ကူးယူ မျှဝေပါသည်
ပျူဆိုတာ မြန်မာ။
အရိယန်တွေ ဗြဟ္မာပုတ္တမြစ်ကို ကျော်လာတဲ့အခါ အိန္ဒိယနဲ့ လူမျိုးမတူတဲ့ အသားဝါလူမျိုးတွေနေတဲ့ ဒေသကို ရောက်လာပြီး ဒီဒေသကို ဗြဟ္မာဒေသ လို့ ခေါ်တယ်။
ဒီလိုခေါ်တာ ဗုဒ္ဓမပွင့်ခင် အချိန်ထဲက ဖြစ်လိမ့်မယ်။
ဒါဟာ ဘာမှ ထူးဆန်းတာတော့မဟုတ်ဘူး။ သိန္ဓုမြစ်ကိုကျော်ပြီး ဝင်လာတော့လည်း အဲ့ဒီဒေသကို သိန္ဓု ၊ အိန္ဒု ကနေ အိန္ဒိယ ဖြစ်လာတယ်။ အိန္ဒိယ ဆိုတဲ့အမည်က အနောက်နိုင်ငံသားတွေ က အိန္ဒိယကို ခေါ်တာ။ အိန္ဒိယကတော့ သူတို့နိုင်ငံကို ဘာရတနိုင်ငံ လို့ခေါ်တယ်။
ဗြဟ္မာ၊ ဗမာ ဆိုတာကလည်း အနောက်နိုင်ငံသားတွေက မြန်မာခေါ်တဲ့အမည်။ အနောက်နိုင်ငံမှတ်တမ်းတွေ၊ မြေပုံတွေမှာ ဗမာ လို့ဘဲ ရေးတယ်။ ဒီနေ့အထိ။
မြန်မာတွေကတော့ ကိုယ့်နိုင်ငံကို မြန်မာလို့ ဘဲ ခေတ်အဆက်ဆက် ခေါ်ဆိုမှတ်တမ်းပြုတယ်။ အင်္ဂလိပ်အုပ်ချုပ်တော့ အနောက်တိုင်းအမည် ဗမာနိုင်ငံဆိုပြီး ဖြစ်သွားသေးတယ်။ အင်္ဂလိပ်၊ အနောက်ဘက်က ခေါ်ရင် ဗမာနိုင်ငံ၊ မြန်မာကတော့ မြန်မာနိုင်ငံ။
မြန်မာ ၊ ဗမာ အမည် နှစ်မျိုးလုံးက ဗြဟ္မာ ကနေ လာတယ်။
ကိုယ့်ဘာသာ ခေါ်တော့ မြန်မာ။
အနောက်တိုင်းက ခေါ်တော့ ဗမာ။
ဗြဟ္မပုတ္တမြစ်ကြီးရဲ့အရှည်တဝက်ကျော်ဟာ မြင့်မားလှတဲ့ ဟိမဝန္တာတောင်ကြီးမှာ မြစ်ဖျားခံပြီး ယနေ့မြန်မာပြည်ရဲ့ မြောက်ဘက်တည့်တည့်နေရာကနေ ဆင်းချလာတယ်။
ရှေးမြန်မာတွေရဲ့ မြစ်အောက် လို့ခေါ်တဲ့ မြောက်အရပ် ရည်ညွှန်းရာကို ရှေးခေတ် ဘုရားပုထိုးတွေရဲ့ တည်ပုံကို ကြည့်ပြီးသိနိုင်တယ်။ ပျူ၊ ပုဂံခေတ်အားလုံးသောဘုရားစေတီတွေရဲ့ မြောက်အရပ်ဟာ ဟိမဝန္တာကနေ ဆင်းချလာတဲ့ ဗြဟ္မပုတ္တမြစ်ရဲ့ အခြေနေရာကို ညွှန်ပြနေကြတယ်။
ဒီနေ့ခေတ်မြောက်အရပ်နဲ့ဆို ဘယ်ဘက်ကို နဲနဲ တိမ်းနေတာ။
အထက်၊ အောက်သဘောမှာ
ပါဠိလို ဩ ဟာ အောက်။
တချိန်လုံးအမြင့်မှာ စီးဆင်းနေတဲ့ ဗြဟ္မာပုတ္တမြစ်ဟာ ဟိမဝန္တာကနေဘဆင်းချလာတဲ့ အခြေနေရာဟာ အောက်၊ မြစ်အောက်။
