HEALTH MATTERS ; အစာလဲဆေး Healthy Foods , COFFEE -Pros , Cons and Tea

“ရေ” ကို ကျန်းမာရေး အတွက် ဘယ်အချိန်မှာ သောက်းသုံးသင့်သလဲ. anjalisharma #ကျန်းမာရေး #ကျမ်းမာရေးဗဟုသုတ #reelsviralシfb #reelsfb #reelsvideoシ #reelsviralシ. https://m.facebook.com/story.php?story_fbid=pfbid02fAcyPHB59boytZ265U2mWFoPmr5mvzDW8NJi2pzS87qYVS2zsLJfaRbctpTWwJXgl&id=100091809851085

☕ ကော်ဖီအကြောင်း သိကောင်းစရာအဖြာဖြာ ☕
======t=====h=====u=====r=====a=====
✍️ #ဆောင်းပါးရှင် ပေါက်ပေါက်

☕ ကော်ဖီရာဇ၀င်။☕
thura အီသီယိုးပီးယားနိုင်ငံသည် ကမ္ဘာ့ပထမဆုံးနိုင်ငံ အဖြစ် ကော်ဖီကို (၉) ရာစုခန့်ကတည်းက အစပြု သောက်သုံးလာခဲ့ရာ၊ (၁၆) ရာစုနှစ် ရောက် သောအခါ ကမ္ဘာတစ်၀န်း၌ “အာရေဗျဝိုင်” ဟု ရေပန်းစားလာခဲ့သည်။ ယနေ့ထိတိုင် ကော်ဖီကို လူမျိုးမရွေး၊ ဘာသာမရွေး အာသာငမ်းငမ်း သောက်သုံး လျက် ရှိနေကြပါသည်။ လတ်တလော စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အာရေဘီကာကော်ဖီစေ့ကို ၇၀ ရာခိုင်နှုန်း အသုံးပြုကြကြောင်း၊ ရိုဘက်စတာ ကော်ဖီစေ့ကို အသုံးပြုမှု နည်းသော်လည်း အခါးဓာတ်များ၍ ကဖိန်းဓာတ် နှစ်ဆပိုသဖြင့် နှစ်သက်သူများကြောင်း၊ လက်ရှိ နိုင်ငံပေါင်း ၅၀ ခန့်မှ တောင်သူ များသည် ကော်ဖီစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြကြောင်း နှင့် ကမ္ဘာပေါ်တွင် ကုန်သွယ်မှုအများဆုံး ရပ်တည်လျက်ရှိသည့် ထုတ်ကုန်မှာ ရေနံဖြစ်ပြီး၊ ဒုတိယမြောက် ကုန်သွယ်မှုအများဆုံး ထုတ်ကုန်မှာ ကော်ဖီဖြစ်ကြောင်း လေ့လာသိရသည်။

ကမ္ဘာသုံး အစားအသောက်တစ်မျိုးဖြစ်သော ကော်ဖီကို အဖျော်ယမကာအဖြစ် မြှင့်တင်ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် အောက်တို ဘာလ (၁) ရက်နေ့ကို “ International Coffee Day – အပြည်ပြည်ဆိုင်ရာကော်ဖီနေ့ ” အဖြစ် သတ်မှတ်ထားသည်။ အပြည်ပြည်ဆိုင်ရာ ကော်ဖီအဖွဲ့အစည်း၏ သဘောတူညီချက်အရ အီတလီမြောက်ပိုင်း၊ မီလန်မြို့တွင် ကမ္ဘာ့ပထမဆုံး အပြည်ပြည်ဆိုင်ရာ ကော်ဖီနေ့ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့၌ စတင် သတ်မှတ်ခဲ့ကြောင်း လေ့လာသိရသည်။ ထိုသို့သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ တရားမျှတသော ကော်ဖီရောင်း၀ယ်မှုကို မြှင့်တင်ရန် နှင့် ကော်ဖီ စိုက်ပျိုးသူများ၏ အခက်အခဲကို အသိပညာပေးရန် တို့ဖြစ်သည်။ International Coffee Day သည် နှစ်စဉ် သက်၀င်လှုပ်ရှားလျက်ရှိပြီး အချို့သော ကုမ္ပဏီ များက ကော်ဖီနေ့ နှုတ်ခွန်းဆက်ကဒ်များနှင့်အတူ အခမဲ့ e – ကဒ်များ ရောင်းချကြသည်။ ကော်ဖီသည် ကမ္ဘာသုံးအဖျော်ယမကာ ဖြစ်သည့်အားလျော်စွာ မျက်မှောက်ကာလတွင် စီးပွားရေးနယ်ပယ်အသီးသီး၌ ကော်ဖီခွက်ကို အခမဲ့ (သို့မဟုတ်) လျှော့စျေး ၀န်ဆောင်မှုပေးကြသလို၊ အချို့သော စီးပွားရေး လုပ်ငန်းရှင်များကလည်း ကူပွန်များဖြင့် အထူး စျေးရောင်းမြှင့်တင်ခြင်းများကို လူမှုကွန်ယက်မှတဆင့် မျှဝေလျက်ရှိသည်။
https://www.facebook.com/share/p/15cpBkU5JT/?mibextid=oFDknk

