ENVIRONMENTAL IMPACTS MYANMAR သဘာဝ ပတ်ဝန်းကျင်ရေးရာ သိကောင်းစရာများ News 5 June 2025 Onwards

ရှမ်းအရှေ့က သတ္တုတူးဖေါ်မှုနဲ့ ထိုင်းမြစ်ရေ ပြဿနာ -BBC News မြန်မာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းဆတ်မြို့တောင်ဘက်မှာ မြေရှားသတ္တုတွင်း နှစ်ခုရဲ့ ပုံရိပ်တွေကို ထင်ထင်ရှားရှားတွေ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံက ကော့ခ် (Kok) မြစ်ထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့ကျန်းမာရေးကိုထိခိုက်စေတဲ့ အာစင်းနစ် (Arsenic) သတ္တုဓာတ်တစ်မျိုးပါဝင်နှုန်းမြင့်နေတာကို တွေ့ရှိရာကနေ “ဝ” ဒေသက သတ္တုတွင်း တူးဖော်မှုတွေကို နှစ်နိုင်ငံပညာရှင်တွေက ထောက်ပြလာကြတာပါ။
ထိုင်းရဲ့ ကော့ခ်မြစ်အစ မိုင်းဆတ်မြို့အနီးက နမ့်ခုတ်မြစ်မှာ ဘယ်လိုသတ္တုအမျိုးအစားတွေတူးဖော်နေ ကြလဲ၊ ထိုင်းရဲ့ စိုးရိမ်ချက်ကဘာလဲ။ ဒီရှင်းပြချက်မှာကြည့်ရှုနိုင်ပါပြီ။ ဘီဘီစီမြန်မာပိုင်း #မြန်မာ #ထိုင်း #မြေရှားသတ္တု #ရှမ်း #မိုင်းဆတ်မြို့ #သဘာဝပတ်ဝန်းကျင် #ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