ဒီလိုပြောလို့ အိန္ဒိယရဲ့ ရှေးက မြောက်အရပ်ညွှန်းပုံ လည်း ဟိမဝန္တာတောင်ခြေ၊ နီပေါနဲ့ ဘူတန် နေရာကို ညွှန်ပြနေတယ်။ ဒါကို အသောကမင်းတည်ခဲ့တယ်ဆိုတဲ့ Sanchi ပုထိုးတည်ပုံက ပြနေတယ်။ Sanchi ပုထိုးကတော့ ယနေ့ခေတ်မြောက်ဘက်ရဲ့ ညာဘက်ကို နဲနဲတိမ်းနေတယ်။ သဘောကတော့ အိန္ဒိယ ကော၊ မြန်မာကော နှစ်ခုလုံးရဲ့ ရှေးခေတ်မြောက်အရပ်ဟာ ဗြဟ္မပုတ္တမြစ်ခြေကို ပြနေပါတယ်။
ပုံမှာပြထားတဲ့ မျဉ်းဖြောင့်ဟာ ရှေးခေတ်မြန်မာတို့ရဲ့ မြောက်အရပ် ရည်ညွန်းအရပ်ကို အနီးစပ်ဆုံးဆွဲထားတာဖြစ်တယ်။
အောက်ဆုံးက စမှတ်ဟာ ယနေ့ အင်ဒိုနီးရှားနိုင်ငံ၊ သုမာတြကျွန်းက Muara Takus ဘုရားဖြစ်တယ်။ အေဒီ ၈ ရာစုက ဖြစ်နိုင်တယ်။ ဒီဘုရားကလည်း မြန်မာအယူအဆအတိုင်းဘဲ မြောက်ဘက်ကို ပြနေတယ်။ နကွန်ပထုံကလည်း မြန်မာနဲ့တူတဲ့ မြောက်အရပ်ကို ယူခဲ့တယ်။ ဒါပေမဲ့ ခမာတို့ရဲ့ အန်ကောဝပ် နဲ့ အင်ဒိုက ဂျဗာကျွန်းက ဘောရောဗုဒတို့ဟာ မြန်မာတို့ရဲ့မြောက်ဘက်ရည်ညွှန်းအယူအဆမှာ အကျုံးမဝင်နေပါ။
.
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတဲ့အခါ မြောက်အရပ်ကို ဦးခေါင်းပြုခဲ့တယ်။ ပအိုဝ်း အပါအဝင် မြန်မာတို့ရဲ့ ဓလေ့တခုက မြုပ်နှံတဲ့အခါ မြောက်အရပ်ကို ဦးခေါင်းပြုလေ့ရှိတယ်။ အထင်ရှားဆုံးသက်သေကတော့ ပြင်သစ်နဲ့ မြန်မာ ပူတွဲသုတေသနပြုခဲ့တဲ့ စစ်ကိုင်းတိုင်း ၊ အုတ်အိုန် သခြိုင်းက ရုပ်ကြွင်း DNA တွေဟာ ဘုရားမပွင့်ခင် ဘီစီ ၁၂ ရာစု နဲ့ ဘီစီ ၈ ရာစုအကြား သက်တမ်းရှိနေပြီး မြောက်အရပ်ကို ဦးခေါင်းပြုထားတယ်။
ဒီရုပ်ကြွင်းတွေဟာ ယနေ့ မြန်မာစကားပြောသူတွေရဲ့ DNA နဲ့ တူညီကြောင်း၊ မွန်ခမာ၊ ထိုင်းနဲ့ မတူညီကြောင်း တိတိကျကျထုတ်ပြန်ထားတယ်။ ဒါဟာ ဗုဒ္ဓကိုယ်တော်ရဲ့ ဓလေ့ကို ဆက်ခံတဲ့ မြန်မာ့ဓလေ့ နဲ့ ရှေးခေတ်မြောက်အရပ်ကို ယူဆခြင်းဖြစ်ပါတယ်။
တောင်ဘက်ကနေကြည့်ရင် မြစ်အောက်လို့ ဆိုတဲ့ မြောက်အရပ်ဟာ ဗြဟ္မာပုတ္တမြစ်အောက်လဲ ဖြစ်သလို ချင်းတွင်းမြစ်အောက်လည်း ဖြစ်တယ်။ ဧရာဝတီနဲ့ ချင်းတွင်းဆုံတဲ့ မြစ်ခြေ ဆိုတဲ့ အမည်ကို သတိပြုအပ်တယ်။ ပုံတောင် ပုံညာဒေသ စတဲ့ ဒီအရပ်ဟာ မြန်မာတွေရဲ့ မူလအရပ်ဖြစ်တယ်။
