SONG WRITER ဂီတာတင်အုန်းရေး သီချင်းများ ( ၂ / ၃ ) နှင့် ကိုမြသောင်း ၏ သီချင်းများ K.Tin posts

မြို့ရွှေညောင်တုန်း
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – ကိုမြသောင်း(ဦး)။ မြို့ရွှေညောင်တုန်း ဒီသီချင်းလေး ဖြစ်ပေါ်လာတာ ကျွန်တော်သိပါတယ်၊ မကြာသေးတဲ့ သီချင်းလို့လည်း ပြောလို့ရပါတယ် ကျွန်တော်သိတတ်တဲ့ အရွယ်က သီချင်းဖြစ်နေလို့ပါ၊ နှစ် ၅၀ ဝန်းကျင်ကပေါ့ နာမည်ကြီး ဆေးလိပ်(ဆေးပေါ့လိပ်)ကုမ္ပဏီ တစ်ခုက သူတို့ရဲ့ ဆေးလိပ်ကြောငြာအတွက် သီချင်းရေးစပ်ပေးဘို့ တောင်းဆိုတယ်လေ၊ ဖေဖေက တိတ်ခွေ တစ်ခွေစာ သီချင်းတွေ ရေးစပ်ပြီး အပြင်စတူဒီယိုမှာ အသံသွင်းခဲ့တယ်။ ဆေးလိပ်ကုမ္ပဏီ ပိုင်ရှင်ဟာ သူ့မြိုမှာ ကြော်ငြာဖြစ်လို့ ဖေဖေက ညောင်တုံးမြို့အကြောင်းကို ရေးဖွဲ့အသံသွင်းခဲ့တာပါ၊ အဲ့ဒီမှာအခွေမှာ မြို့ရွှေညောင်တုန်း ဆိုတဲ့ ယခုတေးလေးနဲ့ အဖေါ် ဆိုတဲ့ တေးလေးကို ဘဘဦးဖိုးခွေး (ခ) ဦးကိုမြသောင်းက သီဆိုအသံသွင်းခဲ့တယ်၊ များမကြာမီ အဲ့ဒီတေး ၂ပုဒ်ကို မြန်မာ့အသံ ကာလပေါ်သီချင်း စီစစ်ရေး ဘုတ်အဖွဲ့ကိုတင်လိုက်ရာ ဓါတ်ပြားရရှိခဲ့တာ ဖြစ်ပါတယ်။ အော် အခုတော့လည်း… သီချင်းလေးသာ ကျန်ရှိပါတော့တယ်။ မြို့ရွှေညောင်တုန်း ဤသီချင်းလေးကို တင်ပေးရင်းဖြင့် ဖေဖေ ဦးတင်အုန်း နှင့် ဘဘ ဦးဖိုးခွေး(ခ) ဦးမြသောင်း တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။
🙏🏻🙏🏻🙏🏻။ Credit – background photo
( နောက်ခံပုံလေးတွေ Google မှာရှာ၍ အသုံပြုထားပါသည်၊ မူရင်းပိုင်ရှင်အား အသုံးပြုခွင့်ပေးပါ၍ လေးစားစွာဖြင့် ခွင့်တောင်းခံအပ်ပါတယ်။)

