VOA Burmese. ရေလှောင်တမံ တွေ ကြောင့် ထိခိုက် နေရတဲ့ မဲခေါ်င် မြစ်ဝှမ်း သဘာဝ ဝန်းကျင် များ အာရှတိုက်ရဲ့ဆန်အိုးကြီးလို့တင်စားကြတဲ့ မဲခေါင်မြစ်ဝှမ်းကြီးရဲ့ မြစ်အထက်ပိုင်းမှာ ရေလှောင်တမံတွေတိုးချဲ့ဆောက်လုပ်နေတာကြောင့် မြစ်ဝှမ်းတလေ ျှာက်ဇီဝဂေဟစနစ်တွေကိုရော ပြည်သူတွေရဲ့စားဝတ်နေရေးကိုပါ ထိခိုက်နေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်တင်ပြထားပါတယ်။
Originally published at – https://burmese.voanews.com/a/en…
မောင်ကြုံတိုင်း၏ ဘဝအထွေထွေ
လုပ်သမျှ ဒုက္ခတွေများနေတဲ့ သဘာဝပတ်ဝန်းကျင်
နှင့်
သဘာဝပတ်ဝန်းကျင်ရေးရာ
ကောင်းကျိုးဆိုးကျိုးတွေ ထဲက
ဆည်တမံ ရေလှောင်ကန်များ၏ ကောင်းကျိုးဆိုးကျိုးများ ။
RIVERS MEKONG and Downstream Environmental Impacts by River Dams
VOA Burmese. News Report
ရေလှောင်တမံ တွေ ကြောင့် ထိခိုက် နေရတဲ့ မဲခေါ်င် မြစ်ဝှမ်း သဘာဝ ပတ်ဝန်းကျင် များ
အာရှတိုက်ရဲ့ဆန်အိုးကြီးလို့တင်စားကြတဲ့ မဲခေါင်မြစ်ဝှမ်းကြီးရဲ့ မြစ်အထက်ပိုင်းမှာ ရေလှောင်တမံတွေတိုးချဲ့ဆောက်လုပ်နေတာကြောင့် မြစ်ဝှမ်းတလေ ျှာက်ဇီဝဂေဟစနစ်တွေကိုရော ပြည်သူတွေရဲ့စားဝတ်နေရေးကိုပါ ထိခိုက်နေပါတယ်။ တဲ့
ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်တင်ပြထားပါတယ်။
�Originally published at – https://burmese.voanews.com/a/en…
မိမိ ၏သုံး သပ်ချက်
Comment မှတ်ချက် များ
မြန်မာပြည် တစ်ဝန်း နိုင်ငံအတွက် နိုင်ငံ ဘက်စုံ ဖွ့့ဖြိုးေ၇းစီမံကိန်းကြီး တွေ မျိုးစုံကို ခေတ်အဆက်ဆက် မှာ မြန်မာ အင်
ဂျင်နီယာတွေ ၊ ပညာရှင် တွေက နိုင်ငံအတွက် နေရာ ဒေသ မျိုး စုံမှာ အင်ဂျင်နီယာအလုပ် တွေ မျိုးစုံဖြင့် နိုင်ငံ အကျိုးမျော်တွေးပြီး တတ်တဲ့ပညာမနေသာ နိုင်ငံ့အတွက် စေတနာထား ဆောင်၇ွက် က်ပေးခဲ့ကြပါတယ်.
စေတနာ ဖြင့် ကောင်းကျိုးတွေ ဖြစ် စေလိုခဲ့သော်လည်း
စေတနာ က ဝေဒနာ မကောင်းကျိုးတွေ ဖြစ် လာတတ်ကြတာ နောင်အခါမှာ
တဏ်ခါတစ်ရံ တွေ့လာမြင်လာ ရတတ်ပသေး တယ်.