တောင်ဘက်ဆိုတာက မြစ်အောက်ကနေ ပြန်ကြည့်ရင် ချင်းတောင်၊ ချင်းတွင်းမြစ်အောက်ကနေပြန်ကြည့်ရင် တောင်ငူ၊ အလယ်ရိုးမတောင်၊ တနင်္သာရီတောင်တန်း တွေကို ခေါ်မယ်။
မြန်မာရဲ့ အရှေ့ဘက်ကို (ရှေ့)လို့ ခေါ်ပြီး လူတွေကိုကျတော့ မြန်မာတွေက (ရှမ်း)လို့ ခေါ်တယ်။ ထိုင်းကိုလည်း ရှမ်းလို့ ခေါ်တယ်။
မြန်မာရဲ့ အနောက်ဘက်က အိန္ဒိယ၊ ဘင်္လားဒေ့ရှ်၊ နီပေါ စတဲ့ နိုင်ငံသားတွေက အရှေ့အရပ်ကို (ပုဝ်၊ ပူဘ်၊ ပူး၊ ပူးဝ်) လို့ခေါ်တယ်။ သူတို့ရဲ့ အရှေ့အရပ်ဆိုတာ မြန်မာနိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံကို သူတို့က (ပူးဗီးဒေ့ရှ်) လို့ခေါ်တယ်။ အဓိပ္ပါယ်က အရှေ့ဘက် ရှိနိုင်ငံ။ မြန်မာတွေကိုလည်း ပူးဝ်၊ ပျူ စသည်ဖြင့် ခေါ်နိုင်တယ်။ ဘင်္ဂလားဒေ့ရှ့်နဲ့ နီးတဲ့ ရခိုင်က သူ့အရှေ့ကျတဲ့ မြန်မာလူမျိုးကို ပျူ လို့ခေါ်တယ်။ မြန်မာက သူ့အရှေ့ဘက်ကျတဲ့ သူတွေကို ရှမ်းခေါ်တယ်။
ပါဠိလို ဥတ္တရ ဆိုတာ မြောက်အရပ်။ အထက် အရပ်။ သက္ကတသံနဲ့ဆို ဥသ/ အုတ်သ လို့ အသံထွက်ပြီး မြောက်အရပ်ကို ခေါ်ကြတဲ့အထဲမှာ မလေးရှား နဲ့ အင်ဒို လူမျိုးတွေပါတယ်။ ဒီတော့ မြောက်ဘက်တည့်တည့်ကျတဲ့ အပေါ်တည့်တည့်က ပဲခူး အရပ်ကို သူတို့ဘက်ကနေ ကြည့်ပြီး ဥသ/အုတ်သ လို့ အသံထွက်ခေါ်တယ်။ ဥသ ဆိုတာ မြန်မာ ပဲခူးအရပ်ကို အင်ဒို မလေးတွေပေးတဲ့ နာမည်လို့ ထင်တယ်။
ပါဠိစကား ပုရိမ ဆိုတာ ရှေး၌ဖြစ်တယ်၊ ရှေးကျတယ်၊ ပုရိမာ ဒိသာ ဆို အရှေ့အရပ်၊ ဒီလိုထွက်တယ်။
ပုရိမာ ဒိသာ > ပျူဒေသ
ပုရိမ ကို ပုရိံ > ပြီု > ပြီ၊ ပြူ အသံထွက်နိုင်တယ်။
ရှေးကျတဲ့ လူ၊ ရှေးကျတဲ့ ခေတ်ကို ပျူခေတ်လို့ပြောနိုင်တယ်။
ဒီနေ့ခေတ် ပြည် မြို့ ဟာ ပုရီ ခေါ်တဲ့ သရေခေတ္တရာမြို့အမည်ဖြစ်တယ်။ ပုရီ သည် မြို့ လို့ အဓိပ္ပါယ်ရှိတယ်။
ပုရီ ကနေ ပြီု > ပြီ၊ ပြူ အသံထွက်နိုင်တယ်။
