည့်နေလို့ ကြိုပြောခဲ့သလား လို့တောင် အောက်မေ့ရပါတယ်။

အခု ရုပ်သံဖိုင်ထဲမှာ RFA အင်တာဗျူး (၂၂ မိနစ် ၁၂ စက္ကန့်) နဲ့ MRTV အင်တာဗျူး (၁၅ မိနစ် ၁ စက္ကန့်) နှစ်ခု ပူးတွဲ ပါရှိပါတယ်။ အဲဒီနောက်မှာ ၂၀၁၆ အစိုးရဖွဲ့အပြီး တပတ်အတွင်း ပေကျင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကောက်နှုတ်ချက်(၅ မိနစ် ၃၃ စက္ကန့်) ဆက်ထည့်ထားတာ တွေ့ရပါတယ်။

RFA အင်တာဗျူးက ၂၀၁၇ စက်တင်ဘာ ၁၉ ရက် နိုင်ငံတော်အခြေမိန့်ခွန်း အပြီးမှာ လုပ်ခဲ့တဲ့ အင်တာဗျူး ဖြစ်ပုံရပါတယ်။ MRTV အင်တာဗျူးကတော့ ၂၀၁၉ အာဇာနည်နေ့ အတွက် လုပ်ခဲ့တဲ့ အင်တာဗျူး လို့ သိရပါတယ်။ ပေကျင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကောက်နှုတ်ချက် ကတော့ ၂၀၁၆ ဧပြီလ ၅ ရက်နေ့ ဝမ်ယိ ရဲ့ နေပြည်တော်မှာ ခရီးစဉ် တွေ့ဆုံမှု အပြီး လုပ်ခဲ့တဲ့ အင်တာဗျူး လို့ သိရပါတယ်။

အမေစုရဲ့ ဝတ်စားဆင်ယဉ်ပုံ၊ မျက်နှာပေး၊ စကားပြောဟန် တွေကို ဒီပလိုမေစီ ဆက်သွယ်ချက်တွေ ဆိုပြီး ကောက်ယူမယ် ဆိုရင်တော့ အင်တာဗျူး နှစ်ခု နဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေစုသဘောထား ဘယ်လိုရှိတယ် ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။

++++++++++

“အဲဒီ အာဏာရလာပြီ အာဏာရလာပြီ ဆိုတဲ့ အသုံးအနှုံးကို
မကြိုက်ဘူး၊ တာဝန်ယူတဲ့ အချိန်ကတော့ အခု ၁၈ လ ရှိပြီလို့ ပြောလို့ရပါတယ်။”

“အောင်မြင်တိုးတက်မှုကို သုံးသပ်ရမှာက တကယ်တော့
ပြည်သူတွေက သုံးသပ်ရမှာပေါ့နော်”

“ခုနပဲ ပြောတယ်လေ၊ အကြီးဆုံး စိန်ခေါ်မှုက ရခိုင်ကိစ္စ (၂၀၁၆-၂၀၁၇) ပဲ “

“ကမ္ဘာက အာရုံစိုက်တဲ့ စိန်ခေါ်မှုကတော့ ရခိုင်ကိစ္စပဲ။ ဒါပေမဲ့ တကယ်တော့ အမတို့ နိုင်ငံအတွက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ကလည်း အင်မတန်မှ အရေးကြီးတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။”

“အမှန်ပြောရမယ် ဆိုလို့ရှိရင် ပြည်တွင်းငြိမ်းချမ်းရေး အနေနဲ့ ဘယ်လိုဖြစ်မယ် ဘယ်လိုဖြစ်မယ် ဆိုပြီး ဒီလို မျှော်လင့်ချက်နဲ့ မလုပ်ခဲ့ဘူး။ အောင်မြင်မယ် ဆိုတာ ယုံကြည်တယ်၊ ဒါပေမဲ့ အချိန်ကတော့ ယူရမယ်။”

“ရခိုင်ပြည်ရဲ့ လက်ရှိအခြေအနေက၊ ဘယ်တုန်းကမှတော့ ရခိုင်ပြည်အခြေအနေက၊ အမတို့ စ မတက် ခင်ကတည်းကပေါ့၊ ဟို အေးဆေးခဲ့တာ မဟုတ်ဘူး၊ သို့သော်ငြားလည်း အခုနောက်ပိုင်းမှာ ကျတော့ ကမ္ဘာ့ရဲ့ အာရုံ အရမ်းစူးစိုက်လာတဲ့ အခါကျတော့ ပိုပြီးတော့ ကိုင်တွယ်ရတာ သိမ်မွေ့လာတယ်လို့ ဒီလိုပဲ မြင်တယ်။”

“အခု ရခိုင်မှာ ဆိုလို့ရှိရင် အေးအေးဆေးဆေး ရှိနေတဲ့ နေရာတွေ ရှိတယ်။ ရခိုင်တွေနဲ့ မူဆလင်နဲ့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ရှိနေတဲ့ နေရာတွေ ရှိသလို မူဆလင်တွေ သူတို့ဟာ သူတို့ အေးအေးဆေးဆေး စိတ်လုံလုံခြုံခြုံနဲ့ နေတဲ့ နေရာတွေလည်း ရှိတယ်။”

“ပြဿနာတခုကို ကုစားချင်တယ် ဆိုလို့ရှိရင် ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရမယ်။ ပြဿနာ ချည်းကိုပဲ ကျဉ်းကျဉ်းမြောင်းမြောင်းလေး ကြည့်လို့ ရှိလို့ရှိရင် ထိထိရောက်ရောက် ကုစားမှု မရရှိနိုင်တဲ့အပြင် ပိုပြီးတော့ တောင်မှ အန္တရာယ် ဖြစ်စေနိုင်တယ်။”

“ဒီမိုကရေစီ ခရီးလမ်းက ဘယ်‌တော့မှ မပြီးဘူး မဆုံးဘူး။ (ခရီးလမ်း) ကြမ်းတာ မကြမ်းတာက အဓိက မဟုတ်ဘူး။
အဲတော့ တချို့က မသိတာက ဒီမိုကရေစီဆိုတာ အဆုံးရှိတဲ့ လမ်းလို့ ထင်တယ်။ အခု ကိုခင်မောင်စိုးတို့ ဟို အမေရိကန်နိုင်ငံမှာ ဒီမိုကရေစီ လမ်းကြီးက ခရီးကြီးက ပြီးသွားပြီလား။

