မှတ်ဖွယ်မှတ်ရာ စာပဒေသာ

မှတ်ဖွယ်မှတ်ရာ စာပဒေသာ

General Knowledges and Water Resources Management in Myanmar

Menu Skip to content
  • Home
  • ဘာသာစကား / မြန်မာစာ မြန်မာစကား
    • Biography အထုပ္ပတ္တိ
    • Music မြန်မာ့ ဂီတလောက
    • မြန်မာ့ ဂီတ။ မြန်မာသံစဉ် သီချင်းများ
    • မြန်မာ့ ဂီတ လောက နှင့် မြန်မာ သံစဉ် သီချင်း များ
  • သမိုင်း / မြန်မာ့သမိုင်း
  • ဆည်မြောင်းလောက
    • ဆည်မြောင်းလောက / ဆည် တမံ ရေးရာ
    • ဆည်မြောင်း လောက / ရေဘေး အန္တရာယ်
    • Water Resources Management
  • Floods
18 Jun 20254 Jul 2025 uamyint

AUNG SAN SUU KYI : 80 th Birth Day Anniversary Memorials အမေစု၏ ၂၀၂၅ ဇွန်လ ၁၉ ရက် နေ့ အသက် ၈၀ ပြည့် မွေးနေ့ အမှတ်တရ ၊ မိခင် နိုင်ငံအတွက် သူ့ဘဝ ထူးကဲဇာတ် ကြောင်းများ။

Aung San Suu Kyi မြန်မာပြည် ၏ သူမတူ သံမဏိ နိုင်ငံရေးသမားတစ်ယောက် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၏အသက် ၈၀ ပြည့် မွေးနေ့ အမှတ်တရ ၊ သူ့ပညာ ၊ သူအရည်အချင်းများ နှင့် သူ့၏ နိုင်ငံချစ်စိတ် များ ။ စာပေဟောပြောပွဲများ၊ သတင်းစာရှင်းလင်းပွဲများ၊ တွေ့ဆုံမေးမြန်း အင်တာဗျူးများ ။

အသက် ၈၀ ပြည်မွေးနေ့ရှင်
သူမတူ မြန်မာပြည်သူ တစ်ဦး အပေါ်
စိတ်ဝင်စားသူ မိတ် ဆွေများ တွက် – သူ့လိုလူ ဤဇဗ္ဗူမှာ ရှာ မှရှားဟုပင် ပြောရမလို
ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင် ကြီးတွေ
အများအပြား ကပင် တစ်ချန် က လေးစာ ချစ်ခင် ခဲ့ရသူ
၂၀၂၅ ဇွန် လ ၁၉ ရက်နေ့တွင်အ သက် ၈၀ ပြည့် သူ သံမဏိ မွေးနေ့ရှင်
မြန်မာ ဒီမိုကရေစီ မြတ်နိုးသူ ပြည်သူ အများ၏
ချစ်ခင်လေးစားယုံကြည်ခံ ရသူ
ကမ္ဘာပေါ်မှာပင် ရှာ မှရှား
မြန်မာ နိုင်ငံ ၏
နိုင်ငံ ချစ် မျိုးချစ် သမီးကောင်း မိခင်
အမေစု ၏ မွေးနေ့ အမှတ်တရ – ဒေါ် အောင်ဆန်း စုကြည် အကြောင်း
သတင်းစကား YouTube ရုပ်/သံ ဗီဒီယိုများ
စုစည်းမှု ။ ။ ရည် ညွှန်း။ စိတ်ဝင်စားသူများအတွက်။ အောက်ပါ ပူး တွဲ ဖေါ်ပြပါ
မှတ်ဖွယ်မှတ်ရာ စာပဒေသာ
ayemyint.blog အင်တာနက် web page စာမျက်နှာ များ တွ င်
ကြည့်ရှု လေ့ လာ နိုင်ကြပါသည် ။

၁ ။ နှင်းဆီ ၈၀ (ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရကဗျာ)

Radio NUG။ 289Likes။ 1,732Views။ 18 Jun2025။ ⁨🎤⁩ ⁨”နှင်းဆီ ၈၀” (ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရကဗျာ) – (ရေး) ဆောင်းဝေ (နတ်မောက်)၊ (ဖတ်) AERI⁩ Radio NUG youtube members အဖြစ် ဝင်ရောက် ထောက်ပို့နိုင်ပါပြီ Join this channel to get access to perks:

၂ ။ ၈၀ နှစ်ပြည့်မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်

Burmese Reads

173Likes

3,311Views

16 Jun2025#ဒေါ်အောင်ဆန်းစုကြည်#myanmarnow#ဖြစ်ရပ်မှန်

ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၀ ပြည့်မြောက်လာသည့်တိုင်အောင် စစ်အာဏာရှင်စနစ်ကို “ပြည်သူနှင့်အတူ” နေပြည်တော်အကျဥ်းထောင်ထဲတွင် ဆက်လက်တိုက်ပွဲဝင်နေသူဖြစ်သည်။ ………………………………………………… ၈၀ နှစ်ပြည့်မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးခရီးကြမ်း စာရေးသူ – သုတဇော် (Myanmar Now) | Narrator: ND ………………………………………………… ပြည်သူအများရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ဆဲ ၊ နိုင်ငံတကာက နှလုံးသားရှိသူလူသားတိုင်းရဲ့ လေးစားမှုကို ခံယူနေရဆဲ မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတွေ ဒီ Playlist မှာ အတူတူနားထောင်ကြမယ်နော်။ ( Narrator: ND) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် | Burmese Leader Aung San Suu Kyi | • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုက… ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင် | မသီတာ (စမ်းချောင်း) • ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင…

၃ ။ စစ်အာဏရှင် စနစ် ဆန့်ကျင်ရေးကို ဆက်လက် တိုက်ပွဲဝင်နေသည့် နှစ် ၈၀ ပြည့် နမွေးနေ့ရှင် Myanmar Now News

