ညောင်တုန်း။ မြို့ ရွှေညောင်တုန်း ပုံရိပ် ပန်းချိကားချပ်များ

လွမ်းစရာ
မွေးရပ်ဌာနေ အမိမြေ

သာသနာ့ရောင်ဖုံး မြို့ေရွှညောင်တုန်း ၏
ခေတ်ကောင်းကာလ တစ် ခေတ် တစ်ချိန်က
ပုံရီပ်များ အချို့

ယနေ့ မြန်မာ ပ န်းချီ နုပညာရှင်များလောကကတွင်
နိုင်ငံသိ ညော,င်တုန်းသား ခေတ်သစ် မြန်မာပန်းချီပညာရှင် ဝင်းမြင့်မိုး ၏ မြို့ေ၇ွှ ညောင်တုန်း သရုပ်ဖေါ် သမိုင်းမှတ်တမ်းတင်ပေးထားခဲ့သော
လက်ရာ မြောက် ပန်းချီကားများဖြစ်ပါသည်

တချိန်ကရန်ကုန်မြောင်းမြဝါးခယ်မမအူပင်ပုသိမ်ပြေးဆွဲခဲ့တဲ့ဗန္ဓကသင်္ဘော ကြီးရဲ့ဆည်းဆာနေဝင်ချိန်ပုံလေးပါ။ဧရာဝတီမြစ်ရိုးတလျှောက်မီးတထိန်ထိန်နဲ့ခမ်းနားလှတဲ့အဖြူရောင်သင်္ဘော ကြီးပါ။သူ့ထက်တဆင့်နိမ့်တဲ့သင်္ဘော ကဘေးအကာသ်ံလက်တန်းနဲ့ပါ။ဂျပန်စစ်လျော်ကြေးပေးထားတဲ့သင်္ဘော တွေပါ။ဆယ်တန်းအောင်စာရင်းထွက်ပြီးဦးလေးရှိရာပုသိမ်ကိုဗန္ဓကကြီးစီးပြီးသွားရတယ်။တယောက်တည်းမို့အောက်ထပ်မှာဂုန်နီအိပ်ပက်လက်ကထိုင်၃ကျပ်နဲ့ငှါးပြီးထိုင်လိုက်ခဲ့တယ်။ရန်ကုန်ကညနေ၄နာရီစထွက်တာမြောင်းမြကိုည၇နာရီလောက်ရောက်တယ်၊ရေထဲမှာစျေးရောင်းသူတွေလှေနဲ့ရောင်းသူတွေနဲ့ဆူညံနေပါတယ်။မြောင်းမြမုန့်ဟင်းခါးဝယ်စားတာအရသာခုထိမှတ်မိနေဆဲပါ။နောက်ဆက်ထွက်ပြီးညအမှောင်ထဲမှာဆလင်က သင်္ဘော ထိပ်ကမီးဆလိုက်နဲ့ ကမ်းကိုထိုးပြီးလမ်းရှာသင်္ဘော ဦးကထိုးခွဲတဲ့လှိုင်းကကြီးလို့သူ့လှိုင်းသူမိပြီးလူးနေပါတယ်။သူ့လှိုင်းခံရတဲ့တခြားသင်္ဘေတွေ သဗ္ဗာန်တွေဆိုမြုပ်မတတ်ဘဲဗျာ။ပထမဆုံးစီးတာရယ်ဝါဆိုလမိုးတွင်းကြီးမို့ကြောက်ပြီးမအိပ်ခဲ့ရပါဘူး။လှိုင်းထန်ချိန်ရေအိမ်ထဲဝင်ရတာအကြောက်ဆုံးပါဘဲဗျာ။ပုသိမ်နန်းသီတာဆိပ်ကမ်းကိုနောက်နေ့မနက်၁၀နာရီကပ်ပါတယ်။ပုသိမ်မှာ၁၀ရက်နေပြီးအပြန်ခရီးကိုဗန္ဓကကြီးနဲ့ပြန်ဆုံပြန်တယ်။အလာတုန်းကရေဆန်အပြန်မှာရေစုန်မို့ပိုမြန်ပါတယ်။ကျွန်းပတ်အလှည့်ဖြစ်လို့ငပုတောဘက်ဝင်ပါတယ်။တမျှော်တခေါ်မြစ်ပင်ကျယ်ကြီးကြည့်ပြီးကြောက်လိုက်တာဗျာ။တွံတေးတူးမြောင်းထဲကနေရွှေတိဂုံစေတီကိုဖူးရတာမမေ့နိုင်ပါဘဲ။နောင်တာဝန်နဲ့ပုသိမ်ကိုဗန္ဓကနဲ့သွားရပါတယ်။တပည့်တွေကိုအောက်ထပ်မှာနေရာချမိမိကအပေါ်ထပ်အခန်းမှာနေရာရလို့ရေယာဉ်မှူးခန်းထဲဝင်ပြီးလေ့လာခဲ့ပါသေးတယ်။ခုကားလမ်းလဲပေါက်ပြီမို့မြစ်တွင်းဘုရင်ဗန္ဓကကြီးလဲလပွတ္တာဆိပ်ကမ်းမှာနေဝင်ခဲ့ပါပြီ။

