ပရိတ်တရားတော် ( အသေးစိတ် မြန်မာပြန် ) ပရိတ်ကြီး ၁၁ သုတ်အား အနက်အဓိပ္ပါယ် နှင့် ဇာတ်ကြောင်းကို တိကျစွာရှင်းလင်းထားခြင်းဖြစ်ပါသည်။
အရှင် ဇနကာ ဘိဝံသ ၏ ဘဝ ဖြစ် တော်စဉ် ထေရုပ္ပတ္တိ https://dhammadownload.com/MP4Library/AshinJanakabhivamsa/AshinJanakabhivamsa-Biography.mp4
0:00:00 အာဟာရပစ္စည်း
0:57:08 ဣန္ဒြိယပစ္စည်း
1:45:10 ဣန္ဒြိယပစ္စည်း ၂
2:44:44 ဣန္ဒြိယပစ္စည်း ၃
4:04:49 စျာနပစ္စည်း
4:57:55 မဂ္ဂပစ္စည်း
6:05:13 မဂ္ဂပစ္စည်း ၂ နှစ်သက်လွန်းလို့ အကြိမ်များစွာနာယူဖြစ်တဲ့ “ရတနာ့သုတ်အနှစ်ချုပ်” တရားတော် | မဟာဂန္ဓာရုံဆရာတော်ကြီး ကံထူးလို့သာနာခွင့်ရတာ..အဘိဓမ္မာတရားတော်ကို အကောင်းဆုံးရှင်းပြထားသည့်အသံကျမ်းစာ Audiobook
• အဘိဓမ္မာရှင်းတမ်း စ/ဆုံး
https://youtu.be/bbXg8s6Ftjs?si=4mIowaa4FP6zt_u3
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသော သူတော်ကောင်း လက္ခဏာ တရားဒေသနာတော်။ အလင်းတန်း YouTube Channel
/ @alintann အလင်းတန်း Facebook Page
/ alintann.org အလင်းတန်း Website
https://www.alintann.org/?option…
ပဌာန်း ၂၄ ပစ္စည်း ရှင်းတမ်း ၁ +၂ အစ – အဆုံး
ဓမ္မစကြာ အနှစ် ချုပ် တရားတော် (စ-ဆုံး ) 11 videos
အနတ္တ လက္ခဏာသုတ် အနှစ်ချုပ် ။ ( စ -ဆုံး ) 4 videos
အနာဂတ် သာသနာရေး ။အသံကျမ်းစာအုပ် အစ-အဆုံး 7 videos
အနာဂတ် သာသနာရေး အသံ စာအုပ် (၁) အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရေးသားပြုစုခဲ့သော ကျမ်းစာကို မြန်မာ့အသံဝန်ထမ်း(ငြိမ်း) များဖြစ်ကြသော ဦးကျော်ရှိန်၊ ဦးတင်လှ၊ ဒေါ်ဌေးဌေးနှင့် တေးသံရှင်မေယုမော်တို့ မှ အသံအလှုပြုခဲ့ကြပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်ခင်ဗျာ။
ယခင်တင်ခဲ့ပြီးသော အသံစာအုပ် ကျမ်းစာများ။ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ အသံစာအုပ်
• နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ အသံစာအုပ်
တဘဝ သံသရာ -အသံစာအုပ် ( စ-ဆုံး ) 8 videos
၂၄ ပစ္စည်းရှင်းတမ်း ( စ / ဆုံး ) 17 videos ပဌာန်းတရာတော် အနှစ်ချုပ် ။ လူပြိန်း နားလည်အောင် မဟာဂန္ဓာရုံ ဆရာတော်ကြီးမှ အထူး ကြိုးပမ်း ရှင်းလင်းထားပါသည် ။
နောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓ အသံစာအုပ် 3 videos
” မြတ်စွာဘုရားရှင် ၏ နောက်ဆုံး အချိန် နှင့် နောက် ဆုံး သာဝက သုဘဒ္ဒပရိဗိုဇ်”
သုဘဒ္ဒ ပရိဗိုဇ်..