Myanmar Now News 1.6KLikes။ 11,871Views။ 18 Jun2025

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ဆက်လက်တိုက်ပွဲဝင်နေသည့် နှစ် ၈၀ပြည့် မွေးနေ့ရှင် —————— ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀နှစ်ပြည့် မွေးနေ့ဖြစ်သည်။ အနှစ် ၈၀ ပြည့်နှစ်အထိ လူ့လောကတွင် သက်ရှည်ကျန်းမာစွာဖြင့် ရှင်သန်နေထိုင်နိုင်ခြင်းက မင်္ဂလာတစ်ပါး ဖြစ်ပေသည်။ မိသားစု အများအပြားက မိသားစုဝင်တစ်ဦး၏ အသက် ၈၀ ပြည့်နှစ် မွေးနေ့ကို ထူးခြားဝမ်းမြောက်စွာ ကျင်းပပေးကြပေလိမ့်မည်။ မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အသက် ၈၀ ပြည့်နှစ် မွေးနေ့ကို အကျဥ်းထောင်ထဲ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းနေရသည်။ ပြင်ပနှင့် အဆက်အသွယ် လုံးလုံးလျားလျား ဖြတ်တောက်ခံထားရသဖြင့် ကျန်းမာရေးအခြေအနေ မည်သို့ရှိနေမည်ကိုလည်း ပြင်ပကမ္ဘာက မသိရပေ။ မွေးနေ့တွင် အဝေးတွင်ရှိနေသော သားနှစ်ဦးက မိခင်ကို တွေ့ဆုံခွင့်မရခြင်း၊ မိသားစုဝင် ဆွေးမျိုးသားချင်း တစ်ဦးမျှ ရှိမနေဘဲ အထီးကျန်စွာ ဖြတ်သန်းရခြင်း တို့က သူ့ကို ချစ်ခင်လေးစားကြသော ပြည်သူများအတွက် စိတ်ထိခိုက်စရာ မွေးနေ့တစ်ခု ဖြစ်သလို၊ သူ လွတ်မြောက်ရေး မျှော်လင့်နှိုးဆော်မှုများ တစ်ဖန်နိုးကြားလာသည့် မွေးနေ့လည်း ဖြစ်စေပါသည်။ မြန်မာပြည်သူ အများအပြားက “အမေ” ဟု လေးစားချစ်ခင်မြတ်နိုးဆဲ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၀ ပြည့် မြောက်လာသည့်တိုင်အောင် စစ်အာဏာရှင်စနစ်ကို “ပြည်သူနှင့်အတူ” နေပြည်တော် အကျဥ်းထောင်ထဲမှ ဆက်လက်တိုက်ပွဲဝင်နေသည်ကို ကမ္ဘာကြီး ကြားသိနိုင်ပါစေကြောင်း မွေးနေ့ဆောင်းပါးအဖြစ် ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်

၄ ။ BBC News မြန်မာ ၊ မျှော်လင့်ခြင်းရဲ့ အသံ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓမ္မနဲ့ ယှဥ်တဲ့နိုင်ငံရေး – ( BBC News မြန်မာ )။

BBC News မြန်မာ။ 7KLikes။ 166,901Views။ 14 Jun2025#သတင်းမြင်ကွင်း#ဘီဘီစီမြန်မာပိုင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ အတွက် အထူး မေးမြန်းခန်း တစ်ခု သတင်းမြင်ကွင်း အစီအစဥ်ကနေ တင်ဆက် သွားဖို့ ရှိပါတယ်။ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအမြင်၊ နိုင်ငံရေး အတွေးအခေါ်တွေ အကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောခဲ့တာတွေကို “The Voice of Hope – မျှော်လင့် လင့်ချက်ရဲ့ အသံ” ဆိုတဲ့ ခေါင်းစဥ်နဲ့ စုစည်းပြီး နာမည်ကျော် ပင်ဂွင်း စာအုပ်တိုက်ကနေ ၁၉၉၆ မှာ ပထမဆုံးအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ သတင်းစာဆရာ အလန် ကလဲမန့်စ်နဲ့ ဘီဘီစီ သီးသန့် မေးမြန်း ထားပါတယ်။ မစ္စတာ ကလဲမဲန့်စ်ဟာ ကိုယ်တိုင် စုံစမ်းဖော်ထုတ်တဲ့ စာနယ်ဇင်း သမား တစ်ယောက် ဖြစ်သလို၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အဖြစ် တရား ကျင့်ကြံ အားထုတ်ခဲ့သူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပထမဆုံး အကြိမ် ပြန်လွတ်လာခဲ့တဲ့ ၁၉၉၅ မှာ အလန် ကလဲမဲန့်စ်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံ စကားပြောခဲ့ပြီး နိုင်ငံရေး အမြင်တွေသာမက၊ ဘဝ ဒဿန အဘိဓမ္မာတွေကိုပါ ထဲထဲဝင်ဝင် ဆွေးနွေး စကားပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၉၀ တဝိုက် ပထမဆုံး နေအိမ် အကျယ်ချုပ် ကာလတွေမှာ ရှားရှားပါးပါး တွေ့ခွင့်ရတဲ့ အပြင်သူတွေထဲ ပါဝင်တဲ့ ဆရာတော် ဦးပဏ္ဍိတလည်းပဲ အလန်ကလဲမဲန့်စ်ရဲ့ တရားပြ ဆရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မဟာစည် ဝိပဿနာ ရှုနည်းဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အလဲကလဲမင့်စ်တို့ကြား အဆက်အစပ် ပေါင်းကူးတစ်ခု ဖြစ်ခဲ့ပါတယ်။ မစ္စတာ ကလဲမဲန့်စ် ဟာ “မျှော်လင့်ခြင်းရဲ့ အသံ” တင်မက၊ မြန်မာ့ အရေး စာအုပ်များစွာ ရေးသား ထုတ်ဝေထားပြီး၊ စစ်တပ်က အာဏာတကျော့ပြန် မသိမ်းခင် ဒီမိုကရေစီ အသွင်ကူး ကာလ ဆယ်စုနှစ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွင်းစည်းထဲက သူတွေနဲ့ပါ နီးကပ် ကျွမ်းဝင် ရှိနေခဲ့သူ ဖြစ်ပါတယ်။ အခု အစီအစဥ်မှာ မစ္စတာ ကလဲမဲန့်စ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓမ္မနဲ့ ယှဥ်နေတဲ့ နိုင်ငံရေးနဲ့ ဘဝ ဒဿန အမြင်တွေ အပေါ် ဘယ်လိုတွေ သိမြင် ထားသလဲ ဆိုတာတွေကို အဓိက မေးမြန်းထားပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲ ဝင်ရောက်ခဲ့ချိန်က စလို့၊ အစိုးရ တစ်ရပ်ကို လက်တွေ့အရ ဦးဆောင်မှု ပေးရတဲ့ ကာလတွေ မှာရော ဒေါ်အောင်ဆန်းစုကြည်ဟာ သူ ကိုင်စွဲခဲ့တဲ့ စံတန်ဖိုးတွေကို ဆက်လက် ကိုင်စွဲ နိုင်ခဲ့ရဲ့လား …. အထိပါး အပွန်းပဲ့ခံပြီး စတေးရတဲ့ အခိုက်မျိုးတွေရော ရှိလား …. ဆိုတာတွေ အပေါ်မှာပါ ဘီဘီစီရဲ့ အမေးတွေကို မစ္စတာ ကလဲမဲန့်စ် တုံ့ပြန် ဖြေဆိုထားပါတယ်။ ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး မေးမြန်း တင်ဆက်ထားတာကို ဇွန်လ ၁၄ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့၊ ည ၈နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့် သွားမှာမို့ စောင့်မျှော် ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