ပုရီ ကနေ ပြည်(တိုင်းပြည်)၊ နာဂရ ကနေ (နိုင်ငံ) လို့ နောက်ပိုင်းမှာ အဓိပ္ပါယ်တိုးချဲ့ယူလာတယ်။
ပါဠိမှာ ပုရ သည် မြို့၊ ရှေ့ ၊ ရှေ့ဦးစွာလို့ ဖွင့်ဆိုတယ်။
ပုရ > ပြု > ပြူ ဖြစ်နိုင်တယ်။
ရာဇကုမာရကျောက်စာမှာ ပျူစာဘက်မှာ အရိမဒ္ဒနပုရ် ကို ရိမဓနဗူ လို့ ခေါ်တယ်။ ပုရ် ကို ဗူ လို့ ခေါ်တာ။ ဒီတော့ ရှေးက ဆရာတော်ကြီးတွေက ပျူ လို့မရေးဘဲ ဗြူ လို့ ရေးတာ သတိပြုအပ်တယ်။
ဒီတော့ ပျူ၊ ပြူ၊ ဗြူ ဝေါဟာရသည် မြို့၊ အရှေ့(အရပ်)၊ ရှေးဦးဖြစ်သောစတဲ့ အဓိပ္ပါယ်တွေ ပါဝင်နေတယ်။
ဒီတော့ ပျူ တွေဆိုတာ အိန္ဒိယ ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် ရဲ့ အရှေ့ဘက်မှာနေတယ်၊ မြို့သားဖြစ်တယ်၊ ရှေးဦးလူတွေဖြစ်တယ်လို့ ဆိုရမယ်။
အင်းဝခေတ် ကျောက်စာတခုမှာ –
”သာကြီကျော်စွာ မင်လျှာကိုဝ်စာ –မ်ရှေ့စာ၏ သာလတ်လဟူ သီဟသူကာ ပျူတိုဝ်ပြည်နှိုက် စိုဝ်တည်ဝန်လျာ ဥုပ်စိုဝ်စာ၏။” လို့ ပါရှိတယ်။
ခေတ်စကားနဲ့ ဆိုရင်
”သားကြီး ကျော်စွာ၊ မင်းလျှာကိုးစား ၊ အိမ်ရှေ့စား၏ သားလတ်လဟူ သီဟသူကား ပျူတို့ပြည်၌ စိုးတည်ဝန်းလျာ အုပ်စိုးစား၏။”
လို့ဆိုရမယ်။
အိမ်ရှေ့စံ၏ သားလတ် သီဟသူ ဟာ သရေခေတ္တရာလို့ခေါ်တဲ့ ပျူတို့ပြည်ကို စားတယ်လို့ ဆိုလိုတာဖြစ်တယ်။ သရေခေတ္တရာကို ပျူတို့ပြည် ဆိုပြီး တင်စားပြောဆိုထားတယ်။ ပျူဆိုတာ မြန်မာတွေကို ရည်ညွှန်းပြီး တင်စားပြောဆိုတာပါ။
ဒီတော့ ပျူလူမျိုး ဆိုပြီးတော့ သီးခြားမရှိနိုင်ပါ။ အိန္ဒိယ၊ ဘင်္ဂလား အရှေ့မှာနေပြီး၊ မြို့သား၊ နန်းတွင်းသား၊ ရှေးဦးလူတွေကို ပျူ လို့ ခေါ်မယ်။ မြန်မာတွေပါဘဲ။ အုပ်ချုပ်သူလူတန်းစားတရပ်ကို ခေါ်တာဖြစ်တယ်။
ပျူစာ
ပျူစာဆိုတာလည်း အတူတူပါဘဲ။
ပျူစာဆိုတာ စောစောက အုပ်ချုပ်သူလူတန်းစားဖြစ်တဲ့ နန်းတော်က ပုဂ္ဂိုလ်တွေပြောတဲ့ စကား၊ နန်းတွင်းစကား၊ ရှေးဟောင်းစကား ၊ ရှေးဟောင်းရုံးသုံးစကား လို့ဆိုရမယ်။ ဒီ နန်းသုံးစကားကိုပြောတဲ့ သူတွေက အနောက်တိုင်းစကားတတ်တဲ့ ခေတ်ပညာတတ်တွေ ဖြစ်တော့ သူတို့စကားထဲမှာ ပါဠိ၊ သက္ကတ စကားလုံးတွေကို မြန်မာမှုပြုပြီး အများကြီး ထည့်ပြောတယ်။ အခုခေတ် အင်္ဂလိပ်စကားတတ်တဲ့ သူတွေ မြန်မာစကားထဲမှာ အင်္ဂလိပ်စကားလုံးတွေထည့်ပြောသလိုပါဘဲ။ ပျူ စကား ၊ ပျူစာ ဆိုတာ အဲ့ဒီခေတ်က အိန္ဒိယ၊ ဥရောပ၊ အရှေ့တောင်အာရှတခွင်မှာ အင်တာနေဂျင်နယ်သုံးကြတဲ့ နန်းသုံးစကား သက္ကတ ၊ပါဠိစကားလုံးတွေ ကို မြန်မာစကားထဲ ထည့်ပြောတဲ့ စာ၊စကားပါဘဲ။
ပျူစာ၊စကားကို ပျူခေတ်က ပြည်သူအားလုံး ပြောတတ်မယ်လို့မထင်ပါ။ ပျူစကားဟာ နန်းသုံးစကားဖြစ်လို့ ထီးရိပ်နန်းရိပ်ရှိတယ်။ အရပ်သားက သင်မှ တက်မယ်။ အရင်ခေတ်က ရဟန်းဝတ်ချင်တဲ့အခါ ရဟန်းကျင့်ဝတ်တွေ အပြောအဆို ပြုမူပုံတွေကို ဘုန်းကြီးကျောင်းမှာ သွားနေပြီး ကြိုတင်လေ့လာသင်ယူရသလိုဘဲ ပျူခေတ်မှာလည်း နန်းသုံးစကားဖြစ်တဲ့ ပျူစကား၊ပျူစာကို ပျူခေတ်ကလူတွေ နန်းတော်မဝင်ခင် ကြိုသင်ခဲ့ကြရလိမ့်မယ်။
ပျူစာ၊ပျူစကား ဝေါဟာရတွင်ကျယ်လာတဲ့အချိန်ကာလဟာ မြန်မာပြည်မှာ မြို့ပြယဉ်ကျေးမှု စတင်ထွန်းကားတဲ့အချိန်ကာလ ဖြစ်နိုင်တယ်။
မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ အစောဆုံးမြို့ပြယဉ်ကျေးမှုထွန်းကားတဲ့ နိုင်ငံဖြစ်တယ်။
ပျူစကားဟာ နန်းသုံးစကားဖြစ်လို့ အစဉ်အဆက် ထိန်းထိန်းသိမ်းလာတာ ပုဂံခေတ်ကုန်တဲ့အချိန်အထိရှိခဲ့တယ်။ မွန်ဂိုဝင်လို့ ပုဂံခေတ်ပျက်ချိန်မှာ ပျူစကားဟာ တပါတည်း နိဂုံးချုပ်သွားတယ်။ အစဉ်အလာထိန်းသိမ်းခဲ့တဲ့ ပျူစကားတတ်တဲ့ နန်းတော်အစုအဖွဲ့ ကြီးဟာ မွန်ဂိုကျူးကျော်စစ်အောက်မှာ စစ်နဲ့အတူ ပျက်စီးခဲ့တယ်လို့ မြင်တယ်။
ပျူလို့ဆိုရင် မြို့နေတဲ့ အုပ်ချုပ်သူလူတန်းစားတရပ်ကို ညွှန်းတယ်လို့ယူဆပြီး မြန်မာ၊ ရခိုင်၊ ချင်း၊ ပအိုဝ်း၊ ကရင်၊ကယား၊ ကချင်၊ ထားဝယ်၊ ဓနု၊ စတဲ့ မြန်မာတွေ ပါလိမ့်မယ်။ ဒါပေမဲ့ ပျူထဲမှာ ခမာအမျိုးဖြစ်တဲ့ မွန် နဲ့ ဝ မပါပါ။
ပုဂံ ဆိုတာ ရှေးဟောင်းရွာ၊ ပျူရွာ လို့ အဓိပ္ပါယ်ရှိတယ်။
ပုဂံ = ပျူရွာ = ရှေးဟောင်းရွာ
