25 May 2025 YouTube News ညောင်တုန်းမြစ်ကမိးပြိုသတင်း များ
သတိထားရမယ့် မြစ်ကမ်း ပြိုမှု အန္တရာယ် ( ရုပ် /သံ )
ဧရာဝတီမြစ် ရေစီးကြောင်း ပြောင်းလဲသွားတာကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မြစ်ကမ်းပါးပြိုမှု အန္တရာယ်ကို ခံစားနေရတာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်တခုဖြစ်တဲ့ ပန်းလှိုင်မြစ်ကမ်းဘေးက မြစ်ဝကျွန်းကပေါ်ဒေသ၊ ညောင်းတုန်းမြို့နယ်၊ အနောက်ကျွန်းရွာမှာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ ည ၁၂ နာရီလောက်က မြစ်ကမ်းပါးပြိုလို့ နေအိမ် ၂၀ လောက် မြောပါသွားခဲ့ပါတယ်။ ဒါဟာ ဧရာဝတီမြစ်ရေစီးကြောင်း ပြောင်းလဲမှု ရဲ့ အကျိုးဆက်၊ နောက်ဆက်တွဲ သက်ရောက်မှုတွေဖြစ်ပြီး ဒေသခံတွေ အနေနဲ့ ကြိုတင်ကာကွယ်မှုတွေကို ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ဦးဝင်းမျိုးသူက သတိပေး ပြောဆိုပါတယ်။ #မြန်မာ#ဧရာဝတီ#ကမ်းပါးပြို#ဧရာဝတီမြစ်#မြစ်ဝကျွန်းပေါ်ဒေသ#ညောင်တုန်း#environment#Climate change စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy
မြစ်ကမ်းပြိုသတင်း
ညောင်တုန်းမှာ မြစ်ကမ်းပါးပြိုကျလို့ နေအိမ်အလုံး ၂၀ ရေထဲမျောပါသွား ။ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ် အလုံး ၂၀ ရေထဲ မျောပါသွားခဲ့ပါတယ်။ဧရာဝတီတိုင်း မအူပင်ခရိုင် ညောင်တုန်းမြို့ အမှတ် ၄ ရပ်ကွက်ရှိ တိုးချဲ့နယ်မြေမှာ ဒီကနေ့ မေလ ၂၅ ရက် မနက် ၁ နာရီခွဲခန့် အချိန်မှာ မြစ်ကမ်းပါးပြိုကျတာကြောင့် လူနေအိမ် အလုံး ၂၀ ခန့် ရေထဲမြောပါသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ #CJPlatform#ဧရာဝတီတိုင်း#ညောင်တုန်းမြို့#ပန်းလှိုင်မြစ်#ကမ်းပါးပြိုကျ#နေအိမ်#ကမ်းထိန်းတာ
မောင်ကြုံတိုင်း၏ ဘဝ အထွေထွေ
FLOODS ညောင်တုန်း
ဝါဆိုဝါခေါင် ရေဖေါင်ဖေါင်
25 May 2025 YouTube ရုပ်/သံသတင်းတွေအရ
ညောင်တုန်းမြို့၄ ရပ်ကွက်မှာ
ပန်းလီုင် မြစ်ကမ်းပါး ပြိုကျ နေ ပါတယ် ။
Kyi Khaing Facebook comment မေးလာလို့ ရှင်းပြပါတယ်.
တာတွေဘာတွေမရှိဘူးလား။ ဟု သူကမေးလာတယ်.