၅ ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ တနေ့တာ အချိန်ဇယား. ပြည်သူအများရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ဆဲ ၊ နိုင်ငံတကာက နှလုံးသားရှိသူလူသားတိုင်းရဲ့ လေးစားမှုကို ခံယူနေရဆဲ မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတွေ ဒီ Playlists တွေမှာ အတူတူနားထောင်ကြမယ်နော်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် | Burmese Leader Aung San Suu Kyi | • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုက… ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင် | မသီတာ (စမ်းချောင်း) • ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင… အတွေးအမြင်ဆောင်းပါးတိုများ • အတွေးအမြင်ဆောင်းပါးတိုများ ………………………………………………. ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တနေ့တာအချိန်ဇယား | Alan Clements | Narrator: ND

၆ ။ သူငယ်ချင်းပြောပြတဲ့ အောက်စဖို့ဒ်က “ စု”။

သူငယ်ချင်းပြောပြတဲ့အောက်စဖို့ဒ်က စု – BBC NEWS မြန်မာ

BBC News မြန်မာ။ 2.5KLikes။ 17,072Views။ 18 Jun2025#ဘီဘီစီမြန်မာပိုင်း#ဒေါ်အောင်ဆန်းစုကြည်#မြန်မာ။ “သူက သိပ်စိတ်ခိုင်မာတာ၊ လုပ်မယ်ဆို ဖြစ်အောင်လုပ်တယ်။ ကျွန်မ သတိအထားမိဆုံးက သူ့ရဲ့ ဖြောင့်မတ်တဲ့ ကျင့်ဝတ်နဲ့ စိတ်ဓာတ်ပဲ။ သူ့နိုင်ငံအတွက် တာဝန်ရှိတယ်၊ တစ်ခုခု လုပ်ပေးရမယ် ဆိုတဲ့ သဘောထား အမြဲရှိခဲ့တယ်။” ဒေါက်တာ အန်းပက်စတာနက် စလိတ်တာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အသက် ၂၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ယူကေနိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က စိန့်ဟျူးကောလိပ်မှာ ပညာသင်ဖို့ရောက်လာပါတယ်။ အဲဒီ ကျောင်းသူဘဝနှစ်ပိုင်းတွေမှာ အခင်မင်ဆုံး အတွဲဖြစ်ဆုံးသူတစ်ယောက်က အန်းပက်စတာနက် စလိတ်တာပါ။ အန်းက စုထက် တစ်နှစ်ကြီးပါတယ်။ ဘွဲ့တွေရ ကျောင်းတွေပြီးလို့ အိမ်ထောင် ထူထောင်ကြတော့လည်း သူတို့နှစ်ယောက် အောက်စဖို့ဒ်မြို့မှာပဲ အတူနေကြပြီး မိသားစုချင်းပါ ဆက်ခင်မင်ရင်းနှီးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ပြန်ရောက်၊ ကမ္ဘာသိနိုင်ငံရေးခေါင်းဆောင် ဖြစ်လာချိန်မှာ အန်း ကတော့ အောက်စဖို့ဒ်မှာပဲ ဒေါက်တာာဘွဲ့ရလို့ တက္ကသိုလ်ဆရာမ၊ ဘာသာပြန်စာရေးဆရာ ဖြစ်လာပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၉ တွေမှာ မြန်မာပြည်မှာလုပ်တဲ့ ဧရာဝတီစာပေပွဲတော်ကို ဖိတ်ကြားခံရပြီး သူငယ်ချင်းဖြစ်သူ ‘စု’ နဲ့လည်း ပြန်ဆုံခဲ့ကြပါတယ်။ ငယ်သူငယ်ချင်း စု အခုလို အချုပ်အနှောင်ခံနေရတာအတွက် အန်း က စိတ်ထိခိုက်သလို ၂၀၁၇ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အနောက်နိုင်ငံတွေရဲ့ ဆက်ဆံပုံတွေကိုလည်း သူက ပြစ်တင်ဝေဖန်ပါတယ်။ သူငယ်ချင်း စုရဲ့ မွေးနေ့မှာ ဆုတောင်းစကားပြောကြားရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်စဖို့ဒ်က ဘဝအကြောင်း အန်းက ပြန်ပြောင်းပြောပြထားပါတယ်။ တွေ့ဆုံမေးမြန်း – မင်းထက် ရိုက်ကူး/တည်းဖြတ် – ကျော်ဇေယျ

၇ ။ The Irrawaddy News( 6 June 2025 ) စစ်ဗို လ်ချုပ်တွေ အရမ်းကြောက်တဲ့ အမျိုးသမီူ။ ဘာလက်နက်မှ မရှိတဲ့ အမျိုးသမီးတစ်ယောက်ကို မြန်မာစစ် ဗိုလ်ချုပ်တွေ ဘာကြောင့် အမြဲကြောက်ရတာလဲ၊ စစ်အစိုးရ အဆက်ဆက် ကို ခြောက်လှန့်ခဲ့တဲ့ သူရဲ့ နိုင်ငံရေး ယုံကြည်မှု နဲ့ လမ်းစဉ်တွေက ဘာတွေလဲ၊ အကြိမ်ကြိမ်တိုက်ခိုက်ဖမ်းဆီးခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီတကြိမ်မှာရော ဘာတွေဖြစ်လာနိုင်လဲ ဆိုတာကို ဧရာဝတီရဲ့ ဒီတပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက ဆွေးနွေးထားပါတယ်