ပုရာဏ(ပါဠိ) = ရှေး၌ဖြစ်သော။ ရှေးအဖို့ဖြစ်သော။ ဟောင်းသော။
(adj.) ancient; old; worn out; used; former. Ancient, past, former, pristine; old, worn out
ဂါမ(ပါဠိ) = ရွာ( ရှေးက မြို့ရွာကြီး)
(Noun) Village Tract
ပုရာဏ ဂါမ (ပါဠိ) = ရှေးဟောင်းရွာကြီး။ (Ancient Village)
ပုရာဏ ဂါမ = ပုရာဏ် ဂါမ် = ပုကံ = ပုဂံ
ပုရာဏ > ပုရာဏ် > ပြုာဏ် > ပြူ
ဂါမ > ဂါမျ > ကံ > ဂံ
ပုရာဏ ဂါမ > ပြုာဏ်ဂမ်> ပျူဂမ် > ပျူရွာ
ပုဂံ = ပျူရွာ = ရှေးဟောင်းရွာကြီး
Pugam = Pyu village= Ancient Village
ပုဂံ လိုပဲ
ပူတာအို၊ ပုဂံ၊ ဖြူး၊ ပျဉ်းမနား၊ ပုသိမ်၊ ပဲခူး၊ ဖူးခက် တို့လည်း ရှေ့က ပု၊ပူ ဆိုဆာ ပျူ နဲ့ အတူတူပါ။ ဒီမြို့တွေဟာရှေးဟောင်းပျူရွာကြီးတွေလို့ ဆိုတာပါ။
ပျူတွေ ဘယ်ပျောက်သွားသလဲ ဆိုရင် ဘယ်မှ မပျောက်ပါ။ အခုချိန်ထိ ပျူ ဆိုတဲ့ အသုံးကို ခေါ်နေကြဆဲ ဖြစ်တယ်။
ပြည်နယ် ဆိုတာ ပျူနယ်။
ပြည်သူပြည်သား ဆိုတာ ပျူသူပျူသား။
မိဘပြည်သူများခင်ဗျာ ဆိုတာ မိဘပျူသူများခင်ဗျာ။
အရိမဒ္ဒနပုရ် ဆိုတာ အရိမဒ္ဒနပျူ။
ရိမဓနဗူ ဆိုတာ အရိမဒ္ဒနပျူ။
ပုကံပြည် ဆိုတာ ပုကံပျူ။
သိင်္ဂပုရ် ဆိုတာ သိင်္ဂပျူ (စင်ကာပူ)။
လောင်ပူရီ ဆိုတာ လောင်ပျူ။
ပျူဆိုတာ မြန်မာ။
Crd: ပူ တူတူး
ရှေးဟောင်း ရခိုင် ပြည်

ထိုင်းဘဒရင့်သမီးတော်ကို မွန်၇ွာအထီ ခိုးပြေးလာသူ

ထိုင်းလူမျိုးတို့ရဲ့ အကြီးမြတ်ဆုံးစံပြဘုရင် ရမ်ဂမ်ဟမ်ဘုရင်ကြီးရဲ့ သမီးတော်ကိုမှ မွန်ရွာအထိ ခိုးပြေးလာခဲ့တဲ့ မွန်ကောင်လေး။ သူ့ရှင်ရာဇာဓိရာဇ် ၊ ဘုရင်မကြီး ရှင်စောပု နဲ့ ဓမ္မစေတီမင်းကြီးတို့လို ဘုန်းတန်ခိုးအရှိန်အဝါကြီးမားတဲ့ ဒုတိယဟံသာဝတီခေတ်ကို တည်ထောင်ခဲ့တဲ့ ထူးဆန်းတဲ့ ကလေး။ အခုမြင်တွေ့နေရတဲ့ ဒီဆင်းရဲသား မွန်လယ်သမား ဇနီးမောင်နှံရဲ့ သားက နောင်တချိန် မွန်ရာဇဝင်နဲ့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံး မှတ်တိုင်ထဲက တစ်ခုဖြစ်တဲ့ မွန်လူမျိုးတို့ရဲ့ ဂုဏ်အရှိန်အဝါကို