HISTORY BAGAN ပုဂံခေတ် ကျောက်စာများ ( သက္ကရာဇ် ၆၂၈ ခု – / AD – The History of BAGAN

1

The Bagan Empire was first to unify the territory of present-day Myanmar under Burmese language and culture, that grew into a world-renowned centre of Buddhist learning. Host Peter Lee learns how its fabled king, Anawrahta, overcame the dry conditions of his land by taming rivers into canals and weirs which are still used today. As a bigger harvest grew his population, Bagan was ripe for expansion, and Peter takes part in the traditional elephant dance that celebrates a Buddhist pilgrimage of King Anawrahta’s. While the Bagan king wished to turn Bagan into a new Buddhist state, Peter heads to a sacred mountain to see the battle that unfolded between Buddhism and Myanmar’s indigenous animist gods, called Nats. It’s expansion transformed Bagan into a capital of diverse peoples, who each brought their own in founding a new Burmese culture and identity. And the legacy of its temple building still lives on in a strong faith that’s practiced among the Burmese people today.

For more, SUBSCRIBE to CNA INSIDER!    / cnainsider  

About the series: Host Peter Lee explores the history of four Southeast Asian empires that made their mark on the world. Travelling from Thailand, Myanmar, Cambodia to Indonesia, Peter explores ancient ruins, epic legends and vibrant traditions to chart the rise and fall of four distinct empires, and how their legacy still shapes cultures and identities in the region today

cnainsider #cnainsiderdocumentaries #cnamarkofempire

Follow CNA INSIDER on:
Instagram:   / cnainsider  
Facebook:   / cnainsider  
Website: https://cna.asia/cnainsider

https://youtu.be/5TxActwm9dw?si=eDbC-VbSolH6Fz41

2

Amazing Bagan / The First Empire of Myanmar

https://youtu.be/g_UZB3Y84pA?si=h2sS3OqrtVvLzK0s

3

ရာဇကုမာရ် ကျောက်စာသမိုင်း

https://youtu.be/y1ZMQiEVl0M?si=KqxJ1J87O2Cec3C7

4

ပုဂ့ခေတ် ရဲ့ အားအကိုးရဆုံးသော သံတမံဆရာတော်ကြီး ရှင်ဒီဿာပါမောက်

https://www.facebook.com/reel/851123713989083/?fs=e&fs=e

Wn Mg Facebook post 12 Nov 2023 တမ္ပဝတီဦးဝင်းမောင် မင်းမြတ် အနော်ရထာ၏
စွယ်တော်လေးဆူ စေတီတော်များ

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^&

အရိမဒ္ဒနပူရ ပုဂံမြို့ကြီး၏ အရပ်လေးမျက်နှာ၌ စွယ်တော်ဓါတ် ကိုဌာပနာသွင်း၍ အနော်ရထာမင်းကြီးတည်ထားတော်မူခဲ့သော စွယ်တော်လေးဆူ စေတီတော်များ ရှိပါသည်။

စေတီတော် လေးဆူတို့အနက် ကျောက်စကားအရပ်ရှိ လောကနန္ဒါ စေတီတော်တဆူသည်သာ မူလ အနော်ရထာမင်းကြီးတည်ထားခဲ့စဥ်က အတိုင်း မူလပုံတော်အတိုင်းကျန်ရှိနေခဲ့ပြီး၊ ကျန် စေတီတော် သုံးဆူတို့မှာ နောက်ခေတ် ကောင်းမှု့ရှင်တို့၏ ထပ်မံပြုပြင်လိုက်ကြမှု့ကြောင့် ပုံစံ အသစ်များဖြစ်သွားရလေပြီ။
အနော်ရထာမင်းမြတ် ၏ မူလစေတီတော် ဗိသုကာ စံနစ်မှာ ရှစ်ထောင့်ချိုး ပုံ ပန္နက် ရှိသော ပစ္စယာသုံးဆင့်ထက်၌ အရပ်မြင့်သော ခေါင်းလောင်းပုံ စေတီတော်ကို တင်ထားခြင်းဖြစ်သည် ။ ခေါင်းလောင်းရှိ ရင်ဖွဲ့ ခါးပတ်ပန်းမှာ ရှစ်ထောင့်ပုံ အထက်/အောက် အလျှားရှည်သော ကနုတ်ပန်းခွေပါ ခလုပ်ပုံ ရှစ်ခုသာဖြစ်သည်။ ထောင့်စေတီလေးဆူ၊ထောင့်ကြာသွတ်ပန်းအိုး၊စေတီရံ စေတီတန်း စသည်များ မပါရှိခဲ့ချေ။