သူရဲ့ ရင်ထဲမှာ စွဲတင်နေတဲ့ သံသယများကို ဖြေရှင်းပေးနိုင်တဲ့..ဆရာအရှင်ကို ရှာဖွေနေသူ၊
သူ ဇရာနယ်တွင်း ရောက်ရှိသည့်တိုင် သူ့ကို ကျေနပ် သည်ထိ၊ ရှင်းလင်းသွားစေသည်ထိ..ပြောပြနိုင်သူကို မတွေ့ ရှိသေးပါတဲ့ ဗျာ၊
နောက်ဆုံး သူချည်းကပ်မေးမြန်းဖို့က .. မြတ်စွာဘုရား ရှင် တစ်ပါး သာ ကျန်ရှိနေပါတော့တယ်၊ ဒါကြောင့်
မြတ်စွာဘုရားရှင်..ဘယ်အရပ်မှာ သီတင်းသုံးတော်မူနေပါသလဲ စုံစမ်းပါတယ်၊ နောက်ဆုံး သူရလိုက်သတင်းက..မြတ်ဘုရား ရှင်..ကုသိနာရုံ မလ္လမင်းတို့ရဲ့ အင်းကြင်းတောမှာ ရောက်ရှိနေတယ်၊ မနက် ဖြန် အာရုံတက်မှာ ဘုရားရှင် ပရိနိဗ္ဗန် စံတော်မူတော့မည် ကိုလည်း အံသြ၊ တုန်လှုပ်စွာ သိလိုက်ရပါတယ်၊
သူ့ဘဝတစ်ခုလုံးနှင့် ရင်းပြီး သူ့ရင်ထဲက သံသယ တွေကို အဖြေပေးနိုင်သူကို ရှာတွေ့ဖို့ ဇွဲလုံးလ ကြီးခဲ့သူ..သုဘဒ္ဒပရဗိုဇ် ၊ ဘုရားရှင် သီတင်းသုံးရာ.. ကုသိနာရုံ အင်းကြင်းတောကို အရောက်သွားပါတော့တယ်၊ ဘုရားရှင်ကို ဖူးတွေ့ကာ မေးမြန်းဖို့အတွက် ညီတော်အာနန္ဒာ ထံမှာ ဝင်တွေ့ခွင့်တောင်းခံပါတယ်၊
ထိုအချိန်မှာ.. မြတ်စွာဘုရားရှင်သည် ဆိုးဝါးလှတဲ့ ဝမ်းပျက်ဝေဒနာ ခံစားနေရပါတယ်၊
အ င်ကြင်း တောက အင်းကြင်းအမွာနှစ်ပင်ရဲ့အကြားမှာညောင်စောင်းကိုခင်းစေကာ.. မြောက် ဘက်အရပ်ကိုခေါင်းပြု ၊တောင်ဘက်ကိုခြေ ဆင်း၊လက်ယာနံ တောင်းဖြင့် လျောင်း စက် ပြီး နေပါတယ်၊ ပရိနိဗ္ဗာန်စံလွန်တော်မူဖို့ကလည်းအချိန် (၈) နာရီ၊ (၉) နာရီ ခန့်သာ ကျန်ပါတော့တယ်၊
{ သည်နေရာမှာ.မြတ်စွာဘုရားရှင်၏ ဝေနေ ယျသတ္တဝါများအပေါ်ထားရှိတော်မူသော ဂရုဏာတော် ၊ သံသရာဝဲ ထဲမှ လွတ် မြောက်အောင် ကယ်တင်ရမည့် ပုဂ္ဂိုလ် များကို.. ပရိနိဗ္ဗန် စံဝင်ကာနီးသည်ထိ.. ကယ်မ ပေးပုံကို..ပိုမိုသဘောပေါက်ကာ ပိုမိုကြည်ညို့နိုင်စေဖို့ နောက်ခံအကြောင်းလေးအနည်း ငယ် ပြန်ဖော်ပြပါ့မယ်ခင်ဗျာ၊
မြတ်စွာဘုရားရှင်..သက်တော်(၈၀)၊ ဝါတော်(၄၅) ဝါ ရရှိနေတော်မူတဲ့ကာလ ဖြစ်ပါတယ်၊
နေ့စဉ်ပြုမြဲဖြစ်တဲ့ နံနက်ပိုင်း..ရဟန်းသံဃာများကို တရားဓမ္မများ ပြောပြဆုံးမတော်မူပြီး၊ ဂဏအုပ်ချုပ် ရေးနိုင်ငံ၏ နေပြည်တော် “ဝေသာလီ” မြို့ထဲကိုရဟန်းတော်များ နှင့် ဆွမ်းခံကြွတော်မူပါတယ်၊
ဆွမ်းခံအပြီး ကျောင်းတော်အပြန် မြို့ပြင်ရောက်တော်မူတဲ့အခါ.. ဘုရားရှင်က တစ်ကိုယ်လုံးပြန်လှည့်၍”ဝေသာလီမြို့” ကိုတစ်ကြိမ် ကြည်ပြီး…
“အာနန္ဒာ..ယခု ကြည့်ရှုခြင်းသည် တထာဂတ ၏ နောက်ဆုံး ဝေသာလီကိုကြည့်ခြင်းဖြစ်ပေလိမ့်မည်” ဟုမိန့်တော် မူပါတယ်၊
သည့်နောက်…
ဗုဒ္ဓရှင်တော်မြတ်..ဝေသာလီ မှ ကုသိနာရုံ (ပရိနိဗ္ဗာန်ပြု တော်မူမည့် ဋ္ဌာန)..ကိုကြွတော်မူပါတယ်ဗျာ၊
ကြွတော်မူရာ လမ်းခရီးအကြားမှာ..
