ဂရုပြုစရာ နားရောဂါ BBC News Myanmar
နားအူခြင်း ပြဿနာ အဖြေရှာ နားယားလို့ နားဖာချေး ကလော်တံနဲ့ ကလိတာက ဘယ်လောက် အန္တရာယ်များသလဲ။ နားကိုက်၊ နားပြည်ယိုတာတွေ ဖြစ်လာရင် ဘာလုပ်သင့်သလဲ။ Ear infection လို့ခေါ်တဲ့ နားထဲ ရောဂါပိုးဝင်ရင် ဘာ့ကြောင့် မပေါ့သင့်သလဲ။ အထူးသဖြင့် ကလေးငယ်တွေ နားထဲ ရောဂါပိုးဝင်ပြီ ဆိုရင် ဘယ်လိုလက္ခဏာတွေနဲ့ သိနိုင်သလဲ။ အကြားအာရုံအတွက် အရေးပါတဲ့ နားကို ဘယ်လို ဂရုစိုက်သင့်သလဲ ဆိုတဲ့ နားနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ယူကေနိုင်ငံက နား၊ နှာခေါင်းနဲ့ လည်ချောင်းရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ ကျော်ထင်မောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။ ဘီဘီစီမြန်မာပိုင်း
နားပြဿနာ တွေ့နေသူများအတွက်
နားပြသနာ အဖြေရှာ
မိတ်ဆွေများအတွက်
ကူးယူဖေါ်ပြ မျှဝေပါသည် ။

ခေါင်းအရမ်းကိုက်လို့ ဆရာဝန်ဆီကို သွားပြရာမှ သိလိုက်ရတဲ့ သတိထားစရာတစ်ခု
May 23, 2020 Admin 0. Facebook post
ယခု သတင်းသည် နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ Page မှ ရေးသားထားသော သတင်း ဖြစ်သည်။
ဂွမ်းနားကြပ်တံတွေ အသုံးပြုပြီး နာဖာချေးကလော်ခဲ့တဲ့ ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ NOE (Necrotizing Otitis Externa) လို့ခေါ်တဲ့ ဦးခေါင်းခွံမှာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပွားခဲ့ပါတယ်။
ထိုအမျိုးသားဟာ Britain နိုင်ငံမှ ဖြစ်ပါတယ်။ သူဟာ ဒီဘက်တီးရီးယား ရောဂါပိုးကြောင့် ဦးခေါင်းခွံမှာ ထိခိုက်ခဲ့ပြီး သတိမေ့ခြင်း၊ အပြင်းအထန် ခေါင်းကိုက်ခြင်း စတဲ့ ဝေဒနာတွေ ခံစားရတာကြောင့် ဆေးရုံသို့ ရောက်ခဲ့ပါတယ်။
ထို့နောက် ဆရာဝန်တွေက သူ့ဆီမှာ NOE ဘက်တီးရီးယား ရောဂါကို တွေ့ခဲ့တာ ဖြစ်ပါတယ်။
ထိုအမျိုးသားဟာ နားကြပ်တံတွေကို အသုံးပြုခဲ့တာကြောင့် သူ့ရဲ့ နားရွက် အတွင်းထဲမှာ နားကြပ်တံ ဂွမ်းစများစွာ ပိတ်နေတာကို ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ထို့နောက် အဲ့ဒီနေရာမှာ ဘက်တီးရီးယား ရောဂါပိုးများ ဝင်ရောက်ခဲ့ပြီး နားပြွန်တစ်လျှောက်မှ တစ်ဆင့် ဦးခေါင်းခွံ အတွင်းထဲထိ ပျံ့နှံ့သွားခဲ့ပါတယ်။