၈ ။ စစ်ဘီလူးတွေ ကြောက်တဲ့ သံမဏီနှင်းဆီ – Recap by BTM 19 June 2024

၉ ။ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်တင်ဖို့ ကြိုးပမ်းနေ

Myanmar Now News။ 2.3KLikes။ 32,228Views။ 13 Jun2025။ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်တင်ဖို့ ကြိုးပမ်းနေ —————— စစ်တပ်ရဲ့ မတရားဖမ်းဆီး၊ အကျဉ်းချခံထားရသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့် မွေးနေ့အတွက် မွေးနေ့ဆုတောင်း ရုပ်သံဖိုင်ပေါင်း သောင်းနဲ့ချီစုဆောင်းပြီး ဂင်းနစ်စံချိန်တင်မယ့် လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်နဲ့ တော်လှန်အနုပညာရှင်တွေ၊ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ဆော်ဩနေကြပါတယ်။ လာမယ့် ဇွန်လ ၁၉ရက်နေ့မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ဆုတောင်းပေးတဲ့ ရုပ်သံဖိုင်ပေါင်း ၈၀၀၀၀ အထိစုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်တုန်းက အိန္ဒိယနိုင်ငံက ဘာသာရေးခေါင်းဆောင်တစ်ဦးဟာ သူ့ရဲ့မွေးနေ့မှာ ဆုတောင်းစကားပြောထားတဲ့ ဗီဒီယိုပေါင်း ၃၂,၀၀၀ကျော်အထိ လက်ခံရရှိခဲ့ပြီး ကမ္ဘာပေါ်မှာ မွေးနေ့ဆုတောင်းဗီဒီယိုအများဆုံးရရှိသူအဖြစ် ဂင်းနစ်မှတ်တမ်း တင်ထားပါတယ်။ အဲ့ဒီ ဂင်းနစ်စံချိန်ချိုးဖို့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကားပြောထားတဲ့ ရုပ်သံဖိုင်တွေကို စုဆောင်းနေတာဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်နေသူတစ်ဦးက ပြောပါတယ်။ ဇွန်လ ၁၃ရက်နေ့အထိတော့ မွေးနေ့ဆုတောင်းရုပ်သံဖိုင်ပေါင်း ၂၅၀၀၀ ကျော် လက်ခံရရှိထားပြီးဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ လူမှုကွန်ယက်တွေမှာ ကြေငြာထားပါတယ်။ မွေးနေ့ဆုတောင်းအစီအစဉ်မှာ ပါဝင်ထားသူ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းထောင်အသီးသီးမှာ ညှဉ်းပမ်းနှိပ်စက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကမ္ဘာက ပိုပြီး သတိထားမိဖို့ ရည်ရွယ်ချက်နဲ့ ဒီအစဉ်အစဉ်မှာ ပါဝင်တာဖြစ်တယ်လို့ ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ကလည်း မိခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းရုပ်သံတစ်ခုစီလောက် ပေးပို့ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူကမှ မေ့မထားဘူးဆိုတာ ပြသကြရအောင်လို့ တိုက်တွန်းထားပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကလိုစေးထူး ကတော့ သူ့ဆီ တိုက်ရိုက်ပေးပို့လာတဲ့ ရုပ်သံဖိုင်တွေထဲမှာ ပြည်တွင်းက မြန်မာပြည်သူတွေရဲ့ ပါဝင်မှုက ပိုပြီးများတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို စစ်ကောင်စီက ရန်ရှာလေ့ရှိတာကြောင့် စီစဉ်သူတွေအနေနဲ့လည်း လုံခြုံရေးကိစ္စကို အထူးအလေးထားကြောင်း ပြောပါတယ်။ စထွန်းအောင်/ Myanmar Now

၁၀ ။ “ တန်ဖိုးထားခြင်းရဲ့ ပီတိ” ဒေါ်အောင်ဆန်းစုကြည် (မေးခွန်းများရဲ့အဖြေ ) #suu80thbirthday

Timeless Story 8.3KLikes။ 224,679Views။ 3 Jun2025။ “နေ့ချင်းညချင်း နောက်ကြောင်းပြန်” “ကယ်တင်ခြင်း” “တိုင်းရင်းသားတွေရဲ့နွေးထွေးမှု” “တန်ဖိုးထားခြင်းရဲ့ ပီတိ” “ထိုက်တန်ရဲ့လား” “မေးခွန်းများရဲ့အဖြေ” ဒေါ်အောင်ဆန်းစုကြည် ( နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်) အမှတ်တရဟောပြောပွဲ

၁၁ ။ ၈၀ ပြည့်နှစ် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခရီးကြမ်း

VOM Burmese 256Likes။ 5,094Views။ 15 Jun2025#သတင်းများ#စစ်ရေးသတင်း#ငလျင်သတင်း။ ၈၀ ပြည့်နှစ် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခရီးကြမ်း Aung San Suu Kyi’s 80th birthday and her political journey #သတင်းများ #ခေတ်သစ်မီဒီယာ#DVB #BBC #စစ်ရေးသတင်း #တော်လှန်ရေး #ငလျင်သတင်း Creadit Original Video Clip Owner.VOM Burmese

၁၂ ။ “ တန်ဖိုးရှိသောမိန့်ခွန်းများ ” ဒေါ်အောင်ဆန်းစုကြည်

Timeless Story 1.3KLikes။ 41,109Views။ 13 Jun2025#သုတရသ#စာပေ#ရသစာပေ။ တန်ဖိုး” “၀ီရိယ” “ဂုဏ်ယူစရာ” “ကိုယ့်အလုပ် ကိုယ့်တာ၀န်” “အမုန်းတရားဆိုတာ” “ကိုယ်ဘာလုပ်နေလဲ?” “ကယ်တင်မယ်ဆိုတာ” “အဂတိ” “ညီညွတ်ခြင်း အင်အား” “တန်ဖိုးရှိသောမိန့်ခွန်းများ ” ဒေါ်အောင်ဆန်းစုကြည် ( နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်) အမှတ်တရဟောပြောပွဲ

၁၃ ။ အမေ့မွေးနေ့အတွက်ဆုတောင်း စကားသံများ သံ #dawaungsansuukyi#myanmarnews #democracyformyanmar

TBU Media ( Official )