ဘဏ္ဍု ရွာ၊အမ္ဗရွာ၊ဇမ္ဗု ရွာ၊ ဘောဂမြို့ငယ် တို့ကိုဖြတ်ကာ.. နောက် မလ္လတို့ရဲ့ဂဏကိုးနိုင်ငံအနက်မှ နိုင်ငံတစ်နိုင်ငံ၏နေပြည်တော် “ပါဝါမြို့”တော်ကိုရောက်ပါတယ်တဲ့ဗျ၊
(တရုပ်ဘာသာပြန်သုတ်၌..ဝေသာလီမှ…အမ္ဗဂါမ၊ဇမ္ဗူ ဂါမ၊ ဟတ္ထိဂါမ၊ဝေဏုဂါမ၊ဘောဂနဂရ..တို့ကိုဖြတ်ကာ ပါဝါမြို့ကိုရောက်တယ်လို့ဖေါ်ပြထားပါတယ်)
မြတ်စွာဘုရားရှင်..ပါဝါမြို့တော်ကို ရောက်တဲ့အခါရွှေပန်းထိမ်းသည်သား စုန္ဒရဲ့သရက်ဥယျာဉ်မှာ ခရီးတထောက် နားတော်မူပါတယ်၊
စုန္ဒက..ဗုဒ္ဓကို နောက်တစ်နေ့အတွက် ဆွမ်းကပ်လှူ ရန်ပင့်ဖိတ်လျှောက်ထားပါတယ်၊ အခွင့်ရသည်နှင့် ဗုဒ္ဓ နှင့်ရဟန်းသံဃာတော်များအတွက်.. အကောင်းဆုံး ဘောဇဉ်ကိုစီမံကပ်လှူလိုသောစေတနာဖြင့်..ထိုခေတ်က အကောင်းဆုံးဟင်းလျာဖြစ်သည့် ၀က်ပျို သား(သူကရမဒ္ဒ၀)ဟင်းကို စီမံ ပါ တယ်တဲ့ဗျာ
ခရီးပင်ပန်း အားအင်နည်းနေတော်မူတဲ့ဗုဒ္ဓ အဖို့ ကျေ ညက်ခဲသောဘောဇဉ်ဖြစ်ကာ ၀မ်းဥပါဒ် ဖြစ်လာပါတယ်၊
ဘုရားရှင်ရဲ့ရည်မှန်းချက်မှာ..ကုသိနာရုံ တောမှာ ပရိနိဗ္ဗာန်၀င်စံရန်ဖြစ်လို့ ပါဝါမှကုသိနာရုံတောကို ၀မ်းလျောရောဂါကြောင့် ပင်ပန်းကြီးစွာကြွရောက်ခဲ့ရပြီး.. လမ်းခရီးမှာနေရာများစွာနားခဲ့ရပါတယ်၊ }
သုဘဒ္ဒပရိဗိုဇ် ရဲ့ တွေ့ခွင့်တောင်းခံခြင်းကို
အာနန္ဒာ အရှင်မြတ်က..” သုဘဒ္ဒ.. မြတ်ဘုရားရှင် လွန်စွာပင်ပန်း နွမ်းနယ်တော်မူနေပါတယ်၊ တွေ့ဆုံဖို့ အချိန်ကောင်းမဟုတ်ပါ၊ ခွင့်မပြုနိုင်သေးပါ”
သုဘဒ္ဒ ပရိဗိုဇ် ကလည်း ဇွဲမလျော့ဘဲ ဒုတိယအကြိမ် ၊ တတိယအကြိမ် ..ရှေးနည်းအတူ တောင်းပန် လျှောက် ထားပြန်ပါတယ်၊
အာနန္ဒာ အရှင်မြတ်ကလည်း ရှေးနည်းအတူ ပင် ခွင့်မပြုနိုင်သေးကြောင်း ပြန်မိန့်တော်မူပါတယ်၊
မြတ်စွာဘုရား ရှင်သည် သုဘဒ္ဒပရိဗိုဇ် နှင့် အရှင် အာနန္ဒာ တို့ ပြောဆိုနေမှုများကို ကြားသိတော်မူနေပါတယ်၊ ကုသိနာရုံ သို့ ကြွလာတော်မူခြင်း အကြောင်းများစွာထဲမှာ သုဘဒ္ဒပရိဗိုဇ် ကို ကယ်တင်နိုင်ရန် လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်၊
သို့အတွက်..မြတ်ဘုရားရှင်က..
” ချစ်သားအာနန္ဒာ..သုဘဒ္ဒ ကိုမတားမြစ်ပါလင့်”
သည်အခါမှ..အရှင်အာနန္ဒာ က.