စိမ်းရက်လေအား
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – မာမာကြည်(ဒေါ် ). စိမ်းရက်လေအား ဒီသီချင်းလေးဟာ မြန်မာအသံ ရေဒီယိုဓါတ်ပြားရ တေးတစ်ပုဒ်ဖြစ်ပါတယ်။. ငယ်စဉ်က သွဆိုသူ အန်တီတို့အိမ် အလည်သွားရင် ကျွန်တော်တို့မောင်နှမ ၂ဦးကို သကြားလုံးတွေ လက်ထဲထည့်ထည့်ပေးတာ ယနေ့တိုင် အမှတ်ရနေမိပါတယ်။. ဖေဖေ ရေးဖွဲ့ပြီး အန်တီဆိုခဲ့တဲ့ ဒီသီချင်းလေးက မြန်မာ့အသံ ရေဒီယိုဓါတ်ပြားရပြီးထဲက ယနေ့တိုင် နုပျိုလျက် ရှိဆဲပါ။. အန်တီ ဓါတ်ပုံလေးကို ကူညီရှာဖွေပေးခဲ့သော အစ်ကို ဦးခင်ညို အားလည်း ကျေးဇူးတင်စွာဖြင့် ချစ်ခင်လေးစားစွာ ဂါရဝပြုပါတယ်။. ဤသီချင်းကို ၂၉.၀၄.၁၉၆၅ ခုနှစ်တွင် သုခုမတက်လမ်း တေးဂီတအဖွဲ့ဖြင့် မြန်မာ့အသံမှ စတင် ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။. ခုနှစ်လေးကို မှတ်သားထိမ်းသိမ်းပေးထားသော (မြန်မာသံလေးတွေ နားထောင်ကြမယ်) တေးဂရုမှ Admin ဦးကျော်လွင်တင့်ဦး အား ကျေးဇူးတင်ပါကြောင်း ဤသီချင်းလေးနှင့်အတူ မှတ်တမ်းထားအပ်ပါတယ်။. စိမ်းရက်လေအား ဆိုတဲ့ ဒီသီချင်းလေးကို တင်ပြရင်း ဖေဖေနဲ့ တေးသံရှင် အန်တီ ဒေါ်မာမာကြည် တို့အား ရိုသေစွာ ဂါရဝပြု ကန်တော့အပ်ပါတယ်။

မေတ္တာသည်သာ အမြတ်ဆုံး
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – တင်တင်မြ(ဒေါ် )၊ ချစ်စံပယ်(ဒေါ် )။ မြန်မာအသံ ဓါတ်ပြားရ တေးတစ်ပုဒ်ဖြစ်ပါသည်၊ ကျွန်တော်တို့ ငယ်စဥ်ထဲက နံနက်ချိန်ခါတေးသံသာ အစီအစဥ်တွင် မကြာခဏ ကြားနေရသော ဒီသီချင်းလေးက ရေးဖွဲ့သူ မရှိတော့ပင်မယ့်လည်း လေလှိုင်သံကြားမှာ လွင့်ပြန့်လျက်ပင် ရှိနေပါသည်။ ဂန္တဝင် ဂီတအနုပညာရှင်ကြီးများရဲ့ အပေးအယူမျှစွာ သီဆိုနေမူ့ဟာလည်း အတုယူဘွယ်ဖြစ်ပါသည်။ သီချင်း၏ သက်တန်းကိုတော့ သေချာမသိပါ။ ဒီသီချင်းလေးကို ရေးဖွဲ့ခဲ့သူ ဖခင် နှင့် ဂန္တဝင် ဂီတအနုပညာရှင်ကြီးများ အန်တီတို့ကို ရိုသေစွာဖြင့် ဂါရဝပြု ကန်တော့လိုက်ပါသည်။

မေတ္တာလေညှင်း
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – မာမာအေး(ဒေါ် )၊ ချစ်စံပယ်(ဒေါ်)၊ တင်တင်မြ(ဒေါ် )။ မေတ္တာလေညှင်း သီချင်းလေးရဲ့ တေးအဓိပ္ပါယ်ကို မသိရသေးရင်တောင်မှ အန်တီကြီးတွေရဲ့ အသံက လေညှင်းတိုက်လိုက်သလိုပါ အိစက်အေးမြလွန်လှပါတယ်။ ကမ္ဘာသူ ကမ္ဘာသားတွေ လိုအင်ဆန္ဒပြည့်ဝကြပါစေတဲ့ ဘေးအန္တရာယ်တွေကင်းကြဖို့ နှလုံးအိမ်တွေ အေးမြကြဖို့ မေတ္တာဖြန့်ကျက်နေတဲ့ အန်တီတွေရဲ့ အသံနဲ့ ဖေဖေ့ရဲ့ ရေးဖွဲ့ထားတဲ့ စာသားတွေက လိုက်ဖက်လွန်းလှပါတယ်။ မြန်မာအသံရဲ့ ရေဒီယို ဓါတ်ပြားရတေးသီချင်း တစ်ပုဒ်ပင်ဖြစ်ပါတယ်၊ မရှိသူတွေမရှိ ရှိသူတွေ အိုမင်းကြပြီဖြစ်သော်လည်းလေ သူတို့တွေရဲ့ နှလုံးအိမ်ကလာတဲ့ မေတ္တာတွေနဲ့အတူ ဒီသီချင်းလေးကတော့ ထာဝစဥ်နုပျိုလွင့်ပြန့် နေပါအုန်းတော့မည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။ဤသီချင်းလေးဖြင့်ပင် ကျေးဇူးရှင် ဖခင် ဂီတာဦးတင်အုန်း နှင့် ဂန္တဝင် ဂီတအနုပညာရှင်ကြီးများဖြစ်တဲ့ အန်တီ ဒေါ်မာမာအေး၊ အန်တီ ဒေါ်ချစ်စံပယ်၊ အန်တီ ဒေါ်တင်တင်မြ တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