418Likes။ 6,454Views။ 17 Jun2025။ ၈၀ နှစ်ပြည့် မွေးနေ့ကြီးတွင်၊ ပြည်သူသားသမီးများ၏ ချစ်ခြင်း၊ တန်ဖိုးထားမှုနှင့် လေးစားမှုအပြည့်ဖြင့် ဆုတောင်းဖော်ပြချင်ပါတ် မိခင်၏ သတ္တိ၊ တည်ငြိမ်မှု၊ ပြည်သူများအတွက် ဆက်တိုက်လှုပ်ရှားမှုများသည် မျိုးဆက်သစ်များအတွက် အလင်းရောင်ဖြစ်နေဆဲပါ။ တည်ကြည်အေးချမ်းစွာ အသက်ရှည်ရှည် ရှင်သန်ပါစေကြောင်းနှင့် မြန်မာ့အနာဂတ်အတွက် မိခင်၏အိပ်မက်များ အောင်မြင်အောင် ဆုတောင်းပါတယ်။ မွေးနေ့သည် မျှော်လင့်ချက်၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းရေးအပြည့်ဖြစ်ပါစေ။ မွေးနေ့မှာ မင်္ဂလာရှိပါစေ

၁၄ ။ Up Close & Personal with Aung San Suu Kyi

၁၅ ။ ဒေါ်အောင်ဆန်းစုကြည်ကုလသမဂ္ဂ၌အလုပ်လုပ်နေစဥ် ဒုက္ခရောက်အောင်ကြံစည်ခံခဲ့ရတဲ့အဖြစ်အပျက်အချို့

Burmese Reads

1.7KLikes။ 99,148Views။ 7 Feb2025#ဒေါ်အောင်ဆန်းစုကြည်#ဖြစ်ရပ်မှန်#aungsansuukyi နယူးယော့မြိုရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်၏ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ် သုံးနှစ်ကြာ အလုပ်လုပ်ခဲ့စဥ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခရောက်အောင် ကြံစည်ခံခဲ့ရတဲ့ အဖြစ်အပျက်တချို့အကြောင်း …. ထိုစဥ်က အတူရှိခဲ့သူ ဒေါ်သန်းအေး (ဘိလပ်ပြန်သန်း)က ရေးသားထားသည်။ ………………………………………………. ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ၌ အလုပ်လုပ်နေစဥ်က အဖြစ်အပျက်အချို့ | ဖြစ်ရပ်မှန် | စာရေးသူ – ဒေါ်သန်းအေး (ဘိလပ်ပြန်သန်း) | Narrator: ND ………………………………………………… • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုက… ပြည်သူအများရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ဆဲ ၊ နိုင်ငံတကာက နှလုံးသားရှိသူလူသားတိုင်းရဲ့ လေးစားမှုကို ခံယူနေရဆဲ မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတွေ ဒီ Playlist မှာ အတူတူနားထောင်ကြမယ်နော်။ Narrator: ND

၁၆ ။ “ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သမိုင်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား (၁)”

DVB TV News။ 238Likes။ 11,144Views။ 202011 Aug#ရွေးကောက်ပွဲ#ဒေါ်အောင်ဆန်းစုကြည်#NLD မေ့နေတဲ့သူတွေလဲ သတိပေးဖို့၊ မသိသေးတဲ့သူတွေလဲ အသိပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သမိုင်းကြောင်းကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြည်သူသို့ပြောကြားခြင်း။ #NLD #ဒေါ်အောင်ဆန်းစုကြည် #ရွေးကောက်ပွဲ

၁၇ ။ အမေ ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့အကြို ဆုတောင်းပွဲကို မြူဇီယမ်ပလိန်း ရင်ပြင်တွင် ကျင်းပ

Myanmar Network News Media။ 3.2KLikes။ 60,592Views။ 18 Jun2025။ အမေ ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့အကြို ဆုတောင်းပွဲကို အမ်စတာဒမ်မြို့ ရှိ မြူဇီယမ်ပလိန်း ရင်ပြင်တွင် နယ်သာလန်ရောက် အမေစုကို ချစ်ခင်မြတ်နိုး တန်ဖိုးထားသူများမှ စုပေါင်းပြီး မွေးနေ့အကြို ဆုတောင်းပွဲကိုကျင်းပခဲ့ပါတယ် ၊ အလှူငွေစုစုပေါင်း ၉၆ သိန်းခန့် ရရှိပြီး အခမ်းအနားတွင် အမေစုကိုချစ်ခင်ကြသူများစုပေါင်း ပြီးဆုတောင်းခြင်းနှင့် အမေနှင့်တကွ နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြသည် ။ အဟာရ ဒါန များဖြင့် ဒန်ပေါက် ရွှေရင်အေး ကောက်ညှင်းဘိန်းမုန့် နှင့် အမရာမေ ရဲ့ သဘ်ောသီးသုတ် ၊ မုန့်တီသုတ်များအပြင် ဆူရှီ (၈၀) ဗူးတိတိကို အန်ကယ်စိုး (I LOVE SUSHI) ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည် ။ ကြွရောက်လာသူများမှ အမေ့ 80ပြည့် မွေးနေ့ ကုသိုလ်ဒါနအလှူငွေများကို အမေစုသားငယ် ကင်မ် ဦးဆောင်ပြုလုပ်လျက်ရှိသော Suu 80 ကမ်ပိန်းသို့ ပေးပို့လှူဒါန်းရန်စီစဥ်ထားပါသည်။ ယခုအချိန်တွင် နယ်သာလန် နိုင်ငံတွင် ရထားများ လစာတိုးသပိတ်မှောက်နေတာကြောင့် အချိန် ယူပြီး အဝေးမှ လာရာက်ပါဝင်ဆုတောင်းကြသူများ အများအပြား လာရောက်ခဲ့ကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်

