ဖြူဖြူကျော်သိန်း ဟုခေါ်ပါသည် DVB News https://fb.watch/DlokQdHeiA/?fs=e
ကျားဖြန့် ခေါင်းဆောင်ကြီး ရှယ် ကျစ်ကျန်း
Description
?AA ၏ ကျောက်ဖြူထိုးစစ် Myanmar Now News။ 10KLikes။ 330,610Views။ 11 Jun2025။ မင်းအောင်လှိုင်နှင့် ရှီကျင့်ဖျင်ကို ပြိုင်တူစိန်ခေါ်လိုက်သော AA ၏ ကျောက်ဖြူထိုးစစ် ———– ကျောက်ဖြူထိုးစစ်သည် သက်တမ်း ၁၆ နှစ်သာ ရှိသေးသည့် AA တပ်ဖွဲ့ အတွက် စစ်ကောင်စီနှင့် တရုတ်အစိုးရကို တစ်ပြိုင်တည်း ထိုးစစ်ဆင်သကဲ့သို့ ဖြစ်နေသည်။ အကယ်၍ AA သည် တရုတ်ဖိအားကို ဂရုမစိုက်ဘဲ ကျောက်ဖြူမြို့သိမ်းထိုးစစ်ကို ဆက်လက်ဆင်နွှဲမည် ဆိုလျှင် ယင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ တရုတ်အကျိုးစီးပွားကို အကြီးကျယ်ဆုံး ထိခိုက်မည့် စစ်ပွဲကြီး ဖြစ်လာပေလိမ့်မည်။ ထို့အတူ ကျောက်ဖြူမြို့ကို AA သိမ်းပိုက်နိုင်လျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်ခေါင်းဆောင်များ အကြား ဆက်ဆံရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါလိမ့်မည်။ ရုရှားခရီးစဥ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွား များကို အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်။ မင်းအောင်လှိုင်ကလည်း အတတ်နိုင်ဆုံးကာကွယ်ပါမည်ဟု ကတိပေးခဲ့သည်။ ကျောက်ဖြူကို စစ်ကောင်စီတပ် လက်လွှတ်လိုက်ရပါက မခန့်မှန်းနိုင်သော တရုတ်ဖိအားများကို မင်းအောင်လှိုင် ရင်ဆိုင်ရပေလိမ့်မည်။ ကျောက်ဖြူထိုးစစ်သည် AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ခေါင်းဆောင်မှုကို အကြီးမားဆုံး စမ်းသပ်မည့် စစ်ပွဲ ဖြစ်လာပါလိမ့်မည်။ လားရှိုးသင်ခန်းစာကို ရယူထားပြီးဖြစ်မည်ဟု ယုံကြည်ရသော ထွန်းမြတ်နိုင်သည် ကျောက်ဖြူထိုးစစ်ကို အောင်နိုင်ပါက၊ တရုတ်ဖိအားကို ပြတ်သားစွာ အံတုဆန့်ကျင်နိုင်သော တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ရခိုင်ပြည်သူများသာမက၊ တစ်နိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံး၏ လေးစားဂုဏ်ပြုမှုနှင့်အတူ လက်နက်ကိုင်တော်လှန်ရေး၏ တပ်ဦးနေရာမှ ဦးဆောင်မှုအခန်းကဏ္ဍကို ရယူနိုင်သည်အထိ တက်လှမ်း နိုင်လာမည် ဖြစ်ပါကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