နိုင်ငံ တနိုင်ငံရဲ့ ခရီးဆိုတာ ဘယ်တော့မှ မဆုံးဘူး။ ကမ္ဘာကြီးတည်အရွေ့ ဒီခရီးက ရှိမှာပဲနော်။ ဒီမိုကရေစီ ကတော့ တခြားနိုင်ငံရေး စနစ်တွေထက် ပိုပြီးတော့ ထိန်းသိမ်းရတာ ခက်ခဲတယ်။ ဘာလို့ဆိုတော့ အများပြည်သူရဲ့ ဆန္ဒပေါ်မှာ အခြေခံတယ်။ အများပြည်သူရဲ့ ဆန္ဒပေါ်မှာ အခြေခံတဲ့ စနစ်ဆိုတာဟာ အလျှော့အတင်း အပေးအယူတွေ အများကြီး ပိုလုပ်ရတယ်။

ဥပမာ အာဏာရှင်စနစ်၊ အာဏာရှင်က ဘယ်သူနဲ့မှ အလျှော့အတင်း အပေးအယူ မလုပ်ဘူး၊ သူ့ဟာသူ လုပ်ချင်တာ
လုပ်သွားတယ်။ လုပ်ချင်တာ လုပ်သွားတယ် ဆိုတော့၊ အပေါ်ယံကြော ကြည့်လိုက်လို့ ရှိလို့ရှိရင် ပိုပြီးတော့ လွယ်သလိုပဲပေါ့။ ဒါပေမဲ့ နိုင်ငံရဲ့ အပေါ်မှာ သက်ရောက်မှုကတော့ အင်မတန် ပိုဆိုးတာပေါ့။ ဒီမိုကရေစီ ခရီး ဆိုတာကတော့ အများရဲ့ ဆန္ဒနဲ့ ကို အခြေခံတဲ့ ဟာ ဆိုတော့ အများ သဘော တူညီမှု ရအောင် လုပ်ရတာကိုကပဲ တော်တော် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ရတယ်။ ဒါပေမဲ့ ရှေရှည်မှာတော့ နိုင်ငံအတွက် ပိုကောင်းတာပေါ့။

အရင် ချာချီ ပြောခဲ့သလိုလေ။ ဒီမိုကရေစီက ကောင်းတဲ့စနစ်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ တခြားစနစ်တွေ အားလုံးထက် ပိုပြီးတော့ ကောင်းတယ် ဆိုတာ။”

RFA အင်တာဗျူးမှ ကောက်နှုတ်ချက် ၂၀၁၇ စက်တင်ဘာ ၂၀

++++++++++

“Democracy is the worst form of government, except for all the others.”
(Churchill)

++++++++++

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတွေမှာ ဝင်ရောက် မစွက်ဖက်ပါဘူး။ ကျနော်တို့ တရုတ်ဘက်က မြန်မာနိုင်ငံပြည်သူတွေရဲ့ မှန်ကုန်တဲ့ ရွေးချယ်မှုကိုလည်း ထောက်ခံပါတယ်။
(ပေကျင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ၂၀၁၆ ဧပြီ ၅)
၂၀၁၆ မေလ အမေစု အစိုးရ ဖွဲ့အပြီး တပတ်အတွင်း လာတွေ့တုန်းက ပြောခဲ့တဲ့ စကားပါ။

++++++++++ ++++++++++ ++++++++++

ICJ မှာ မြန်မာပြည်သူအပေါ်
တရားစွဲတယ်ဆိုတဲ့
သူတွေကို မေးလိုက်ချင်ပါတယ်။

၂၀၀၈ ခြေဥ အောက်မှာ
မြန်မာပြည်သူရဲ့ လုပ်ပိုင်ခွင့်
ဘယ်လောက်ပဲ
ရှိတယ်ဆိုတာ သိပါရဲ့ လား။

အဲဒီ ၂၀၀၈ ခြေဥအောက်မှာ
ရွေးကောက်ပွဲဝင်ဖို့ အမေစုကို
ယူအက်စ် နဲ့ အီးယူ က လာရောက်
တိုက်တွန်းခဲ့တယ် ဆိုတာရော သိပါရဲ့လား။

၂၀၀၈ ခြေဥ
အတည်ပြုတုန်းက
မြန်မာပြည်သူတွေဟာ
ထောက်ခံတာမျိုး
လုံးဝ မလုပ်ခဲ့ဘူး ဆိုတာ သိပါရဲ့လား။

ဖက်ဒရယ် ဒီမိုကရေစီ
ဦးတည်နေကြတဲ့
မြန်မာပြည်သူတွေထဲမှာ
လူမျိုးရေး ဘာသာရေး
အသားရောင်
ခွဲခြားဆက်ဆံတဲ့
အစွန်းရောက်တွေ မရှိပါဘူး။

အဲဒီတော့
မအလ စကစ လုပ်သမျှကို
မြန်မာပြည်သူတွေရဲ့ ခေါင်းပေါ် လာပုံလို့ မရပါဘူး။

++++++++++ ++++++++++ ++++++++++

၂၀၁၇ စက်တင်ဘာ ၁၉ ရက် နိုင်ငံတော်အခြေပြမိန့်ခွန်းမှ ကောက်နှုတ်ချက်
(အမေစုမှ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောခဲ့သည်)