“ငါ့ရှင် သုဘဒ္ဒ..မြတ်စွာဘုရားရှင်က သင့်အား ခွင့်ပြုတော်မူနေပြီ..သွားပေတေါ့” ခွင့်ပြုစကား မိန့်ကြား လိုက်ပါတယ်၊
အခွင့်ရသည့်အခါ သုဘဒ္ဒ သည် မြတ်စွာဘု ရား ထံသို့ဆည်းကပ်၍ အပြစ် လွတ်ရာနေရာ၌ ထိုင်ပါတယ်၊ ပြီးလျင် မြတ်စွာဘုရား ရှင်ကို ခွင့်ပြုစကား လျှောက်ထား၍ မေးမြန်းပါတယ်၊
“အရှင်မြတ်ဂေါတမ..အကြင်သမဏ ဗြာဟ္မဏ အမည်ခံ ပုဂ္ဂိုလ် တို့သ ည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံကုန်၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံကုန်၏၊ ဂိုဏ်းဆရာလည်း ဖြစ်ကြကုန်၏၊ ထင်ရှားကျော်စောကုန်၏၊ အယူဝါဒ တီထွင်သူတို့ ဖြစ်ကြ ကုန်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူများဖြစ်ကုန်၏၊
ထိုသူတို့အားလုံးတို့သည် မိမိတို့၏ ဝန်ခံချက်အတိုင်း တရားအားလုံးကို သိကြပါကုန်သလော၊ သို့မဟုတ် ထိုသူအားလုံးတို့သည်ပင် မိမိတို့ဝန်ခံချက်အတိုင်း တရားအားလုံးကို မသိကြကုန်သလော၊ သို့မဟုတ် အချို့က သိ၍ အချို့ က မသိပဲရှိကြပါကုန်သလော…ဘုရား”
ထိုသို့ မေးလျှောက်သောအခါ မြတ်စွာ ဘုရား၏ ကုသိနာရုံ ပြ ည်သို့ ကြွလာတော်မူခြင်းကပင် ” ပဌမယံ၌ မလ္လမင်းတို့အားတရားဟောမည်၊ မဇ္စျိမယံ၌ သုဘဒ္ဒ အားတရားပြောမည်၊ ပြီးလျှင် ရဟန်း သံဃာများကို အဆုံးအမ သြဝါဒ ပေး၍ မိုး သောက်ယံ ၌ ငါဘုရား ပရိနိဗ္ဗာန်စံမည်” ဟူသော ရည်ရွယ်တော်မူချက်ဖြင့် ကြွလာတော်မူခြင်း ဖြစ်ရကာ.. ထိုတိတ္ထိဂိုဏ်းဆရာကြီးတို့၏ နိယျာနိကတရားမဟုတ်ကြောင်း ဟောပြသဖြင့် သုဘဒ္ဒ အဖို့ရာ တစုံတရာအကျိုးရှိမည် မဟုတ်သောကြောင့် ..
“ချစ်သား သုဘဒ္ဒ..မမေးလင့်၊ ဤအမေးကို လွတ်ရာ ဖယ်ရှား ထားလိုက်ဦးလော့..
ချစ်သားသုဘဒ္ဒ..သင့်အားနိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကိုသာလျှင် ဟောအံ၊ ကောင်းစွာ နှလုံး သွင်းလော့ ဟု မိန့်တော်မူပါတယ်၊
သုဘဒ္ဒ ပရိဗိုဇ် က” ကောင်းပါပြီ ဘုရား”လို့ ဝန်ခံစကား လျှောက်ထား ပါတယ်၊
ချစ်သားသုဘဒ္ဒ..အကြင်ဓမ္မဝိနယ(တရား သဖြင့်ဆုံးမရာ) သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ် တရားသည်မရှိ၊ ထိုအရိယာမဂ်တရားမရှိသော သာသနာ၌ သောတပန်ရဟန်းသည်လည်းမရှိ၊ ဒုတိယ အဆင့် သကဒါဂါမ် ရဟန်း သည်လည်း မရှိ၊ တတိယ အဆင့် အနာဂါမ် ရဟန်းသည်လည်းမရှိ၊ စတုတ္ထ အဆင့် ရဟန္တာ ရဟန်း သည်လည်းမရှိ၊
ချစ်သား သုဘဒ္ဒ… ငါဘုရား၏ တရား သဖြင့် ဆုံးမရာ ဤဓမ္မဝိနယသာသနာ၌.. အင်္ဂါရှစ်ပါးရှိသော အရိယာမဂ် တရားသည် ထင်ရှားရှိပေ၏၊ ဤအရိယာမဂ်တရား ထင်ရှားရှိရာ ငါဘုရား၏ ဓမ္မဝိနယ သာသနာ၌ သာလျှင် သောတပန် ရဟန်း သည်ရှိပေ၏၊ ဒုတိယအဆင့် သကဒါဂါမ် ရဟန်းသည် ရှိပေ၏၊ တတိယအဆင့် အနာဂါမ် ရဟန်းသည်ရှိပေ၏၊ စတုတ္ထ အဆင့် ရဟန္တာ ရဟန်း သည်ရှိပေ၏၊
