SINGER မာမာအေး။ လက် ရွေးစဉ် တေးများ

ပျို့မှာတမ်း။ မာမာအေး https://www.facebook.com/share/v/17Ju4gmEM9/

အမေနဲ့ရွာကိုလွမ်းတယ် (စာသား စာတမ်းထိုး)
တေးပြုစာဆို အောင်ကျော်ထွန်း
တေးသံရှင် မာမာအေး
• အမေနဲ့ရွာကိုလွမ်းတယ် မာမာအေး (စာ…
Myanmar Music (စာတမ်းထိုး Closed Captions) Collection

အမေနဲ့ရွာကိုလွမ်းတယ် (စာသား စာတမ်းထိုး)
တေးပြုစာဆို အောင်ကျော်ထွန်း
တေးသံရှင် မာမာအေး
   • အမေနဲ့ရွာကိုလွမ်းတယ် မာမာအေး (စာ…  
Myanmar Music (စာတမ်းထိုး Closed Captions) Collection

ပန်းချီဓါတ်ပုံ Title Image created by Ko Sein Mya
Lyric Typing by Mr. Thomas John
Audio Track & Closed Captions added by Dr. Khin Haw

မြို့ကြီးပြကြီးရောက်တာ
သုံးနှစ်သုံးလီ ကြာပြီအမေရယ်
ပညာအမွေအမေကပေး
တစ်နယ်တကျေးမှာ ပျော်ရတယ်
ရွာနဲ့အနေဝေးပေမဲ့
ဘဝရှေ့ရေးတွေးလို့သာတကယ်
အတတ်အသစ် ပညာရှာရင်း
အပေါင်းအသင်းသူငယ်ချင်းများနှင့်
ကစားခုန်စားပျော်ပါးကြတယ်
သမီးသဘောကအမှန်တကယ်
အမေနဲ့ရွာကိုမှန်းတမ်းတမ်းတတ ကျွန်မမှာဖြေရတယ်
ရွာအခြေဘယ်လိုပြောင်း မိခင်အို နေထိုင်ကောင်းပါစကွယ်
ဆွေးတယ် ဆွေးတယ် မြို့မှာအနေကျွမ်းပေမဲ့
ကျွန်မစိတ်က ရေဝေးပန်းနှယ် အမေနဲ့ရွာကိုလွမ်းတယ်

ငယ်စဉ်ကဆရာတော်ကျောင်းမှာ
ကကြီးအစ အ အဆုံး စာလုံးပေါင်းသဘောနားလည်
မိဘဆရာသမားများက သမီးအလှကိုပညာပေးတယ်
ဘဝရှေ့ရေးတွေးပါနဲ့ကွယ်
ကျွန်မအရွယ် ငယ်ငယ်လေး
ပြေးကာလွှားကာရွာမှာပျော်ခဲ့တယ်
ဪ အခုဆို မြို့ကိုရောက်လို့ တက္ကသီလာ အောင်မြေနင်း
သူငယ်ချင်းများနဲ့အသိအမြင်ကျယ် ခုံမင်စရာတွေ ပေါပေမဲ့
သမီးရင်မှာနေထိပန်းနှယ် အမေနဲ့ရွာကိုလွမ်းတယ် ….

ယုံကြည်ချက်မြင့်မား အမေ့သမီးကဘဝအကြောင်းနားလည်
အတုအယောင်လိုက်စား မိုက်မှားကိုမရည်ရွယ်
အချောအလှ ကိုအဝှါတွေ အစီအရီပေါပေမဲ့
သမီးသဘောက ကျောင်းစာကိုခင်တွယ်
ကျေးဇူးရှင်အမေ့ထံသို့ရယ် ပညာစုံမှပြန်မယ်အမေရယ်

ယုံကြည်ချက်မြင့်မား အမေ့သမီးကဘဝအကြောင်းနားလည်
အတုအယောင်လိုက်စား မိုက်မှားကိုမရည်ရွယ်
အချောအလှ ကိုအဝှါတွေ အစီအရီပေါပေမဲ့
သမီးသဘောက ကျောင်းစာကိုခင်တွယ်
ကျေးဇူးရှင်အမေ့ထံသို့ရယ် ပညာစုံမှပြန်မယ်အမေရယ်

ကျွန်မဘဝအရွယ် ငယ်ငယ်လေးဝယ်
ပြေးကာလွှားကာ ရွာမှသူငယ်ချင်းများနဲ့
ကစားကြတဲ့အချိန်ကိုရောက်ရင်
ငယ်မူမပျောက်လေဘဲ
အမေ့ကိုသာမှန်းဆရွယ်
အဖေရှိစဉ်အခါက အစ်ကို့ကို ရှင်ပြုကြလို့
မျက်ရည်စို့ကာ သာဓု ခေါ်ခဲ့တယ်
အဲတာတွေတွေးမိပြန်ရင်
ဪ မြို့မှာအနေကျွမ်းပေမဲ့
သမီးစိတ်က ရေဝေးပန်းနှယ်
အမေနဲ့ရွာကိုလွမ်းတယ်