Credး

ရဲရင့်အောင် Facebook post 29 July 2022

COMMENTS

U Aye Myint AM

ဧရာဝတီသား ညောင်တုန်းသားပါ။ ၁၉၆၆ ထိ ငယ်စဉ် အထက်တန်းကျောင်းသားဘဝ ၊ ၁၉၆၆- ၁၉၇၂ ထိ RIT ကျောင်းသားဘဝ ၊ အလုပ်ထဲ ဝင်တော့ ၁၉၇၄ မှစပြီး ဆည် မြောင်းသားဘဝ တွေပါ၊ လမ်းေတွ မ၌ွင်း ေ သးခင် အချိွေ တစ် လျောက်လုံးမှာ ၊ ဧရာ ဝတီ သင်္ဘောတွေနဲ့ ဧရာဝ တီ တိုင်းထဲမှာ ခရီးတွေသွားနေခဲ့ရတယ်။ အချိန်ကုန်သက်သာချင်ရင် ညဘက် ထွက်တဲ့သင်္ဘော စီးတယ် ။

၁၉၈၀ ဝန်း ကျင်ကာလတွေမှာ ၊ ဆည် မြောင်းစပါးစီမံကိန် (၁) ရုံး မှာ တာဝန်ကျ ရှိနေတော့ တာဝန်အရ ဖျာပုံကိုည သင်္ဘော ဧရာဝတီ သင်္ဘောစီးပြီးခရီးသွားလေ့ရှိတယ် ။

တစ်ခါမှတော့ ရန်ကုနေ ဖျာပုံကို ညဘက် ခရီးထွက်ခဲံတယ်။ တွံ ေ တး မြို့က အထွက် ၊ အိပ်မပျော်သေးခင် မှာ လကွ ယ်ည ။ ညကြီးမင်းကြီးမှောင်တောထဲမှာ သင်္ဘော သွားနေ စဉ် ရှေ့ ကိုလဲ ဆလိုက်မိး တွေ ထိုးသွား နေတုံး ဗြုန်းဆို သင်္ဘောဘေး မှာ မြစ်ကမ်းပါး ကြီး ကပ်ဘျက် ရုတိ တရက် ေ တွ့ လိုက် ရတာ ၊ ကျွန် တော့် မှာ ၊ လူမှာ မျက်လုံပြူး ထိတ်လန့် ပြာပြာသလဲဖြစ်ခဲ့ဘူးတယ်.။ . မြစ်ကဘေး ချောက် ကမ္ဘားဘေး ကို သင်္ဘောကြီးက ရောက် လာတယ်၊ ကမ္ဘားကို တိုက်မိလို့ ၊ သ ေ င်္ဘာ ခါသွား လို့ နိုးတာလဲဖြစ်လားမတော့မှေ တာ့၌ါ။ .ချက်ချင်းပြန် ခွါခဲ့ တယ် .။ လန့်လိုက်တာ ၊ အိပ်မောကျနေသူတွေကတော့ ဘာမှမသိကြ။

အဲဒီ ခေတ်က ဧရာဝဝိ သင်္ဘော ဆလင် ပဲ့ကိုင် တွေ တော်လိုက်ကြပုံ ကိုပြောချင်တာပါ။ တစ်ညလုံး လူတွေ ခရီးသည် တွေ အန္တရာယ် မရှိေ အာင် ေ မှာင်ကြီးထဲမှာ သ ေ င်္ဘာကို ကြယ် ေ ရာင် ေ တွ အောက် မှာ ထိန်းမောင်းနိုင်ခဲ့ကြတာပါ။

လကွယ် ည သန်း ခေါင်ယံ မှောင်ကြီးထဲမှာဖျာ ပုံ သွားတဲ့ ဧရာ ဝတီသ ေ င်္ဘာ ကြီး တစ်စင်း ၊ မြစ်ကမ်းပါးကို တိုက်တော့မတတ်( ,ခေတ္တ ဘေးချင်းပွတ် တိုက် လိုက်တယ်ထင်တယ်)

ခေတ်ဟောင်း ၊ေ ခတ် ေ ကာင်းချိန် တွေမှာ ၊ ကြုံ ခဲ့ရတဲ့ သဲထိတ်ရင်ဖိုစရာ ကိုယ် တွေ့့ပါ။

ရည် ညွှန်း

ရဲရင့်အောင် Facebook post 29 July 2022