ကျွန်မတို့အနေနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အဓိက အာရုံစိုက်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေကို စိုးရွံ့နေမှာ မဟုတ်သလို ဒီဒေသမှာနေထိုင်တဲ့ အသိုင်းအဝိုင်း အားလုံးအတွက် ရေရှည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ ဆောင်ရွက်သွားမယ်ဆိုတာ ကျွန်မအနေနဲ့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စတွေကို အောင်မြင်မှုရရှိဖို့ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စိတ်မကောင်းစရာတစ်ခုက အောက်တိုဘာလ ၉ ရက် ၊
ကျွန်မ ကုလသမဂ္ဂ မိန့်ခွန်းပြောကြားပြီး ၁၈ ရက်အကြာမှာတော့ ရဲကင်းသုံးခုကို လက်နက်ကိုင် မွတ်စလင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက်နဲ့ နိုဝင်ဘာ ၁၂ ရက်တွေမှာ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ ဒေသခံတွေ အသက်ဆုံးရှုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မွတ်စလင်အများအပြားလည်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ အစိုးရအနေနဲ့ ဒီဒေသမှာ ငြိမ်းချမ်းတည်ငြိမ်ရေး ပြန်လည်ဖြစ်ပေါ်စေဖို့ တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ပါတယ်။ မွတ်စလင်တွေနဲ့ ရခိုင်ပြည်သူတွေအကြား ညီညွတ်မှုရရှိစေဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်
မတိုင်မီကတည်းက ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒေါက်တာကိုဖီအာနန်ကို ဖိတ်ခေါ်ပြီး အဲဒီကော်မရှင်ကို ဦးဆောင်ကာ ရခိုင်ပြည်နယ်မှာ ပြဿနာတွေကို ပြေလည်စေဖို့ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလို လုပ်ဆောင်မှုတွေ ရှိခဲ့ပေမယ့်လည်း ပြဿနာတွေ ထပ်မံမဖြစ်ပေါ်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်အထိ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး၊ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
လအတော်ကြာကြာတော့ တည်ငြိမ်သလိုရှိနေခဲ့ပါတယ်။
သြဂုတ် ၂၅ ရက်မှာ ရဲစခန်း ၃ဝ နဲ့ တောင်ဘဇာရွာက တပ်မတော်စခန်းတစ်ခုကို လက်နက်ကိုင် အုပ်စုတွေက တိုက်ခိုက်ခဲ့ပါတယ်။ ဆက်လက်တိုက်ခိုက်မှုတွေဖြစ်ပွားလာတဲ့ အခါမှာ ARSA နဲ့ သူတို့ကို ထောက်ခံသူတွေဟာ အခုဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ တာဝန်ရှိကြောင်း အစိုးရအနေနဲ့ ဥပဒေအရ ကြေညာချက် ထုတ်ပြန်ပြီး အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ဥပဒေအရ ကြေညာခဲ့တယ်။

ကမ္ဘာ့နိုင်ငံတွေကလည်း ရခိုင်ပြည်နယ်အရေးကို အာရုံစိုက်လာကြပါတယ်။ ကျွန်မတို့အစိုးရအနေနဲ့ကတော့ လူ့အခွင့် အရေးချိုးဖောက်မှုအားလုံးကို ပြစ်တင်ရှုတ်ချပါတယ်။
ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ အရပ်သားတွေကို မထိခိုက်စေဘဲ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအပေါ် ထိခိုက်နစ်နာစေမယ့် ကိစ္စမှန်သမျှကို ဥပဒေနဲ့တိတိကျကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အခုလိုဖြစ်ပွားတဲ့ ကိစ္စများထိခိုက်နစ်နာရတဲ့ သူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ မွတ်စလင်တွေသာမကပါဘူး၊ ဒီဒေသမှာ လူနည်းစုတွေဖြစ်တဲ့ မြို ၊ ဒိုင်းနက်၊ မြန်မာကြီး၊ သက်၊ ဟင်ဒီတွေလည်း ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို သြဂုတ် ၂၇ ရက်ကစပြီး ပေးခဲ့ပါတယ်။ ဒီလိုကူညီမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒေါက်တာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာကို သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အကြံပြုချက်တွေကို အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ရေတိုအစီအစဉ်တွေကို အချိန်တိုအတွင်းမှာ ပြီးမြောက် အောင် ဆောင်ရွက်သွားဖြစ်သလို ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားမှာပါ။

အခြေအနေတွေ တည်ငြိမ်သွားအောင်လို့ အစိုးရအနေနဲ့ ဆောင်ရွက်နေပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ကစပြီး တိုက်ခိုက်မှုတွေဖြစ်ပေါ်တာ မရှိတော့သလို နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေလည်း မရှိတော့ပါဘူး။

ဒါပေမယ့် မွတ်စလင်တွေ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေတာတွေ ရှိနေတုန်းပဲလို့ ကြားနေရတဲ့အပေါ် စိုးရိမ်မိပါတယ်။ ဒါဘာကြောင့် ဖြစ်နေတာလဲဆိုတာကို
အဖြေရှာဖို့ လိုပါတယ်။ ထွက်ပြေးသွားတဲ့ သူတွေနဲ့ရော
ဆက်ပြီး နေတဲ့ သူတွေနဲ့ရော တွေ့ဆုံစကားပြောချင်ပါတယ်။

ရခိုင်ဒေသမှာရှိတဲ့ မွတ်စလင်အများစုက အခုလိုဖြစ်တဲ့ ပြဿနာမှာ မပါဝင်ဘူးဆိုတာ အားလုံးသိဖို့ လိုပါတယ်။
ဒီဒေသမှာ ပြဿနာမဖြစ်ခင် အချိန်နဲ့ ဖြစ်တဲ့ အချိန်က အခြေအနေတွေအားလုံးကို နားလည်ဖို့ လိုပါတယ်။ အချို့မွတ်စလင်တွေက ဒီပြဿနာမှာ မပါဝင်အောင် ဘာလို့နေနိုင်သလဲဆိုတာ နားလည်ဖို့ လိုပါတယ်။

ရခိုင်ပြည်နယ်မှာ အတူတကွနေထိုင်နေတဲ့ မွတ်စလင်တွေရဲ့ သဘောထားတွေကို နားလည်အောင် ကျွန်မတို့အနေနဲ့ ဆောင်ရွက်ရာမှာ သံတမန်အသိုင်းအဝိုင်းအနေနဲ့လည်း
ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်။ လက်ရှိကျန်နေတဲ့သူတွေ ဘာကြောင့်မပြေးတာလဲ။ ဆက်ပြီးနေတာလဲဆိုတာ ကိုယ်တိုင်မေးမြန်း ချင်ကြတယ်ဆိုရင်တော့ သံတမန်အဖွဲ့အစည်းတွေအတွက် အစီအစဉ်တွေကို ကျွန်မတို့ ဆောင်ရွက်ပေးနိုင်ပါတယ်။