၁၈ ။ စာပေဟောပြောပွဲ – ဒီမိုကရေစီ ဘယ်ချိန်ရမလဲ? | အောင်ဆန်းစုကြည်

စာပေဟောပြောပွဲ. 417Likes. 14,037Views. 11 Feb2025#အောင်ဆန်းစုကြည်#စာပေဟောပြောပွဲ#ရသ. ဒီမိုကရေစီဆိုတာ ဘာလဲ? ဘယ်ချိန်မှာ ရရှိနိုင်မလဲ? အောင်ဆန်းစုကြည်၏ အယူအဆများကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးစဉ်အတွက် အရေးကြီးသော အခန်းကဏ္ဍများကို ဆွေးနွေးသွားမည်။ 📌 ဤဟောပြောပွဲတွင် ✅ ဒီမိုကရေစီ၏ အဓိပ္ပာယ်နှင့် အရေးပါမှု ✅ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း ✅ အောင်ဆန်းစုကြည်၏ အယူအဆများ 💬 သင့်ထင်မြင်ချက်များကို မျှဝေပါ! 🔔 အပ်ဒိတ်လက်လွှတ်မဖြစ်ရန် Subscribe နှင့် Notifications ဖွင့်ထားပါ။ #ဒီမိုကရေစီ #Democracy #စာပေဟောပြောပွဲ #အောင်ဆန်းစုကြည် #MyanmarPolitics #Freedom #MyanmarDemocracy #မြန်မာနိုင်ငံရေး #PoliticalDiscussion #DemocraticRights Myanmar Knowledge Guide (စာပေဟောပြောပွဲ) ❛ဘာမှလုပ်စရာမရှိရင် •စာဖတ်နေခြင်းဟာ •အကောင်းဆုံးအလုပ်ပါပဲ✓ Join this channel to get access to perks: / @myanmarwisdomguide 𝐆𝐢𝐯𝐞 𝐠𝐢𝐟𝐭 ᵇʸ ᵖᵃʸᵖᵃˡ (လှူဒါန်းလက်‌ဆောင်ပေးရန်) https://www.paypal.me/MyanmarGuide Tiktok.com/@MyanmarKnowledgeGuide ᵗⁱᵏᵗᵒᵏ T.me/Myanmarknowledgeguide ᵗᵉˡᵉᵍʳᵃᵐ Facebook.com/Myanmarknowledgeguide ᶠᵃᶜᵉᵇᵒᵒᵏ / @myanmarwisdomguide ʸᵒᵘᵗᵘᵇᵉ Instragram.com/Myanmarknowledgeguide https://www.messenger.com/channe… ʲⁱᵒⁿ ᵐᵉˢˢᵉⁿᵍᵉʳ ᵇʳᵒᵃᵈᶜᵃˢᵗⁱⁿᵍ ᶜʰᵃⁿⁿᵉˡ #စိတ်ဓာတ် #အသိဉာဏ် #စာပေဟောပြောပွဲ #စာပေဟောပြောပွဲများ #မောင်သာချို #MyanmarKnowledgeGuide #ဗဟုသုတ #စာအုပ် #စာပေချစ်သူ #ရသ #ဒသန #ဘဝအတွက်ဖတ်စာ #ညီမလေးသို့ပေးစာ #စာပေပျိုးခင်း #မှတ်စုစာပေ #ရသစာပေပျိုးခင်း #ဗဟုသုတစာပေ #ဘဝအောင်မြင်ရေး #လူငယ်များအတွက်ဗဟုသုတစာပေများ #စာပေဗဟုသုတ #Myanmar #Burma #Burmese #စာအုပ် #အောင်ဆန်းစုကြည် #ပါမောက္ခချုပ်ဆရာတော် #ခွန်အားဖြစ်စေသောစာအုပ်စာပေများ #ဖတ်ရှု့

၁၉ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းပွဲ – စာပေဟောပြောပွဲ (Inspirational Speech Highlights)

စာပေဟောပြောပွဲ. 2KLikes. 77,529Views. 18 Feb2025#အောင်ဆန်းစုကြည်#ဒေါ်အောင်ဆန်းစုကြည်#စာပေဟောပြောပွဲဒေါ်အောင်ဆန်းစုကြည်၏ ထူးချွန်သော စကားများနှင့် မေးမြန်းပွဲအတွင်း ထင်ရှားသော အချက်များကို ပြန်လည်တင်ပြထားသော ဤဗီဒီယိုသည် စာပေဟောပြောပွဲ၏ အဓိက အစိတ်အပိုင်းများကို တင်ဆက်ပေးသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအမြင်များ၊ စကားအလှများနှင့် လူမှုရေးဆိုင်ရာအယူအဆများကို သိလိုသူများအတွက် ရှေးမဲထားရမည့် အကြောင်းအရာဖြစ်သည်။ ✨ Watch now to explore: ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအမြင်များ စာပေဟောပြောပွဲ၏ အဓိက အခန်းကဏ္ဍများ အင်အားရှိသော စကားများနှင့် ထူးခြားသော မေးမြန်းချက်များ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းပွဲ စာပေဟောပြောပွဲ Myanmar speeches Burmese literature talks Daw Aung San Suu Kyi 2025 Burma political speeches Motivational talks Myanmar ဒေါ်အောင်ဆန်းစုကြည် အဆိုအမိန့် Burmese cultural events 👉 လူများကြား အကြောင်းအရာမျှဝေလိုပါက, အကြောင်းအရာအား like, share & subscribe ပြုလုပ်ပါ။ #ဒေါ်အောင်ဆန်းစုကြည် #အောင်ဆန်းစုကြည် #စာပေဟောပြောပွဲ #MyanmarSpeeches #BurmeseCulture #MotivationalTalks Myanmar Knowledge Guide (စာပေဟောပြောပွဲ) ❛ဘာမှလုပ်စရာမရှိရင် •စာဖတ်နေခြင်းဟာ •အကောင်းဆုံးအလုပ်ပါပဲ✓

၂၀ ။ အမေပြောတဲ့အမှတ်တမဲ့စကားတခွန်းမှဖြစ်လာသည့်ခွန်အား

Voice of Revolution Live News. 1.9KLikes. 23,696Views. 6 Jun2025. အမေပြောတဲ့အမှတ်တရစကားတခွန်း(သို့မဟုတ်)ရှေ့ဆက်ဖြစ်တဲ့ခွန်အား ချစ်သုဝေပြောပြခဲ့တာ ဘာပါလဲ အမေ့ကိုအမှတ်တရ မွေးနေ့အကြို လွမ်းရည်ဖွဲ့ငိုခဲ့ကြတဲ့ ချစ်သူတို့မှတ်တမ်းပါ

၂၁ ။ စာပေဟောပြောပွဲ – အောင်ဆန်းစုကြည် | လာဘ်ပေးပြဿနာ ဘယ်လိုဖြေရှင်းမလဲ?

စာပေဟောပြောပွဲ

4.1KLikes. 201,153Views. 21 Feb2025#အောင်ဆန်းစုကြည်#စာပေဟောပြောပွဲ#ရသ. ဒီဗီဒီယိုမှာ စာပေဟောပြောပွဲအတွင်း အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် လာဘ်ပေးပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို မေးမြန်းထားပါတယ်။ မြန်မာသမ္မတ အနေနဲ့ ငွေကြေးနှင့် လာဘ်ပေးပြဿနာကို အောင်မြင်စွာဖြေရှင်းနိုင်မယ့် လမ်းညွှန်ချက်တွေကို စူးစမ်းတင်ပြထားပါတယ်

၂၂ ။ DVB TV 9th June 2013 – ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ မီးပုံးပျံကွင်း ဇွန်လ(၉ )ရက် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ အမေးအဖြေကဏ္ဍ. ရိုက်ကူး – စူပါ၊ အောင်အောင်)

၂၃ ။ Aung San Suu Kyi Q&A : Democracy & Non-violence

U-Vision HKU

1.8KLikes. 252,974Views. 201120 Jul. No description has been added to this video.