ကျွန်တော် အေးမြင့် (ညောင်တုန်း) ဆည်မြောင်းဝန်ထမ်းဟောင်း၏
ပြန်ကြား အကြံပြုချက်
ညောင်တုန်း တစ်မြို့လုံးရေဘေးကာကယ်ဘို့ ပန်းလှိုင် မြစ်ရေမကျော်အောင်နဲ့ ဧရာတီမြစ်ရေမဝင်အောင် တစ်မြို့လုံးမှာ ဝိုင်ပတ် ကာကွယ်ထားတဲ့
ညောင်တုန်မြို့ပတ်တာ အသင့် ရှိနေ ပြီသားပါ ။
မြို့တွင်းကိုမြစ်ရေ မဝင်အောင် မြို့ရေ မ ကြီး အောင် တည်ဆောက်ထားတဲ့ ညောင်တုနိးမြို့ပတ်တာကို ညောင်တုနိးမြို့ စည်ပင်သာယာရေး အဖွဲ့က တာဝန်ယူပြုပြင်ထိန်းသိမ်းရပါတယ်
ညောင်တုန်း မြို့ပြင် ပတ်ပတ်လ ည်က လယ်တွေ ထဲကို မြစ်ရေဝင်ပြီး လယ်ယာမြေတွေ ရေ မ ကြီးအောင် တည်ဆောက်ထားတဲ့ စုစုပေါင်းဧရိယာဏကပေါင်း ၂ သိမ်းကျော် ကျယ်ဝန်းတဲ့ ညောင်တုနိးကျွနိးအတွင်း ဧရာဝတီမြစ်ရေကြီးပြီးမြစ်ရေတွေ မဝင်၇အောင် အရေးကြီးတဲ့ ရေဘေးကာကွယ်ရေး အဓိကတာာမကြီကို တော့ ညောင်တုန်းဆည်မြောင်းက တာဝန်ယူ စောင့်ရှော က်ပြုပြင် ထိန်းသိမ်းပေး ပါတယ်
ဤဂ၍လိပ် ကို ိုနီခေတ် ကတည်းစစတင် တည်ဆောက်ထားခဲ့တဲ့ ရေဘေးကာကွယ်ရေး ညောင်တုန်းကျွန်း တာမကြီးတွေက နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပါပြီ ။
စည်ပင် သာယာဌာနက ထိန်း ထားတဲ့ တစ်ဘက်မှာ ညောင်တုန်းကျွန်းတာနဲ့တစ်ဝက်ခနိ့ဆက်သွယ်ထားတဲ့ စည်ပင်ထိန်း ညောင်တုန်းမြို့ပတ်တာကိုတော့ စည်ပင်သာယာက အခွန်ကောက်ရေးသာအဓိကလုပ်နေတဲ့ဌာနဖြစ် နေ လို့ မြို့မှာရေဘေးကြုံလာ ရင် ေ၇ဘေးကာကွယ်ရေးအဓကတာဝန်ယူလုပ်နေတဲ့ မိမိတို့ ဆည် မြောင်းဌာနကသာ အစဉ်အမြဲကူညီဆောင်၇ွက်ပေးခဲ့ရတာချည်းဖြစ်ပါတယ်,
ညောင်တုန်းမြို့မှာ မြို့ပတ်တာေရေကျော်ကျိုးပေါက်ပျက်စီးလို့ မြို့ထဲ မြစ် ရေတွေဝင်ကာ တစ်မြို့လုံးမြို့ထဲရေကြီးတာ မိမိ ယခု အသက် ၇၆ နှစ်တာ ဘဝသက်တမ်း တစ်လျောက်လုံး မှာ တစ်ခါဘူးမျှ မကြု့ခဲဘူး မရှိခဲ့ဘူးပါ။
