NEWS TALK SHOWS On Today Myanmar

DVB TV News , 6 May 2025-AA နြ့ NUG ညီညွတ်ရင် တရုတ် ရဲ့ ကိုလိုနီ ကျွန်ဘဝက လွတ်မြောက် နိုင်လိမ့်မယ် 💬 “ကြားသိရသလောက်ဆိုရင် ဧရာ၀တီမြစ်၀ကျွန်းပေါ်ရဲ့ အရှေ့ဘက်အခြမ်းက တိုက်ပွဲတွေက ကရင်ပြည်နယ် အနောက်ဘက်ခြမ်းအထိ ကူးလာပြီ။ အဲဒါတွေက ရက္ခိုင့်တပ်တော် AA ရဲ့လှုပ်ရှားမှုတွေပါ။ ဒါတွေက စစ်ကောင်စီပြုတ်ကျသွားနိုင်တဲ့ အနေအထားတခုအထိကို ဦးတည်နေပါတယ်။ သူက ရခိုင် လွတ်မြောက်ရေးတဖက်က လုပ်ရင်းနဲ့ မကွေး၊ ပဲခူးတိုင်း၊ အခု ဧရာ၀တီ၊ မြစ်၀ကျွန်းပေါ်ထဲမှာတောင် တိုက်ပွဲတွေ ဖော်နေပါပြီ။ အဲဒီအစီအစဉ်တွေသာ ဖြစ်မြောက်အောင်မြင်မယ်ဆိုရင် မြန်မာပြည်ဟာ တရုတ်ကျွန်ဖြစ်မယ့်အရေးကနေ ရှောင်လွဲနိုင်မယ့် အနေအထားပါ။ အဲဒီအထဲမှာ အရေးအကြီးဆုံးက ညီညွတ်ရေးပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အညာဒေသမှာရှိတဲ့ အင်အားစုတွေကို ထိန်းသိမ်း ချုပ်ကိုင်ထားတဲ့ NUG နဲ့ ရက္ခိုင့်တပ်တော် AA ဖြစ်ပါတယ်”