☕ မြန်မာ့ကော်ဖီ။☕
there

နိုင်ငံတကာတွင် ကော်ဖီကို တန်ဖိုးထားမက်မောစွာ သောက်သုံးကြသလို မြန်မာနိုင်ငံတွင်လည်း ကော်ဖီသောက်သုံးသည့် အလေ့အထ ရှိနေကြ သည်။ မြန်မာနိုင်ငံ၌ စျေးကွက်၀င်ကော်ဖီမျိုး စိုက်ပျိုးလျက်ရှိပါသည်။ လက်ရှိ ကော်ဖီစိုက်ဧက သုံးသောင်းကျော်ရှိပြီး ဒေသအလိုက် ကော်ဖီစေ့မှ ကော်ဖီ မှုန့် ဖြစ်လာသည့် အာရေဘီကာ နှင့် ရိုဘက်စတာမျိုး နှစ်မျိုးကို အဓိကစိုက်ပျိုးကြသည်။ ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး၊ ကော်ဖီ စိုက်ဧက တစ်သောင်းကျော်ရှိကာ စျေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်သည်။
https://m.facebook.com/story.php?story_fbid=429795961846561&id=100044484822051

☕ဆေးဖက်၀င် ကော်ဖီ။☕
thura

Aroma မျိုးနွယ်၀င်ဖြစ်သည့် အပင်မှရရှိတာကြောင့် ကော်ဖီက ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ကြောင်း နိုင်ငံတကာ ကျန်းမာရေး သုတေသီများ၏ မှတ်တမ်းတချို့ကို အောက်ပါအတိုင်း လေ့လာသိရသည်။

· ကော်ဖီတွင် ရောဂါပိုးမွှားများကို တိုက်ဖျက်ကာကွယ်ပေးနိုင်သည့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်း (ခေါ်) antioxidant အာဟာ ရ ဓာတ်သတ္တုများစွာ ပါ၀င်နေသည်။

· ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းမှုကို ကော်ဖီက အားပေးကူညီပေးနိုင်သည်။

· အသည်းကို အားကောင်းလာစေသည်။

· ပါကင်ဆန် (ခေါ်) အသက်ကြီး၍ ခြေတုန်လက်တုန်ရောဂါများ နှင့် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါများ ဖြစ်နိုင်ခြေကို လျော့ချ ပေးနိုင်သည်။ ထို့ကြောင့် အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းများကို ကဖိန်းဓာတ်နည်းသော ကော်ဖီပျော့ပျော့ နေ့စဉ် တိုက်ကျွေးသင့် ကြောင်း the University of South Florida နှင့် the University of Miami တို့မှ သုတေသီများက အကြံပြုထားကြသည်။

· အချိုမပါသောကော်ဖီ တနေ့ နှစ်ခွက် ပုံမှန်သောက်ခြင်းက ဆီးချိုအမှတ်ရောဂါ-၂ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျော့ချပေးကြောင်း The American Chemical Society က အကြံပြုထားသည်။

· ကဖိန်းဓာတ်က သွေးထဲရှိ ဖက်တီးအက်ဆစ် ပမာဏကိုတိုးပွားစေကာ၊ ထိုအက်ဆစ်တွေကို ခန္ဓာကိုယ်ကြွက်သားများက စုပ်ယူ လောင်မြိုက် ပေးသဖြင့် ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်းကို သက်သာစေသည်။ အထူးသဖြင့် မာရသွန်၊ ပြေးခုန်ပစ်၊ ကြက်တောင် နှင့် စက်ဘီးစီး စသည့် အားကစားသမားများအတွက် ကော်ဖီက အထောက်အကူပြုကြောင်း The New York Times မှာ ဖော်ပြထားသည်။

· အမျိုးသား၊ အမျိုးသမီး ဦးရေစုစုပေါင်း တစ်သိန်းကျော်ကို အနှစ် (၂၀) ကြာ သုတေသနပြုပြီးနောက် ကော်ဖီက အရေပြားကင်ဆာနှင့် ရင်သား ကင်ဆာ ဖြစ်နိုင်ခြေ လွန်စွာနည်းပါးစေကြောင်း Brigham and Women’s Hospital မှ အကြံပြုထားသည်။

· ကော်ဖီသောက်ပြီးနောက် စိတ်ကိုလန်းဆန်း ပျော်ရွှင်လာစေသဖြင့် ဆယ်ကျော်သက်များ မိမိကိုယ်ကို သေကြောင်းကြံစည်လိုမှု ၅၀ ရာခိုင်နှုန်း လျော့ချပေးနိုင်ကြောင်း the Harvard School of Public Health မှ အတည်ပြုထားသည်။
https://www.facebook.com/share/p/15cpBkU5JT/?mibextid=oFDknk