ညောင်ဦး အရပ်ရှိရွှေစည်းခုံစေတီကို ကျန်စစ်သားမင်းက လွှမ်းငုံ၍ ပထမဦးဆုံးအဖြစ် ပြုပြင်လိုက်သည်။ထိုပြုပြင်လိုက်သော စေတီတော်၏ ပုံစံသစ်တွင်- –
ခိုနန်းချိုးများပါသောလေးထောင့်(စတုရမ်း)
ပစ္စယာ သုံးဆင့်၊ ရှစ်ထောင့် ပစ္စယာ၊ကြာဝန်းပစ္စယာ အထက်၌ လောကနန္ဒါ စေတီတော်ရှိ ခေါင်းလောင်းထက် အရပ်နိမ့်သော ပုဝိုင်းသော ခေါင်းလောင်းပုံစေတီတော် တို့ကိုပြုပြင် တည်ထားခဲ့သည်။ခေါင်းလောင်းတွင် ရင်ဖွဲ့ ခါးပတ် အထက်၌ သုံးထောင့်ချွန်းစိန်ထောင်တန်းနှင့် ခါးပတ်အောက်မှ ဘီလူးပန်းဆွဲ အမွှန်းပန်းများကို တည်ထွင် ဆန်းသစ်လိုက်သည့်အပြင် ထောင့်စေတီလေးဆူ နှင့် ကြာသွတ်ပန်းအိုးများလည်း ထပ်တိုးထားသေးသည်။တုရင်တောင်တန်းထိပ်ရှိ တုရင်တောင်စွယ်တော်စေတီမှာမူ နှောင်းခေတ် ကုသိုလ်ရှင်တို့က အသစ်ပြန်လည် ပြုပြင်ထားသော်လည်း ရှေးမူမပျက် ရှစ်ထောင့် ပစ္စယာ သုံးဆင့်သာဖြစ်သည့် ။ စေတီတော်အသစ်ခေါင်းလောင်း/သပိတ်မှောက်၏ အမွှန်းပန်းတို့ကို ညောင်ဦး ရွှေစည်းခုံ စေတီတော်ဟန်အတိုင်း

​ပြောင်းလဲလိုက်​သော်လည်း၊ ​ထောင့်စေတီ ​လေးဆူ နှင့် ကြာသွတ်ပန်းအိုးတို့ မပါရှိ​ပေ။
တဆူလုံးကို ခြုံကြည့်လျှင် ၊ တုရင်​တောင်​စေတီ က ​ညောင်ဦး​ရွှေစည်းခုံ​စေတီ ထက် ပစ္စယာ သုံးဆင့် က နိမ့် ​နေကြပြီး ​ခေါင်း​လောင်း က အရွယ်ပိုကြီး​နေ​ပေသည်။