အခုဆိုရင် ဒီဒေသမှာ လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အဲဒီထဲက အချို့ကို တင်ပြရမယ်ဆိုရင်တော့ ရခိုင်ပြည်နယ် လူမှုဖွံ့ဖြိုးရေးအစီအစဉ် ၂ဝ၁၇-၂ဝ၂၁ ကို ချမှတ်ဆောင်ရွက် ထားပါတယ်။ ဒေသခံထောင်ပေါင်းများစွာကို ပုဂ္ဂလိက-အစိုးရ ပူးပေါင်းအစီအစဉ်နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးထားပါတယ်။ အထူးစီးပွားရေးဇုန်ကိုလည်း အကောင်အဖော်နေပါတယ်။

အခြေခံအဆောက်အအုံကဏ္ဍနဲ့ ပတ်သက်လို့ လျှပ်စစ်မီး
သွယ်တန်းရေး၊ လမ်းဖောက်လုပ်ရေး၊ အဝေးပြေးလမ်းများတည်ဆောက်ရေးနဲ့ သွားလာရခက်ခဲတဲ့ နေရာဒေသတွေအတွက် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေစေဖို့ လုပ်ဆောင်နေပါတယ်။ ခွဲခြားဆက်ဆံမှုမရှိဘဲ ပညာရေး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ရရှိဖို့ ဆောင်ရွက်ပေးနေပါတယ်။

ရွှေ့ပြောင်းဆေးခန်းအစီအစဉ်နဲ့ သွားလာရ ခက်ခဲတဲ့ နေရာတွေအထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။ ရခိုင်ပြည်နယ်က ရွာပေါင်း ၃ဝဝ မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ထားပါတယ်။

အသက်မွေးဝမ်းကျောင်းနဲ့ နည်းပညာသင်တန်းတွေ လမ်းဖွင့်ခဲ့ပါတယ်။ မွတ်စလင်ကျောင်းသားတွေလည်း တက္ကသိုလ်တွေ တက်ခွင့်ရထားပါတယ်။

ပြဿနာဖြစ်ပွားတဲ့ နေရာ ၉၅ ရာခိုင်နှုန်းအထိ သြဂုတ် ၂၅ ရက်မတိုင်ခင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ရရှိခဲ့ပါတယ်။ အခုဆက်လက်ပြီးတော့လည်း ဒေသ
တစ်ခုလုံးမှာ အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

နေရပ်ဒေသစွန့်ပြောင်းသူတွေအတွက်လည်း နေအိမ်အပါအဝင် အခြားအကူအညီတွေ ပေးထားပြီးလို့ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်လိုက်နိုင်ပါပြီ။ ဆက်လက် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေလည်း ရှိပါသေးတယ်။

နိုင်ငံသား အတည်ပြုရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့လည်း သီးခြားအစီအစဉ်တစ်ခု ချမှတ်ထားပါတယ်။
ဒီအစီအစဉ်အတွက် အသိုင်းအဝိုင်းအားလုံး ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။

အချို့မွတ်စလင်အသိုင်းအဝိုင်း ခေါင်းဆောင်တွေကတော့
ဒီအစီအစဉ်ကို ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ သိထားပါတယ်။ သူတို့ကိုလည်း စည်းရုံးဆောင်ရွက်ပေးဖို့ ပြောကြားလိုပါတယ်။

လူ့အသိုင်းအဝိုင်း၊ ဘာသာအချင်းချင်း ညီညွတ်ရေးအတွက်လည်း လုပ်ဆောင်သွားပါမယ်။ ရခိုင်၊ ဘင်္ဂါလီ၊ မြန်မာ ဘာသာစကားတွေနဲ့ ထုတ်လွှင့်တဲ့ FM လိုင်းတစ်ခုကိုလည်း သတင်းအချက်အလက် ပေးနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာ ၁၉ မိန့်ခွန်းထဲက ပြောဆိုချက်တွေကို ရွေးချယ်ပြီး ဘာသာပြန်ထားတာ ဖြစ်ပါတယ်)
အောင်ခင်/Myanmar Now ကောက်နုတ် ဘာသာပြန်သည်
(စက်တင်ဘာ ၁၉၊ နေ့ခင်း ၁းဝဝ)

++++++++++ ++++++++++ ++++++++++

ဘီဘီစီက “တရုတ်မှာ ဝေဖန်သူတွေကို အသံတိတ်ဖို့ စိတ်ရောဂါကုဆေးရုံကို ပို့နေ” ဆိုတဲ့ ရုပ်သံဆောင်းပါး တပုဒ် တက်လာတယ်။

“လူနှစ်ယောက် ရောက်လာတယ်။ သူတို့က ကျနော့်ကို ကားထဲ အတင်းတွန်းပြီး ဝင်ခိုင်းတယ်။ သူတို့ ကျနော့်ကို စိတ်ရောဂါကု ဆေးရုံကိုပို့တယ်။ နောက်ပြီး ဆရာဝန်တွေက ကျနော့်မှာ ပြင်းထန်တဲ့ စိတ်ရောဂါ ရနေပြီလို့ ကျနော့်ကို ပြောတယ်။ ကျနော် ကုသမှုခံယူဖို့ အဲဒီမှာ နေရမယ် တဲ့။ နောက်တော့ ကျ‌နော့်ကို ကုတင်မှာ ကြိုးနဲ့ ချည်ထားတယ်။”

“အဲဒီဆေးသောက်လိုက်တော့ ခေါင်းထဲမှာ အကုန် ကမောက်ကမ ဖြစ်ကုန်ရော။”

“အစိုးရအပေါ် ထင်မြင်ချက်ကိုပြောတာနဲ့ သူတို့က ကျနော့်ကို စိတ်ရောဂါ ရနေပြီလို့ ပြောတာ။ ကျနော်က စိတ်ဖောက်နေတာကြောင့် ကွန်မြူနစ်ပါတီနဲ့ အစိုးရပေါ် အဲဒီလိုအမြင်တွေ မြင်တာလို့ ဆရာဝန်တွေနဲ့ သူနာပြုတွေက ကျနော့်ကို ထပ်ခါ ထပ်ခါ ပြောတယ်။”