သူဟာ ရောဂါဖြစ်နေမှန်း မသိခင်အထိ အချိန် ၅ နှစ်ကျော်နီးပါးလောက် ရောဂါလက္ခဏာနာတွေကို ခံစားနေခဲ့ရပါတယ်။
ဆေးရုံရောက်တဲ့အချိန် မတိုင်ခင်ထိ ထိုအမျိုးသားဟာ သူ့ကို အော့အန်စေလောက်တဲ့ အပြင်းအထန် ခေါင်းကိုက်ဝေဒနာ နဲ့ ဦးနှောကိအာရုံကြောနဲ့ဆိုင်တဲ့ လက္ခဏာတစ်မျိုးဖြစ်တဲ့ လူတွေရဲ့ အမည်များကို မေ့လျော့ခြင်း အစရှိတာတွေကို ကြုံတွေ့ခဲ့ရပါတယ်။
ထိုအမျိုးသားရဲ့ ဦးနှောက်ကို CT Scan ရိုက်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ဦးခေါင်းခွံ အောက်ခြေနားမှာ ပြည်တည်နာ တွေ ဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။
NOE ရောဂါ၏ တခြားသော လက္ခဏာများမှာ နားမှ တစ်ဆင့် အနံ့ဆိုးသော စိမ်း၊ ဝါညစ်ညစ် အရည်များ ယိုကျခြင်း၊ လှုပ်ရှားတိုင်း နားနာခြင်း၊ နားပြွန်အတွင်း၌ အဆက်မပြတ် ကိုက်ခဲခြင်း နှင့် အကြားအာရုံ ချို့တဲ့ခြင်းတို့ ဖြစ်ပါတယ်။
ကံကောင်းစွာနဲ့ပဲ ထိုအမျိုးသားဟာ အသေးစားခွဲစိတ်မှု ပြုလုပ်ကာ ကော်တွန် ဂွမ်းစ တွေကို ဖယ်ရှားပြီး ပင်နီဆီလင် ပဋိဇီဝဆေးများနှင့် ရက်သတ္တပတ် ၂ ပတ်ကြာအောင် ကုသမှု ခံယူပြီးနောက် အပြည့်အဝ ပြန်ကောင်းမွန်ခဲ့ပါတယ်။
ဒီ ဖြစ်စဉ်ဟာ သင့်ရဲ့ နားတွေကို အညစ်အကြေးတွေနဲ့ အမြဲညစ်ပတ်ပြီး နာဖာချေးတွေကို သန့်ရှင်းရေး မလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ NHS ကျန်းမာရေး အဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှ အဆိုအရ သင့်ရဲ့ နားအတွင်းထဲကို လက်ချောင်းများနဲ့ ဒါမှမဟုတ် နားကြပ်တံကဲ့သို့ အရာဝတ္ထုများ အစရှိတာတွေကို နာဖာချေး ကလော်ဖို့အတွက် အသုံးမပြုသင့်ပါဘူး။ အဲ့ဒါတွေကြောင့် နားအတွင်းထဲကို ပို၍ တွန်းပို့သလို ဖြစ်ပြီး ပိုဆိုးရွားနိုင်ပါတယ်။
နားကြပ်တံတွေကို အသုံးပြုရင်တောင် နားပြွန် အတွင်းထဲထိ ထိုးထည့်ပြီး သန့်ရှင်းရေးမလုပ်သင့်ပါဘူး။ အပြင်ပိုင်း နေရာများကိုသာ ရေနွေးနွေးနှင့် စိုစွတ်တဲ့ အဝတ်စများနဲ့ သုတ်ပြီး သန့်စင်နိုင်ပါတယ်။