· ကိုရီးယားနိုင်ငံ Seoul National University က ကြွက်များ နှင့် စမ်းသပ်ပြီးနောက်မှာ ကော်ဖီက စိတ်ကျရောဂါကို ပျောက်ကင်းစေသည့်ပြင် လိင်စိတ်နိုးကြွစေသည်ဟု ဆိုပါသည်။

· ၂၀၀၆ ခုနှစ်ကလည်း အမေရိကန်မှာ အရက်စွဲနေသူ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ကို (၂၂) နှစ်ကြာ သုတေသန ပြုချက်များအရ၊ နေ့စဉ် ကော်ဖီတစ်ခွက် ပုံမှန်သောက်သူတွေမှာ အရက်ကြောင့်ဖြစ်သည့် အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေအလားအလာ ၂၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း လေ့လာသိရသည်။

· ကော်ဖီက အရွယ်တင်နုပျိုစေသည့်အပြင် သည်းခြေအိတ်ကျောက်တည်ခြင်း၊ မကြာခဏ မျက်စိ ပုတ်ခတ်ပုတ်ခတ်လုပ်သူများ၊ သွားပိုးစား ခြင်း၊ ဂေါက် (ခေါ်) အဆစ်မြစ်ရောင်ရမ်းနာများ စသည်တ်ို့အတွက် ဆေးဖက်၀င်ကြောင်း ကျန်းမာရေးသုတေသီများက ဆိုထားသည်။

· ကော်ဖီက လူ့သငံရည်(သားနံရည်)ကြော အဖွဲ့အစည်းကို အဆိပ်အတောက်ပြေစေသည်။ အထူးသဖြင့် orange peel (ခေါ်) အရေပြား အဖု အထစ် ကြမ်းတမ်းခြင်းကို သက်သာစေနိုင်သည်။ ထို့ကြောင့် အရေပြားရောဂါရှိသူများက ကော်ဖီမှုန့်ဖြင့့်ပြုလုပ်ထားသည့် ဆပ်ပြာ၊ ကရင်မ်၊ လိုးရှင်းများကို အသုံးပြုသင့်ကြောင်း လှပမှုဆိုင်ရာ အရေပြားရောဂါဗေဒ ပညာရှင်များက Beauty Mantra (ခေါ်) အမေရိကန် အလှအပ ဆိုင်ရာ အင်တာနက်စာမျက်ထက်တွင် အကြံပြုထားသည်။

· ၂၀၁၅ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ဗြိတိန်နိုင်ငံ Imperial College London မှ စမ်းသပ်ချက်အရ အမျိုးသမီးဦးရေ ၄၅၆,၀၀၀ ကို လေ့လာခဲ့ရာ တစ်နေ့ ကော်ဖီ သုံးခွက် သောက်သုံးလေ့ရှိသော အမျိုးသမီးများမှာ သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်မှုအန္တရာယ်ကို ၁၈ ရာခိုင်နှုန်း လျော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

· ၂၀၁၅ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် အီတလီနိုင်ငံ၊ ဘာရီမြို့ရှိ ဆေးဝါးသုတေသန ပညာရှင်များက အသက်အရွယ်ကြီးရင့်သူ ၁,၄၀၀ အား စမ်းသပ် လေ့လာခဲ့ရာ၌ မပြင်းလွန်းမပျော့လွန်း(အလယ်အလတ်စား) ကော်ဖီသောက်သုံးသည့် အလေ့အကျင့်သည် ဦးနှောက်ကျန်းမာရေးကို အ ထောက်အကူပြုကြောင်း တွေ့ရသည်။ အဆိုပါလေ့လာမှုအား အီတလီ ဘာရီအယ်လ်ဒိုမော်ရိုတက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ အသက် ၆၅ နှစ် မှ ၈၄ နှစ် အရွယ်ကြား သက်ကြီးပိုင်း ၁,၄၄၅ ဦး၏ ကော်ဖီသောက်သုံးခြင်း နှင့် အာရုံကြောဆိုင်ရာ ကျန်းမာသန်စွမ်း ခြင်း ဆက်နွှယ်နေမှုအပေါ် သုံးနှစ် ကြာအချိန်ယူ၍ လေ့လာခဲ့သည်။ နေ့စဉ် ကော်ဖီ နှစ်ခွက် သောက်သုံးခြင်းက ဦးနှောက်၏စွမ်းအင်ကို တိုး တက်လာစေနိုင်ကြောင်း နှင့် အဆိုပါတွေ့ရှိမှုအား ဦးနှောက်အမေ့လွန်ရောဂါနှင့် ပတ်သက်သည့် အယ်လ်ဇိုင်းမားဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ ခြင်းဖြစ်သည်။