ညောင်တုန်းမြို့ပတ်တာ တစ်ဝက်ကျော်က ကပ်လျက်က ညောင်တုန်းကျွန်းတာမကြီးနဲ့ ချိတ်ဆက်ထားတယ် ၊ ဒါ ကြောင်းညောင်တုန်းမြို့ကြီး ရဲ့ တစ်ဘက်က ကုန်းပိုင်း ဘက် မှာညောင်တုန်းကျွန်းတာတစ်ပိုင်းနဲ့ အတူ ပန်းလှိုင်မြစ်ဘေးမှာ ရှိတဲ့ ပန်း လှိုင်တာ နဲ့ ဆက်စပ်ပြီး ေ၇လုံပိတ် မြို့ပတ် တာ တံတိုင်းကြီးဖြစ်ပါတယ်. မြစ်ရေမဝင်အောင် တာ နဲ့ အလုံပိတ်မြို့ပတ်တာကြီးရှိနေ ပါတယ် ။
မြို့တောင်ဘက် ဆုံး နေရာ မြစ်နဲ့အဝေးကြီး ဖြစ်တဲ့ မိုးဟုတ် ဘုရားအနား မှာတော့
မြို့ထဲက ရေမြောင်းတွေက စီးဆင်း ဝင်လာတဲ့ နောက်ဆုံရောက်လာတဲ့ ရေတွေကို စုပြီးစီး လာတဲ့ ရေတွေထုတ်နိုင်ဘို့ ရေထွက် ပေါက် သေးသေး ရှိနေပါတယ်။ရေဝင်အလာကလဲ နည်းပါတယ်။မများပါဘူး ။ ရေတွေ က မြို့ထဲရေစီးရာလမ်းတစ်လျောက် မြောင်းတွေက မြေသားမြောင်းသက်သက်တွေကသာများလို့ စီးေ၇တွေအချို့ေ၇သွားလမ်းတစ်လျောက်မှာ မြေအောက် ကိုေ၇တွေစိမိ့ဝင် ပျောက်ကွယ် သွားတာတွေလဲရှိ နေပါတယ်.
ယခုဖြစ်နေပုံ ကြည့်ရတာ သုံးသပ်မိတာက ပန်းလှိုင်မြစ်ရေ ကြောင်းအပြောင်းအလဲ တွေ ကြောင့် အဓိက ဟု သု့းသပ်ညယူဆ ပါတယ်
၄ ရပ်ကွက် မြစ်ကမ်းပါးတွေ မှာ ရေထိုးအား ရေဖိ အား တါနိးအား တေေါနဲ့ မြစ်ကမ်းတွေရေတိုက်စားခံရပြီး မြစ် ကမ်းပါးတွေ ပြိုတာဟုယူဆပါတယ်
ကမ်းပြိုကမ်းစာနေတဲ့ မြစ် ကမ်းဘေးအနီးမှာ မြို့ပတ်တာရှိ ရင် မြစ်ကမ်းရေတိုက်စားတဲ့အထဲ တာလဲ ပါသွား ပြီ ၊ရေထဲပြိုကျပါသွားနိုင်တယ်။ တာကျိုးပေါက်ခဲ့သော် မြို့ထဲ့ ပန်းလှိုင်နဲ့ဧရာဝတီမြစ်ရေတွေအလုံးအရင်းနဲ့ဝင်လာပြီးတစ်သက်လုံးမဖြစ်ဘူးတဲ့ တစ်မြို့လုံေ၇ကြီးမှု ဖြစ် သွားနိုင်ပါတယ်.
ယခင် ခေတ်တွေ ၊ တစ်ခေတ်တစ်ချိန်က ပန်းလှိုင်မြစ်ကမ်းပြိုကမ်းစားကာကွယ်ဘို့ အလုပ်တွေ များစွာကို ဆည်မြေ င်းဌာန နဲ့ ရေလမ်းထိန်းဌာနတွေ က ပူးတွဲ တာဝန်ယူ တည်ဆောက်ပြုပြင် လုပ်ခဲ့ကြရာ မှာ မလုပ် ရ သေးတဲ့ လုပ်ဘို့ကျန်န် နေခံ့ သေး တဲ့ မြစ် ကမ်းဘေးနေ ရာတွေ မှာကမ်းပိုကမ်းစ,းရေတိုက် စားခံနေကြရတာ ဖြစ် နေတာ သတိပြုမိပါတယ်.