ဤ ငါဘုရား၏ ဓမ္မဝိနယ သာသနာ တော်မှ တပါးသော အယူဝါဒ (သာသနာ) တို့သည် တရားကိုသိမြင်ကြသည့် မဂ္ဂဋ္ဌအရိယာလေးယောက်၊ ဖလဋ္ဌအရိယာလေးယောက်၊ မဂ်လေးပါးကို ရရှိဖို့ရန် အားထုတ်ဆဲဖြစ်သည့် ဝိပဿက လေးယောက်တည်းဟူသော ရဟန်းမြတ် တကျိတ်နှစ်ယောက်တို့မှ ဆိတ်သုဥ်းကုန်၏၊
ချစ်သားသုဘဒ္ဒ.. ဤဖော်ပြပါ ရဟန်း မြတ် တကျိတ် နှစ် ယောက်တို့သည် မှန်စွာ အဆင့်ဆင့် ဟောပြောလျက် နေကြကုန်သည်ရှိသော် လောကသည် ရဟန္တာ တို့မှ မဆိတ်မသုဥ်းသည်သာ ဖြစ်လေရာ၏၊
ချစ်သားသုဘဒ္ဒ..ငါရဟန်းပြုသည်မှစ၍ အနှစ် ငါးဆယ်ကျော်ခဲ့လေပြီ၊ ငါဘုရား၏ သာသနာတော်မှ အပ၌ အရိယာမဂ် တရား၏ ရှေပိုင်းဖြစ်သော ဝိပဿနာ ကို ပွားများသောသူသည်လည်း မရှိချေ၊ သောတာပန် ရဟန်းသည်လည်းမရှိချေ၊ ဒုတိယအဆင့် သကဒါဂါမ် ရဟန်းသည်လည်းမရှိချေ၊ တတိယအဆင့် အနာဂါမ် ရဟန်းသည်လည်းမရှိချေ၊ စတုတ္ထ အဆင့်ရဟန္တာရဟန်း သည်လည်းမရှိချေ၊
ဤငါဘုရား၏ဓမ္မဝိနယ သာသနာတော်မှ တပါးသောအယူဝါဒ တို့သည်တရားကို သိမြင်သည့် ရဟန်းမြတ်တ ကျိတ်နှစ်ယောက်တို့မှ ဆိတ်သုဥ်းကုန်၏၊
ချစ်သားသုဘဒ္ဒ.. ဤရဟန်းမြတ် တကျိတ်နှစ်ယောက်တို့သည် မှန် စွာအဆင့်ဆင့် ဟောပြောကြလျက် နေကြကုန်သည်ရှိသော် လောကသည် ရဟန္တာ တို့မှ မဆိတ်မသုဥ်းသည်သာ ဖြစ်လေရာ၏၊
(သုတ်မဟာဝါ ပါဋ္ဌိတော် နှင့် အဋ္ဌကထာ တို့၌ အမေး၊ အဖြေကို ဤမျှသာ ဖော့်ပြကြပါတယ်၊ ဓမ္မပဒ ကျမ်းလာကိုလည်း သိနိုင်ကြဖို့ ဖြည့်စွက် ဖော်ပြပါ့မယ်ခင်ဗျာ)
သုဘဒ္ဒ ပရိဗိုဇ် က..မြတ်စွာဘုရားရှင်၏ ဖြေကြားချက်ကို နာယူပြီးနောက်၊ သူ့သံသယရှိနေသော ပြဿနာ သုံးခုကို ဆက်၍ လျှောက်ထားပါတယ်၊
“ရဟန်းမြတ်.. (၁) ကောင်းကင်၌ ခြေရာမည်သည် ဖြစ်နိုင် ရှိနိုင်ပါသလော၊
(၂) ဤဘုရားမြတ်စွာ သာသနာတော်မှအပ တိတ္ထိတို့၏ အယူဝါဒ ၌ ကိလေသာကိုငြိမ်းစေတတ်သည့် ရဟန်းသူမြတ်များ ဖြစ်နိုင် ရှိနိုင်ပါသလော၊
(၃) မဖောက်မပြန် မပျက်မစီးပဲ အမြဲတည်သော သင်္ခါရ တို့မည်သည် ဖြစ်နိုင် ရှိနိုင်ပါကုန်၏ လော”
ဟု လျှောက်ထားမေးမြန်းပါတယ်၊
“ချစ်သား သုဘဒ္ဒ..
အဇဋာပြင် မိုးကောင်းကင် ၌ တစ်ဦးတစ်ယောက်၏ ခြေရာမည်သည် မရှိဧကန် စင်စစ်မှန်၏၊
မရှိဧကန် စင်စစ်မှန်သကဲ့သို့ ဤသာသ နာတော်မှ အပြင်အပ တိတ္ထိတို့၏ အယူဝါဒ ၌ ကိလေ သာခပ်သိမ်းကို အေးငြိမ်းစေတတ် ရဟန်းမြတ် တကျိပ်နှစ်ပါးသည် မရှိဧကန် စင်စစ်မှန်၏၊
မဖောက်မပြန် မပြိုမကွဲ မြဲသော သ ဘောရှိကုန်သော ခန္ဓာငါးပါး သင်္ခါရ တရား တို့သည် တစိုးတစီ မရှိ ဧကန် စင်စစ်မှန်၏၊
သဗ္ဗညူထွတ်တင် ဘုရားရှင်တို့ ၏ သန္တာန်၌ တဏှာတည်းဟူသော တုန်လှုပ်ခြင်း၊ မာနတည်းဟူသော တုန်လှုပ်ခြင်း စသည်တို့တွင် တပါးပါးသော တုန်လှုပ်ခြင်းသည် မရှိဧကန် စင်စစ်မှန်၏၊
ဟုတရားစကားဟောကြားတော်မူလေ၏၊
ဤသို့ မြတ်စွာဘုရားရှင် က တရားစကားကို ပြောကြားလတ်သည်ရှ်သော်…သုဘဒ္ဒ ပုရိဗိုဇ် သည်.. ဘုရားရှင်ကို ..