မေတ္တာသံဝေ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – သန်းသန်းဆင့်(ဒေါ်)။ မေတ္တာသံဝေ ဆိုတဲ့ ဤသီချင်းကို မြန်မာအသံ ရေဒီယိုလိုင်းမှ နံနက်ချိန်ခါတေးသံသာ အစီအစဥ်တွင် မကြာခဏ ထုတ်လွှင့်ခဲ့သော တေးတစ်ပုဒ်ဖြစ်ပါသည်။ ငယ်စဥ်က မကြာခဏ ကြားနေခဲ့ရသောလည်း သီချင်းရဲ့ လေးနက်မူ့ကို မသိခဲ့ပါ၊ တရားသဘောဆောင်တဲ့ အဖေရဲ့သီချင်းလေးတွေကို ယခုအသက်အရွယ်ရောက်မှ နားလည်တန်ဖိုးထားတတ် လာပါတော့တယ်။ဒီသီချင်းလေးကို အန်တီ ဒေါ်သန်းသန်းဆင့်မှ ခံစားသက်ဝင် ဖေါ်ညွှန်သီဆိုခဲ့သလို အန်တီ ဒေါ်လှလှရီ မှလည်း သီဆိုထားပါသေးတယ်။ အနုပညာရှင်ကြီး ၂ဦးအနက် မည်သူက မူရင်း အရင်သီဆိုခဲ့သည်ကိုတော့ ကျွန်တော်မသိပါ၊ မည်သို့ပင်ဖြစ်ပါစေ ဖေဖေရဲ့ တေးလေးနဲ့ အန်တီတွေရဲ့ ငယ်စဥ်က နုအိတဲ့အသံလေးတွေနဲ့ မေတ္တာဝေနေတဲ့ တေးသီချင်းလေးဟာ ယခုတိုင် လွင့်ပြန့်နေအုန်းတော့မှာပါ။ မေတ္တာသံဝေ သီချင်းလေးနဲ့အတူ ဖေဖေ ဦးတင်အုန်းနှင့် ဂီတ အနုပညာရှင်ကြီး အန်တီ ဒေါ်သန်းသန်းဆင့် တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

မေတ္တာလွှမ်းခြုံ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – မာမာအေး(ဒေါ်)၊ ချစ်စံပယ်(ဒေါ်)၊ တင်တင်မြ(ဒေါ်)။ ဂန္တဝင် အနုပညာရှင်ကြီးများ နုပျိုစဥ်က သီဆိုခဲ့သော မြန်မာအသံဓါတ်ပြားရ ရေဒီယိုတေးတစ်ပုဒ် ဖြစ်ပါသည်။ ကျွန်တော်ငယ်စဥ်က နံနက်ခင်းတွင် နံနက်ချိန်ခါ တေးသံသာအစီအစဥ်မှာ မကြာခဏကြားခဲ့ရသော တေးတစ်ပုဒ် ရေးထုတ်ခဲ့သော ဖခင် ဂီတာဦးတင်အုန်း မှာလည်း အသက် ၆၃ နှစ် ၁၉၈၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီ ကျန်ရှိဂန္တဝင် အနုပညာရှင်ကြီးများ ဖြစ်ကြသော အန်တီ ဒေါ်မာမာအေး၊ အန်တီ ဒေါ်ချစ်စံပယ်၊ အန်တီ ဒေါ်တင်တင်မြ တို့မှာလည်း အသက်အရွယ် ကြီးခဲ့ကြပါပြီ ဖြစ်သောလည်း သူတို့တွေရဲ့ တေးလေးကတော့ ထာဝစဥ်နုပျိုလွင့်ပြန့် နေအုန်းမှာ အမှန်ပင်ဖြစ်ပါသည်။ကျေးဇူးရှင် ဖခင်နှင့် အနုပညာရှင်ကြီးများအား ရိုသေစွာ ကန်တော့လျက် – 🙏🏻🙏🏻🙏🏻