SaEikhlein #foodblogger #credit
စာဖတ်သူများ၏ ခံစားချက် များ အတွေ့အကြုံများ
Thet Thet Khine တစ်ခါတရံ ခေါင်းလျှော်ပြီး
ရေ၀င်လို့ရယ်
နားယား လို့ရယ်
နားကြပ်ဂွမ်းတံသုံးပါတယ်
အရက်ပျံ ပါဆွတ်ပြီး သုံးတာပါ
(နား ဆရာ၀န် ကသုံးခွင့်ပြုပါတယ်)
အတွင်းထဲ အများကြီးလဲ မရောက်ပါ
ယခု အထိ သုံးနေတာ
နှစ်ပေါင်း ၃၀- ကျော်ပါပြီ
ထိခိုက်မှု ဘာမျှမရှိပါ
Aung Swe Tun
နားကြပ်ဂွမ်းနဲ့ နားသန့်ရှင်းရေးလုပ်တာ သတိထားရမယ့်ကိစ္စပါ
လွန်ခဲ့တဲ့ ၁နှစ်လောက်က ကျွန်တော်လည်းဖြစ်ခဲ့ဖူးပါတယ် ရောဂါလက္ခဏာက စစချင်းနားကိုက်တယ်၊ (ခရီးသွားတဲ့အခါ အမြင့်ပိုင်းဒေသကနေ မြေပြန့်ဒေသကိုဆင်းရင်ခံစားရသလိုမျိုး၊ ဥပမာ-မေမြို့ကနေ မန္တလေးကိုဆင်းရင်ခံစားရသလိုမျိုး) နားထဲလေဝင်သလိုအူနေတယ်။
နီးရာဆေးခန်းသွားပြတော့ ကင်မရာအသေးစားလေးပါတဲ့စက်နဲ့နားထဲကိုကြည့်တယ်။ နားထဲမှိုဆွဲတာလို့ပြောပါတယ်။ ပြီးတော့စက်ကိရိယာတွေနဲ့ သန့်ရှင်းရေးလုပ်ပေးလိုက်တယ်။ တစ်ပတ်နေရင်ပြန်လာဖို့ ရက်ချိန်းပေးပြီး သောက်ဆေးအချို့နဲ့ နားထဲခတ်တဲ့ဆေးရည်လည်းပေးလိုက်တယ်။ ဆေးခန်းပြလိုက်တဲ့နေ့ကတော့ နားအူတာပျောက်သွားပြီးသက်သာသလိုရှိပေမယ့် ဆေးသောက်၊ဆေးခတ်တဲ့ကြားက ၃ရက်လောက်နေတော့နားပြန်ကိုက်လာတယ်။ နောက်ဆုံးမခံနိုင်တော့ဆေးခန်းပြန်သွားပြတယ်။
ဖြစ်ချင်တော့ အရင်ပြခဲ့တဲ့ဆေးခန်းက ပိတ်ထားတာနဲ့ကြုံတာနဲ့ မန္တလေးမြို့မှာ နားနဲ့ပတ်သက်ပြီးနာမည်ကြီးတဲ့ ဆရာဝန်ကြီးဒေါက်တာဝင်းရွှင်ဆေးခန်းရောက်သွားတယ်။ ဆရာဝန်ကြီးကစစ်ပေးပြီးတော့တန်းပြီး စက်နဲ့သန့်ရှင်းရေးလုပ်ရမယ်ပြောပါတယ်။ နားအတွင်းထဲလည်းယောင်နေတယ်တဲ့။ ကံဆိုးရင်နားစည်ထိနိုင်တယ်လို့လည်းပြောပါတယ်။