“မြတ်စွာဘုရား ရှင်သ ည် အကျွန်ုပ်သုဘဒ္ဒ အား များစွာသော အကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပေပြီ၊ အကျွန်ှပ်သုဘဒ္ဒ သည် မြတ်စွာဘုရား ကို၎င်း၊ တရား တော်ကို၎င်း၊ ရဟန်း သံဃာတော်ကို၎င်း၊ ကိုးကွယ်လည်းလျောင်း ပုန်း အောင်းရာဟူ၍ သိမှတ်ဆည်းကပ်ပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရား ၏ အထံတော်၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရပါရစေ” ဟု လျှောက်ထားတောင်း ပန် လေ၏၊
မြတ်စွာဘုရား ရှင်က..
“ချစ်သားသုဘဒ္ဒ.. ဤသာသနာတော်မှတပါးသော အယူရှိသည့် တိတ္ထိဖြစ်ဘူးသောသူသည် ဤဓမ္မဝိနယသာသနာ၌ အကယ်၍ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရယူလိုမှု လေးလတို့ပတ်လုံး ပရိဝါသိ ကျင့်သုံးရသည်၊ လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ် သော စိတ်ရှိကြလျှင် ရှင်ပြု၍ပေးကြလိမ့်မည်၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကြလိမ့်မည်၊
ထိုအခါ..သုဘဒ္ဒပရိဗိုဇ် က..
“မြတ်စွာဘုရား.. တပါးသော အယူရှိသည့် တိတ္ထိဖြစ်ဘူးသောသူတို့သည် ဤဓမ္မဝိနယ သာသနာတော်၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရယူလိုကြမူ လေးလပတ်လုံး ပရိဝါသိ ကျင့်သုံးကြရသည်ဖြစ်လျှင် အကျွနုပ်သည် လေးနှစ်ပတ်လုံး တိတ္ထိယပရိဝါသိ ကို ကျင့်သုံးပါမည်၊ လေးနှစ်လွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိတော်မူကြပါလျှင် ရှင်ပြုပေးတော်မူပါ၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးတော်မူပါ”
ဟု လျှောက်ထား တော်မူပါတယ်၊
ထိုအခါ မြတ်စွာဘုရား ရှင်က..အရှင် အာနန္ဒာ မ ထေရ် ကို..
“သုဘဒ္ဒ ကို ရှင်..ရဟန်းပြုပေးလိုက်လော့” ဟု မိန့်ကြားတော်မူပါတယ်၊
အရှင် အာနန္ဒာ သည် သုဘဒ္ဒ ပရိဗိုဇ် ကို သင့်လျော်နေရာ၌ ရေဗူးမှ ရေဖြင့် ဦးခေါင်းကို ဆွတ်ပြီးလျှင် တစပဥ္ဧက ကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၍ ဆံမုတ်ဆိတ်ကို ပယ်ရိတ်ခြင်း၊ သင်္ကန်း တို့ကို ဝတ်စေခြင်း၊သရဏဂုံ ပေးခြင်းတည်းဟူသော ရှင်ပြုမှုကိစ္စ သုံးရပ်တို့ကို အစဥ်အတိုင်း ပြုပေးပါတယ်၊
ပြီးလျှင် သုဘဒ္ဒ သာမဏေကို မြတ်စွာဘုရားရှင် ထံတော်သို့ပြန်လည်ခေါ်ဆောင်သွားပါတယ်၊
မြတ်စွာ ဘုရားရှင်သည် သုဘဒ္ဒ သာမဏေ အား ပဥင်းခံပေးစေ၍ ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူလေသည်၊ သုဘဒ္ဒ ရဟန်းသည် ထိုကမ္မဋ္ဌာန်းကိုယူ၍ အင်ကြင်းဥယျာဥ်အတွင်း ဆိတ်ငြိမ်ရာနေရာ၌ စင်္ကြံသွားခြင်း ဣရိယာပုတ်တစ်ခုတည်းဖြင့် မနေမနားတရားအားထုတ်လေရာ မြတ်စွာဘုရား ပရိနိဗ္ဗန် စံတော်မမူမီ ထိုညဥ့်မှာပင် ပဋိသမ္ဘိဒါ ပတ္တရဟန္တာဖြစ်၍ ဘုရားရှင်ထံမှောက်သို့ လာရောက်ရှိခိုး၍ ထိုင်နေလေ၏၊
အရှင်သုဘဒ္ဒ သည် အာသဝေါကုန်ခန်း ရဟန္တာတို့တွင် တစ်ပါးအပါအဝင်ဖြစ်၍ မြတ်စွာဘုရား၏ နောက်ဆုံး(ပစ္ဆိမ) မျက်မှောက်တပည့် သာဝကဖြစ်လေသတည်း၊
ဝေနေယျ သတ္တဝါ အပေါင်းတို့ကို မဟာဂရုဏာ ကြီးစွာထားတော်မူလှသော မြတ်စွာဘုရားရှင်သည်..
ပထမယာမ်..မလ္လမင်းတို့..အဖူးအမြော်ခံပါတယ်၊
[နေ့ညဗဟိုရ် (၆) ခုရှိ၊ တစ်ဗဟိုရ် လေးနာရီ]
မဇ္စျိမယံမှာ.. သုဘဒ္ဒပရိဗိုဇ်ရဲ့သိလိုတဲ့တရားများကို.. ရှင်းလင်းပေးခြင်းများကိုပြု တော်မူပါတယ်၊
နောက်ဆုံးအချိန်မှာ..မြတ်စွာဘုရား ရှင်သည်..
