Diabetic Related Kidney Health ဆီးချို နှင့် ဆက်စပ် ဖြစ်လာ နိုင် သော ကျောက်ကပ် ကျန်းမာရေး အကြောင်း သိကောင်းစရာများ ။
သတိထားစရာ ကျောက်ကပ်ရောဂါ ကြောက်စရာ
ကျောက်ကပ် ပြဿနာ ကျန်းမာရေးရာ အဖြေရှာ
HEALTH MATTERS for KIDNEY HEALTH
လူတွေ အသက် ရှည်ရေးတွင် နှလုံးကျန်းမာ သန်စွမ်းရေးသည်
အဓိက အရေးအကြီးဆုံး အချက် ဖြစ်သကဲ့သို့ အစာအိမ် အူလမ်းကြောင်း အောက်ဆုံးတွင် ရှိ နေသော ဆိးနှင့်ကျေက်ကပ် ကောင်းမွန်ကျန်းမာရေး သည်လည်း လူ တွေ ကျနိကျန်း မာ က သက် ရှည်ရေးတွက် အထူး အရေး ပါသော ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်
ကျောက်ကပ် ရောဂါ ပြဿနာ တွေ က ဘယ်မျှ ထီ ကြီးမား အရေးကြီးပြီး ကြောက်စရာကောင်းသလဲ
သတင်းအချက် အချို့။ ၁ ။ လူကြီး ၁၀ ယောက်တွင် ၁ ဦးသည် ဆီးချိုရောဂါ ရှိနေကြသည် ။ ၂ ။ ဆီးချိုရောဂွရှိနေကြသူ လူကြီးတွေ ၂ ဦးမှာ ၁ ဦး ခန့် တို့သည် ကျောက်ကပ် ရောဂါ ပြဿနာ အတွက် ဆေးစစ်ဆေးခြင်းမရှိကြ။ ၃ ။ အမျိုးအစား၂ ဆီး ချို ရောဂါ ရှိ နေသူ ၃ ယောက် တွင် အနည်းဆုံး ၁ ဦးသည် သည် နှဠုံးရောဂွရှိနေကြသည် ။ ၄ ။ ဆီးချိရောဂါ ရှိနေသူ လူကြီး၂ ယောက်လျင် ၁ ဦးသည် ကျောက် ကပ် ရောဂါ ပြဿနာ အဆင့် တစ်ခုမဟုတ်တစ်ခုရှိနေကြသည် ။ ၅ ။ ဆီး ချို ရောဂါ နှင့်အတူ နှလုံးရောဂါ သိုံမဟုတ် ကျောက်ကပ်ရောဂါ တစ်ခုခု နှင့် တွဲဘက် ရှိနေ သူများသည် ဆီးချိုရောဂွသက်သက် သာရှိနေသူများထက် ၁၁ နှစ်ခန့် ထိ စော၍ အသက် ဆုံးရှုံး ကွ ယ် လွန် နိုင်သည် ။
ကျန်းမာ သက်ရှည်ရေး အတွက် ကျောက်ကပ် သန်မာ ကျန်းမာ ရေး ၊ပညာပေး သရုပ်ပြပုံများ ဖေါ်ပြလိုက်ပါသည် ။
Diabetic Related Kidney Health ဆီးချို နှင့် ကျောက်ကပ် ကျန်းမာရေး
ဆက်စပ် နေပုံများ နှင့်။ ကျောက်ကပ် ကျန်းမာသန်းစွမ်းရေးအတွက် ပညာပေး သရုပ်ပြပုံများကို ဆီးချိုဝေဒနာရှင်မှားနှင့် ကျောက်ကပ် ရောဂွ ဝေဒနာရှင်များ လေ့လာ သိရှိနိုင်ကြစေရန် အတွက်။ ayemyint,blog web page post အင်တာနက် စာမျက်နှာပေါ်တွင် တင်ပြထားသည့် သရုပ်ပြပုံများကို ကူးယူ ဖေါ်ပြ မျှဝေ ပေးလိုက်ပါသည် ။
မေတ္တာဖြင့်
အေးမြင့် ( ညောင်တုန်း )
29 June 2025
ရ ည် ညွှန်း
( ဆီးချို ဝေဒနာရှင် ကျွန်တော် လွန်ခဲ့သော ၂ လကျာ်ခန့်က ဆီး ချိုများပြီး ဘယ်ဘက် မျက်စေ့ ဝေဝါး ဖြစ်လာသည်ကိုသတိပြုမိလာခဲ့ ရာမှ ရပ်ကွက် ဒေသန္တရ ဆေးခနိးတွင် ဆေးစစ်ပြသခဲ့ ရာတွင် ဆရာ ဝန်မှ နေ့စဉ် သောက်ရန် ဆီးချိုဆေးအသစ်ပေးခဲ့ ရာ ဆီးချို ဆေးအသစ် ဆေး ညွှန်းတွင်ပါလာသော ဆီးချိုသမားများ အတွက် သတိထား ၊ သိထားသင့်သော နှလုံးရောဂါ နှင် ့ကျောက်ကပ်ရောဂါ များအကြောင်း ပညာပေး စာများ တွေ့ရှိရသဖြင့် ဘဝတူ ဆီးချိုသမား မိတ်ဆွေ များအတွက် ကူးယူ မျှဝေ ဖေါ်ပြ လိုက် ပါသည် ။