တန့်ကြည့်တောင် စွယ်တော် စေတီတော် ကိုမူကား နှောင်းခေတ် ထပ်မံ ပြုပြင်ကြသော ကုသိုလ်ရှင်တို့က ညောင်ဦး ရွှေစည်းခုံ စေတီတော်ကြီး၏ ဟန်သစ် အတိုင်း လေးထောင့်ပစ္စယာ သုံးဆင့် ၊ရှစ်ထောင့်ပစ္စယာ၊ကြာဝန်း
စသည်ဖြင့် အတတ်နှိုင်ဆုံး တူညီအောင် ပြုပြင် လိုက်ခြင်းဖြစ်သည်။ အြခါးစေတီတော်များထက် ထူးခြားသည်မှာ ရွှေတိဂုံ၊ရွှေမော်ဓေါ စသည့် စေတီတော်များကဲ့သို့ ပထမပစ္စယာ၊ဒုတိယပစ္စယာတို့ထက်၌ အရံစေတီတော်ငယ် အတန်းများပါရှိလာခြင်းပင်ဖြစ်သည်။

တနေ့ အတွင်း ၌ စွယ်တော် လေးဆူစေတီတော်များကို ဖူးကြသူများ၊ ဘုရားဖူးခရီးစဥ်အတွင်း ဤ ကွာခြားမှု့ အချက် များကို သတိပြု ဖူးမျှော်နှိုင်ကြပါစေ ။

5

နိုင်ငံ တစ်ခု ပျက်သုဉ်း ခြင်း Fall Of A National

ကူဘလိုင်ခန်ဟာ သူယွမ်ဧကရာဇ်အဖြစ်အရိုက်အရာခံယူတဲ့ ၁၂၇၁ ခုနှစ်မှာပဲ မြန်မာနိုင်ငံကို သစ္စာပေးသံအဖွဲ့ စေလွှတ်ဖို့ ယူနန်ဘုရင်ခံကို တာဝန်ပေးပါတယ်။. ကူဘလိုင်ခန်အနေနဲ့ ပုဂံမင်းဆက်ကိုပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက်မရှိပဲ သစ္စာပေးပြီး နှစ်စဉ်ပုံမှန် ပဏ္ဏာဆက်သဖို့သာတောင်းဆိုခဲ့တာပါ။. မွန်ဂိုတွေရဲ့သစ္စာပေးမူကိုအကြိမ်ကြိမ်ငြင်းပယ်ခဲ့ပြီးတဲ့နောက် ၁၂၇၇ ခုနှစ်မှာ နရသီဟပတေ့မင်းဟာ သူ့ကိုယ်သူယုံကြည်မူရှိစွာနဲ့ မြောက်ဖက်နယ်ခြားက မွန်ဂိုသြဇာခံလိုက်တဲ့ တိုင်ရှမ်းပြည်တခုဖြစ်တဲ့ Kaungaiကို ပညာပေးဖို့တိုက်ဆင်၁၂၀ ပါဝင်တဲ့စစ်တပ်တွေလွှတ်လိုက်ပါတယ်။. နယ်ခြားတလျှောက်မြင့်မား မတ်စောက်တဲ့လျိုမြောင်ချိုင့်ဝှမ်းတွေကိုဖြတ်သန်းချီတက်လာတဲ့ မြန်မာတပ်တွေကို တူရကီလူမျိုးဗိုလ်ချုပ်နာစာအူဒင်ရဲ့မြင်းတပ်တွေကBaoshanဒေသမှာဆီးကြိုပိတ်ဆို့တိုက်ခိုက်ပါတယ်။. နိဂုံး မွန်ဂိုတွေဟာ မြန်မာပြည်ထဲမှာ ပုဂံထီးနန်းပြိုလဲသွားတဲ့အတွက်ပေါ်ပေါက်လာတဲ့ အာဏာလေဟာနယ် Power Vacuum နေရာကို အစားမထိုးနိုင်ခဲ့သလို မြန်မာပြည်ကိုလည်း မွန်ဂိုအင်ပါယာထဲသွတ်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒါပေမယ့် မွန်ဂိုကျုးကျော်မူကာလတွေအတွင်းမှာပဲ နှစ်ပေါင်းနှစ်ရာကျော်ငြိမ်းချမ်းသာယာစွာတည်ရှိလာတဲ့ပုဂံမြန်မာနိုင်ငံဟာအစိတ်စိတ်အမွှာမွှာကွဲကြေသွားပါတယ်။