အာနန္ဒာ.. ကို
(၁)..တရားအဆုံးအမသည် ဟောကြားသောဆရာမှ ကင်း ခဲ့ပြီဟူ၍လည်းကောင်း၊ယခု ငါတို့၏ဆရာမရှိတော့ပြီ ဟူ၍ လည်းကောင်း၊သင်တို့မထင်မှတ်ကြလေနှင့်၊အကြင်တရား ဓမ္မနှင့်ဝိနည်းတို့သည် ငါကွယ်လွန်ပြီးသည့်နောက်၌ သင်တို့၏ ဆရာပင်ဖြစ်ပေ၏၊
(၂) ယခုအခါ၌ ရဟန်းတို့သည် တစ်ဦးနှင့်တစ်ဦး “အာဝုသော” (ငါ့ရှင်) ဟူသောစကားဖြင့်ခေါ်ဝေါ်ကြ၏၊ငါကွယ်လွန်သွားပြီးသည့်နောက်၌ ထိုကဲ့သို့မခေါ်အပ်ပေ၊ မထရ်ကြီးဖြစ်သောရဟန်းသည် သီတင်းငယ်ရဟန်းကို အမည်ဖြင့်ဖြစ်စေ အနွယ်ဖြင့်ဖြစ်စေ ၊အာဝုသော ဟူသောစကားလုံးဖြင့်ဖြစ်စေ ခေါ်အပ်ပေသည်၊သီတင်းငယ် ရဟန်းကမူ မထေရ်ကြီးရဟန်းအား ဘန္တေ (အရှင်ဘုရား) ဟူ၍လည်းကောင်း၊အာယာသ္မာ(အရှင်) ဟူ၍လည်းကောင်းခေါ်ဆိုအပ်ပေ၏၊
(၃) ငါကွယ်လွန်သွားပြီးသည့်နောက်၌ သေးငယ်သော သိက္ခာပုဒ်များကို ပယ်လိုခဲ့သော် ပယ်ပစ်ကြကုန်လော့၊
(၄)ငါကွယ်လွန်သွားပြီးသည့်နောက်၌ ဆန္ဒရဟန်းသည် ဗြဟ္မဒဏ်ပြုလုပ်သင့်၏၊
လို့ မိန့်တော်မူခဲ့ပါတယ်ဗျာ၊
နောက်ဆုံး .. (၄၅ ) ဝါပတ်လုံး မနားမနေဟောကြားတော်မူခဲ့တဲ့ တရားအားလုံးရဲ့ အချုပ်…
ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ဘိက္ခဝေ….ချစ်သား ချ စ်သမီးတို့
ဟန်ဒဒါနိ….ယခုအခါ၌
ဝေါ……….သင်ချစ်သား ချစ်သမီးတို့အား
အာမန္တယာမိ……ငါဘုရားနောက်ဆုံးခေါ်တော်မူ၏
သင်္ခါရ…..ရုပ် နာမ်နှစ်ပါး သင်္ခါရတရားတို့သည်
၀ယဓမ္မာ…….ပျက်တတ်သော သဘောရှိကုန်၏
အပ္ပမာဒေန…..မမေ့မလျော့သောသတိတရားနှင့်
သမ္ပာဒေထ…ပြည့်စုံရစ်ကြ
လို့..နောက်ဆုံးတရား မိန့်ခွန်းတော်ကို..မိန့်တော်မူခဲ့ပါတယ်ဗျာ..
ကဆုန်လပြည့်နေ့..ည၊အင်းကြင်းတော တစ်ခွင်လုံး လမင်း၏အရောင်ဖြင့် ထွန်းလင်းတောက် ပနေပါတယ်၊အင်ကြင်းပင်တို့ကလဲ..ဖြူ ဖွေးသောအပွင့်များဖြင့် ပန်းရနံ့ကြိုင်လှိုင်စွာ ရှိနေပါ တယ်၊ဘိက္ခု ဘိက္ခု နီ အများအပြားကလည်းဆိတ်ညိမ်စွာ တရားနှလုံးသွင်းနေကြကာ ဗုဒ္ဓရဲ့အပါးမှာရှိနေကြတဲ့ကာလ..
ညဉ့်၏ တတိယ (နောက်ဆုံး) ဗဟိုရ်မှာ..
သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပါတယ်ခင်ဗျာ။
ဓမ္မမိတ်ဆွေများ ခင်ဗျာ..
မြတ်စွာဘုရား ရှင် ၏ နောက်ဆုံး အချိန် နှင့် နောက်ဆုံးသာဝက သုဘဒ္ဒပရဗိုဇ်..အကြောင်းကို ကျွန်တော် ဖတ် သိသမျှ စာပေဒါန၊ ဓမ္မ ဒါန ပါခင်ဗျာ ၊
ဓမ္မ မိတ်ဆွေများအားလုံး..