အထွဋ်ထိပ် ရောက်စေခဲ့တဲ့ သူ့ရှင်ရာဇာဓိရာဇ်လို ရွှေရောင်မျိုးဆက်ကို ပေါက်ဖွားလာစေခဲ့တဲ့ ဒုတိယဟံသာဝတီခေတ် ဝါရီရူမင်းဆက်ကို စတင်တည်ထောင်ခဲ့တဲ့ ငတပါးမင်း ဘုရင်တစ်ပါးပဲ ဖြစ်ပါတယ်။ ဒီဆင်းရဲသား ကလေးငယ်လေးရဲ့ ဘဝဖြစ်စဥ်က ထူးဆန်းမှုများစွာနဲ့ တကယ်ကို စိတ်ဝင်စားစရာပါ။ ဒီအကြောင်းအရာအနဲ့ ပတ်သက်ပီး ကျွန်တော်ရဲ့ ညီအကိုများ တောင်းဆိုထားတဲ့ ဒုတိယဟံသာဝတီခေတ် တည်ထောင်သူ မဂဒူးမင်းရဲ့ ဘဝဖြစ်စဥ် ဖြစ်ရပ်မှန် သမိုင်းအကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားဖွယ် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ထိုင်းဗမာအရှုပ်တော်ပုံတွေ ထဲမှာ အဓိက ပါဝင်ခဲ့တဲ့ အင်္ဂလိပ် ဆရာမတစ်ယောက် ရဲ့ ကိုယ်တွ့မှတ်တမ်း
Anna and the King” သည် ၁၈၆၂ ခုနှစ်တွင် စယန်နိုင်ငံ (ယခုအချိန်ထိုင်းနိုင်ငံ) သို့ ဗြိတိသျှ ဆရာမ Anna Leonowens သွားရောက်လာခြင်းနှင့် စယန်မင်းသား King Mongkut တို့ကြား သမိုင်းဝင်တွေ့ဆုံမှုမှ ရင်းမြစ်ယူထားသော ဇာတ်လမ်းဖြစ်သည်။ ယဉ်ကျေးမှုကွာခြားမှုကြားမှ နားလည်မှု၊ ချစ်ခြင်းနှင့် ပညာရေးအရေးပါမှုတို့ကို ထိခိုက်သက်ရောက်စေသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။
🎭 အဓိကဇာတ်ကောင်များ (Main Characters):
Anna Leonowens – အနောက်တိုင်းသင်ကြားရေးအမြင်ရှိသော ဗြိတိသျှဆရာမ
King Mongkut – စယန်နိုင်ငံ၏ ပညာတတ်သော မင်းသားကြီး
Prince Chulalongkorn – Anna သင်ကြားပေးရသော ဘုရင်၏သားငယ်
🌏 နောက်ခံသမိုင်းအချက်အလက် (Historical Background):
ဇာတ်ကားအတွင်းတွင် ပြသထားသည့် အရာများသည် တကယ်တမ်းဖြစ်ခဲ့သော သမိုင်းဖြစ်ရပ်များမှ စိတ်ကူးချည်းဖြင့် ပြန်လည်ဖန်တီးခြင်းဖြစ်သည်။ ထိုအချိန်ကာလသည် အနောက်တိုင်းနိုင်ငံများအကြား အာဏာသိမ်းပြိုင်ဆိုင်မှုများဖြစ်နေစဉ်၊ စယန်သည် ကိုယ်ပိုင်စနစ်တကျ ဆောင်ရွက်ရန် ကြိုးပမ်းနေသည့်အချိန်ဖြစ်သည်။
💡 ဘာတွေကအရေးကြီးသလဲ? (Themes to Notice):