ပထမဆေးခန်းက သန့်ရှင်းရေးလုပ်တာမပြောင်ခဲ့တာပေါ့။ ဖြစ်ပုံက ကိုယ့်ဟာကိုနားကြပ်တဲ့ဂွမ်းနဲ့ သန့်ရှင်းရေးလုပ်တုန်းဂွမ်းစနည်းနည်းက ကပ်ကျန်နေခဲ့တာ၊ တစ်ခုလုံးကျန်နေခဲ့တာမျိုးလည်းမဟုတ်တော့ သတိမထားမိဘူး။ အဲဒီကနေတဆင့် မှိုစွဲပြီးနားထဲအူနေတာ။ အဲဒါကိုကျွန်တော်ကယားပြီးထပ်ထိုးတော့ ပိုဆိုးလာတာ။ အခန့်မသင့်လို့ နားစည်ထိရင် အကြားအာရုံပါထိခိုက်နိုင်ကြောင်းလည်း ဆရာဝန်ကြီးကပြောပြတယ်။ ကံကောင်းပြီးနားစည်တော့မထိခိုက်ခဲ့ပါဘူး။သောက်ဆေးအချို့နဲ့ နားခတ်တဲ့ဆေးတွေထပ်ပေးလိုက်ပါတယ်။ မသက်သာရင်ပြန်လာပြဖို့နဲ့ နောက်နောင် နားထဲကို လျှောက်မထိုးဖို့မှာလိုက်ပါတယ်။ ၅ရက်လောက်ဆေးသောက် ဆေးခတ်လုပ်တော့ ပြန်သက်သာလာခဲ့ပါတယ်။ အဲဒီကတည်းက ခုထိနားထဲဂွမ်းနဲ့မထိုးဖြစ်တော့ပါ။
Lawyer Ai Kham နားထဲကနေ အရည်အ၀ါထွက်ထွက်နေတာ ကြာပီး
အရမ်းယားလို့ ခဏခဏ ၀ါးဂွမ်းလုံး နဲ့ကလော်တယ်
ဘာလုပ်သင့်လဲရှင့် ခုလည်းဖစ်နေတာ နည်းနည်းနေမကောင်းဖစ်ချင်တာနဲ့ အာါလိုဖစ်လာတယ်
KyinShu နားသန့်ဆေး နားနှာခေါင်းဆေးရုံ သျှင်ပါဂူဆေးရုံရှေ့ ဗျိုင်းရေအိုးစင်လမ်းထိပ် တာမွေမှာ ဝယ်လို့ရပါတယ်ရှင်၊အရင်ကဝယ်တာ 500,နောက် 700ခုတော့ဘယ်လောက်လဲမသိပါရှင်၊ဈေးမကြီးပါဘူး ဆေးရုံကတရားဝင်ရောင်းပေးတာပါနော်၊ကျမလည်း အရင်ကခေါင်းလျော်ပြီးတိုင်းရေဝင်လို့နားပြည်ခဏခဏတည်တယ်ရှင်၊ခုတော့မဖြစ်တော့ဘူး၊ ဆေးထည့် ခေါင်းခဏစောင်းနေ တအောင့်နေတော့သက်သာပါတယ်၊တခါထည့်မှ တစက် နှစ်စက်ပဲထည့်ရတာပါရှင်
Thinzar Tun ဝါးဂွမ်းလိပ်အရမ်းသုံးတော့ လွန်ခဲ့တဲ့၁နှစ်ကျော်က နားတွေခဲ တော်တော်ခံစားလိုက်ရတယ် မနေ့ကလည်းနားကလော်ရင်း ဝါးဂွမ်းလုံး အထဲကျန်ခဲ့တာ မနည်းလုပ်လိုက်ရတယ်🙁
SueHuang. အဲဒါလည်း မှားပါသေးတယ်၊ နားနဲ့ရေ က ရန်သူ ၊ ဆီနဲ့ကမိတ်ဆွေပါ။ နားအပြင်နားကိုသာ အရည်အသွေးကောင်းတဲ့နားကျပ်တံနဲ့သန့်စင်ပါ အတွင်းကိုအရမ်းမနှိုက်ရင်ရပြီ
နားဖာချေးရဲ့ Waxက ဖုန်တွေအမှုန်တွေကိုဖမ်းတာမို့ အနည်းငယ်ရှိရတယ်
ဈေးအသက်သာဆုံးနဲ့ အကောင်းဆုံးက ဂျပန်နားသန့်ဆေးပဲ၊ နားပြည်ယို နားကိုက်ဖြစ်တာ အထူးကုတွေရော ဆေးရုံကစက်ကြီးရောမနိုင်ဘဲပြန်ဖြစ်ပြီး မိတ်ဆွေတစ်ေယာက်ပြောသလို
ဂျပန်နားသန့်ဆေးသုံးပြီး မောရိယမန်းဆေးသောက်တာ ပြန်မဖြစ်တာဆယ်နှစ်ကျော်ပြီ
Salonတွေမှာ ခေါင်းလျှော်တဲ့အခါ ရေဝင်လို့ခံရတဲ့ဒုက္ခ