နောင် မှာ ခေတ် တစ်ခေတ်တစ်ချိန်မှာ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တွေကို
မြန်မာတွေကို သတိထား အလေးမူ ဂရု ထား လာခဲ့ကြတယ်.
အင်ဂျင်နီယာ အလုပ်တွေ နှစ်ပေါင်ူများစွာ လုပ်လာနေခဲ့သူ
ကျွန်တော်ကိုယ်တိုင်ပင်လျင် မြန်မာ နိုင်ငံ ဆည် မြောင်းဦးစီးဌာနမှာ ရာထူးမျိုးစုံဖြင့် တစ်နိုင်ငံလုံနေရာစုံ နေ၇ာအနှံ့မှာ ဆည် မြောင်း အင်ဂျင် နီယာ ကျွန်တော် ကိုယ်တိုင် ၃၅ နှစ်ကြာမျှ အလုပ်မျိုးစု့လုပ် ခဲ့ပြီးနောက် ၂၀၀၉ မှာ ဆည် မြောင်း ပင်စင်အနားယူပြီးနောက်မှာ ဆည် မြောင်းတန်ထမ်းဟောင် မိတ်ဆွေကြီး ဆရာချိုရဲ့ NEPS Co အင်ဂျင်နီယာ ကူမ္ပဏီမှာဝင်ကူညီလုပ်ပေးခဲ့ရာက NORCONSULT နော်ဝေကူမ္ပဏီနဲ့ ပူး ပေါင်းပြီး နောက်မှာ နိုင်ငံတွင်းက ,သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ၊ လျော့ပါးရေး ကျဆင်း ရေးအလုက် တွေ များစွာ လုပ်လာခဲ့လိုက်တာ မိမိကိုယ်တိုင် Engineer Environmentalist အင်ဂျင်နီယာ သဘာဝ ပတ်ဝန်းကျင် ရေားရာသမာ တစ်ဦးဖြစ်မှန်းမသိဖြစ် လာ ခဲ့တာ ယနေ့ထိတိုင်ပါဘဲ
သဘာတပတ်ဝန်းကျင် တွေကိုအလေးထားဂရု စိုက်ဘို့ကောင်းကြောင်းသတိထားသိလာ ခဲ့ ပါတယ်.
တစ်ချိန်မှာ USA နေ မြန်မာ ဆည် မြောင်းဝန်ထမ်းဟောင်းဝါရင့် ဆရာသမားကြီးတစ်ဦး ဖြစ်သူ ယနေ့ထိသက်ကြီးရွယ်အိုဖြစ်နေသည့်တိုင် ကမ္ဘဘဏ်မှာ အင်ဂျင် နီယာအတိုင်ပင်ခံ လုပ်နေဆဲဖြစ် သူဆရာ သမား ကြီး ဒေါက်တာအုန်းမြင့်နဲ့ ဆည် မြောင်း အကြောင်းတွေတစ်ခါ တရံ စကားစမည် ပြောဖြစ်ခဲ့ကြပါတယ်
ဆည် မြောင်းအကြောင်းတွေနဲ့ အတူ သဘာဝပတ်ဝနိးကျင် ရေးရာ အကြောင်းတွေနဲ့ ပတ်ဝန်းကျင်
ထိခိုက်မှုတွေအကြောင်းတစ်ချိန်မှာဆွေးနွေး ဖြစ်ခဲ့ပါတယ်
ဗုဒ္ဓ တရားဘာ ဝနာတွေလဲလုပ်နေပုံ၇တဲ့ဆရာသမားက
ပြန်လည်ဆွေးနွေး သင်ကြား ေြပါပြ ခဲ့တာမှတ်သားလောက်စရာပါ။
မြတ်စွာဘုရားသခင်ရဲ့တရားတော်တွေအရ
ဘာမဆို လုပ်သမျှဒုက္ခတွေပါဘဲတဲ့။
ကျွန် တော်ကတော့ ဘာမဆို လုပ်သမျှဒုက္ခတွေထဲမှာ အကောင်းအဆိုးဒုက္ခတွေ မျိုးစုံ ရှိ နေ တတ်ကြရာမှာ ဖြစ်သော်လည်း