၂၄ ။ ဒီပဲယင်းမြို့ ၊ လူထုတွေ့ဆုံပွဲ

မင်းကောင်း ထွန်းစေ

၂၅ ။ 26KLikes. 1,491,964Views. 202014 Mar. နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမြို့ ၊ လူထုတွေ့ဆုံပွဲ 11-3-2020 ဗုဒ္ဓဟူးနေ့

၂၆ ။ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလွတ်မြောက်ခဲ့လဲ

The Irrawaddy News. N/ALikes. 244,416Views. 202430 May. ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလွတ်မြောက်ခဲ့လဲ (ရုပ်/သံ) ယဉ်မွန်၊ မေ ၃၀၊ ၂၀၂၄ သမိုင်းဝင် ဒီပဲယင်းလုပ်ံကြံမှုဟာ ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ၂၁ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေကတော့ ဒီအကြမ်းဖက်မှုရဲ့ လက်သည်ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရနဲ့ စစ်တပ်ကမွေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) တို့လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျီရွာအထွက်နားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြောထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အထက်မြန်မာပြည် စည်းရုံးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးတင်ဦးတို့ ပါဝင်တဲ့ ယာဉ်တန်းကို တားဆီးလုပ်ကြံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလုပ်ကြံမှုမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူမရဲ့ ကားကိုမောင်းပေးခဲ့တဲ့ ဦးကျော်စိုးလင်း က သူအနီးကပ်မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေကို ပြန်ရှင်းပြထားတာဖြစ်ပါတယ်။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

၂၇ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ တရားခွင် ရုပ်သံ ထွက်လာ | People’s Spring

People’s Spring။ 2.3KLikes။ 34,459Views။ 18 Jun2025#ludunwayoo#လူထုနွေဦး#NewsUpdate။ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ တရားခွင် ရုပ်သံ ထွက်လာ ဇွန် – ၁၈ ၊၂၀၂၅ /People’s Spring စစ်ကောင်စီ က မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီ ရဲ့ တရားခွင်မှာတွေ့မြင်ရတဲ့ CCTV ရုပ်သံမှတ်တမ်း အချို့ကို ဗြိတိန်အခြေစိုက် The Guardian သတင်းစာက ဖော်ပြလာပါတယ်။ ၁ မိနစ်နဲ့ ၁၂ စက္ကန့် ကြာမြင့်တဲ့ အဲဒီ ရုပ်သံမှတ်တမ်းမှာ အသံမပါဝင်ဘဲ ၂၀၂၂ ခုနှစ် ၊ သြဂုတ် ၂၂ရက် က တရားခွင်နဲ့ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ရက် က တရားခွင် မြင်ကွင်းအချို့ဖြစ်ပါတယ်။ ရုပ်သံ အရ တရားခွင်အဖြစ် ပြုလုပ်ထားတဲ့အခန်းထဲမှာ သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုတွေ့မြင်ရပြီး တစ်ဖက်တစ်ချက် မှာ ရဲ နှစ်ဦး အစောင့်ချထားပါတယ်။ သူမ(ဒေါ်အောင်ဆန်းစုကြည်)ရဲ့ အသံနဲ့ လမ်းလျှောက်တဲ့ပုံစံကတော့ မပြောင်းမလဲ အရင်အတိုင်းပါပဲ”လို့ သတင်းရင်းမြစ် ရဲ့ ပြောပြချက်ကို The Guardian သတင်းစာက ဖော်ပြပါတယ်။ တရားခွင်နှစ်ခုလုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဖြူရောင်ဆွယ်တာလက်ရှည် ၊ အနက်ရောင်လုံချည်ဝတ်ဆင်ထားတာတွေ့ရပြီး ပန်းမပန်ထားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတဲ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့အခမ်းအနားက လွဲရင် ပုံမှန်အားဖြင့်ပန်းပန်လေ့ရှိပါတယ်။ ရုပ်သံမှာပါတဲ့ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ရက် က တရားခွင် မှာတော့ NLD အစိုးရလက်ထက်က ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခံရသူ ဦးဟင်နရီဗန်ထီးယူ သက်သေအဖြစ်လာရောက်ထွက်ဆိုတာကိုတွေ့ရပါတယ်။ အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲခန့် လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ဦးဟင်နရီဗန်ထီးယူ ကို ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာ ပြန်တွေ့ရပေမယ့် သိပ်မကြာခင်မှာပဲ သူ့ကိုလည်း စစ်ကောင်စီက ဒုသမ္မတ ရာထူးကနေ အနားပေးလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ The Guardian သတင်းစာ ရဲ့ ဖော်ပြချက်အရ စစ်ကောင်စီရဲ့ အကျဉ်းချထားချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဉ် နေထိုင်မှု တစိတ်တပိုင်းကို သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ မနက် ၄ နာရီခွဲမှာ အိပ်ရာက ထပြီး မနက်ပိုင်း တစ်နာရီကျော် တရားထိုင်သလို ညနေပိုင်း ကိုယ်လက်လေ့ကျင့်ခန်းအဖြစ် အကျဉ်းချထားတဲ့အခန်းအတွင်းမှာ လမ်းလျှောက်တယ်လို့သိရပါတယ်။ ဖမ်းဆီးအကျဉ်းချထားခံရချိန် နေ့စဉ် မှတ်တမ်းတစ်ခုမှာဆိုရင် နေ့လည်စာအဖြစ် ထမင်း နှစ်ဇွန်း ၊ ကြက်သား ၊ ငါးအသားလုံးဟင်းချို၊ ချောကလက်နှစ်ခု နဲ့ နဂါမောက်သီး ခပ်နည်းနည်းစားတယ်လို့ ဖော်ပြပါတယ်။ ပုံမှန်အားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစားနည်းပြီး မနက်စာအဖြစ် ကြက်ဉကြော် ၊ နေ့လယ်စာ ထမင်း နည်းနည်းနဲ့ အသား ဒါမှမဟုတ် ငါး စားပြီး ညစာ ကိုတော့စွပ်ပြုတ်နဲ့ ပေါင်မုန့် စားတယ်လို့ The Guardian သတင်းစာ က ရေးသားပါတယ်။ စစ်ကောင်စီဟာ မတရားဖမ်းဆီးအကျဉ်းချထားတဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ ဓာတ်ပုံမှတ်တမ်းတွေကို အာဏာသိမ်းပြီးနောက်ပိုင်း တရားခွင် မှတ်တမ်းပုံ တစ်ပုံက လွဲရင် ထုတ်ပြတာမရှိပါဘူး။ လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးအခြေအနေ နဲ့ ဘယ်မှာ အကျဉ်းချထားတယ်ဆိုတာကိုလည်း အများပြည်သူကို အသိပေးတာမရှိပါဘူး။ စစ်ကောင်စီဟာ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ် ၊ သမ္မတ ဦးဝင်းမြင့်ကို အမှု ၈ ခုနဲ့ ထောင်ဒဏ် ၁၂ နှစ်ချထားတာပါ