တောကရွှေဧည့်သည်
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – မေလှမြိုင်(ဒေါ် )။ တောကရွှေဧည့်သည် ရေဒီယိုဓါတ်ပြားရ တေးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်၊ တောသူတောင်သားတွေရဲ့ ရိုးသားပွင့်လင်းတဲ့ အပြောအဆိုလေးနဲ့ ဧည့်ဝတ်ကျေပြွန်မူ့လေးကို ရေးစပ်ထားတာ ထေဖေက အရေးပိုင်သလို အန်တီကလည်း အဆိုပိုင်တော့ မျက်လုံးထဲ မြင်မိနေသလို ခံစားရပါတယ်။ချစ်စရာ မြန်မာ့ဓလေ့တွေ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမှာ စိုးမိပါတယ်၊ ယခုခေတ် အိမ်ကိုဧည့်လာမှာ ကြောက်နေရပြီလေ။ ဒီသီချင်းလေးကို တင်ပြရင်းဖြင့် ဖေဖေနှင့် အန်တီ ဂန္တဝင်အဆိုတော်ကြီး ဒေါ်မေလှမြိုင် တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။
🙏🏻🙏🏻🙏🏻 Credit – background photo
( နောက်ခံပုံလေးတွေ Google မှာရှာ၍ အသုံပြုထားပါသည်၊ မူရင်းပိုင်ရှင်အား အသုံးပြုခွင့်ပေးပါ၍ လေးစားစွာဖြင့် ခွင့်တောင်းခံအပ်ပါတယ်။)

ခလောက်ကလေးရယ် တဲ့ ဒိုး ဒိုးဒေါင် ဒေါင် / ကိုမြသောင်း ၊မေလှမြိုင်

လယ်ယာမြေ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – မြသက်မူ(ဒေါ် )။ လယ်ယာမြေ ဒီသီချင်းလေးက တောင်သူလယ်သမား ဘဝနဲ့ ပျော်ရွှင်ဖွယ် တောရွာအလှကို ဖေါ်ညွှန်းထားတာကို တွေ့ရပါတယ်။ ဖေဖေဟာ ကျေးဇူးတရား လွန်စွာသိတတ်သူတစ်ဦးလည်း ဖြစ်တယ်လို့သိရတယ်၊ ဘဝတစ်လျောက် ဖြတ်သန်းကြီးပြင်းရာ အမိအဖ ဆရာသမား နှင့် ကျေးဇူးတင်ထိုက်တဲ့အရာ မှန်သမျှ သူတတ်ကျွမ်းသော တေးသီချင်းများရေးဖွဲ့မူ့ဖြင့် ဂါရဝပြု ကျေးဇူးဆပ်လေ့ရှိတာကို တွေ့ရတယ်၊ ဒီနေရာမှာ ကျေးဇူးရှင် တောင်သူလယ်သမားများကိုလည်း သီချင်းလေးရေးဖွဲ့ ဂါရဝပြုထားတာကို တွေ့ရပါတယ်။ အန်တီကလည်း ဂန္တဝင်အဆိုတော်ကြီး တစ်ဦးလို့မပြောရဘူး နားထောင်သူအပေါင်းကို ဂီတမှာစီးမျှောသွားစေခဲ့တယ်။ လယ်ယာမြေ ဒီသီချင်းလေးကို ဖေါ်ပြရင်းဖြင့် ဖေဖေနှင့် ဂန္တဝင် အဆိုတော်ကြီး အန်တီ ဒေါ်မြသက်မူ တို့အား ရိုသေစွာဖြင့်
ကန်တော့အပ်ပါသည်။
🙏🏻🙏🏻🙏🏻။ Credit – background photo
( နောက်ခံပုံလေးတွေ Google မှာရှာ၍ အသုံပြုထားပါသည်၊ မူရင်းပိုင်ရှင်အား အသုံးပြုခွင့်ပေးပါ၍ လေးစားစွာဖြင့် ခွင့်တောင်းခံအပ်ပါတယ်။)