6

နံရံဆေးရေး အလှ မုဒြာ အက။

https://youtu.be/JYlxuoQmdnM?feature=shared။ အနုပညာဦးစီးဌာန

7

ပုဂံခေတ်အက

8

ကျန်စစ်သားမင်း နှင့်ဗုဒ္ဓဂါယာ

https://www.facebook.com/reel/1121201303152982/?fs=e&fs=e

9

Nanyan Sayar Ahla Bagan Mudra dance

10

အနုပညာဦးစီးဌာန Fine Artss Department ပုဂံ အက ပြည်သူ့ မုဒြာအဖွဲ့

The beautiful traditional Bagan Dance , a symbol of Myanmar’s cultural heritage https://youtu.be/WmU1IFszWSw?si=mnOEGMHzd1LvmFSx. The beautiful traditional 𝐁𝐚𝐠𝐚𝐧 𝐃𝐚𝐧𝐜𝐞, a symbol of Myanmar’s cultural heritage , was gracefully performed by the 𝐉𝐔𝐍𝐈𝐎𝐑𝐒 𝐨𝐟 𝐀𝐜𝐮𝐦𝐞𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 at the 𝐀𝐈𝐂 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲. 💃🤩.
We would like to extend our heartfelt thanks to the JUNIORS for their stunning performance, which was dedicated to honoring the SENIORS during the grand AIC Graduation Ceremony.🫶🏻😍။ 11

လှချင်း ယှက်ဖြာ ပုဂံအလှမှာ

12

ပုဂံအက

ဒဏ္ဍာရီတွေရဲ့နောက်ကွယ်က ပုဂံသမိုင်း

ပုဂံခေတ် ၊သက္ကရာဇ် ၆၂၈ ခု ရေထိုး ငိင်္ဃသူ့ သမီး ၏ ဂအလှူ မှတ်တမ်း ကျောက်စဦ” ကျောက်စာ

င်္လကာဒီပ အနုသုခုမ ပန်းခင်း Facebook post

🌺မင်္ဂလာပါရှင်🌺

ပန်းခင်းကြီးရဲ့ အပတ်စဉ်..

စာပေနေ့လေးမှာ ဝင်ရောက်အားဖြည့်

ပါဝင်လိုက်ပါတယ်ရှင်။

🥰သိင်္ဃသူ့သမီး🥰


“သိင်္ဃသူ” ဟူသည်မှာ..

ဘွဲ့အမည်နာမ တစ်ခုဖြစ်ပြီး

သိင်္ဃနှင့်သူရ ဝေါဟာရနှစ်ခုကို

ပေါင်းစပ်ထားခြင်းသာဖြစ်သည်။

သိင်္ဃသည် သီဟ(ခြင်္သေ့)ကို

မြန်မာမှုပြုခြင်းဖြစ်ပြီး

သူရမှာ ရဲရင့်ခြင်းဟု အနက်ရပါသည်။

မှတ်သားရသော သိင်္ဃသူဘွဲ့ခံများမှာ…

၁။ သိင်္ဃသူ (ကျစွာမင်းသား)

၂။ သိင်္ဃသူ (တောင်တွင်း သီဟပတေ့သား)

၃။သိင်္ဃသူ (စကုစား သိင်္ဃသူ သား) တို့ဖြစ်ပါသည်။

ပုဂံခေတ် ၊ သက္ကရာဇ် ၆၂၈ခု၊ ပိသျှက်နှစ်

နံကာလဆန်း(၇) ရက်၊ ကြာသပတေးနေ့

(နံကာလ~ဝါခေါင်လ) တွင်အလှူပြု ရေးထိုးခဲ့သော

လှပသောကျောက်စာဖြင့် သိင်္ဃသူ့သမီး မှာ

သိင်္ဃသူ့သမီးကျောက်စာနှင့်အတူ

မထင်မရှား နေလိုသူ မိဘုရားတစ်ဦး၏

ထင်ရှားသော သမိုင်းတစ်ခု ကျန်ရစ်ခဲ့ပေသည်။

“မထိလို၏မြေး၊ မင်းမယား၊ သိင်္ဃသူ့သမီး”