Oliver Scyll. ဟာဗျာ ကျနော်ဆို ၁၀ရက်ကျော်နေပြီ နားတွေကိုက် နားတွေနာနေတာ အရင်က ဂွမ်းတံ နားဖာကလော်တံတွေနဲ့ နားကလော်တယ် နားအတွင်းသားနုနုလေးတွေက ကလော်တာများတော့ ရောင်ရမ်းပြီး အနာသဘောဖြစ်လာတာ ဒီကြားထဲ အညှော်ပါမိတော့ မျက်ရိုးတွေ နားရင်းတွေ သွားကြောတွေပါ
အရမ်းနာတယ်ဗျ နားအတွင်းကို နားသန့်ဆေးရည် ယူဇောအနာသန့်စင်အရည်လေးတွေနဲ့ ကုသတော့ အခုတော့သက်သာလာပါပြီ တကယ်တော့ နားကလော်တတ်တဲ့အကျင့်က အတော်ဆိုးပါတယ် ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရမှာဗျ ဆင်ခြင်ကြပါဗျာ
Theingi Tin ခေါင်းလျှော် နားထဲရေဝင် ဂွမ်းတံနဲ့သုတ် နောက်တခါခေါင်းလျှော် သုတ်ပြန် ခနခနလုပ်ပြီးနားလုံးဝမကြားရတော့ နား စပါယ်ရှယ်လစ်ဆီရောက်သွားတော့ နားထဲ အခဲလိုက်ကြီးပိတ်နေလို့စက်နဲ့စုတ်ထုတ်ရမတဲ့
ဆေးထဲ့ထားပြီးနောက်နေ့စက်နဲ့စုတ်ထုတ်လိုက်ရပါရောလား
Maran Angela အဲဒါ ခဏခဏကြားဖူးတယ်။သငယ်ချင်းတယောက်လည်း ခေါင်းတခြမ်းက်ုက် နား တွေကိုက်လို့ဆေးရုံသွားတာ သူ့နားထဲ ဂွမ်းတွေ ပိတ်နေတာ တွေ့တယ်တဲ့။
Lawm Sian နားကို သန့်စင်တဲ့အခါမှာ နူးညံ့ပြီး ဘေးကင်းတဲ့နည်းလမ်းတွေကို အသုံးပြုဖို့ အရေးကြီးပါတယ်။ နားဖာချေးဟာ သဘာဝအလျောက် ဖြစ်ပေါ်တတ်ပြီး နားအတွင်းပိုင်းကို ဖုန်၊ ပိုးမွှားနဲ့ အညစ်အကြေးတွေကနေ ကာကွယ်ပေးပါတယ်။ ဒါကြောင့် နားကို အလွန်အကျွံသန့်စင်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။
နားသန့်စင်နည်း (ဘေးကင်းသောနည်းလမ်းများ)
- ပြင်ပသန့်စင်ခြင်း
- နားရွက်နဲ့ နားအပြင်ပိုင်းကို သန့်စင်ရန် စိုစွတ်သော ဂွမ်း (သို့) နူးညံ့တဲ့ အဝတ်စ ဖြင့် ညင်သာစွာ သုတ်ပေးပါ။
- ဆပ်ပြာနဲ့ ရေအနည်းငယ်သုံးပြီး သန့်စင်နိုင်သော်လည်း နားအတွင်းပိုင်းကို မထိမိစေရန် သတိထားပါ။
- ဆေးဝါးသုံးခြင်း (ဆရာဝန်ညွှန်ကြားချက်ဖြင့်)
- နားဖာချေးများပြီး ပိတ်ဆို့နေပါက နားဖာချေးပျော်ဆေး (ဥပမာ – ဆိုဒီယမ်ဘိုင်ကာဘွနိတ် ပါဝင်သောဆေး) ကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးနိုင်ပါတယ်။