“ကျမ နန်တွန်း ၄ ဆေးရုံမှာ ပိတ်လှောင်ထားတာ ခံနေရပါတယ်။ ဆရာဝန်တွေက ကျမကို စိတ်ရောဂါဆေးတွေ အတင်းတိုက်တယ်။ ဒီဆေးတွေက ကျမကို အားနည်းလာစေတယ်။”

“အွန်လိုင်းပေါ်တင်တော့ ရဲတွေရောက်လာတယ်။ သူတို့က လူတွေကို စိတ်ရောဂါ ဆေးရုံကိုပို့တယ်။ သူတို့ အခုတလော လုပ်နေတာ အဲဒါတွေပဲ။ ဒါက လုပ်ဖို့ လွယ်တယ်၊ တရားရေး ဆိုင်ရာတွေ ရှိစရာ မလိုဘူး။ ရှေ့နေမလိုဘူး၊ မိသားစုက သဘောတူစရာ မလိုဘူး၊ ဝန်ခံချက် မလိုဘူး။ သူတို့ ဘာမှမလိုဘူး။”

“စိတ်ရောဂါ ကုသမှုနဲ့ မတရားလုပ်နေကြတာ ဒီဟာတွေအပြင် နောက်ထပ် ရှိနေပါသေးတယ်။ အာဏာ အလွဲသုံးတာက ရဲတွေတင် မကပါဘူး အာဏာရှိတဲ့သူတိုင်းက လုပ်နေကြတာ။”

“တကိုယ်လုံးကို ချုပ်နှောင်ထားတယ်။ ကျနော့် ခေါင်းပေါ်မှာ လျှပ်ခေါင်း နှစ်ခု တပ်ထားတယ်။ သိပ်ကို နာကျင်ပါတယ်။ အီလက်ထရစ် ရှော့ခ် ရိုက်လိုက် နားလိုက် လုပ်တယ်။ ကျနော် သတိမေ့သွားတာ ခဏခဏပဲ။”

(ဒီစာမြည်း မူရင်းပို့စ် အပြည့်အစုံကို ဖတ်မယ်ဆို မန့်ထဲမှာ လင့်ချထားပါတယ် ခင်ဗျာ။)

++++++++++ ++++++++++ ++++++++++

ပြဿနာ ဖြေရှင်းဖို့အတွက်၊ စိတ်ထားမှန်ဖို့လိုတယ်၊ သတ္တိရှိဖို့လိုတယ်၊ အရည်အချင်းလည်း လုံလောက်ဖို့ လိုတာပေါ့။
(ဗိုလ်ချုပ်ထွန်းမြတ်နိုင်)

မအလ နောက်ကွယ်ကနေ ရှီကျင့်ဖင် နဲ့ ပူတင်က ပုံအောပြီး အတင်းတွန်းတင် လာကြတယ်။ အချို့သတင်းတွေ အရ ငှက်ပုဇင်း ပိုင်းလော့တွေ လနကြီးတွေ ဗျူဟာကိုင်တာတွေပါ အတင်းဝင်လုပ်ပေးနေတာ ရှိလာတယ်။ ရပက ကိုလည်း အရှက်မရှိ မျက်နှာပြောင်တိုက် ဟောင်းလောင်းကြီး ဇွတ်တိုးလုပ်မယ့် ပုံ ရှိနေပါတယ်။

အဓမ္မအမှောင်တိုက်က ကြီးသထက်ကြီးလာပါပြီ။ ဓမ္မအလင်းကို ရွေးချယ်ထားသူတွေ ဘာဆက်လုပ်ကြမလဲ။ အမှောင်ကို အမှောင်နဲ့ တွန်းလှန်လို့ မရပါဘူး။ အမှောင်ကို အလင်းနဲ့သာ တွန်းလှန်ရပါမယ်။ မြန်မာ့နွေဦး တော်လှန်ရေးဟာ ရှီကျင့်ဖင် နဲ့ ပူတင် ကိုပါ ရင်ဆိုင် နေရတယ် ဆိုတာ ကမ္ဘာက တစထက်တစ မြင်ရလာပါပြီ။ လက်ထဲရှိနေတဲ့ ဓမ္မအလင်းရောင်ကို ကြံ့ကြံ့ခံ ဆုတ်ကိုင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပန်းတိုင် အရောက် စုစည်းညီညာ ဆက်လက် ချီတက်ရပါမယ်။

ကမ္ဘာ့သမိုင်းကို တီးခေါက်ကြည့်မယ်ဆိုရင် နယ်နိမိတ်မျဥ်းအစပ်တွေတိုင်းမှာ လူမျိုးရေး ဘာသာရေး ပွတ်တိုက်မှုတွေ ရှိကြစမြဲဆိုတာ တွေ့လာရပါမယ်။ ၂၁ ရာစုမှာ ဒီမိုကရေစီဟာ လူသားတိုင်းရဲ့ တရားမျှတမှု ညီမျှမှု လွတ်လပ်မှုတို့အတွက် ပစ္စုပ္ပန်ရော အနာဂါတ်ပါ အာမခံပေးနိုင်ဆုံး စနစ်အဖြစ် ရပ်တည်နေပါတယ်။

ရခိုင်နယ်စပ် သမိုင်းမှတ်တမ်းတွေကို ဝှက်ဖဲအဖြစ် အသုံးချပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကို ချက်ကောင်းစောင့် အကြပ်ကိုင်မယ် ဆိုတဲ့ ဘာသာရေး လူမျိုးရေး ပလန် ဘီ စီ ဒီတွေ မအလလက်ထဲ အရောက် ထည့်ပေးနေတာ အချိန်နဲ့အမျှ သိသာလာပါတယ်။ ဘူးသီးတောင် နဲ့ မောင်တော ကို ဖက်ဒရယ် ဒီမိုကရေစီ ရှေ့ပြေးဒေသ တခုအဖြစ် ဆောင်ရွက်ဖို့ ULA/AA က စီစဥ်လာမယ်ဆိုရင် ကျနော်တို့ အားလုံး ကမ္ဘာကြည့်ကြည့်ကာ မဖြစ်မနေ ဝိုင်းကူ ရပါမယ်။ ဗီယက်နမ် ကမ္ဘောဒီးယား ထိုင်း မလေးရှား လာအို မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေ အားလုံးမှာ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ အစီအမံတွေနဲ့ အညီ ကိုယ်စီ ရှိနေကြမယ်ဆိုရင် လူမျိုးရေး ဘာသာရေး ဝှက်ဖဲတွေ ပြိုလဲနောက်ဆုတ်သွားမှာ အသေအချာပါပဲ။