ဟူ၍ ကမ္ပည်းရေးထိုးထားသော

ကျောက်စာပါ အချက်ကြောင့် သိင်္ဃသူ့သမီး

အမည်ကို သိလိုကြသည်။

ဆရာတင့်နိုင်တိုး ကျေးဇူးကြောင့်

သိင်္ဃသူ့သမီး အမည်မှာ ရှင်ဘား

(ရှင်ဖား ဟုလည်းခေါ်သည်) ဟု သိရပေသည်။

ကျစွာမင်းကြီးနှင့် မိဘုရား စောမင်းလှတို့မှ

အမတ်ကြီးသိင်္ဃသူကို ဖွားမြင်သည်။

သိင်္ဃသူသည် မိဘုရားမိနှင့် လက်ဆက်ပြီး

ရှင်ဘားခေါ် သိင်္ဃသူ့သမီးကို ဖွားမြင်သည်။

ရှင်ဘားသည် တရုတ်ပြေးမင်း ခေါ်

နရသီဟပတေ့မင်းနှင့်လက်ဆက်၍

ရွှေနန်းရှင်ခေါ် ကျော်စွာမင်းကို

မွေးဖွားခဲ့လေသည်။

ဤသားတော်မှာဖခင်အရိုက်အရာကို

ဆက်ခံသူတစ်ဦးလည်း

ဖြစ်ပေသည်။

နရသီဟပတေ့မင်းကား

နာမည်ကောင်းရသော မင်းတစ်ပါး

မဟုတ်ခဲ့ပါချေ။

အမျက်ဒေါသ လွန်ကဲပြီး

စိတ်ကြမ်းကိုယ်ကြမ်း ရှိသူဖြစ်သည်။

ဟင်းခွက်၃၀၀ တည်လေ့ရှိသော

အစားကြူးသူ အဖြစ်လည်း ထင်ရှားသည်။

သိင်္ဃသူ့သမီးသည်ကား နရသီဟပတေ့မင်း

၏ ကြင်ရာတော်များ ဖြစ်ကြသော..

ရတနာပုံ(၁၂၅၆-၆၂)

