
Myanmar Old Movies 43 videos
Burmese Old Classis Movies 46 videos
ရှေး ခေတ် မြန်မာ ရုပ်ရှင် ကားများ 31 videos
လွမ်းမောမိသော မြန်မာ့ ရုပ်ရှင် 168 videos
Myanmar Movies မြန်မာ့ ရုပ်ရှင် 63 videos
ခေတ်ဟောင်းရုပ်ရှင် 47 videos
Old but Gold Burmese Classical Movies 117 videos

အရင်ခေတ်ကမြန်မာ့ရုပ်ရှင် တွေမှာ love scene တွေပါခဲ့ဖူးတဲ့ နှစ်ယောက်ထဲနေချင်တယ် ဇာတ်ကားကိုသတိရမိပါတယ်။
အဲဒီဇာတ်ကားမှာ ဦးဝင်းဦးရဲ့ kissအခန်းတွေဘယ်လောက်ကြမ်းလဲဆို အဲဒီကားကိုရိုက်တဲ့
နှစ်ယောက်ထဲ နေချင်တယ် မျက်နှာဖုံးမှာဦးဝင်းဦးကို ဒရက်ကူလာ လို့နာမည်ပြောင်ပေးတဲ့အထိပဲလို့ ဖတ်ရဖူးပါတယ်။
ဒီဇာတ်ကားကို တင်တင်မူရဲ့ မြတ်မော်ဦးဖလင်ကနေ ရိုက်ကူးခဲ့တာပါ။
ဇာတ်ကားထဲမှာပါဝင်တဲ့ ဦးဝင်းဦးဆိုထားတဲ့မီးပုံပွဲသီချင်းဟာလဲ အဲဒီခေတ်က အဆိုပြိုင်ပွဲတွေ လုပ်ကြရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဦးဝင်းဦးဟာ၁၉၈၅ခုနှစ် သူ့ရဲ့ အသက် ၅၀ပြည့် မွေးနေ့မှာ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုရအောင် ပံ့ပိုးပေးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်ဦးကျော်ဝင်းနဲ့ ဒေါ်တင်တင်မူတို့ကို ကန်တော့ခဲ့ကြောင်း ကိုယ်တိုင်ရေးမှတ်တမ်း ဇာတ်လမ်းပဒေသာ စာအုပ်မှာထည့်သွင်းရေးသားထားပါတယ်
ဇာတ်လမ်းအရ ထွန်းထွန်းအဖြစ်သရုပ်ဆောင်တဲ့ဦးဝင်းဦးက 28နှစ်အရွယ် လူပျို ခြံသမား ယာသမား၊ မင်းသမီးတင်တင်မူက အရွယ်ရောက်ပြီးသား သားပျိုသမီးပျိုကလေးနှစ်ယောက်ရှိတဲ့ မုဆိုးမ၊ လူပျိုနဲ့ မုဆိုးမကြိုက်ကြတဲ့ ဇာတ်လမ်းပါ။ဦးဝင်းဦးက အဲဒီကားထဲမှာ ဒေါ်တင်တင်မူကိုနမ်းတဲ့အခန်းတွေသိပ်ပီပြင်ခဲ့တာပါ။ တင်တင်မူထိုင်နေရင် သူကဒူးလေးထောက် လက်လေးနမ်းလိုက် နားရွက်လေးနမ်းလိုက် လည်ပင်းလေး ဂုတ်လေးနမ်းလိုက်နဲ့ တင်တင်မူရဲ့ မျက်နှာ မျက်လုံးမိန်းမောပုံ သရုပ်ဆောင်မှုကလဲ ဝါရင့်ကြီးတစ်ယောက်လိုပြောရအောင် ပီပြင်လိုက်တာ မပွင့်လင်းသေးတဲ့ အဲဒီခေတ်အခါမှာတောင် သရုပ်ဆောင်ချက်တွေက ပရိတ်သတ်လက်ခံတဲ့အထိ ပေါက် သွားတာ။ အနုပညာဆိုတာ သရုပ်ဆောင်နေတာချင်းအတူတူ ပရိတ်သတ်က စီးမြောခံစားပုံခြင်းကွာပါတယ်။ နှစ်ယောက်ထဲနေချင်တယ် ဇာတ်ကားက ဦးဝင်းဦး ရဲ့ ပထမဆုံးကားလို့မထင်ရ လောက်အောင်အထိ ကောင်းလွန်းတာတော့ အမှန်ပါပဲ။ အဲဒီဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာကြီးဦးတင်ယုက interview မှာပြောဖူးပါတယ် ဇာတ်ကားရိုက်မယ်ဆိုတော့ ဦးဝင်းဦးကိုစမ်းတဲ့ အနေနဲ့ ပထမဆုံးစရိုက်တဲ့ အခန်းက မင်းသမီးနဲ့ love scene တဲ့လေ။ မင်းသားပေါက်စလေးက ဒူးတွေတုန်လိုက်တာဆရာရယ်တဲ့။. burmesevintageclassic. WinOo. All that Heaven Allows”ရုပ်ရှင်ကိုမှီးပါသည်။
Rock Hudson and Jane Wyman.Jane Wyman
က သမတ Ronald Reaganရဲ့ပထမဇနီးပါ။
ထိုရုပ်ရှင်ကိုမှီး၍ဝင်းဦးက “နှစ်ယောက်ထည်းနေချင်တယ်”
ဝတ္ထုရှည်ကိုရေးပါသည်။”ရှုမဝမဂ္ဂဇင်းတွင်ဖော်ပြခဲ့ပါသည်။
ထိုဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ပါသည်။