- ဆေးကို နားထဲထည့်ပြီး ၅-၁၀ မိနစ်ထားကာ ပျော်သွားတဲ့နားဖာချေးကို ဂွမ်းစနဲ့ ညင်ညင်သာသာ သုတ်ယူနိုင်ပါတယ်။
- ရေနွေးနွေးလေးဖြင့် ဆေးကြောခြင်း
- ဆရာဝန်က လိုအပ်ပါက နားထဲကို ရေနွေးနွေးလေး (သို့) ဆားရည် ဖြင့် ဆေးကြောပေးနိုင်ပါတယ်။
- ဒီနည်းကို အိမ်မှာ မလုပ်ဘဲ ဆရာဝန် (သို့) နားအထူးကုနဲ့ပဲ ပြုလုပ်သင့်ပါတယ်။
ရှောင်ကြဉ်ရမည့်အချက်များ
❌ နားဂွမ်းတံ (Cotton bud) အသုံးမပြုရ – နားဖာချေးကို အတွင်းပိုမိုတွန်းသွားစေပြီး နားစည်ထိခိုက်နိုင်ပါတယ်။
❌ ချွန်ထက်သောပစ္စည်း (ဥပမာ – လက်သည်း၊ ခဲတံ) မသုံးရ – နားအတွင်းနံရံကို ထိခိုက်စေနိုင်ပါတယ်။
❌ ဆီ၊ ပါရာဖင်နဲ့ အိမ်သုံးဆေးများ မထည့်ရ – နားစည်ပျက်စီးစေနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ?
- နားကိုက်ခြင်း၊ ယားခြင်း၊ နီရဲခြင်း
- နားမှ အရည်ထွက်ခြင်း၊ အနံ့ဆိုးထွက်ခြင်း
- နားအကြားအာရုံ ရုတ်တရက်လျော့ခြင်း
သတိပြုရန် – နားသန့်စင်တာကို လိုအပ်မှသာ ပြုလုပ်ပါ။ သဘာဝနားဖာချေးဟာ ကာကွယ်မှုပေးတဲ့အတွက် လိုအပ်တာထက် ပိုမဖယ်ပါနဲ့။ နားပြဿနာရှိပါက ENT ဆရာဝန်နှင့် တိုင်ပင်ပါ။
Kyaw Gyi နားယားလို့ဂွမ်းစနားကြပ်နဲ့လုပ်ခဲ့လို့နားတအားကိုက်တာနဲ့ဆရာဝန်သွားပြတော့နားထဲဂွမ်းစတွေပိတ်ပြီးမှိုတွေတက်နေတာ မခွဲရလို့တော်သေး နားဆေးကိရိယာနဲ့ဆေးလိုက်ရတာ ပျောက်သွားခဲ့တယ် ကြောက်ပါပြီဗျာ ဂွမ်းတံတွေ မသုံးကြပါနဲ့ နားရောဂါဖြစ်မည် ဆရာဝန်ကလဲ မသုံးဘို့မှာလိုက်ပါတယ်
kyaw Gyi နားယားလို့ဂွမ်းစနားကြပ်နဲ့လုပ်ခဲ့လို့နားတအားကိုက်တာနဲ့ဆရာဝန်သွားပြတော့နားထဲဂွမ်းစတွေပိတ်ပြီးမှိုတွေတက်နေတာ မခွဲရလို့တော်သေး နားဆေးကိရိယာနဲ့ဆေးလိုက်ရတာ ပျောက်သွားခဲ့တယ် ကြောက်ပါပြီဗျာ ဂွမ်းတံတွေ မသုံးကြပါနဲ့ နားရောဂါဖြစ်မည် ဆရာဝန်ကလဲ မသုံးဘို့မှာလိုက်ပါတယ်
Aung Moe နဖါချေးရဲ့သဘောသဘာဝက သူ့ဟာသူအပြင်ထွက်ထွက်လာတတ်တယ်၊ ကလော်တံပဲသုံးတယ် တနှစ်မှာ 10ခါလောက်ပဲကလော်ရတယ်။
Paw Moo အဲ့ဒီလုပ်ပြီးသားတွေသုံးရင်မသုံးခင််သေခြာစွာအရက်ပြန်နဲ့စွပ်ပြီးချေက်အောင်ခနလေမှသုံးရင်ပိုကောင်းမည်လို့အကြံပေးပါသည် .