(ဒီစာမြည်း မူရင်းပို့စ် အပြည့်အစုံကို ဖတ်မယ်ဆို မန့်ထဲမှာ လင့်ချထားပါတယ် ခင်ဗျာ။)

++++++++++

သခင်အောင်ဆန်းသာ ဆက်ရှိနေရင် ချီဂွေဗားရား ပိုအသက်ရှည်မယ်။ တရုတ်ပြည်သူတွေဟာ ဒီမိုကရေစီ အခွင့်အရေး အခုထက်ပိုရမယ်။ ထိုင်ဝမ် ဟောင်ကောင် လွတ်လပ်သွားမယ်။

သခင်အောင်ဆန်း ရည်မှန်းတဲ့ ပြည်ထောင်စုဟာ ဥရောပ အဆင့်မီ ပညာရေး ကျန်းမာရေး စီးပွားရေး ကုန်သွယ်ရေး ကာကွယ်ရေး စတာတွေ ပြည့်စုံတဲ့ ပြည်ထောင်စု တခုပဲ ဖြစ်တယ်။ ပြည်ထောင်စုက အဲဒီ အဆင့်ထိ တက်လှမ်းနိုင်ပြီ ဆိုတာနဲ့ လူမျိုးရေး ဘာသာရေး စန်းစန်းတင့်တာတွေ လုံးဝ မရှိတော့တဲ့ ပြည်ထောင်စုကနေ သီးခြားတိုင်းပြည်နိုင်ငံ အဖြစ် အဆင့်မြှင့်တာမျိုး သခင်အောင်ဆန်းက ကြိုဆိုမယ် ဆိုတာ သေချာပါတယ်။ ပြည်သူအပေါ် ကျိုးနွံ့နေသရွေ့ ပြည်သူအဓိက ဦးထပ်ထား ဆောင်ရွက်နေသရွေ့ သခင်အောင်ဆန်းနဲ့ သဘောထားကိုက်ညီနေမှာ လုံးဝ အသေအချာပါပဲ။ တကယ်တော့ ပင်လုံစာချုပ် ချုပ်ခဲ့တာ သံယံဇာတတွေကို တူးဆွပြီး ကိုယ်ကျိုးရှာဖို့ မဟုတ်ပဲ ကိုလိုနီ လက်ကျန်တွေအပေါ် တန်းတူ မျှဝေ အသုံးပြုဖို့ပဲ ဆိုတာ ထင်ရှားပါတယ်။

အဲတော့ သခင်အောင်ဆန်းက နိုင်ငံရေး၊ တော်လှန်ရေး၊ စစ်ရေး၊ တင်မက ပြန်လည်ထူထောင်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ အမျိုးသားပညာရေး၊ အမျိုးသားကျန်းမာရေး၊ အခြေခံအဆောက်အအုံ လုံခြုံခိုင်မာရေး၊ စတဲ့ ပညာရပ်တွေကို ဘယ်တုန်းက သင်ကြားခွင့်ရလို့ တတ်မြောက်သွားတာလဲ မေးရင် ရိုးသားဖို့ အမှန်ကို ချစ်မြတ်နိုးဖို့ ပြည်သူအပေါ် ဘယ်လောက်ချစ်ပြီး ဘယ်လောက်တင့်တယ်စေချင်သလဲ အဲဒါတွေ အပေါ်မှာပဲ မူတည်တယ်လို့ ဖြေရပါမယ်။

..

သခင်အောင်ဆန်းသာ ဆက်ရှိနေရင် ချီဂွေဗားရား ပိုအသက်ရှည်မယ်။ တရုတ်ပြည်သူတွေဟာ ဒီမိုကရေစီ အခွင့်အရေး အခုထက်ပိုရမယ်။ ထိုင်ဝမ် ဟောင်ကောင် လွတ်လပ်သွားမယ်။ ကိုးရီးယား တောင်မြောက် ဆက်မကွဲနိုင်တော့ဘူး။ ဗီယက်နမ် ပြည်တွင်းစစ် ဖြစ်မလာနိုင်ဘူး။ ကမ္ဘောဒီးယားမှာ ပိုပေါ့ တက်မလာနိုင်ဘူး။ မြန်မာနိုင်ငံကတော့ အာရှရဲ့ ဥရောပအဆင့်ရှိ နိုင်ငံဖြစ်သွားမယ်။ လွတ်လပ်ရေးကို တိုက်ယူမှ ရမယ် ဆိုတဲ့၊ ကိုလိုနီခေတ်က ရှိပြီးသား အဖိုးတန် ခြေခံအဆောက်အဦးတွေကို ဖြိုချမယ် ဆိုတဲ့၊ ကွန်ကြောင် အယူအဆ ဒေသတွင်းမှာ ခေါင်းထောင်မလာနိုင်တော့ဘူး။ စင်္ကာပူ ဖြစ်လာရင်တောင် စင်္ကာပူမှာ FDI လာရောက်နှီးမြုတ်နှံမှု အများဆုံးက မြန်မာဖြစ်နေလိမ့်မယ်။ တရုတ်နိုင်ငံထဲ ဝင်ပြီး ရင်းနှီးမြုတ်နှံမယ့် စီပွားရေးလုပ်ငန်းတွေရဲ့ ရုံးချုပ်တွေက မြန်မာနိုင်ငံထဲမှာပဲ အခြေပြုလိမ့်မယ်။

