မိုင် ၃၄၀ ကျော်ရှိ ငလျင် ပြတ် ေ၇ွ့ကြောင်း တွေ့ရှိချက် -BBC News 14 May 2025
ရန်ကုန်ကို ပြင်ဆင်ဘို့ အချိန်ရတယ် ( ရုပ် / /သံ ) The Irrawaddy News ဧရာဝတီ၊ ဧပြီ ၂၈၊ ၂၀၂၅။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ နေထိုင်နေတဲ့ ပါမောက္ခ ဒေါက်တာမြင့်ဝင်းဗိုလ်က မန္တလေးနဲ့ စစ်ကိုင်းတို့ လာမယ့်ငလျင်ဒဏ်တွေ ခံနိုင်ဖို့၊ နေပြည်တော် ပြန်တည်ဆောက်ရေး ပိုကြံ့ခိုင်ဖို့နဲ့ ရန်ကုန်ကို ကြိုပြင်ဆင်ကြဖို့ ဧရာဝတီ အယ်ဒီတာ ရဲနည်နဲ့ တွေ့ဆုံမေးမြန်းရာမှာ နှိုးဆော်တိုက်တွန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #ငလျင် #ပါမောက္ခ ဒေါက်တာမြင့်ဝင်းဗိုလ် #ရန်ကုန် #နေပြည်တော်

MES အင်အားပြင်းငလျင် နဲ့ပတ်သတ်ပြီး ဘူမိအင်ဂျင်နီယာဆိုင်ရာ လေ့လာတွေ့ရှိချက်များ အပိုင်း(၁)
ရန်ကုန်နဲ့ ငလျင် အန္တရာယ်များ ။ ရန်ကုန်မြို့ကငလျင်အနေနဲ့ဆိုအရှေ့ဘက်မှာရှိတဲ့စစ်ကိုင်းပြတ်ရွေ့ က အင်အားရစ်(ခ်)တာစကေး(၇) လောက်ထိလှုပ်နိုင်ပါတယ်။
ရန်ကုန်မြို့ကငလျင်ဇုန်ထဲမှာပါတယ်လို့ပြောလို့ရပါတယ်။ငလျင်ဆိုတဲ့ဟာကအချိန်အခါရယ်လို့ရှိတာမဟုတ်ဘူး။ကိုယ်အိပ်နေတဲ့အချိန်မှာလည်းလှုပ်နိုင်တယ်။ရုံးသွားနေတဲ့အခါမှာလည်းလှုပ်နိုင်တယ်။ငလျင်နဲ့ပတ်သက်ပြီးသတိရှိနေဖို့တော့လိုပါတယ်။
ဦးစောထွေးဇော်
(ဒုတိယဥက္ကဌ၊မြန်မာနိုင်ငံမြေငလျင်ကော်မတီ)။ MercuryVariety #Mercury #ExclusiveInterview #မြန်မာနိုင်ငံမြေငလျင်ကော်မတီ #ဦးစောထွေးဇော် #ငလျင် #စစ်ကိုင်းပြတ်ရွေ့
ငလျင်ဒဏ္သင့် မန္တလေး က အမွေအနှစ် များ – BBC News. မြန်မာ
၂၀၂၅ မတ် ၂၈ ရက် ငလျင်ကြီးကြောင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေများစွာ တည်ရှိတဲ့ မန္တလေးမြို့မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားခဲ့ပါတယ်။ ဒီလိုပျက်စီးမှုတွေကြောင့် မန္တလေးမြို့ရဲ့အသွင်အပြင်တွေလည်းပြောင်းခဲ့ရပါတယ်။ ကုန်းဘောင် မင်းဆက် နောက်ဆုံး နန်းစိုက်ခဲ့တဲ့ မန္တလေးနန်းတွင်းရဲ့ နာမည်ကျော် ကျုံးမြို့ရိုးလေးဘက်လေးတန်လည်း ပြိုကျပျက်စီးတာတွေရှိခဲ့သလို မကြာခင်နှစ်တစ်ရာပြည့်တော့မယ့် မန္တလေးတက္ကသိုလ်ကြီးလည်း မီးလောင်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
ငလျင်ကြီးကြောင့် ယဉ်ကျေးမှုမြို့တော်မန္တလေးမြို့ရဲ့အသွင်အပြင်တွေ ဘယ်လောက်ထိခိုက်ပြောင်းလဲသွားပါသလဲ။ ပျက်စီးမှုတွေက သမိုင်းတန်ဖိုးဘယ်လောက်ကြီးမားပါသလဲ။. မန္တလေးမြို့ခံ စာရေးဆရာ သင့်နော် နဲ့ မအေးသူစံတို့ရဲ့ ဆွေးနွေးတင်ဆက်မှုကို ရုပ်သံမှာ ကြည့်ရှုနားဆင်ရင်း ငလျင်သင့် အထင်ကရ အမျိုးသားအမွေအနှစ်တွေကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။. ရိုက်ကူး/ တည်းဖြတ် – ဝင်းကျော်သူ (ဘီဘီစီမြန်မာပိုင်း)
ဘူမိဗေဒပါမောက္ခဒေါက်တာဦးသိန်းသည် ဘူမိသမားများအားလုံးအပြင် အခြားပညာရပ်နယ်ပယ်မှ ပုဂ္ဂိုလ်များ၏ ကြည်ညိုလေးစားမှုကိုပါ ခံယူရသူတစ်ဦးဖြစ်ပါသည်။ ကျွန်တော်သည် ဘူမိသမား မဟုတ်သော်လည်း ဆရာဒေါက်တာဦးသိန်း၏ ကူညီစောင်မခြင်းကို ခံခဲ့ရသည်။ ဆရာက ကျွန်တော့အား ပေးခဲ့သည့် စာအုပ်ထဲမှ ပူးတွဲပုံများကို အများစိတ်ဝင်စား အကျိုးရှိမည်ဟု ယူဆသဖြင့် ဝေမျှပါသည်။
မန္တလေးငလျင်သည် ထားဝယ်အပါအဝင် ဝေးလံသော ဒေသများသို့ပါ ထိခိုက်နိုင်ပုံကို ပုံအရ သိနိုင်ပါသည်။



စစ်ကိုင်းပြတ်ေ၇ွ့ကော တစ်လျောက် ဂျပန် ၂ ယောက်နှင့်ခြေရာခံလိုက် ခြင်း ။ သီဧ ( ဘူမိဗေဒ )