စောလှဝန်း

စောနန်း

ရှင်ဘား

ရှင်မောက်

ရှင်ရွှေ

စောလုံ စသည့် အသီးသီးအနက်

မိဘုရားတစ်ဦးပင်ဖြစ်ပေသည်။

ပဒေသရာဇ်ခေတ် မင်းမိဘုရားတို့ဘဝကား

အားကျစရာမရှိခဲ့ပါ။

မိဘုရားအများစုမှာ မိမိကိုယ်ပိုင်ဘဝထက်

ဘုရင်ပိုင်ဘဝတွင် နေထိုင်ခဲ့ရပေသည်။

ဘဝ၏ အတက်အကျသည်လည်း

ဘုရင်နှင့် တိုက်ရိုက်ဆက်စပ် နေပေသည်။

မိန်းမသားများမှာ ထီးနန်းကြငှန်းနှင့် နီးလေလေ

ထီးရေးနန်းရေး အရှုတ်အထွေးဒဏ်

ခံလေလေသာ ဖြစ်ပါသည်။

နန်းတွင်းအရှုတ်အထွေးများစွာ

ကြားထဲမှ မင်းမိဘုရား သိင်္ဃသူ့သမီး

ဘဝကား လွန်စွာ သနားစရာကောင်းလှပေမည်။

ထိုကြောင့်လည်း

“နမောဗုဒ္ဓဿ” အစချီသော

ကျောက်စာ တစ်ချပ်ရေးထိုးကာ

သူ၏ဘဝ၊ ဘာသာတရားကိုင်းရှိုင်းမှု၊

မြတ်ဗုဒ္ဓကို ဦးထိပ်ထားသော စိတ်ဓာတ်၊

စေ့စပ်တိကျ အမှတ်အသားထားတတ်သော

အမူအကျင့်၊ ရိုးသား၍ ဝင့်ကြွားလိုစိတ်ကင်းခြင်း၊

လယ်၊ဥယျာဉ်၊ကျွန်ခပင်း အကြွင်းမဲ့လျှင်

ပြတ်သားစွာ လှူဒါန်းတတ်သော စိတ်ထား

တို့ကို ဖော်ပြ သိစေအပ်ပါသည်။

“အချင်းချင်း အမျက်အဤ တစ်စေ့မရှိ၊

ချစ်သောမျက်စိဖြင့် ရှုကြရစေ၏”

ဤသည်ကား သိင်္ဃသူသမီး၏

မိဘုရားမောင်းမများအတွက်

တောင်းသောဆု ဖြစ်ပေသည်။

အကြိုက်ဆုံး ဆုတောင်းတစ်ခုလည်းဖြစ်ပေသည်။

သိင်္ဃသူ့သမီးသည် သူ၏အမွန်မြတ်ဆုံးသော

အလှူကို ကျောက်စာ ရေးထိုးရာ၌

ဖြစ်လိုသောဆုတောင်း

ရမ္မက်နည်းသော၊ရောင့်ရဲလွယ်သော

အမျက်နည်းသော၊ သနားတတ်သော

ပညာရှိသော၊ အကျိုးအကြောင်းသိသော

ဝန်မတိုသော၊ အပေးအကမ်းရှိသော

သစ္စာရှိသော၊ မပျက်တတ်သော

မမေ့လျှော့သော၊ အောက့်မေ့တသရှိသော

ဟူ၍ ဖြစ်လိုသောဆုတောင်းကို

ရေးထိုးထားခဲ့ပါသည်။

မဖြစ်လိုသောဆုတောင်း

ရမ္မက်ကြီးသော၊ မရောင့်ရဲတတ်သော

အမျက်ကြီးသော၊ သူတစ်ထူးကိုညှင်းဆဲတတ်သော

ပညာရှိမရှိသော၊ မိုက်သော

ဝန်တိုသော၊ အပေးအကမ်းမရှိသော

သစ္စာမရှိသော၊ ပျက်တတ်သော

မေ့လျော့သော၊ အောက်မေ့တသကင်းသော

ဟူ၍ မဖြစ်လိုသော ဆုတောင်းကိုလည်း

ရေးထိုးထားခဲ့ပေသည်။

သိင်္ဃသူ့သမီး၏ “အလှူမှတ်တမ်းကျောက်စာ”

ကို လေ့လာခြင်းဖြင့်

ပုဂံခေတ် မင်းမိဘုရား တစ်ပါး၏

ကောင်းမှုနှင့် စိတ်ထားကို စူးစမ်းမိပါသည်။

အလှူရှင်၏ နှစ်သက်ကြည်နူးဖွယ်

စိတ်နေစိတ်ထား ပေါ်လွင်အောင်

ရေးဖွဲ့ထားသော ကျောက်စာတစ်ချပ် ဖြစ်ပေသည်။

သိင်္ဃသူ့သမီး၏ နောက်ဆုံးဆုတောင်းမှာကား

အရိမေတ္တယျဘုရားမျက်မှောက်၌

မြတ်သောအကျွတ်တရားရလိုခြင်း ဟူ၍ဖြစ်ပေသည်။

ချစ်ခင်ရသော….

ပန်းခင်းမိသားစုများအားလုံသည်လည်း

အရိမေတ္တယျဘုရား မျက်မှောက်၌

မြတ်သောအကျွတ်တရားများ ရရှိကြ၍

နိဗ္ဗာန်ချမ်းသာ ကို ရရှိကြပါစေရှင်။🙏🌺🙏🌺🙏 မေရီသန်း(Lavender) 12.6.2025

everyone