အဲတော့ ကမ္ဘာကြည့်ကြည့်တတ်တဲ့ မျိုးဆက်သစ် များလာအောင်လုပ်ရမယ်။ မျိုးဆက်သစ်တွေကို ဦးဆောင်ခွင့်ပေးရမယ်။ ကမ္ဘာကြည့် မကြည့်နိုင်မချင်း သခင်အောင်ဆန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ဒရယ်အပေါ်၊ ဒီမိုကရေစီအပေါ် မြတ်နိုးမှု၊ နိုင်ငံရေးသမားပီသမှု၊ မိတ်ဆွေကောင်းပီသမှု၊ စေတနာရှိမှု၊ ပညာရှိမှု၊ စွန့်လွန့်အနစ်နာခံမှု စတာတွေကို ထွင်းဖောက်မြင်တတ်မှာ မဟုတ်ဘူး။ သခင်အောင်ဆန်း လုပ်ကြံခံရတာဟာ မြန်မာပြည်သူသာ မက ကမ္ဘာသူ ကမ္ဘာသားတွေ အတွက်ပါ တကယ့် ဆုံးရှုံးနစ်နာမှုကြီး ဖြစ်ပါတယ်။

(ဒီစာမြည်း မူရင်းပို့စ် အပြည့်အစုံကို ဖတ်မယ်ဆို မန့်ထဲမှာ လင့်ချထားပါတယ် ခင်ဗျာ။)

++++++++++

ပြည်သူနဲ့တွေ့တဲ့အခါ ချိုသာပျော့ပြောင်းသလောက် ပြည်သူကိုချနင်းတဲ့ အာဏာရူးတွေကျတော့ တင်းနေအောင် ဆက်ဆံတတ်တာ ကျနော်တို့ အမေစုပါ။

အခုလည်း အမေစုက အပြာရောင်ရင့်ရင့် ဝတ်ပြီး လှေခါး ထိပ်က ရပ်ကြည့်နေတာ ရုပ်သံဖိုင်ထဲ တွေ့ရပါလိမ့်မယ်။ အဲဒါ ကမ္ဘာသမိုင်း တွင်သွားတဲ့ အမေစုရဲ့ လှေခါးခြောက်ထစ် ဒီပလိုမေစီ ဖြစ်ပါတယ်။

အမေစု အတိုင်းပါပဲ သမ္မတကြီး ဦးဝင်းမြင့်ကလည်း လေဆိပ်သွားကြိုတာ လေဆိပ်ပြန်ပို့တာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။ ပြည်သူသည်သာအဓိကပါ။

ပြည်သူကို အဓိကထားစရာ မလိုဘူး ဆိုပြီး သူ့ကိုယ်သူ ဘာကောင်ကြီး ဖြစ်သွား သယောင် အထာမျိုးတွေ တွေ့ရင် ဒီရုပ်သံဖိုင်လေး ပြလိုက်ကြပါလို့။

(ဒီစာမြည်း မူရင်းပို့စ် အပြည့်အစုံကို ဖတ်မယ်ဆို မန့်ထဲမှာ လင့်ချထားပါတယ် ခင်ဗျာ။)

++++++++++

စကားပြန်က သတင်းထောက်မေးခွန်း နဲ့ အမေစု အဖြေကို တရုတ်လို ဝမ်ယိကို ဘာသာ ပြန်ပြတော့ ဝမ်ယိ စကားတောင် မပြောနိုင်ဘူး ပုခုံးလေးတွန့်ပြီး သွားဖြဲလေး လုပ်နေခဲ့ရတာလေ။

၂၀၁၆ ခုနှစ် ဧပြီ ၅ ရက် အင်္ဂါနေ့ နေပြည်တော်

(၁)
အဲဒီနေ့က ပြည်သူ့လွှတ်တော်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ဆိုင်ရာ ဥပဒေကြမ်းကို စကစတွေ အကုန် မတ်တပ်ရပ် ကန့်ကွက်တဲ့ နေ့ဖြစ်ပါတယ်။ အဲဒီတုန်းက ပြည်သူ့လွှတ်
တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူက အခု သမ္မတကြီး
ဦးဝင်းမြင့် ဖြစ်ပါတယ်။ အဲဒီမှာ ဥပဒေကြမ်းကို အတည်ပြုဖို့ အတွက် ဦးဝင်းမြင့်က သဘော တူ မတူ ကို အသံ နဲ့ အနည်းအများ ခွဲခြားပြီး ဆုံးဖြတ်သွားခဲ့ပါတယ်။ မတ်တပ်ထရပ် ကန့်ကွက် ပြီး ပြန်မထိုင်တဲ့ စကစတွေကို ဥပဒေအတိုင်း ဆောင်ရွက်တာ ပြီးပြီ ပြန်ထိုင်တော့ လို့ ခပ်ပြတ်ပြတ် ပြောခဲ့တာ အခု ရုပ်သံ မှတ်တမ်း ထဲမှာ တွေ့နိုင်ပါတယ်။ ရုပ်သံမှတ် တမ်းဆိုလို့ အဲဒီလို ဦးဝင်းမြင့်က တုတ်နေတာကို တီဗီကနေ Live လွှင့်နေတာနော်။

(၂)
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးရုံးမှာ အမေစုကို ချိုင်းနား နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ လာတွေ့တဲ့။ လာတွေ့တယ် ဆိုတာထက် မြစ်ဆုံ ပြန်စဖို့ လာတွန်းတာ လာဖိအားပေးတာပေါ့။ ဝမ်ယိ လာဖို့ လှမ်းပြောတုန်းကတော့ မြစ်ဆုံ ခေါင်းစဉ်မပါပဲ အစိုးရသစ်ကို လာနှုတ်ဆက်တာပေါ့။ သတင်းစာရှင်းလင်းပွဲကျမှ အမေစုက လှမ်းဖိတ်လို့ လာရသလေး ဘာသလေးနဲ့။ ပြည်သူအတွက် ဆိုရင် အမေစု ဘယ်လောက် အကြောတင်းသလဲ ဆိုတာ အဲဒီမှာ တွေ့ရတာပဲ။ ဝမ်ယိ အဖွဲ့နဲ့ အမေစု စကားပြောအပြီး သတင်းစာရှင်းလင်းပွဲ လုပ်တော့ အမေစုက စကားကို လိုရင်း တိုရှင်း ပဲ ပြောတာ တွေ့ရတယ်။ နိုင်ငံခြားရေး ဝန်ကြီး နှစ်ယောက် အတူတူ သတင်းစာ ရှင်းလင်းပွဲ လုပ်တာမှာလည်း အမေစုက ဝမ်ယိ ပြောနေတုန်း ထောက်ခံတဲ့ အမူအယာ တခုမှ မရှိဘူး။ ရုပ်သံဖိုင်ထဲမှာသာ လက်တွေ့ကြည့်တော့ပဲ။