· အိမ်ခန်းအတွင်း အနံ့ဆိုးများ မရှိစေရန်အတွက် ကော်ဖီမှုန့်က အသုံးတည့်လှသည်။ ကော်ဖီအမှုန့် (ground coffee) ကို အဝတ်အိတ်ပါးထဲ ထည့်၍ အခန်းထောင့်ပတ်လည်မှာ ချိတ်ဆွဲထားပေးပါ။ ၄င်းကော်ဖီမှုန့်က ဆေးလိပ်မီးခိုးတွေကိုလည်း စုပ်ယူပေးနိုင်ပါသည်။ သင်းပျံ့နေသော ကော်ဖီရနံ့က ကော်ဖီချစ်သူများအတွက် စိတ်အာရုံကြည်လင်လန်းဆန်းမှုကို ဖြစ်စေပါသည်။

နေ့စဉ်ကော်ဖီသောက်ခြင်းက ဆီးချိုရောဂါအမှတ်-၂ ကို ကာကွယ်ရာရောက်။

ဆီးချိုရောဂါအမှတ်-၂ ဆိုသည်မှာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ကို တုံ့ပြန်နိုင်အား ကျဆင်းလာသည့်အတွက် အင်ဆူလင်မလိုအပ်ဘဲ အင်ဆူ လင်ကို တုံ့ပြန်ပေးနိုင်သည့်ဆေးဝါးများ လိုအပ်ခြင်းကြောင့် ဖြစ်လာရသည့် နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပေသည်။ ပျမ်းမျှ အသက် ၃၅ အထက်မှာ စဖြစ် လေ့ရှိပြီး သွေးတိုး၊ နှလုံးရောဂါတို့နှင့် ဆက်စပ်နေသည်။ သက်ကြီးပိုင်းဖြစ်လေ့ရှိသော ဆီးချိုရောဂါ၏ ၉၀ ရာခိုင်နှုန်းခန့်က ၄င်းဆီးချိုရောဂါအမှတ်-၂ ဖြစ်ပါ သည်။
https://www.facebook.com/share/p/15cpBkU5JT/?mibextid=oFDknk

ကော်ဖီကြိုက်သူများအတွက် သတင်းကောင်းလေးဖြစ်ပါသည်။ “ ကော်ဖီကို ရံဖန်ရံခါမှ သောက်သူတွေထက်စာရင်၊ ကော်ဖီကို နေ့စဉ်ပုံမှန် သောက်သူများဟာ ဆီးချိုရောဂါအမှတ်-၂ ဖြစ်နိုင်ခြေအလားအလာ နည်းပါးနိုင်တယ် ” ဟု ပြင်သစ်နိုင်ငံ အခြေစိုက် AFP သတင်းဌာနမှ သတင်း ထုတ်ပြန် ထားသည်။ ယခုလို ကော်ဖီ နှင့် ဆီးချိုရောဂါဆက်စပ်မှု သုတေသနကို Diabetologia အသင်းအဖွဲ့မှ စေတနာ့ရှင် ကျန်းမာရေး၀န်ထမ်းဦးရေ ၁၂၀,၀၀၀ ကျော်နှင့် လေ့လာစမ်းစစ်ခဲ့ခြင်း ဖြစ်သည်။ လေးနှစ်ကြာမျှ ကော်ဖီ စွဲသောက်လာခဲ့ကြသူများဖြစ်ကြသော ထိုကျန်းမာရေး၀န်ထမ်းများကို အုပ်စု (၂) စုခွဲ၍ လေ့လာကြည့်ရာ ယခုလို အဖြေထွက်ရှိခဲ့သည်။ (က) တစ်နေ့လျှင် ကော်ဖီ ပျမ်းမျှ တစ်ခွက် (သို့မဟုတ်) တစ်ခွက်ခွဲ သောက်လေ့ရှိသူက ဆီးချိုရောဂါ အမှတ်-၂ ဖြစ်နိုင်ခြေအလားအလာ ၁၁ ရာခိုင်နှုန်းနည်းပါးကြောင်း၊ (ခ) တချို့နေ့တွေမှာ ပုံမှန်သောက်နေကျ တစ်ခွက်ထက်ပို၍ နှစ်ခွက်တိတိ သောက် တတ်သူများက ဆီးချိုရောဂါအမှတ်-၂ ဖြစ်နိုင်ခြေ အလားအလာ ၁၈ ရာခိုင်နှုန်းထိ နည်းပါးသွားကြောင်း၊ (ဂ) ဘော့စတွန်နိုင်ငံရှိ the Harvard School of Public Health မှ Shilpa Bhupathiraju ဆိုသူက ထိုသုတေသနကို ဦးဆောင်းသူဖြစ်ကြောင်း the European Association for the Study of Diabetes (ခေါ်) ဆီးချိုရောဂါ လေ့လာစောင့်ရှောက်ရေး ကျန်းမာရေးဂျာနယ်တစ်စောင်မှာ ယခုလို အကျယ်တ၀င့် ဖော်ပြထားသည်။