မိမိတို့က စေတနာနဲ့နိုင်င့အတွက် လုပ်ပေးခဲ့ကြတဲ့ ဆည် မြောင်း တာတမံအလုပ်တွေမှာ ပတ်တနိးကျင်ထိခိုက်မှုရှိစေနိုင်တဲ့ မကောင်းကျိူးဆိုးကျုတွေလဲရှိနေနိုင်တာဖြစ်ပမဲ့ ၊
ဆည် မြောင်းကန်ချောင်း စီမံကိန်းလုပ်ငန်းတွေကြောင့် ထိခိုက် မှု အဆိုး နဲ့ သက်ရောက်မှု အကောင်း တွေကို နှီုင်း ယှဉ် ကြည် လိုက်၇င် အဆိုးအနည်းငယ်ထက် ၊ အကောင်းတွေ ကများအကောင်းဘက်ကအားသာနေရင် တော့ နိုင်ငံနေပြည်သူတွေအတွက် ဆည် တမံတွေတည်ဆောက်ပေးသင့် ပါကြောင်းပြန်လည်တင်ပြဆွေးနွေးခဲ့ဘူးခဲ့ပါတယ်.
ယနေ့ နိုင်ငံမှာဖြစ်နေ ပျက် နေ တာတွေကလဲ အတူတူပါဘဲ
ဘာလုပ်လုပ်
လုပ်သမျှ ဒုက္ခတွေချည်းသာမို့
အဆိုးနဲ့ အကာင်းတွေက ဒွန်တွဲ ဖြစ်မြဲ ဓမ္ဗတာမို့ အဆိုး တွေထက် အကောင်းတွေက ပိုမိုများပြားနေရင် အဆိုးတွေက မဆိုစလောက် သာနည်းပါးရင် နိုင်င့နေပြည်သူတွေစိတ်အေးချမ်းသာ တည်ငြိမ်အေးချမ်းစွ,နေနိုင်ကြလိမ့်မယလို့ ယူဆ တွေးမြင်မိ၇ပါတယ်.
တကယ်ဖြစ်နေတာတေါက စိတ်မချမိးမြေ့ဘွယ်ရာတွေကများတော့ မခက်ပါလား။
မြန်နိုင်ငံ နေပြည်သူအများ မိမိတို့၏ နေ့စဉ် လူနေ မှု ဘဝများ ကိုစိတ်အေးချမ်းသာ ကျန်း မာ စွာဖြင့် ကောင်းစွာဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင် ဆန္ဒပြုလျက် …………
အေးမြင့် ( ညောင်တုန်း )
8 May 2025
ရည်ညွှန်း
Youtube video
VOA Burmese. ရေလှောင်တမံ တွေ ကြောင့် ထိခိုက် နေရတဲ့ မဲခေါ်င် မြစ်ဝှမ်း သဘာဝ ဝန်းကျင် များ
အာရှတိုက်ရဲ့ဆန်အိုးကြီးလို့တင်စားကြတဲ့ မဲခေါင်မြစ်ဝှမ်းကြီးရဲ့ မြစ်အထက်ပိုင်းမှာ ရေလှောင်တမံတွေတိုးချဲ့ဆောက်လုပ်နေတာကြောင့် မြစ်ဝှမ်းတလေ ျှာက်ဇီဝဂေဟစနစ်တွေကိုရော
ပြည်သူတွေရဲ့စားဝတ်နေရေးကိုပါ ထိခိုက်နေပါတယ်။
ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်တင်ပြထားပါတယ်။�Originally published at – https://burmese.voanews.com/a/en…
ရေလှောင်တမံတွေကြောင့် ထိခိုက် နေရတဲ့ မဲခေါင် မြစ်ဝှမ်း
