ကနောင်မင်းသားကြီး သာ ထီးနန်း ရခဲ့ရင် သမိုင်းမှာ အတော်ဆုံး အိမ်ရှေ့စံ မင်းသား၊ ကိုယ့်နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်းတွေကို အမြဲတမ်း ရှာဖွေနေတတ်တဲ့ မင်းသားတစ်ပါးဆိုရင် ကနောင်မင်းသားကိုပဲ ပြေးမြင်မိကြတာပါပဲ။ ဒါပေမဲ့ သူဟာ အိမ်ရှေ့စံဖြစ်ခဲ့သည့်တိုင် ဘုရင်မဖြစ်လာခဲ့ပဲ တူ(သို့) သမတ်ရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရတယ်။ တကယ်လို့များ ကနောင်မင်းသားကြီးသာ ဘုရင်ဖြစ်ခဲ့ရင် ဘာတွေဖြစ်ဘာနိုင်မလဲဆိုတာကို ဒီ Video ထဲမှာ သုံးသပ်ကြည့်ကြရအောင်။ ……………………https://youtu.be/1lNprI8k-9M?si=ecJWKPKOYZiIFTjr
ကုန်းဘောင်မင်းဆက်မှာ နန်းသက်အ၇ှည်ဆုံး ဘုရင်။ လင်းသိုက်ညွန့်။သင်တန်း https://www.facebook.com/reel/1463878058035605/?fs=e&fs=e
ကြည်စိုးထွန်း (ဒါရိုက်တာ) သူ့ကျွန်မခံပြီ စာပေဟောပြောပွဲ https://youtu.be/0W_nwMjblD0?si=6eJUIfKqsTcMfjqn
ဆရာကြီးဒေါက်တာတိုးလှ၏ ကုန်းဘောင်ေ၇ွှပြည် မြန်မာသမိုင်း အသံစာအုပ်
မင်းတုန်း မင်းလက်ထက်က သံတဲကျောင်း ဆရာမှတ်ကြီးနှင့် တွေ့ဆုံခန်း ( ၁၈၆၉ ခုနှစ် )
ဖတ်စရာ မှတ်စရာ ( ၁၃၂ )
ကြည့်စရာ သိစရာ
လေ့လာစရာ
ဘာသာရေးရာ
စာပဒေသာ
ပဥစမ သံဃာယနာတင် သာသနာပြု မင်းတုန်းမင်းကြီး ခေတ် က
မင်းသားငယ်လေးများရဲ့ပညာရေး ကို ပံ့ပိုးပေးခဲ့သူ
ခရစ္စယန် သာသာနာပြု ဘုန်းကြီး အကြောင်း ။
မြန်မာပြည်ဝယ် နှစ် ၄၀ Forty Years in Burma
စာအုပ် ရေးသားခဲ့သူ
မန္တလေးရတာနာပုံ နေပြည်တော်မှာ
မင်းတုန်းမင်းကြီး၏ သားတော် သမီး တော် တွေကို
အင်္ဂင်္လိပ်စာနှင့် ဗဟု သုတရစရာ စာတွေသင်ပြပေးခဲ့သူ
မင်းတုန်းမင်းတည်ဆောက်ပေးခဲ့တဲ့
ဆရာမှတ်ကြီးကျောင်း ရဲ့ နိုင်ငံခြားသား ကျောင်းဆရာကြီး
ခရစ္စယန် ဘုန်းတော်ကြီး Mr.Marks အကြောင်း ဖြစ်ပါတယ်
ကုန်းဘောင် ဆက် ရဲ့ ဒုတိယနောက်ဆုံး မင်းဖြစ်ခဲ့သူ
မင်းတုန်းမင်းကြီးက
အခြား ဘာသာတရားတွေကိုလဲ အသိအမှတ်ပြု လေးစားတဲ့ အပြင်
၅ ကြိမ်မြောက် ပဥစမ သံ ဃာယနာတင်ပွဲကြီးကို
ဦးဆောင် ကျဉ်းပခဲ့သူ လဲ ဖြစ်တယ်.
မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်ပြီးနောက်
နှစ် ပေါင်း ၅၀၀ ခန့်အတွင်း မှာ
ဘရားဟော ပိဋကတ် ၃ ပုံ တရားတွေကို
မြတ်စွာဘုရားရဲ့ တပည့်သံဃာတော်တွေက
ဗုဒ္ဓသာသနာ မကွယ် ပျောက်ရေးအတွက်
၃ ကြိမ်ထိတိုင် နုတ်တက် အာဂုံဆောင် ခဲ့ကြပြီး
မြတ်စွာ ဘုရား ဟောကြားတရားတော် တွေ အားလုံးလိုလိုကို လက်ဆင့်ကမ်းပေးလာခဲ့ကြတယ်။
နောင်မှာ
သီရီ င်္လကာနိုင်ငံမှာ ကျဉ်းပခဲ့တဲ့ စတုတ္ထသံဃာယနာတင်ပွဲမှ စတင်ကာ ပေထက်အက္ခရာတင် ကာ စာရေးသားမှတ်တမ်းတင်ခဲ့ကြပြီး နောက် မင်းတုန်းမင်းတြားကြီးရဲ့ စတုတ္ထသံဃာ ယနာတင်ပွဲမှာ ကျောက်ထက်အက္ခာတင်ခဲ့ပြီး ကျောက်ပြားတွေမှာ ဘုရားဟော ပိဋကတ် ၃ ပုံကို ရာသီဥတု ဘေး ဒဏ်ကြောင့် လုံးဝ မကွယ် ပျောက်သွားရအောင် ကျောက် ပြားတွေပေါ်မှာ ပိဋကတ်သုံးပုံစာတွေအားလုံးကို ထွင်းထု စာရေးသားခဲ့တယ်.
ပါလီမန် ဒီမိုကရေစီခေတ်သစ် ကို လွတ်လပ်ရေး ရပြီးတာနဲ့ စတင်ထူထောင်ခဲ့သူ ဝန်ကြီးချုပ် ဦးနုလက်ထက်မှာ ပိဋကတ် ၃ ပုံစာတွေအားလုံးကို စာအုပ် တွေနဲ့ ပုံနှိပ် မှတ် တမ်းတင် ထားနိုင်ခဲ့ပါတယ်.
.
ယနေ့ အင်တာနက် ပညာခေတ်ကြီးမှာ တော့
ပိဋကတ်၃ ပုံဘုရားဟော စာတွေအားလုံးကို
ကွန်ပြူတာ စာအုပ်တွေနဲ့အလွယ်တကူကူးယူ
ဖတ်မှတ် လေ့လာလို့ရနေကြပါပြီ .
အမိမြန်မာ နိုင်ငံမှာ ယနေ့လူငယ်တွေအတွက် သူတို့ရဲ့ နိုင်ငံအနာဂတ် ဖွံ့ ဖြိုးတိုးတက် စည်ပင်သာယာဝပြောရေးအတွက် လိုအပ်နေတာတွေထဲက အဓိကကျတဲ့တစ်ခုက –
စာဖတ်ဝါသနာပါကြသူ လူငယ်မျိုးဆက်သစ်တွေ ၊ဘာသာရေးသာသနာရေး လိုက်စားကြ သူတွေ၊လေ့လာသိရှိလိုစိတ် ရှိကြသူတွေသာ။ လိုအပ်နေပါတယ်။
မြတ်ဗုဒ္ဓတရားတွေက သံသရာတစ်ကြောမှာ ဘဝတွေချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း တရားတွေချည်းသာ ဟောကြားခဲ့တာမဟုတ်ဘဲ မြတ်စွာဘုရားရှင်လက်ထက်မှာ လူ့ဘဝ အတွက် လူတွေအတွက် ကျင့်ကြံသင့်ကြတဲ့ ပစ္စုပ္ပန် လူတွေအတွက် တရားတွေကိုလဲ ဟောကြားခဲ့တာကို ဘုရားဟောသုတ်တန် တွေထဲ့မှာ များစွာ ရှိနေတာ သတိပြုမိ ပါတယ် ။
ရည် ညွှန်း
youtube video
မင်းတုနိးမင်းနဲ့ဆရာမှတ်ကြီး တွေ့ဆုံခန်း မြန်မာ့သမိုင်း
ယနေ့ ၂၁ ရာစု ခေတ်သစ် မှာ
မြန်မာ လူငယ်များ စာစုံ ဖတ်ကြစေချင်ပါတယ်.
မြန်မာ လူငယ် လေးတွေရဲ့ အနာဂတ်တွေ
လှပ ကောင်းစားရေး ကိုမျော်တွေးလျက် –
အေးမြင့် (ညောင်တုန်း)
၁၀ ဇွန်လ ၂၀၂၄
ရည်ညှန်း youtube video https://youtu.be/DePZ11pvqTM
ကင်းဝန်မင်းကြီး ဦးကောင်း
