တွံတေးမြို့ တစ်ဖက်ကမ်း တွံတေးတူးမြောင်းဘေး မှာ တည်ဆောက်ခဲ့သော
ဆည်မြောင်း၏ ဇီးဖြူကုန်းရေတံခါးအမွှာ
ယခင်နှင့် ယခု
ဂြိုဟ်တု ဓာတ်ပုံများ
ရည်ညွှန်း
မောင်ကြုံတိုင်း၏ ဘဝအထွေထွေ
ဆည်မြောင်း ရေးရာ
စာပဒေသာ
ရေတံခါးတို့၏ အတွင်းရေးများ (၁) က / ခ / ဂ /

တွံတေးမြို့တစ်ဖက်ကမ်း တွံတေးတူးမြောင်းဘေးမှာဆည် မြောင်းကတည်ဆောက်ခဲ့ကြသော
ဇီးဖြူကုန်း ရေထုတ် ရေနုတ် ရေငန်တားရေချို ထိန်း နိုင်တဲ့ ဘက်စုံသုံး ရေတံခါးနဲ့
ကပ်လျက်မှာ တစ်ပြိုင် တည်း တည်ဆောက်ထားခဲ့ တဲ့
တွံတေးတူးမြောင်းမှ ေ၇ွှမယင်းကွင်းထဲသို့ လှေသမ္ဗာန်တွေစက်လှေတွေ အချိန် မ ရွေး အလွယ်တကူ ဝင် ထွက် သွားလာနိုင်ဘို့အတွက် ရေယဉ် ဝင်ထွက်သွားလာနိုင်ဘို့တွဲဘက်တည်ဆောက်ထားခဲ့တဲ့ ရေယဉ်ဝင်ထွက်ရေတံခါးလဲရှိနေပါတယ်။



ရေတံခါး ၂ခုစလုံးက ရေတံခါး ရွ က်ကြီးတွေကို ဘာစက် ဘာဒီဇယ်ဆီ ဘာလျှပ်စစ်မှ မသုံး ရဘဲ သဘာဝ အလျောက် တက်
ကျနတဲ့ ပင်လယ်ဒီရေအတက်အကျကိုယူအသုံးချပြီးတည်ဆောက်ထားတဲ့ အလိုအလျောက် ဖွင့်ပိတ်နိုင်တဲ့ ရေတံခါး တွေဖြစ်ကြပါတယ်.

ရေယဉ် ဝင်ထွက်ရေတံ ခါး သာ လျင် ဖွင့်ပိတ်ဘို့လူအားအနည်းငယ်သုံးရတဲ့ ရေပြင် ညှိအဆောက်အုံ ရေတံခါးဖြစ်တယ်

ရေတက်ရေကျကို ကြည့်ပြီးရေတံခါး တွေကို ဖွင့်ပိတ်ကာ လှေသင်္ဘောတေါဝင် ရ ထွက ်ရ လွယ်အာင် ရေတံခါးထဲက ရေနဲ့ အပြင် က ရေ တက်ရေကျ တေါ ကို ရေပြင် ညှိပြီးရေယဉ်တွေကို ဝင်ထွက် စေပါတယ်. ။
Navigational Lock Gate ကို ရေပြင်ညှိရေတံခါး ဟုလည်း ဆည်မြောင်းမှ မြန်မာလိုအမည်ပေးထားပါတယ်. ။

တွံတေး တူးမြောင်းမကြီး ဘေးနားကပ်လျက် ရေတံခါးတွေတည်ဆောက်ခဲ့ရာမှာ တူးမြောင်း ဘေးကရေတံ ခါး အောက်ခံမြေသား တွေ ပြော့ မပြော့ မာမမာ ကို ဆည် မြောင်း မိတ်ဆွေကြီး အလုပ် တကယ်လုပ်သူ ဘူမိ ပညာရှင် ကိုမြတ်သာကြီး နဲ့ မြေ
စမ်းသပ် စစ်ဆေး ခဲ့ရာမှာ ဖေါင်ဒေးရှင်မြေသားက အလွန်မာတဲ့
ဂဝံမြေသား ပါတဲ့ ရွှံစေး မြေ အမာစား ဖြစ်နေပါတယ် ။