လာမည့် ဝါဆိုဝါခေါငရေဖေါင် ဖေါင် အချိန် ပန်းလှိုင် မြစ် ကြီး ရေကြီးချီန် မှာ မြစ် ရေ ကြီး မလာခင် ယခုကမ်းပြိုကမ်းစားနေရာမှာ မြစ်ကမ်းဘေးမှာရေဘေးကာကွယ်ရေး တာမရှိတော့ရင် လာမဲ့မိုး မြစ်ရေတွေ မြို့ ထဲ ရေကျော် တင်လာပြီး မြို့ ထဲရေ မဝင်အောင် ရေဘေးကာ ဘို့မြို့ပတ်တာ အသစ် တစ်ခုကို အရေးပေါ် နော က်ဆုတ် ကြိုတင် နေရာရှာပြီး လိုအပ်၇င် ပန်းလှိုင်မြစ်ရေဘေးကာကွယ်ရေး,တာတမံ အသစ် တစ်ခု ကို ကြိုတင် တည် ဆောက်ထား သင့်ကြပါတယ်။
ကျွန်တော်ကိုယ်ဆိုင် ၁၉၉၁ ခန့်ကညောင်တုန်းဆည်မြောင်းမှာ မြို့နယ်တာဝန်ကျခဲ့စဥက်က ယခုလိုမြစ်ရေကြီးကမ်းတွေရေတိုက်စား ပြို ကျ ပျက်စီးတာကြုံခဲ့၇ဘူးတာ မိမိနေထိုင်ရာရပ်ကွက် ညောင်တုန်းမြို့ အေ၇ျးပိုင်း ၃၃ လမ်းမှ ၄၁ လမ်းအတွင် းပန်း ှိုင် မြစ်ကမ်းထိန်းေ၇ဘေးကာကွယ်ရေးတာတမံအတွင်းနေအိမ်တွေေ၇ဘွကို ေ၇လွတ်ရာကို မိမိကိုယ် တိုင် တာဝန်ယူ ေ၇ွှ့ပြောင်း ဆောင်ရွက်ပေးခဲ့ရပြီး နောက် ပိုင်းမှာ မကြာမီမှာဘဲ မြစ်ကမ်းတွေမြို့တွင်းဆက်ပြိုဝင်လာခဲ့ရာ နောက်ဆုံး,ညောင်တုန်းမြို့ပတ်တာ ပါ ေ၇တိုက်စားခဲခဲ့ရပါတယ်.
ပန်းလှိုင် မြစ်ကမ်းဘေးရေဘေးကာကွယ်ရေးတာတမံအသစ်ကို သင့်လျော်ရာနေရာရွေး ပြီးတာသစ်ကို ပြု်နေဆဲမြစ်ကမ်းနဲ့ဝေးရာ မှာ နောက်ဆုတ် ပြီး ကျွန်တော်တို့အချိန်မီတည်ဆောက်နိုင်ခဲံလို့ ပန်းလှိုင်မြစ် ရေကြီး ရေဘေးအန္တရာယ် ကို ကြိုတင် ကွယ်နိုင်ခဲံပါတယ်.
မှတ်မိပါသေးတယ်
တစ်ခေတ်တစ် ခါက ရှေးက ဆည်မြာင်းက ဝါရင့် ဆည်မြောင်း အင်ဂျင်နီယာ ဆရာသမားကြီးတွေ သဘာဝ မြစ် ကြီးတေ့နဲ့ပတ်သက်လို့ ပြောခဲ့ဘူးတဲ့ အလွန်မှန်တဲ့ စကား ရှိတယ်
Don’t Play With the Rivers .