၄င်းအဆိုကို the Science Media Centre မှ ကျွမ်းကျင်သူများကလည်း အတည်ပြု ထောက်ခံထားကြပြီး၊ ကော်ဖီ တစ်ခွက် နေ့စဉ် သောက်သင့် ကြောင်း နှင့် တချို့နေ့တွေမှာ နှစ်ခွက်သောက်ခြင်းဖြင့် ဆီးချိုရောဂါဖြစ်မလာအောင် ထိန်းထားနိုင်ကြောင်း ထပ်လောင်းအကြံပြုထားသည်။ သို့သော် အထက်ပါသုတေသန ပြုချက်ထဲတွင် လ္ဘက်ရည် နှင့် decaffeinated coffee (ခေါ်) ကဖိန်းဓာတ်မပါသည့် ကော်ဖီအမျိုးအစားတွေကို မဆိုလိုပေ။ အကယ် ၍ လ္ဘက်ရည် နှင့် decaffeinated coffee တို့ကို စွဲသောက်သည့်အခါ သွေးထဲမှာ သကြားဓာတ်တွေများလာပြီး ဆီးချိုအမှတ်-၂ ဖြစ်စေသည့်အပြင် အ၀လွန်ရောဂါလည်း ဖြစ်လာစေနိုင်ကြောင်း သိရသည်။
https://m.facebook.com/story.php?story_fbid=429795961846561&id=100044484822051

☕ ကော်ဖီ နှင့် ဘေးထွက်ဆိုးကျိုး။☕
thura

ကော်ဖီက အထက်ပါကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သော်လည်း မွေးရာပါကိုယ်ခံအားနည်းသူများ၊ ကဖိန်းဓာတ်နှင့် ဓာတ်မ တည့်သူများ၊ ကဖိန်းဓာတ်ပြင်းပြင်း သောက်သုံးသူများ နှင့် ကော်ဖီအမှုန့်ကို မစစ်ခံဘဲ သောက်မိသည့်အခါ ခန္ဓာကိုယ်ကိုအကျိုးယုတ်စေသည့် LDL ကိုလက်ထရောများ မြင့်တက်လာပြီး နှလုံးသွေးကြောရောဂါ၊ အစာအိမ်အချဉ်ဖောက်ခြင်း၊ အာရုံကြောကိုနှိုးဆွ၍ အိပ်မပျော်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း သွေးတိုးရောဂါ၊ အရိုးပါးရောဂါ၊ အစာအိမ် နှင့် အူလမ်းကြောင်း အတွင်းဖုံးလွှာထိခိုက်ခြင်း၊ သွားများညိုမည်းခြင်း စသည်တို့ ဖြစ်တတ်သည်။ ထို့ပြင် ကော်ဖီ အသောက်များသော ကလေးငယ်တွေမှာ ခန္ဓာကိုယ်ကြီးထွားမှုနှောင့်နှေးခြင်း၊ ကိုယ်၀န်ဆောင်မိခင်လောင်းများ၌ သားလျောသားပျက်ခြင်း စသည့် ဘေး ထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။

☕ ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန်။☕
thura

“သူ့ခါးသက်သက်အရသာလေးက လျှာရင်းမြက်စေသလို၊ နက်ရှိုင်းတဲ့ရနံ့လေးကို ရှုရှိုက်မိတိုင်း စိတ်ဘ၀င်ကို ကြည်လင် လန်းဆန်းသွားစေတယ်” ဟု ကော်ဖီချစ်သူများက မှတ်ချက်ချကြသည်။ နိုင်ငံတကာဆေးသုတေသီများ၏ စမ်းစစ်မှုအရ၊ နံနက် အိပ်ယာနိုးထပြီးနောက် တစ်နာရီခန့်အကြာသည် ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ကော်ဖီမသောက်ခင် အစားအစာ အဖတ်တစ်ခုခုဖြစ်စေ၊ ပေါင်မုန့်ကြမ်း တစ်ချပ်ဖြစ်စေ စားပြီးမှသာ သောက်ကြပါရန် အကြံပြုထားသည်။ ထို့ပြင် နေ့လည်စာစားပြီးနောက် တစ်နာရီကျော်အကြာ နှင့် ညနေခင်း အချိန်တွေက လည်း ကော်ဖီသောက်ရန် သင့်တော်ကောင်းမွန်သည့် အချိန်များဖြစ်ပါသည်။
https://www.facebook.com/share/p/15cpBkU5JT/?mibextid=oFDknk

☕ ကော်ဖီရှောင်ရမည့် အချိန်။☕
thura

ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန် ကော်ဖီ လုံး၀ မသောက်ရ။ အသင့်အတင့် ကော်ဖီသောက်ခြင်းက ကျန်းမာရေးနှင့် ညီညွတ်ကြောင်းကို သိထား ကြပြီး ဖြစ်သည်။ အထူးသဖြင့် ကော်ဖီထဲမှာပါရှိသည့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါ သည်။ သို့သော် အသီးအနှံမျိုးနွယ်၀င် ကော်ဖီစေ့ထဲမှာ chlorine genic အက်ဆစ် (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိနေကြောင်း တွေ့ရသည်။ အစားအသောက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်သူများ၏ လေ့လာချက်များအရ၊ ၄င်းဓာတ်တိုးဆန့်ကျင်ပစ္စည်းက ဟာလာဟင်းလင်းဖြစ်နေသည့် အစာအိမ်၊ တစ်နည်းအားဖြင့်ဆိုသော် ဗိုက်ထဲမှာ ဘာအစာမျှမရှိဘဲ ကော်ဖီသောက်မိတဲ့အခါ ဆိုးရွားသည့် ဓာတ်ဖောက်ပြန်မှုကို ခံစားရစေနိုင်ကြောင်း တွေ့ရသည်။