ဆီးချိုဆေး ၃ လ စားပြီးပါ က ၃ လအတွင်း ဆီးချို ထိန်းနိုင် မနိုင်ကို ဆရာဝနိထံပြန်ပြပြီး HbA1C ဓာတ်ခွဲခန်းရလဒ် ဖြင့် ထပ်မံ စစ်ဆေး ကြည့် ရပါဦး မည် ။ )
ကျောက်ကပ် ပြဿနာများ ရောဂါ ဝေဒနာအကြောင်းသိကောင်းစရာအချက်များကို အောက်ပါ ayemyint.blog စာမျက်နှာကို ဖိနှိပ်၍ ကြည့်ရှု
လေ့လာ ဖတ်ရှု နိုင်ကြပါသည် ။










ကျောက်ကပ်ရောဂါ ကြောက်စရာ
ကြောက်စရာ ကပ်ဘေး ပါ
ကူးယူ ဖေါ်ပြပါသည် Thet Pan fb 4 July 2025
ခုတစ်လော လူငယ်လူရွယ်လေးတွေပါ ကျောက်ကပ်ပျက်သွားကြတာတွေ အတွေ့ရများလာပါတယ်။
ကျောက်ကပ်နဲ့ ပတ်သတ်တဲ့ ကျန်းမာရေးအကြောင်းလေး ရေးပြပါဦးမယ်။
……
ကျောက်ကပ်ကို ဆေးဝါးနဲ့ ပြန်ကုလို့မရတော့အောင် ပျက်စီးသွားနိုင်တဲ့ အဓိကအကြောင်းရင်းက သွေးတိုးရောဂါပါ။
ဆီးချိုရောဂါကြောင့်လည်း ကျောက်ကပ်ပျက်စီးတတ်ပါတယ်။
ဆီးကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေကြောင့်လည်း ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။
ကျောက်ကပ်ပျက်စီးရာမှာ၊
ရုတ်တရတ်ကျောက်ကပ်ပျက်စီးခြင်းနဲ့ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။
ရုတ်တရတ်ကျောက်ကပ်ပျက်စီးခြင်းက ပြန်ကောင်းလာနိုင်ချေရှိပေမယ့်၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကတော့ ပြန်ကောင်းလာနိုင်ချေ လုံးဝမရှိသလောက်ပါပဲ။
ရုတ်တရတ် ကျောက်ကပ်ပျက်စီးခြင်းတွေမှာ အားလုံးမြင်သာအောင်ပြောရရင်၊
ဒညင်းသီးအစားလွန်ခြင်း၊
ဆေးဝါးတွေတပြိုက်နက် အများကြီးစားမိ သောက်မိခြင်း၊
ဝမ်းလျောခြင်းရဲ့နောက်ဆက်တွဲနဲ့ ၊
ခန္ဓာကိုယ်ကို ပိုးတစ်မျိုးမျိုး အပြင်းအထန်ဝင်လို့ သွေးဆိပ်တက်ခြင်းတွေမှာ ရုတ်တရတ်ကျောက်ကပ်ပျက်တတ်ပါတယ်။
ဒါပေမယ့် သူက ပြန်ကောင်းနိုင်ချေ အလားအလာနည်းနည်းလေးစီတော့ ရှိပါတယ်။
နာတာရှည်ကျောက်ကပ်ပျက်ခြင်းရဲ့ အဓိက လက်သည်တွေကတော့ သွေးတိုးနဲ့ဆီးချိုပါပဲ။
သွေးတိုးကရှေ့ကလိုက်ပါတယ်။
ဆီးချိုပြီးရင်တော့၊ ကျောက်ကပ်ကျောက်တည်တာ၊ ဆီးလမ်းကြောင်းခဏခဏပိုးဝင်တာတွေကြောင့်လည်း နာတာရှည်ကျောက်ကပ်ပျက်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။
နာတာရှည်ကျောက်ကပ်ပျက်ခြင်းရဲ့ နောက်ဆုံးကုသမှုကတော့ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်းပါပဲ။
ကျောက်ကပ်မပျက်အောင်ဘယ်လိုနေမလဲ။
အပေါ်ကပြောထားတဲ့ အရာတွေကို သတိထားနေကြဖို့ပါပဲ။