သည်ဘဝမှာပင် သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက် ကြောင်း တရားထူးမဂ်တရား ရနိုင်ကြသူများ၊ ရကြသူများ ဖြစ်ကြပါစေ ခင်ဗျာ၊
ကျမ်းကိုး..(၁) နိုင်ငံတော်ဗုဒ္ဓသါသန မဟာဗုဒ္ဓဝင်၊ မင်းကွန်းဆရာတော် ဘုရားကြီး ဦးဝိစိတ္တသာရဘိဝံသ၊
(၂) သုဘဒ္ဒပရိဗိုဇ်.. မိုးကုတ်ဆရာတော် ဘုရားကြီး ၏ ဟောတရား၊
Credit တောချော – လယ်တွင်းကိုးခရီုင် fb 28 Jan 2025
၀မ်းနည်းကြေကွဲဖွယ်ရာ

#မဟာဂန္ဓာရုံ

မန္တလေး၊ တောင်မြို့(အမရပူရ)၊ စစ်ကိုင်း ငလျင်ကြီးမှာ အထိခိုက်၊အနစ်နာဆုံးက စစ်ကိုင်းပါ ။ ၈၀ ရာခိုင်နှူန်း ပျက်စီးတယ်လို့ သိရပါတယ်။.
စစ်ကိုင်းနဲ့ တစ်ဆက်တည်း တောင်မြို့(အမရပူရ)ကလည်း တော်တော်ထိခိုက်ခဲ့ပါတယ်။


ဒီနေ့ တင်ပြချင်တာကတော့ ဆရာတော်ကြီး အရှင်ဇနက္ကာ ဘိဝံသ တည်ထောင်ခဲ့တဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက် အကြောင်းပါ ။

အားလုံးသိတော်မူကြတဲ့အတိုင်း မဟာဂန္ဓာရုံဟာ ဝိနည်း လေးစားတဲ့ကျောင်းတိုက်ဖြစ်တယ်၊သံဃာပေါင်း ထောင်ကျော်ရှိတာတောင် ဆွမ်းစားရင် ဘာသံမှမကြားရဘူး။ ဖိုးသူတော်လေးတွေ ၊ ကိုရင်လေးတွေကစပြီး တည်ငြိမ်ရင့်ကျက်တဲ့ ဣနြေ္နနဲ့ သီတင်းသုံးကြတယ်၊ပရိယတ္တိ စာပေထူးချွန်တဲ့အစဉ်အလာရှိတယ်…. ဆိုတဲ့ ကောင်းသတင်းများနဲ့ ပြည့်စုံတဲ့ ကျောင်းတိုက်ဖြစ်ပါတယ်။

ဆရာတော်ကြီး အရှင်ဇနက္ကာ ဘိဝံသ ရဲ့ စည်းကမ်းချက်(၁၀) ချက်ထဲက
” #စိတ်ရင်းကောင်းဖို့ပထမ “
ဆိုတဲ့ အချက်ကလည်း တစ်န်ိုင်ငံလုံး အသိအမှတ်ပြုလေးစားရတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

အခုငလျင်မှာ မဟာဂန္ဓာရုံကျောင်းတိုက်က ကျောင်းပေါင်း (၂၀)ကျော် ပျက်စီးသွားပါတယ်။



သံဃာတော်များ ငြိမ်သက်စွာ ဆွမ်းဘုဉ်းပေးကြတဲ့ ဆွမ်းစားဆောင်လည်း ပျက်စီးသွားပါပြီ။


သေကံမရောက် သက်မပျောက်တဲ့ ကိုရင်တွေ ဦးဇင်းတွေ နေစရာ ခက်ခဲလို့ ရွာပြန်သူတွေ ပြန်ကြပါတယ်။

တစ်ချိန် က အလွန်နာမည် သတင်း ဂုဏ်သိက္ခာ ကြီးမားတဲ့ ကျောင်းတိုက်ကြီးမှာ အနည်းငယ်ကျန်သော သံဃာတော်တွေက ရွက်ဖျင်တဲတွေမှာ သီတင်းသုံးရင်း ဆွမ်းကိစ္စကိုလည်း အဆင်ပြေသလို ဖြေရှင်းနေကြပါတယ်။

ကျောင်းတိုက်က နာယက ဆရာတော်ကြီးများကလည်း ဆိုရှယ် မီဒီယာ အသုံးမပြုတာ တစ်ကြောင်း၊ သတင်းသမားတွေ အ၀င်အထွက်နည်းတာတစ်ကြောင်း တို့ကြောင့် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးအတွက် အလှူရှင်များ လိုအပ်နေပါသေးတယ်။

ဒါကြောင့် …
ဆရာတော်ကြီး အရှင်ဇနက္ကာဘိဝံသ ရဲ့ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် တို့ကို အာရုံပြု ကြည်ညိုပြီး မဟာဂန္ဓာရုံကျောင်းတိုက်အတွက်သာသနာပြုမည့် ကျောင်းဒါယကာ၊ ဒါယိကာမများ အမြန်ဆုံး ပေါ်ပေါက်လာဖို့ ဆုတောင်းအပ်ပါတယ်ရှင်။
မာမာ။ Credit