အသေးစိပ်အနေဖြင့်ဆိုသော် ဟာလာဟင်းလင်းဖြစ်နေသည့် အစာအိမ်ထဲကို ဘလက်ခ်ကော်ဖီ(နို့ လုံး၀ မပါသောကော်ဖီကြမ်း) တစ်ခွက် လောင်း ထည့်လိုက်သောအခါ အစာချေအင်္ဂါ အစိပ်အပိုင်းများထဲမှ hydrochloric အက်ဆစ်ထွက်ရှိလာပြီး အစာအိမ်ရောင်ရမ်းနာရောဂါကို ဖြစ်စေသည်။ မည်မျှပင် ကျန်းမာနေသော အစာအိမ်ဖြစ်ပါစေ ထိုကဲ့သို့ သောက်သုံးလိုက်ခြင်းကြောင့် hydrochloric အက်ဆစ်များ အစာအိမ်ထဲမှာပျံ့နှံ့သွားပြီးနောက် ထမင်း (သို့ မဟုတ်) အဖတ်များ စားပြီးသည့်အခါ ထိုအစားအစာတွေကို အစာအိမ်က ကောင်းစွာချေဖျက်ရန် ခက်ခဲသွားသည်။ ထို့ပြင် ထိုအစားအစာများထဲမှာ ပါရှိ သော ပရိုတင်းအာဟာရ တန်ဖိုးများမှာလည်း အာနိသင်ပျက်ပြယ်လုနီးပါး ဖြစ်သွားသည်။ ၄င်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်အက်ဆစ် အထွက်များခြင်း၊ ပျို့ချင်အန်ချင်ခံစားရခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အူရောင်လေပွခြင်း စသည်တို့အပြင် အဆုံးစွန်သော ဆိုးကျိုး အဖြစ် အူမကြီးကင်ဆာကိုပါ ဖြစ်စေနိုင်သည်။

တဖန် အမေရိကန်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အိပ်စက်ခြင်း နှင့် ကော်ဖီသောက်သုံးခြင်းကြောင့် သက်ရောက်မှုများကို လူ ၅ ဦး ဖြင့် အချိန်တစ်လခွဲကြာ လေ့လာခဲ့ကြရာ (က) ကော်ဖီတွင်ပါ၀င်သော ကဖိန်းဓာတ်က ကိုယ်တွင်း ဇီဝြဖစ်စဉ်များကို မိနစ် ၄၀ ခန့် နောက်ကျစေကြောင်း၊ (ခ) ညနေပိုင်း ကော်ဖီသောက်သုံးခြင်းက အိပ်ယာ၀င်ချိန်ကို တစ်နာရီခွဲခန့်ထိ နောက်ကျသွားစေကြောင်း၊ (ဂ) ညအိပ်ယာ၀င်ချိန်မတိုင်မီ သုံးနာရီအတွင်း ကော်ဖီသောက်သုံးခြင်းက အိပ်ပျော်စေသော ဟိုမုန်းများထုတ်လုပ်မှုကို မိနစ် ၄၀ ခန့်နောက်ကျစေကြောင်း၊ (ဃ) ညနေပိုင်း ကော်ဖီသောက်ခြင်းက အိပ်၍ မပျော်စေရုံသာမက ကိုယ်တွင်းအင်္ဂါများ လှုပ်ရှားလည်ပတ်မှုဖြစ်စဉ်များကို နှေးကွေးသွားစေကြောင်း စသည်ဖြင့် အဖြေထွက်ရှိသည်။ ထို့ကြောင့် ၄င်းအချိန် များမှာလည်း ကော်ဖီသောက်ရန် မသင့်ပေ။ (င) အရေးကြီးဆုံးအချက်က နံနက်အိပ်ယာထထချင်း ကော်ဖီကို အလျင်စလို မသောက်ပါနှင့်။ အဘယ် ကြောင့်ဆိုသော် နံနက်အိပ်ယာ ထထချင်း ကော်ဖီသောက်မိရာ ခန္ဓာကိုယ်ထဲမှာ cortisol ပမာဏ ရုတ်တရက်တိုးပွားလာကြပြီး၊ ၄င်း cortisol တွေက ခန္ဓာ ကိုယ်တွင်း ဇီဝြဖစ်စဉ်နာရီများကို ကြီးမားသည့် အဟန့်အတားများ ဖြစ်စေနိုင်ပါသည်။ (စ) သိုသော် ချွင်းချက်အဖြစ် ကော်ဖီသောက်သုံးခြင်းက စံတော်ချိန် မတူညီသော နိုင်ငံများသို့ခရီးထွက်ရာတွင် အချိန်ထိန်းညှိမှုအတွက် အကျိုးဖြစ်ထွန်းစေပါမည်။