ယဉ်ကျေးမှုတန်းတူရေး
ပညာရေးအရေးပါမှု
အာဏာနဲ့ သံယောဇဉ်
မဖြစ်နိုင်ဘူးထင်သော်လည်း ဖြစ်လာနိုင်တဲ့ချစ်ခြင်း
🎥 နောက်ခံအချက်များ (Behind the Scenes Trivia):
ဇာတ်ကားကို 1999 ခုနှစ်တွင် ရိုက်ကူးခဲ့ပြီး Jodie Foster (Anna) နှင့် Chow Yun-fat (King Mongkut) တို့က ပါဝင်သရုပ်ဆောင်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ဇာတ်ကားအတွက် ရုပ်ရှင်ပြသခွင့်ကို တရားဝင်မပြုခဲ့ပေ။ (သမိုင်းပုံစံဖော်ပြမှုအပေါ်ပြင်းထန်သောသဘောထားကြောင့်)
✅ ဒီ Recap မှာရရှိနိုင်တာတွေက
ဇာတ်လမ်းအကျဉ်းရယူနိုင်ပါတယ်
ဇာတ်ကောင်တွေရဲ့အရေးပါမှုနဲ့ သရုပ်ဆောင်မှုကြည့်ရှုနိုင်ပါတယ်
သမိုင်းနောက်ခံနဲ့ ရုပ်ရှင်ရဲ့အဓိက message ကိုသဘောပေါက်လာနိုင်ပါတယ်
မမြင်ရဖူးတဲ့အချက်အလက်လေးတွေ ထပ်မံရှာဖွေနိုင်ပါတယ်
👉 ဒီဇာတ်ကားကို ကြည့်ပြီးသင်ဘယ်လိုခံစားခဲ့တာလဲ? comment မှာ ဝင်ပြောထားဖို့မမေ့နဲ့နော်။
📌 Recap Video Link: [Insert Your Video Link]
📺 Subscribe လုပ်ထားလို့ အခြားဇာတ်ကားကောင်းတွေကိုလည်းလက်မလွှတ်နိုင်အောင်လုပ်ထားဖို့ မမေ့နဲ့နော်!
If you believe that this video infringes your copyright, please contact us at the email below. We will honor your request and remove it as necessary.
Email: [nyeinthetaung749@gmail.com]
This video uses copyrighted material from movies, TV series, or other content that is copyrighted by their respective owners. This video is repurposed for educational purposes.
This video is based on Fair Use Policy (non-copyright infringement). This video is used for educational purposes, criticism, news reporting, and audience review.
This video is not intended to infringe any copyright. This content is repurposed for the benefit of the audience.