Otherwise
The Rivers Will Play Back With You
ဆရာသမားကြီးတွေ က ဆည် မြောင်း တပည့်တွေကို သိစေလို လို့ သူတို့ ပြောချင်တာက –
မြစ်တွေကိုသွားမစကြ နဲ့ ၊ မြစ်တွေနဲ့သွ,းမကစားကြနဲ့ ၊သွား မနှောက်ယှက်ကြနဲ့ ။
သူတို့တွေ မြစ်တွေ က သူတို့မြစ်တွေရဲ့သဘာဝအတိုင်းဖြေးညှင်း ညင်သာ စွာ တစ်ရွေ့ရွေးနဲ့ သာ ပုံ မှန် ရေစီ နေတာတွေကို မင်းတို့ က မလေ့လာ မသီရှိဘဲနဲ့ သွာနှောက်ယှက်လို့ က်ကြလို့ သူတို့ရေစီးရှိန် တွေပြောင်းသွား ခဲ့ ရေစီးအားတွေ မြန်သွား ခဲ့ ရင်မြစ်တွေက မင်းတို့ကိုပြန်ရန်လုပ်ကြ ၊ပြန် ဒုက္ခပေး ကြလိမ််မယ်
မိမိ၏ ဘဝထဲက
၃၅ နှစ်တာ ဆည် မြာင်း ဘဝအတွေ့အကြု့တွေ အရ
အမှန် တွေ ပါဘဲ။
ညောင်တုန်းမြို့မြစ်ကမ်းပါးတေေါနှစ်စဉ်နှစ်တိုင် မြေစ်ရေတိုက်စားကမိးပိြနေကြရခြင်းရဲ့ ဖြစ်ပုံ ေ၃ာက်ခံသမျုင်းရှိတဘ်။
ဖ တ်အဆက်ဆက် ဖြစ်စဉ် ဖြစ် ပုံ တွေက -……
ခေတ်ဟောင်းက ခေတ် တစ်ခေတ် တစ်ချိန်မှာ ညောင်တုန်းမြို့အဝင် ဧရာ ဝတီမြစ်ခွဲပန်းလှိုင်မြစ်ကွေ့ ရေလမ်း ကြောင်း တစ်ခုကို ေ၇သွားလမ်း တိုသွားဖြောင့်သွားအောင် ဖြတ်လမ်း မြစ်ကြောင်း တိုအသစ်တစ်ခု ကို ေ၇လမ်းမြစ်ကြောင်းထိန်းဌာနက တာဝန် ယူဦးဆောင် ဖြတ်ဖေါက်လုပ် ခဲ့ကြရာ မှာ ညောင်တုန်း ကျွ န်းထိပ်ပိုင်း အနီး မှာ ဖြတ်မြောင်းအသစ် ဖြတ်ဖေါက် ပြီးခဲ့ သည့်အချိန်မှစတင် ပြီး, ပန်း လှိုင်မြစ်ခွဲ အ ပိုင်း တစ်လျောက် လုံး၊ ညောင်တုန်းမြို့ ဘေးကပ်လျက်က ပန်းလှိုင်မြစ်ကမ်းဘေးတစ်လျောက်လုံး မှာနှစ်စဉ်နှစ်တိုင်း မိုးရာသီမှာ ကမ်းပြို ကမ်းစားတာတွေ နှစ်တိုင်း အမြဲ လိုလို ဖြစ်လာ နေခဲ့ တာ
ယ နေ့ ထိ တိုင်ဖြစ်နေသည့်ပုံစံအတိုင်း တွေ့နေမြင်နေခဲ့ရ ပါတယ်။