၂၈ ။ နောက်ဆက်တွဲ အသံစာအုပ် လင်းယုန်မောင်မောင် – သွေးစွန်းသောနေ့ရက်များ – ဗိုလ်ချုပ်အောင်ဆန်း (စ-ဆုံး)

Spring Platform 2။ 752Likes။ 34,116Views။ 2 Sept2024#myanmaraudiobooks#ဗိုလ်ချုပ်အောင်ဆန်း#SJ မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံခဲ့ရသော ဖြစ်ရပ်မှန် စာအုပ်။ #လင်းယုန်မောင်မောင် #သွေးစွန်းသောနေ့ရက်များ #ဗိုလ်ချုပ်အောင်ဆန်း #SJ #myanmaraudiobooks

  • Share on Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Telegram (Opens in new window) Telegram
  • More
  • Share on Tumblr (Opens in new window) Tumblr
Like Loading...

Related

  • Aung San + SuuKyi
  • ကမ္ဘာ့ရွာကြီးထဲကမြန်မာတွေ Myanmars in Global Villages
  • စာပေ ဟော ပြောပွဲများ Literary Talks in Myanmar
  • ထူးခြားထင်ရှား ပုဂ္ဂိုလ် များ
  • မြန်မာ စာပေ ဟော ပြောပွဲများ
  • မြန်မာ တိုင်းရင်းသားလူမျိုးနွယ်များ
  • မြန်မာ့ လူမှုပတ်ဝန်းကျင် Social Environment of Myanmar
  • မြန်မာ့သမိုင်းထဲက ပုဂ္ဂိုလ် ထူးများ Biography အထုပ္ပတ္တိ
  • မြန်မာ့သမိုင်းထဲက ပုဂ္ဂုလ် ထူးများ .။ Biography အထုပ္ပတ္တိ
  • မြန်မာ့အရေး သတင်းများ
  • မှတ်ဖွယ် မှတ်ရာ စာပဒေသာ
  • လူနေမှုဘဝ ပတ်ဝန်းကျင် Social Environment and Livelihood
  • ဟောပြောပွဲများ၊နှီးနှောပွဲများ။ အင်တာဗျူးများ ။ ရုပ်/သံ videos
  • အင်တာနက် ကမ္ဘာထဲက မှတ်ဖွယ် မှတ်ရာ ဖတ် စရာများ
  • အထုပ္ပတ္တိ ၊ ကမ္ဘာ့ ထူးခြားထင်ရှား ပုဂ္ဂိုလ်များ
  • အထွေထွေ ဗဟုသုတ
  • အသံစာအုပ်များ စုစည်းမှု
  • History သမျုင်း
  • Life and Living လူ့ဘဝ နှင့် ဘဝနေနည်း
  • Social Environment လူမှုဘဝ ပတ်ဝန်းကျင် ၊
  • Talks ထူးခြား ထင်ရှား ဟော ပြောစကားများ ။
  • TED Talks ထွေထွေရာရာ ပြောစရာ နိုင်ငံတကာစင်မြင့်

Post navigation

Previous AUDIO BOOKS မြန်မာစာအုပ်ကောင်း များ ၏ အသံစာအုပ်များ။ ကက်ဆက်ခွေ အသံဇာတ်လမ်းများ
Next Sound Mix : Music Videos by Phyo Zaw Lynn

Flood. ရေဘေး (1) Language (1) မြန်မာ သံစဉ် သီချင်း များ (2) သမိုင်း / အာရှ ရေးရာ (1)

Category

Archive

  • February 2026 (4)
  • January 2026 (1)
  • December 2025 (50)
  • November 2025 (91)
  • October 2025 (78)
  • September 2025 (62)
  • August 2025 (61)
  • July 2025 (77)
  • June 2025 (75)
  • May 2025 (92)
  • April 2025 (82)
  • March 2025 (95)
  • February 2025 (56)
  • January 2025 (63)
  • December 2024 (68)
  • November 2024 (32)
  • October 2024 (50)
  • September 2024 (31)
  • August 2024 (64)
  • July 2024 (110)
  • June 2024 (144)
  • May 2024 (132)
  • April 2024 (160)
  • March 2024 (25)
  • February 2024 (64)
  • January 2024 (33)
  • December 2023 (36)
  • November 2023 (16)
  • October 2023 (9)
  • September 2023 (19)
  • August 2023 (36)
  • July 2023 (13)
  • June 2023 (22)
  • May 2023 (23)
  • April 2023 (21)
  • March 2023 (24)
  • February 2023 (50)
  • January 2023 (43)
  • December 2022 (55)
  • November 2022 (23)
  • October 2022 (33)
  • September 2022 (44)
  • August 2022 (33)
  • July 2022 (30)
  • June 2022 (9)
  • May 2022 (25)
  • April 2022 (71)
  • March 2022 (45)
June 2025
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
30  
« May   Jul »

ADB News

  • ADB, Pacific Islands Forum Agree to Accelerate Regional Cooperation
    20 Feb 2026
  • ADB President, Fiji Prime Minister Open Expanded Office to Strengthen Partnership and Scale Up Impact
    20 Feb 2026
  • ADB, Prima Sign Landmark Cable Deal to Boost Connectivity and Disaster Resilience in Vanuatu
    18 Feb 2026
  • ADB President Meets Vanuatu Prime Minister to Advance Partnership, Unlock Private Sector Investment
    18 Feb 2026
  • ADB President Pledges Support for Solomon Islands Development Goals in Meeting with Prime Minister
    17 Feb 2026
Blog at WordPress.com.
  • Reblog
  • Subscribe Subscribed
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Join 42 other subscribers
    • Already have a WordPress.com account? Log in now.
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
 

Loading Comments...
 

    %d