လယ်ယာနဲ့ ဆည် မြာင်း ဝန်ကြီးကို အကြံပေးလုပ် နေသူ ဆည် မြောင်း ဆရာသမားကြီး ဦး ထွေးမြင့်ကို အောက်ခံမြေသားတိုင်းတာစစ်ဆေးတွေ့ရှိချက်တွေကို ကျွန်တော်တို့ က တင်ပြကြတော့ ဆရာသမားက အလွန် သဘောကျသွား ပြပြီး ၊ ရေတံခါး ဖေါ်င် ဒေး ရှင်း အောက်ခံ မြေ ကြီး ထဲမှာ တည်ဆောက်ခဲ့ကြတဲ့ အခြား ေ၇တံခါးတွေ လို အမာခဲသစ်သား ပိုင်တိုင်တွေ ရိုက်ပြီး ခံ ထား စရာမလိုတော့ဘူး ပြော ပါတယ်။

ေ၇တ့ံခါး မကြီးရဲ့ ရေ ထုတ် ရေ လမ်းကြောင်း ကို တွံတေးတူးမြောင်းထဲက ရေအထွက် လားရာ အတိုင် ချိန်ပြီး ေ၇ထုတ်
နိုင်အောင် ရေတံခါးတည်နေရာ အလျားအနံ တည်နေ၇ာကိုကျွန်တော်တို့ ေ၇ွးခြယ် ပနက်ရီုက် နေရာချကြပါတယ်။

မြစ်ဝကျွန်းပေါ် အင်ဂျင်နီယာ ရေတ့ခါးပညာရှင် ဆရာသမား ကြီး က ရေတံခါးအောက် ခြေမှာ ပိုင်တိုင်တွေရိုက်ခံထားစရာမလိုဟုကျွန်တော်ကို ပြောခဲ့သော်လဲ ၊ ကျွန်တော်က အင်ဂင်နီယာ ပြီ ပြီ
ရေအား အဆောက်အဦ ဒီဇိုင်းတွေ ကိုအင်ဂျင်နီယာတွေ တွက်ကြချက်ကြ ဒီဇိုင်းပုံတွေ ထုတ်ကြရာမှာ ဘာအဆောက်အဦ မဆို အ ရှည် သဖြင့်ဘေးကင်း လုံခြုံ စိတ်ချ နိုင် ရေးမှာ တွက်လို့ရတဲ့ကိန်းဂဏန်း တွေ အတီုင်းအတိအကျ အသေမယူ ဘဲ အမြံတန်း Safety Factor လုံခြံုစိတ် ချရ ရေး အတွက် ပိုပိုသာသာ ထပ်တိုး
ထပ်ဆောင်း လုပ်လေ့ရှိ ကြတဲ့ အတီုင်း ရေတံခါး ထာဝရ လုံခြံုေ၇း Safety Factor အတွက် ရေတံခါး အောက်မှာ Pile ကျွန်းသစ်သားတိုင်တွေ ကို ထညိ့သွင်းရီုက်စရာမလိုလို့ ပုံမှန် မထည့်ပေမဲ့ အနည်းအကျဉ်း ကို ရေတံခါး ဖေါင် ဒေး ရှင် အောက် ခြေ
မှာ ခံထားရိုက် ခဲ့ပြီး ရေတံခါးအမှာ ၂ ခု လုံးကို ကျွန်တော်က တည်ဆောက်စေ ခဲံ့ ပါတယ်

ရေငန် တားနဲ့ရေ ထုတ် ရေချိုထိန်း ရေတံခါးကြီး ကို ဆည် မြောင်းတည်ဆောက်ရေးရုံး အမှတ် ( ၆ )မှ EE ကိုမျိုးဝင်းနဲ့ AE ကို ဇော် ဦးတိုက တာဝန်ယူ တည် ဆောက်ခဲ့ကြတာဖြစ်ပါတယ်။


ကပ်လျက် ရေယဉ် ဝင်ထွက် ရေတံခါးကို ကျွန်တော် ASE နဲ့ SAE ကိုသင်္ခါကျော်တို့က တာဝန်ယူတည်ဆောက်ခဲဲ့ကြပါတယ်။