Ma Ma. သုံးတဲ့သူတွေရယ် အုန်းဆီတို့ baby mildတို့စွတ်ပီးမှ လုပ်ကြပါ
Daw Mee Mee ကျွန်မအဖေ အသက် ၉၀ကျော်ပါပြီ ရေချိုးပြီးတိုင်း ဂွမ်းတံနဲ့အမြဲနားကြပ်တယ် အကျင့်ဖြစ်နေတာ မကော်ရမနေနိုင် ပြောလို့မရဘူး နားတော်တော်လေးနေပြီ ဂွမ်းစတွေများဆို့နေလားမသိဘူး
Daw Thandar Tin. ဟယ်
ကျမလဲနားကြပ်တဲ့ဂွမ်းတံသုံးနေတာအမြဲ
ပြသနာပဲ
Nu Nu Yi ကိုယ်တိုင်ခံစားဘူးပါတယ်
နားခဏခဏမကော်ဖို့သတိပေးတော့မကော်ပဲထားမိပါတယ် နားနောက်ကိုထိရင် နာသလိုခံစားလာရပါတယ် ဆရာ၀န်ပြကြည့်တော့ လေစုပ်ထုပ်ပေးတာ နဖါချေးနဲ့ ဂွမ်းစတွေရောထွေးပြီးအခဲလိုက်ထွက်လာပါတယ်
Hay Man ကိုယ်ကတော့အမျိုးသမီးတွေခေါင်းမှာညှပ်တဲ့ကလစ်လေးနဲ့ကလော်တာပဲ ဟိုးအထဲထိမရောက်ဘူး အဲ့ကလစ်ဖင်လေးနဲ့ကော်တာ နဖာချေးရှိရင်အကွင်းလေးထဲပါလာတယ် ဘာအန္တရယ်မှမရှိဘူး
Khin Shu နားသန့်ဆေး နားနှာခေါင်းဆေးရုံ သျှင်ပါဂူဆေးရုံရှေ့ ဗျိုင်းရေအိုးစင်လမ်းထိပ် တာမွေမှာ ဝယ်လို့ရပါတယ်ရှင်၊အရင်ကဝယ်တာ 500,နောက် 700ခုတော့ဘယ်လောက်လဲမသိပါရှင်၊ဈေးမကြီးပါဘူး ဆေးရုံကတရားဝင်ရောင်းပေးတာပါနော်၊ကျမလည်း အရင်ကခေါင်းလျော်ပြီးတိုင်းရေဝင်လို့နားပြည်ခဏခဏတည်တယ်ရှင်၊ခုတော့မဖြစ်တော့ဘူး၊ ဆေးထည့် ခေါင်းခဏစောင်းနေ တအောင့်နေတော့သက်သာပါတယ်၊တခါထည့်မှ တစက် နှစ်စက်ပဲထည့်ရတာပါရှင်
Aung Swe Tun. နားကြပ်ဂွမ်းနဲ့ နားသန့်ရှင်းရေးလုပ်တာ သတိထားရမယ့်ကိစ္စပါ
လွန်ခဲ့တဲ့ ၁နှစ်လောက်က ကျွန်တော်လည်းဖြစ်ခဲ့ဖူးပါတယ် ရောဂါလက္ခဏာက စစချင်းနားကိုက်တယ်၊ (ခရီးသွားတဲ့အခါ အမြင့်ပိုင်းဒေသကနေ မြေပြန့်ဒေသကိုဆင်းရင်ခံစားရသလိုမျိုး၊ ဥပမာ-မေမြို့ကနေ မန္တလေးကိုဆင်းရင်ခံစားရသလိုမျိုး) နားထဲလေဝင်သလိုအူနေတယ်။ နီးရာဆေးခန်းသွားပြတော့ ကင်မရာအသေးစားလေးပါတဲ့စက်နဲ့နားထဲကိုကြည့်တယ်။ နားထဲမှိုဆွဲတာလို့ပြောပါတယ်။ ပြီးတော့စက်ကိရိယာတွေနဲ့ သန့်ရှင်းရေးလုပ်ပေးလိုက်တယ်။ တစ်ပတ်နေရင်ပြန်လာဖို့ ရက်ချိန်းပေးပြီး သောက်ဆေးအချို့နဲ့ နားထဲခတ်တဲ့ဆေးရည်လည်းပေးလိုက်တယ်။ ဆေးခန်းပြလိုက်တဲ့နေ့ကတော့ နားအူတာပျောက်သွားပြီးသက်သာသလိုရှိပေမယ့် ဆေးသောက်၊ဆေးခတ်တဲ့ကြားက ၃ရက်လောက်နေတော့နားပြန်ကိုက်လာတယ်။
နောက်ဆုံးမခံနိုင်တော့ဆေးခန်းပြန်သွားပြတယ်။ ဖြစ်ချင်တော့ အရင်ပြခဲ့တဲ့ဆေးခန်းက ပိတ်ထားတာနဲ့ကြုံတာနဲ့ မန္တလေးမြို့မှာ နားနဲ့ပတ်သက်ပြီးနာမည်ကြီးတဲ့ ဆရာဝန်ကြီးဒေါက်တာဝင်းရွှင်ဆေးခန်းရောက်သွားတယ်။ ဆရာဝန်ကြီးကစစ်ပေးပြီးတော့တန်းပြီး စက်နဲ့သန့်ရှင်းရေးလုပ်ရမယ်ပြောပါတယ်။ နားအတွင်းထဲလည်းယောင်နေတယ်တဲ့။ ကံဆိုးရင်နားစည်ထိနိုင်တယ်လို့လည်းပြောပါတယ်။ ပထမဆေးခန်းက သန့်ရှင်းရေးလုပ်တာမပြောင်ခဲ့တာပေါ့။
ဖြစ်ပုံက ကိုယ့်ဟာကိုနားကြပ်တဲ့ဂွမ်းနဲ့ သန့်ရှင်းရေးလုပ်တုန်းဂွမ်းစနည်းနည်းက ကပ်ကျန်နေခဲ့တာ၊ တစ်ခုလုံးကျန်နေခဲ့တာမျိုးလည်းမဟုတ်တော့ သတိမထားမိဘူး။ အဲဒီကနေတဆင့် မှိုစွဲပြီးနားထဲအူနေတာ။ အဲဒါကိုကျွန်တော်ကယားပြီးထပ်ထိုးတော့ ပိုဆိုးလာတာ။ အခန့်မသင့်လို့ နားစည်ထိရင် အကြားအာရုံပါထိခိုက်နိုင်ကြောင်းလည်း ဆရာဝန်ကြီးကပြောပြတယ်။ ကံကောင်းပြီးနားစည်တော့မထိခိုက်ခဲ့ပါဘူး။သောက်ဆေးအချို့နဲ့ နားခတ်တဲ့ဆေးတွေထပ်ပေးလိုက်ပါတယ်။ မသက်သာရင်ပြန်လာပြဖို့နဲ့ နောက်နောင် နားထဲကို လျှောက်မထိုးဖို့မှာလိုက်ပါတယ်။ ၅ရက်လောက်ဆေးသောက် ဆေးခတ်လုပ်တော့ ပြန်သက်သာလာခဲ့ပါတယ်။ အဲဒီကတည်းက ခုထိနားထဲဂွမ်းနဲ့မထိုးဖြစ်တော့ပါ။