သို့ပါ၍ အသက်ရှည်ရာ အနာမဲ့ကြောင်း ဖြစ်စေဖို့အတွက် ဗိုက်ထဲမှာ ဘာအစာမျှမရှိခင် ကော်ဖီမသောက်ကြပါရန် နှင့် နံနက်ချိန်ခါနိုးထချိန်မှာ ကော်ဖီခွက်ကိုင်၍ ထလေ့ရှိသူများ (ဝါ) မသောက်ရ မနေနိုင်သူများအတွက် ကော်ဖီမှုန့် နည်းနည်းမျှသာထည့်၍ နွားနို့အနည်းငယ် (သို့မဟုတ်) ထောပတ် အနည်းငယ် ထပ်ဖြည့်ကာ အာသာပြေ သောက်ကြပါရန် သတိပေးလိုပါသည်။
https://m.facebook.com/story.php?story_fbid=429795961846561&id=100044484822051

☕ကော်ဖီသောက်လွန်ခြင်း၏ ဘေးထွက်ဆိုးကျိုး။☕
thura

တန်ဆေးလွန်ဘေး ဖြစ်တတ်သဖြင့် ကျန်းမာရေးကောင်းမွန်သူ တစ်ယောက်အတွက် ကော်ဖီကို တစ်နေ့ သုံးခွက်ထက် ပိုမသောက်သင့်ပေ။ ကော်ဖီကို တစ်နေ့ သုံးခွက်ထက် ပိုသောက်သူတွေမှာ ကျောက်ကပ်ပျက်စီး၍ ဆီးတစက်စက်ကျရောဂါနှင့် အရိုးပါး၊ အရိုးပွရောဂါများ ဖြစ်လာစေနိုင်သည်။ ကော်ဖီကို တစ်နေ့ လေးခွက် သောက်သုံးသူများက မျက်လုံးဖိအား မြင့်တက်လာကာ ရေတိမ်ရောဂါဖြစ်စေနိုင်သည်။ တစ်နေ့ ခြောက်ခွက်နှင့်အထက် သောက်သုံးသူများမှာ ဦးနှောက်ထုထည် ကျုံ့၀င်လာပြီး ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်စေနိုင်သည်။ အချိန်မတိုင်မီ အသက်တိုစေနိုင်ပါသည်။ ထို့ပြင် ကော်ဖီကို ပါရာစီတမောလ် (သို့မဟုတ်) အကိုက်အခဲပျောက်ဆေးများနှင့် တွဲပြီး လုံး၀ မသောက်သင့်ပေ။ ကလေးသူ ငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ကျန်းမာရေးမကောင်း၍ ကိုယ်ခံအားနည်းသူများက ကော်ဖီကို အထူး လျော့သောက်သင့်ပါသည်။
https://www.facebook.com/share/p/15cpBkU5JT/?mibextid=oFDknk

♦️(မှတ်ချက်)♦️

ကော်ဖီမှုန့််ကို ရေခဲသေတ္တာထဲ သိမ်းဆည်းခြင်းက ၎င်းကော်ဖီမှုန့်၏ သိပ်သည်းဆ ပုံစံပြောင်းလဲသွားကာ အနံ့ နှင့် အရသာတို့ကို ပျက်ပြယ်သွား စေသည့်ပြင်၊ ရေခဲသေတ္တာထဲရှိ အခြားသော အစားအသောက်များ၏ အနံ့အရသာ တို့ကိုလည်း ကော်ဖီရနံ့က အဟန့်အတားဖြစ်စေသည်။ ကော်ဖီကောင်း တစ်ခွက် ရရှိရန်အတွက် လေလုံသော ဖန်ပုလင်း (သို့မဟုတ်) ကြွေပုလင်းထဲတွင် သိမ်းဆည်းထားရမည်။ လေသလပ်ခြင်း နှင့် ပူလွန်းသော နေရာများက လည်း ကော်ဖီ၏အရသာကို ပျက်ပြယ်စေတတ်သည်။

အချုပ်အားဖြင့်ဆိုသော် ကော်ဖီကို အသက်အရွယ်အလိုက် အသင့်အတင့်ပုံမှန်သောက်သုံးခြင်း၊ သကြား နို့ဆီ စသည့် အချိုလျော့ထည့် သောက် ခြင်းတို့က အထက်ဖော်ပြပါ ကျန်းမာရေးအကျိုး ကျေးဇူးများစွာကို မလွဲမသွေရရှိစေပါသည်။ ၂၁ ရာစုတွင် အဖြစ်များသော စိတ်ကျရောဂါ၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါ၊ ပါကင်ဆန် (ခေါ်) ခြေတုန်လက်တုန်ရောဂါ နှင့် နာတာရှည် ဆီးချိုရောဂါအမှတ်-၂ စသည့် ရောဂါတို့ကိုလည်း ကော်ဖီက အတိုင်းအတာ တစ်ခုထိ လျော့ချပေးနိုင်ပါသည်။ ကော်ဖီသည် ကမ္ဘာ့စျေးကွက်တွင် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သည့်အလျောက် ကော်ဖီစိုက်ပျိုး သူများအနေဖြင့် မြန်မာ့ကော်ဖီသည် အနံ့၊ အရသာ၊ အရောင်အသွေး ကောင်းမွန်ရမည်ဖြစ်ပြီး အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် ရောင်းချနိုင်မည်ဆိုပါက ကမ္ဘာ့အလည်တွင် မြန်မာ့ကော်ဖီစျေးကွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည် ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော်ကလည်း ကော်ဖီ စိုက်ပျိုးရေးကို အထူး အားပေးလျက်ရှိပါကြောင်း နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို ပိုမို တိုးတက်ကောင်းမွန်အောင် ဝိုင်း၀န်းကြိုးပမ်း ဆောင်ရွက်ကြစေ လိုပါကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါသည်။