မေတ္တာ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – နီနီဝင်းရွှေ။ မေတ္တာ ဤတေးသီချင်းသည် ဓမ္မတေးလေးမို့ထင်ပါသည် အဆိုတော်ကြီးများမှ မကြာခဏပြန်ဆိုကြပါသည်။ မူရင်းသီဆိုခဲ့သည်မှာ အန်တီ ဒေါ်မြသက်မူ ဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုဓါတ်ပြားရ တေးတစ်ပုဒ် ဖြစ်ပါတယ်။ ကက်စက်ခွေခေတ် ရောက်သည့်အခါတွင် အဆိုတော်ကြီးများ ပြန်ဆိုကြပြီး၊ စတူဒီယို အဆိုတော်ကြီး မနီနီဝင်းရွှေ မှလည်း မေတ္တာရွှေစောင်း တေးစီရီးတွင် ပြန်ဆိုခဲ့ပါတယ်။ စတူဒီယိုခေတ်တွင် မနီနီဝင်းရွှေသည် ကျွန်တော်၏ Idol ဖြစ်ခဲ့ပါသည်၊ မြန်မာသံတေးလေးတွေကို ပိုင်နိုင်လွန်းလှသည် မနီနီဝင်းရွှေသည် ဂန္တဝင်အဆိုတော်ကြီးများနှင့် မခြား အရသာရှိလွန်းလှစွာ သီဆိုတတ်သူ တစ်ဦးလည်းဖြစ်ပါသည်။ ဖေဖေ ရေးစပ်သော ဤ မေတ္တာဆိုတဲ့ တေးလေးကို ပြန်ဆိုပေးတဲ့ Idol အစ်မ နီနီဝင်းရွှေ ကို လေးစားစွာဖြင့် ကျေးဇူးတင်မိပါသည်။ မေတ္တာ ဆိုသည့် ဤတေးလေးကို တင်ပေးရင်းဖြင့် ဖေဖေအား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

မြင်စေချင်စမ်းပါဘိလေး
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – ကိုတင်အောင်လေး(ဦး)၊ ချစ်စပယ်(ဒေါ်)
(၁၉၆၅ ခုနှစ် တောင်သူလယ်သမားနေ့ ဂုဏ်ပြုတေး)

မြင်စေချင်စမ်းပါဘိလေး ဤသီချင်းသည် ကျေးဇူးရှင် တောင်သူလယ်သမား ဦးကြီးများအား ဂုဏ်ပြုရေးစပ်ခဲ့သော တေးတစ်ပုဒ်ဖြစ်ပြီး ၁၉၆၅ ခုနှစ်က ရေးဖွဲ့ လွှင့်ထုတ်ခဲ့တယ်လို့ သိရပါသည်။. ယနေ့တိုင် အသံဖိုင်လေး ကောင်းနေသေးသည်ကို ကျေးဇူးတင်မိပါတယ်။. အသံဖိုင်လေးကို ရှာဖွေပေးပို့ခဲ့ပါသော (ကြိုက်နှစ်သက်ရာ ရေဒီယို၊ဓါတ်ပြား၊ရုပ်ရှင် မူရင်းတေးများသာ) တေးဂရုအဖွဲ့မှ Admin ဦးဉာဏ်ထွန်း အား များစွာကျေးဇူးတင်ပါကြောင်းကို မှတ်တမ်းပြုအပ်ပါသည်။. အန်တီရဲ့ နာမည် ဒေါ်ချစ်စပယ် (သို့) ဒေါ်ချစ်စပါယ် မည်သည်က အမှန်ဖြစ်သည်ကို မသိပါ၊ တေးသီချင်းဖေါ်ပြကြသော လူကြီးများမှ ၂မျိုးစလုံး ဖေါ်ပြကြသဖြင့် ကျွန်တော်၏ ဖေါ်ပြရေးသားမူ့ လွဲခဲ့ပါက ခွင့်လွတ်ပါရန်လည်း ကြိုတင်၍တောင်းပန်အပ်ပါသည်။. မြင်စေချင်စမ်းပါဘိလေး ဤသီချင်းလေးကို တင်ပေးရင်းဖြင့် ဖေဖေ နှင့် ဦးတင်အောင်လေး အန်တီ ဒေါ်ချစ်စပါယ် တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