ကျနော့်ဆီမှာကို လူငယ် အသက်၂၀ကျော်လေးတွေ သွေးတိုးရောဂါရှိနေကြတာတွေတွေ့ရပါတယ်။
ပထမဆုံး Life Style ကို Change ခိုင်းပါတယ်။
အငန် အဆီလျော့စားခိုင်းတာ၊ ကယ်လိုရီထိန်းတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှု လျော့တာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုမှာပါတယ်။
သွေးတိုးရောဂါလို့ သတ်မှတ်လိုက်ပြီဆိုတာနဲ့ ကျနော် သောက်ဆေးစပေးပါတယ်။
သွေးပေါင်ပုံမှန်ချိန်စေပါတယ်။
အားလုံးပဲ ဂရုစိုက်စေချင်ပါတယ်။
ကျောက်ကပ်ဆေးပြီး အသက်ရှင်ရမယ်ဆိုရင် တစ်လတစ်လကုန်ကျငွေကလည်း မနည်းလှပါဘူး။
ကျောက်ကပ်လဲခြင်းကတော့ ကျနော်တို့ နိုင်ငံမှာလည်း အောင်မြင်နေပြီဆိုပေမယ့်၊သူ့ Procedure တွေအရ ၊ ကုန်ကျစရိတ်ကတော့ ငွေကြေးတော်တော်တတ်နိုင်သူတွေသာ လုပ်ဆောင်နိုင်ကြမှာပါ။
နိုင်ငံတကာမှာထက်တော့ ကုန်ကျစရိတ်သက်သာတာကို တွေ့ရပါတယ်။
မျိုးရိုးထဲမှာ ကျောက်ကပ်ပျက်ဖူးတဲ့ ရာဇဝင်ရှိရင် ပိုသတိထားကြရမှာပါ။
Autoimmune သမားတွေဖြစ်တဲ့ SLE လို အရေပြားလေးဘက်နာရောဂါသမားတွေလည်း သတိထားကြရမှာပါ။
ကျောက်ကပ်ပျက်သွားတဲ့ လူငယ်လေးတွေကို မေးကြည့်ကြတဲ့အခါတိုင်းမှာ ၊ အားလုံးလိုလိုမှာ တူညီနေတဲ့အချက်တွေက၊
သွေးတိုးရှိတာကို မသိလိုက်တာ၊
သွေးတိုးရှိတာသိပေမယ့်လည်း သွေးတိုးကျဆေးပုံမှန်မသောက်တာ၊
လူက ပုံမှန်ပဲဖြစ်နေတော့ သွေးတိုးရှိတာကို လက်မခံတာ၊
ဆေးမြီးတိုတွေပဲ မှီဝဲတာတွေပါပဲ။
ကျနော့်ကို ကင်ဆာကုသမှုခံယူနေတဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်က
“ငါ ဒီကင်ဆာရောဂါနဲ့ပဲ ေ_သမှာလားဟေ”လို့ မေးဖူးပါတယ်။
ကျနော်က ဒိလိုပြန်ဖြေပါတယ်။
“လူတိုင်းဟာ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ သော်ကေကြမှာပဲလေကွာ၊ မင်းမှ ထူးပြီး သော်ကေတာမှ မဟုတ်တာ”ဆိုတော့ သူကျနော့်ကို ဆဲပါတယ်။
ဆဲပြီး ရယ်မောနေတဲ့ သူ့မျက်နှာမှာ သောကတွေကင်းစင်သွားတာလည်း တွေ့ရပါတယ်။
လူတွေဟာ တစ်ချိန်မဟုတ်တစ်ချိန် တစ်နည်းနည်းနဲ့ ဘဝထဲက ထွက်ခွာသွားရမှာမှန်သလို၊
တစ်မျိုးမျိုးနဲ့ ရှောင်လွှဲလို့မရတဲ့ရောဂါတွေ ဝင်လာခဲ့ရင်လည်း ရင်ဆိုင်ရမှာအမှန်ပါပဲ။
ကျောက်ကပ်ပျက်စီးသွားတဲ့ ညီလေးညီမလေးများနဲ့ အစ်ကိုအစ်မများအားလုံးလည်း ဖြစ်သမျှကို ရင်ဆိုင်နိုင်ပြီး စိတ်ခိုင်မာစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ။
ကျောက်ကပ်အစားထိုးခြင်းများလည်း လွယ်လင့်တကူ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း….၊
အားလုံးလည်း ကျောက်ကပ်ပျက်စီးခြင်းမှ ကင်းဝေးကြပါစေ။
ကောင်းသောညပါခင်ဗျာ။