ဇီးဖြူကုန်း ရေထုတ် ရေနုတ် တံခါးကြီးရဲ့ ရေထွက် လမ်းကြောင်းကို တွံတေးတူးမြေ င်း ရေကျချိန် ရန်ကုန် မြစ်ဘက် ပင်လယ် ဘက်သို့ ရေစီးရာ လမ်းကြောင်းအတိုင်း လိုက်လျောညီစွာ ရေထွက် စေခဲ့ ပြီး
ေ၇တ့ခါးရဲ့ ရေထွက် လမ်းကြောင်းကို တွံတေးတူးမြောင်း ရေစီးကြောင်းနဲ့ လိုက်လျောညီအောင် ရေတံခါးေရထွက်ရန် ရေ ထုတ်မြောင်း နေရာကို ကျွန်တော် ရွေးခြယ် သတ်မှတ်ခဲ့တာ ဖြစ်တယ် ။
ရေတံခါး ကြီး ၂ ခုစလုံးရဲ့ အောက်ခံ မြေသားတွေက အလွန်
ခိုင်မာကျစ်လစ်နေတာမို့ရေစီးအားရေထုတ်အားရေထွက်အား
တွေ ကြောင့် ရေတံခါး ၂ ခုစလုံးရဲ့ ရေသွင်း ရေထုတ် မြောင်း
ဘေး မြောင်းကမ်းပါး ယံ တွေ ရေ တိုက်စား ခံရတာ မရှိသလောက် နည်းလို့ ဂြိုစ်တုဓာတ်ပုံပေါ်မှာ ရှာကြည့်လိုက်တဲ့အခါ တွံတေးတူးမြောင်းအထွက်မြောင်းက ရေစားမသွားဘဲ ရေလမ်းကြောင်းအကွေးအတိုင်း မပြို မပျက်ဘဲ အချွန်းပုံ စံအကွေးအတိုင်း ရှိနေတာ နောင်မှာ တွေ့ရှိခဲ့ရ ပါတယ်
ဆည်မြောင်းကမြစ်ဝကျွန်းပေါ်မှာတည်ဆောက် ခဲ့ကြတဲ့ ရေတံခါးတွေအများအပြားကို ယခုကဲ့သို့ရေတံခါးအရှည်တည့်တန့်
ခိုင် မြံဘို့ အရေး အတွက် မြစ်ဝကျွန်ပေါ်အင်ဂျင်နီယာ ဆရာသမားကြီးဦးထွေးမြင့်ထံနည်းနာခခဲ့ ကြပြီး ဆရာသမားနဲ့ တိုင်ပင် ညှိနှိုင်းတည်ဆောက်ခဲ့ကြတာဖြစ်ကြပါတယ်
တည်ဆောက်ခဲ့ကြသောရေတံခါးများစွာဟာ နှစ် ပေါင်းများစွာကြာပြီး ယနေ့ ယခု တိုင်
ရေ ထုတ် ရေနုတ် ရေငန်တား ရေချိုထိန်း တဲ့ ဘက်စုံ အလုပ်တွေကို ကောင်းကောင်း လုပ်နေကြကြောင် စုံစမ်းမေးမြန်းသိ ရှိနေရပါတယ်ခင်ဗျား ။
ကျွန်တော်က ကျွန်တော်နှင့်ရေတံခါးများစာအုပ် ထုတ်မည့်အကြောင်းဆရာ့ကို ပြောခဲ့ဘူး တော့ ဆရာသမားက ခင်ဗျားစာအုပ် နာမည် စာဖတ်သူတွေ စိတ်ဝင်စားကြမှာမဟုတ်ဘူး။ ,
ရေ တံခါးတို့၏ အတွင်းရေးဟု စာအုပ် အမည်ပြောင်းရန် အကြံ ပေးခဲ့သူ အသက် ၈၆ နှစ်ခန့် မှာ ဆရာသမားအိမ်မှာ မိမိ ရှေ့ တွင်ပင် ကွယ်လွန် ဆုံးပါး သွားခဲ့ သူ ဆည်မြောင်းဆရားဆရာ သမားကြီး ဦးထွေးမြင့်သို့ သတိရ စွာဖြင့်
အမှတ်တရ –
အေးမြင့် ( ညောင်တုန်း )
16 June 2025
ရည် ညွှန်း
၁။ Youtube video ရုပ်သံ Sluice Gate ဇီးဖြူကုန်း ရေတံခါး အကြောင်း အင်ဂျင်နီယာ သားငယ် သို့ ရှင်းလင် ချက် video Link
https://youtu.be/tgobdVid0tI
Youtube video ရုပ်သံ Sluice Gate အကြောင်းရှင်းလင် ချက်
၂။ တွံတေးမြို့ တစ်ဖက်ကမ်း တွံတေးတူးမြောင်းဘေး မှာ တည်ဆောက်ခဲ့သော
ဆည်မြောင်း၏ ဇီးဖြူကုန်းရေတံခါးအမွှာ
ယခင်နှင့် ယခု ဂြိုဟ်တု ဓာတ်ပုံများ
၃ ။ ၂၁ ရာစုရဲ့ အာရုဏ် ဦး / ဆည်မြောင်း ရေတံခါးသီချင်းများ။
ရွှေမယင်းရဲ့ အာရုဏ်ဦး/ ဇီးဖြူကုန်းရေတံခါး သီချင်း