(၃)
ဝမ်ယိ စကားပြောနေတုန်း အမေစု ဝမ်ယိဖက် လှည့်ကြည့်တာ လက်တဖက်စာ မပြည့်ဘူး။ ဝမ်ယိက ဘလာဘလာ ပြောနေတဲ့ အခါမျိုး ဆို အမေစုက ဒီ့ပြင်ဘက် တမင် လှည့်နေတဲ့ပုံ။ မျက်နှာကိုလည်း အကြောတင်းထားသေး။ ဝမ်ယိ ပြောတာ
ကို စကားပြန်က မြန်မာလို ပြန်ပြောနေတဲ့ တချို့ အချိန်မျိုးမှာ
အမေစု ခနဲ့ပြုံး ပြုံးတာပါ တွေ့ရသေးတယ်။ သတင်းထောက် တ‌ယောက်က မြစ်ဆုံစာချုပ်နဲ့ ပတ်သတ်ပြီးမေးတော့ စာချုပ်က ကျမတောင်မှ မဖတ်ရသေးဘူး အဲတော့ ပြည်သူလူထုကို ချပြဖို့ ဆိုတာ ခက်ပါလိမ့်မယ် လို့ ဒဲ့တိုး ဖြေသွားတာကို တွေ့ရပါတယ်။

(၄)
နောက်သတင်းထောက်တယောက်က ဝန်ကြီး နှစ်ယောက်စလုံးကို မေးပါတယ် ဆိုတော့လည်း အမေစုက ဒဲ့ချည်းလွှတ်တာပဲ။ စကားပြန်က သတင်းထောက်မေးခွန်း နဲ့ အမေစု အဖြေကို တရုတ်လို ဝမ်ယိကို ဘာသာ ပြန်ပြတော့ ဝမ်ယိ စကားတောင် မပြောနိုင်ဘူး ပုခုံးလေးတွန့်ပြီး သွားဖြဲလေး လုပ်နေခဲ့ရတာလေ။ တကယ့် သမိုင်းမှတ်တမ်းတင်ရမယ့် သတင်းစာ ရှင်း လင်းပွဲကြီးပဲ။ အခု ကျင့်ဖင် ဖိအား ရင်ဆိုင်နေရသူတိုင်း အဲဒီအချိန်တုန်းက အမေစု ဘယ်လို တုန့်ပြန်ခဲ့သလဲ သေချာ ပြန်ကြည့်သင့်ပါတယ်။ ဒါနဲ့ အဲဒီ သတင်းစာရှင်းလင်းပွဲကလည်း Live လွှင့်တာပဲနော်။ တကမ္ဘာလုံးက အမေစုရဲ့ ဒီပလိုမေစီကို အထင်းသားကြီးတွေ့လိုက်ရတာပေါ့။

(ဒီစာမြည်း မူရင်းပို့စ် အပြည့်အစုံကို ဖတ်မယ်ဆို မန့်ထဲမှာ လင့်ချထားပါတယ် ခင်ဗျာ။)

++++++++++

ကျနော်တို့ အမေစု ပြောခဲ့တဲ့ စကားတွေကို သေချာ နားထောင်ဖြစ်ရဲ့လား။

“နိုင်ငံရေးလုပ်တယ်ဆိုတာ နည်းအမျိုးမျိုးနဲ့ လုပ်ရပါတယ်”

“ကျမတို့လို နိုင်ငံ‌ရေးလုပ်တဲ့သူတွေက အများက သိတယ်၊ ဟုတ်ပါတယ် ဒါ ကျော်ကြားတယ်လို့ ဆိုပါတော့နော်”

“ဒါပေမဲ့ ကျမရဲ့ အမြင်မှာ နာမည်မထွက်တဲ့ ကျမတို့ရဲ့ ဒီမို ကရေစီ ဘက်‌တော်သားတွေဟာ အမြင့်မြတ်ဆုံးလို့ ကျမ မြင်ပါတယ်။”

“ ဘာနာမည်မှ မရပဲနဲ့ ဘယ်သူကမှ ချီးမွမ်းတာကို မခံရပဲနဲ့ ကိုယ့်ယုံကြည်ချက်အရ ကိုယ် တစိုက်မတ်မတ် လုပ်နေတဲ့ သူတွေထက် ပိုပြီးတော့ မြင့်မြတ်တဲ့ သူမျိုး မရှိနိုင်ဘူးလို့ ကျမ ယုံကြည်ပါတယ်”

အမေစု (၂၀၁၁ ဇွန် ၁၉ ရက်)

(ဒီစာမြည်း မူရင်းပို့စ် အပြည့်အစုံကို ဖတ်မယ်ဆို မန့်ထဲမှာ လင့်ချထားပါတယ် ခင်ဗျာ။)

++++++++++ ++++++++++ ++++++++++

Myanmar leader Aung San Suu Kyi said the case brought against her country at the World Court was “incomplete and misleading” as she began her defence to accusations of genocide against the Rohingya Muslim minority on Wednesday.

Suu Kyi, once feted in the West as a heroine of democracy, spoke for about 30 minutes at the courtroom in The Hague in defence of the actions of the Myanmar military, which she said did not constitute genocide.

In three days of hearings this week, judges are hearing the first phase of the case: Gambia’s request for “provisional measures” – the equivalent of a restraining order against Myanmar to protect the Rohingya population until the case is heard in full.

More than 730,000 Rohingya fled Myanmar to Bangladesh after the military launched a crackdown in western Rakhine state in August 2017.