မြစ်ကမ်းကာကွယ်ရေး အလုပ် တွေ မလုပ် ထားရသေးတဲ့မြေသားသက်သက် သာရှိနေသေးတြ့တဲ့ ညောင်တုန်းမြို့ဘေး က ပန်းလှိုင်မြစ်ကမ်း နေရာတွေ မှာ နှစ်စဉ် မြစ်ရေ တိုက်စားခံကြရပြီး ဆက်၍ ဆက်ပြိုကျ နေမှာ မြေကြီးလက်ခတ်မလွဲပါဘူး။ ကျွန်တော် ကြု့ခဲ့မြင်ခဲ့ဘူးတဲ့မိမိဆည် မြောင်းလုပ်သက် ၃၅ နှစ်တာ အတွင်း တွေ့ခဲ့ရကြုံခဲ့ ရဘူးတဲ အတွေ့အကြု့တွေအရပြောနိုင်တာပါ။
ပြန်ကြည့်လိုက်တော့
ရှေးခေတ် တစ်ချိန်က ယ နေ့ကဲ့သို့ စီမံကိန်းတွေ အလုပ်တွေလုပ်ကြရင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု တွေ ရှိမရှိ တွေကိုကြိုတင်လေ့လာ စစ်ဆေး ခန့်မှန်းပြီးမှ လုပ်သင့်မလုပ်သင့် စီစစ် သည့် စနစ်ကောင်းစွာမရှိသေးခဲ့တာ ကို ယခု သတိပြုမိပါတယ် ။
ခေတ်ကာလ အခြေအနေတွေအရပါ။ အပြစ်မဆိုပါဘူး။ ။
ယနေ့မှာ အင်ဂျင်နီယာစီမံကိန်းကြီး တွေ ၊ အလုပ်တွေလုပ်ကြရင်
ပထမ Prefeasibility Report ကြိုတင်လေ့လာ ကြရဦမှာ ၊သဘာဝပတ်ဝနိးကျင်ထိခိုက်နိုင်တာတွေပါလေ့လာရပါတယ်.
ဒုတိယ Feasibility Study Report အပြီးသတ် အသေးစိတ်တွေ ဘက်စုံ ဆက်လက် လေ့လာရာမှာ အင် ဂျင်နီယာ စီမံကိန်းအလုပ်ကြောင့် သဘာဝပတ်ဝန်းကျင် တွေဖြစ်တဲ့ ရေလေ မြေ တွေနဲ့ပတ်သက်လို့ ရေ အောက်မြေအောက်ေမြေပေါ် နဲ့လေထဲအပါအဝင် ၊ အပင်တွေ အကောငတွေ သတ္တဝါတွေနဲ့ အတူ လူတေgရဲ့လူမှုဘဝ ပတ်ဝန်းကျင် တွေ စီမံကိန်းအလုပ်တေေါကြောင့် ထိခိုက် က်မှု ရှိမရှိ တွေ ကို အသေးစိတ် လေ့လာကြရပါတယ်,။ ယနေ့ခေတ်မှာပါ။ နိုင်ငံမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကြီးလဲ တိုင်းနဲ့ပြည်နယ်အလိုက် ရဒ့ူတွေနဲ့အတူ ပေါ်ပေါက် တည်ရှိနေပါပြီ ။
ထိခိုက်နိုင်တာတွေတွေ့ရရင် သဘာဝပတ်ဝနိးကျင်တွေ ထိခိုက် နိုင် တာ တွေ လျော့ပါး အောင် လုပ်၇ပါတယ်.ပျောက်အောင်လုပ်ဘို့ကတော့ ခကိခဲပါမယ် .
