AUDIO BOOKS မြန်မာစာအုပ်ကောင်း များ ၏ အသံစာအုပ်များ။ ကက်ဆက်ခွေ အသံဇာတ်လမ်းများ

အရူးလွယ်အိတ် (ပထမ ပိုင်း)
စာရေးသူ – မှော်ဘီဆရာသိန်း
စာဖတ်သူ – ယံဇငြိဏ်း
ကြာချိန် – ၄ နာရီ ၄၆ မိနစ်

စာမြည်း
အရူးဟူ၍ သမုတ်ခြင်းခံရသော စိတ်ပေါ့သွပ်သူ၊ စိတ်လေလွင့်သူ၊ စိတ်မကောင်းသူတို့သည်ကား ရောက်တတ်ရာရာ၊ ထင်မိထင်ရာ၊ တွေ့ ကရာ လျှောက်ပြီးလျှင်လမ်း၌ တွေ့မြင်ကရာတို့ကို ကောက်ယူကာ၊ မိမိလွယ်အိတ်စုတ်ထဲသို့ ထည့်သွင်းသိုသိပ်ခြင်းကို ပြုတတ်လေ့ရှိ၏။ နောက် လွယ်အိတ် ဖောင်းပွပြည့်နေသောအခါတစ်နေရာ၌ ထိုင်၍ ရယ်ကာပြုံးကာ၊ သီချင်းဆိုကာ လွယ်အိတ်ထဲမှ သိပ်သွင်း
စုဆောင်းထားသော ပစ္စည်းများကို ထုတ်ပြီးသော် စားစရာကို တွေ့က စားလေ၏။
အလိုရှိသော ပစ္စည်းကို ရွေးချယ်ကာ တစ်ဖန် အိတ်ထဲသို့ ထိုးသွင်းထားတတ်လေ၏။ အလို မရှိသည်ကို စွန့်ပစ်ထားခဲ့လေ၏။
ဤနည်းနှင်နှင် ပညာဗဟုသုတကို ရှာဖွေစုဆောင်းသော သူတို့သည်အရူးနှင့် တူစေရမည်ဟု ရှေးရှေးကုန်သော ပညာရှိ ပုဂ္ဂိုလ်တို့ သြဝါဒ ဥဒါန်းတွင်လျက် ရှိပေ၏။ ပညာဗဟုသုတကို ရှာမှီးကုန်သော သူတို့သည် တက်ကြွ
သော မာနစိတ်ကို လက်မခံကြဘဲ အလျှင်းပယ်စွန့်နိုင်မှ မိမိ ဆည်းပူးသောဗဟုသုတကို ရနိုင်မည် ဖြစ်ပေ၏။ ယုတ်သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ပညာရှိပုဂ္ဂိုလ် ဖြစ်ပချေသော် သွားရောက် ဆည်းကပ်၊ ပညာရင်နို့ကို သောက်စို့ကြရန်သာ ဖြစ်ပေ၏။ ထိုပညာရှိသည် ငါ့အောက် ယုတ်သူ၊ ဆင်းရဲသူ၊ ဂုဏ်အခြေအနေမဲ့သူ ဖြစ်သည်။ ငါ သွားဆည်းကပ်သော် မာနစိတ်နှင့် ငါ၏ ဂုဏ်ပျက်မည်ဟု နေပချေသော် ပညာဗဟုသုတ မရနိုင်ဟု မှတ်လေကုန်။

[ယခု စာအုပ်များ ကို ကြော်ငြာ မပါဘဲ .mp3 နဲ့ လိုချင်ရင် အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။]
အဖွဲ့ဝင်လိုပါက အခု link မှတစ်ဆင့် (သို့မဟုတ် ) facebook messenger မှတစ်ဆင့် စာပို့ထားပေးပါ။ ✅ link
http://m.me/listenersheaven
(သို့) viberlink
https://invite.viber.com/?g2=AQB.. https://youtu.be/HCi31pDdiWo?si=BFqTiCuYCnxVRa_c

ဆရာကြီး ဗန်းမော် သိန်းဖေ ၏ အောင်မြင်မှုပန်းတိုင်သို့ ခြေလှမ်း (၅၀) အစအဆုံး https://youtu.be/scGAr4iERvw?si=mEHOmRJ1Fl6oWCQ- ဆရာကြီးဗန်းမော်သိန်းဖေရဲ့ အောင်မြင်ရေးအတွေးအမြင်နဲ့ပတ်သက်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ အချိန်ပေးနားဆင်ပြီး လက်တွေ့ဘဝမှာအမှန်တကယ် လိုက်နာကျင့်သုံးမယ်ဆိုရင် အကျိုးထူးစေမှာသေချာပါတယ်။ ပီမိုးနင်း။ audiobook။ Audio Book။ အကြံဉာဏ်ဖြင့်ကြီးပွားရေး။ myanmaraudiobook။ ရွှေဥဒေါင်း