☕t☕h☕u☕r☕a☕
စေတနာများစွာ
Credit #ဆောင်းပါးရှင် ပေါက်ပေါက် Tin Htet Htet Zaw ရေးသားသည်။

သုတရသနှင့်အထွေထွေဗဟုသုတမှတ်စုများ

ThuraHtayaung

https://www.facebook.com/100000425741880/posts/4979887072035435/
https://m.facebook.com/story.php?story_fbid=429795961846561&id=100044484822051
https://m.facebook.com/story.php?story_fbid=873759270783559&id=100044484822051&mibextid=9R9pXO
https://www.facebook.com/share/p/15cpBkU5JT/?mibextid=oFDknk
26.11.2021>2023>28.11.2024
Photo – Credit

ဒေါက်တာကေခိုင်၏ ကျန်းမာရေးပညာပေး အစာလဲဆေး များာ။ သင့်ရဲ့ခန္ဓာကိုယ်ကပြသာနာ ဖြစ်နေလဲ ဘာဓါတ်တွေ့လျော့နည်းနေပီ
ဘာတွေ့စားပေးရမယ်ဆိုတာ လေ့လာမှတ်သားသင့်တယ်

၁)အိပ်မပျော်ရင် မဂ္ဂနီစီယမ် လိုအပ်နေတာ အစိမ်းရင့်ရောင်အရွက်များ
ဟင်းနုနယ်ရွက် ထောပတ်သီးစားပေးရမယ်
၂)အိပ်ယာထ မောပန်းနွမ်းနယ်နေတယ်ဆိုရင် ပိုတက်စီယမ် လိုအပ်နေတယ်
ငှက်ပျောသီးစား အုန်းရေသောက်ရမယ်
၃)အားမရှိဘူး ခံစားနေရတယ်ဆိုရင်
သံဓါတ်လိုအပ်နေတယိ စပျစ်သီးစားရမယ်. အနီရောင်အသားစားပေးရမယ်
၄) ခေါင်းခဏခဏကိုက်နေရင် ဆိုဒီယမ်
လိုအပ်နေတယ် သခွားသီးဖျော်ရည်နဲ့ ဒိန်ခဲစားပါ
၅)ကိုယ်လက်ခဏခဏ ကိုက်ခဲနေမယ်
မလုပ်ရှားခြင်အောင် ဖြစ်နေတယ်ဆိုရင်
ဇင့်ဓါတ်လိုအပ်နေတယ်
သရက်သီး ပင်လယ်စာစားပေးပါ
၆) ဝမ်းနည်းမှူ ခဏခဏ ဖြစ်နေတယ်ဆိုရင် ဗီတာမင် D လိုအပ်နေတယိ
နေရောင်ခြည်ခံပေး ငါးစားပေးပါ
၇) ကြွက်သားများ ကြွက်တက်မယ်
ကြွက်သား ခဏခဏ နာမယ်ဆိုရင်
ကယ်လစီယမ် လိုအပ်နေတယိ
ဒိချဥ် အရွက်စိမ်း စားပေးပါ
၈) ဗိုက်အောင့်တယ်လို ခဏခဏခံစားရရင် ပေါ့ဖလက် လိုအပ်တာပါ
ကင်ချီ ဝတ်အူးချောင်း စားပေးပါ
၉) အသားအရေးမွဲခြောက်နေပါက
ဗီတာမင် C လိုအပ်နေတာပါ
လိမ္မောသီး ကီဗီသီးစားပေးပါ
၁၀) သင့်ရဲ့ မျက်လုံး အမြင်မှုန့်ဝါးနေပါက ဗီတာမင် A လိုအပ်နေတာပါ
မုန်လာဥနီ ဖျော်ရည်သောက်ပေးပါ

ကေခိုင်ချစ်တဲ့ မြန်မာပြည့်သူ့သားများ
ကျန်းမာပါစေ ချစ်တဲ့ကေခိုင်

စကားချပ် အမျိူးသားရှိပါတယ်
ကိုဝင်းကြည်နဲ့ (သတိထားကြပါ)
ဘုရားဟော် တရားရှိပါတယ်နော်