ဆရာသမားတစ်ဦးထောက်ပြသ လို ဘုရား ဟောအတိုင်း ယနေ့ မှာ ဘာလုပ် လုပ်၊ ပလုပ်သမျှဒုက္ခ တွေတွေ့ကြရမှာအမှန် ပါဘဲ။ ဘာမှမလုပ် ဘာမှမဖြစ်တဲ့သဘောပါ။’လု့ဘဝတိုးတက်ရေးအတွက်ကလဒ ဖွံ့ဖြိုြရေး အလုပ် တွေကလဲမလုပ်မဖြစ်ပါဘူး. ။
လေ့လာတာတွေ ကို ဘက်ပေါင်းစုံ မှ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ် ဆန်းစစ်ပြီးမှသာ လျင် လုပ်သင့်တဲ့အလုပ်တွေကိုကောင်းစွာဆက်လုပ်ကြရပါမယ် ။
တကမ္ဘာလုံး မှာ ယနေ့တိုင် လေ့လာ ကျင့်သုံး နေကြတဲ့ သဘာဝ ပတ်ဝန်းကျင် ထီခိုက်မှုတွေ ၊ထိခိုက်မှုတွေလျော့ပါးသက်သာအောင် ဆန်းစစ်ရှာဖွေနေကြတဲ့ နည်းစစနစ်တေေါကိုပါ ထည့်သွင်း လေ့လာ တွဲ့ဘက်ဆနိးစစ် လုပ်ကိုင်နေကြတဲ့ ယနေ့ ကမ္ဘာကြီး ရဲ့ အင်ဂျင်နီယာစနစ် ကောင်းတွေပါ။
အေးမြင့် ( ညောင်တုန်း )
26 May 2025 3 June 2025 ( edited and Revised )
ရည်ညွှနိး
Youtube video post
ညောင် တုန်းမှာ မြစ်ကမ်းပါးပြိုကျလို့ နေအိမ် အလုံး ၂၀ ရေထဲ့ ပြိုကျ
အမှားပြင်ချက် ၁ ။ ( ညောင်တုန်းသား မိတ်ဆွေကြီး ဦးခင် မောင်ရင် ) 26 May 2025
Khin Maung Yin ( ညောင်တုန်း ) ၏ Facebook book comment
အကြောင်းကြား ချက်
U Aye Myint ယခုကမ်းပြိုတာက၊ညောင်တုန်းဖက်ကမ်းမဟုတ်ပါ၊ရန်ကင်းစံရာကျွန်းဖက်က၊လေးရပ်ကွက်၊ကမ်းပြိုခြင်းဖြစ်ပါတယ်၊ကျနော်တို့ငယ်စဉ်က၊အောင်မြေသုခကျွန်းလို့ခေါ်တဲ့နေရာရဲ့တိုးချဲ့ရပ်ကွက်ပါ၊
အမှားပြင်ချက် ၂ ။ ဦးခင် မောင်ရင် ) 27 May 2025
Khin Maung Yin ( ညောင်တုန်း ) ၏ Facebook book comment
ဒီမနက်၊မှာ ညောင်တုန်းနေ မိတ်ဆွေ ကိုမြင့်ကြည်ကို၊ဖုန်းဆက် ကြည့် တော့
ကမ်းပြိုတာက၊ညောင်တုန်းဖက်ခြမ်း ၄ လမ်း
၅ လမ်းဝန်းကျင်၊ယခင်ကညောင်ချောင်းသာ
ပေါ်တဲ့နေရလို့ပြောပါတယ်၊အဲ့ဒီကျွန်းပေါ်ကို
ရန်ကင်းစံရာကျွန်းပေါ်မှာ၊နေထိုင်သူတွေပြောင်းရွှေ့နေထိုင်တာကြောင့်၊ရန်ကင်းစံရာအနောက်ကျွန်း၊တိုးချဲ့ ၄ ရပ်ကွက်လို့ခေါ်ကြောင်းသိရပါတယ်၊အလှူခံ Post တင်တဲ့အခါ၊ညောင်တုန်းက၊ထိုက်စံကရန်ကင်းစံရာ
အနောက်ကျွန်း ၄ ရပ်ကွက်ကမ်းပြိုခြင်းလို့ခေါင်းစဉ်တပ်တော့၊ရန်ကင်းစံရာကျွန်းဖက်ကမ်းပြိုတာပဲထင်နေတာ၊ဒီနေ့မှတိတိကျကျသေသေသိရပါတယ်၊
ကယ်ဆယ်ရေးလုပ်ငန်းကလဲ၊မယ်မယ်ရရမရှိတော့၊သဘာဝဘေးကျရောက်သူတွေ၊အခက်အခဲအတော်တွေ့ကြတယ်လို့ကိုမြင့်ကြည်ထံကသိရပါတယ်၊