ခါညောင်ရေ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – ဂီတာတင်အုန်း(ဦး)၊ ညွန့်ညွန့်ဝင်း(ဒေါ် )။. ပွဲခါညောင်ရေ ဤသီချင်းသည် မြန်မာ့အသံက ရေဒီယို ဓါတ်ပြားရ တေးဟောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်၊ ကဆုန်လရာသီ ညောင်ရေသွန်းပွဲတော်ကို သရုပ်ဖေါ်ရေးဖွဲ့ထားတာ တွေ့ရပါတယ်။. ပွဲခါညောင်ရေ သီချင်းခေါင်းစဉ်တူ သံစဥ်စာသားမတူတဲ့ သီချင်းလည်း ရှိနေသေးတာ တွေ့ရပါတယ်၊ သီချင်းဟောင်းလေးမို့ ဓါတ်ပြားခြစ်သံလေးတော့ ပါနေပါတယ်။. သီချင်းဟောင်းလေးတွေကို ထိမ်းသိမ်းပေးထားသော တေးဂရုများ၊ ပြန်လည်ဖေါ်ထုတ်တင်ပြပေးနေသော တေးဂီတ ချစ်သူများကိုလည်း ကျေးဇူးတင်မိပါတယ်။. ပွဲခါညောင်ရေ ဤတေးလေးကို တင်ပေးရင်းဖြင့် ဖေဖေ နှင့် အန်တီ ဒေါ်ညွန့်ညွန့်ဝင်း တို့ကိုလည်း ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။
🙏🏻🙏🏻🙏🏻. Credit – Background Photo. (Background Photo လေးများကို Google မှတွေ့ရှိသော ချစ်စရာပန်းချီကားပုံလေးများ အသုဲးပြုထားပါသည်၊ မူရင်းရေးဆွဲထားသော အနုပညာရှင်တို့အား လေးစားစွာဖြင့် ခွင့်တောင်းခံအပ်ပါတယ်။)

ည်ချစ်မောင်မယ်
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – ကိုစိုးနိုင်(ဦး)၊ မာမာအေး(ဒေါ် ). ပြည်ချစ်မောင်မယ် ဤတေးလေးသည် မြန်မာ့အသံ ရေဒီယိုဓါတ်ပြားရ တေးဟောင်းတစ်ပုဒ် ဖြစ်ပါတယ်၊ အသံဖိုင်လေး ကောင်းနေသေးသဖြင့် ဝမ်းသာမိပါသည်။. ဤတေးဟောင်းလေးကို (မြန်မာသံလေးတွေ နားထောင်ကြမယ် တေးအဖွဲ့)မှ ပြန်လည်ရရှိခဲ့ပြီး နှစ်ပေါင်းများစွာ မပျက်စီးရအောင် ထိမ်းသိမ်းထားပေးခဲ့သော Group Admin ဦးကျော်လွင်တင့်ဦး နှင့် အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါကြောင်း ဤသီချင်းလေးနှင့်အတူ မှတ်တမ်းထားအပ်ပါသည်။. ဤသီချင်းလေးကို မြန်မာ့အသံမှ 30.09.1962 ခုနှစ်တွင် စတင်ထုပ်လွှင့်ခဲ့သည်ဟု ဖေါ်ပြထားရှိတာလည်း တွေ့ရပါတယ်။. ပြည်ချစ်မောင်မယ် ဤသီချင်းလေးကို တင်ပေးရင်းဖြင့် ဖေဖေ နှင့် ဂန္တဝင်ဂီတပညာရှင်ကြီးများ ဖြစ်ကြသော အန်ကယ် ဦးစိုးနိုင် နှင့် အန်တီ ဒေါ်မာမာအေး တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

ဒီမိုးဒီလေတွေနဲ့
ရေး၊ ဆို၊ တီး – ဂီတာတင်အုန်း(ဦး). ဒီမိုးဒီလေတွေနဲ့ ဤသီချင်းလေးဟာ ဖေဖေ ကိုယ်တိုင်ရေးဆိုတီး သီချင်းလည်း ဖြစ်ပါတယ်၊ နှစ်များစွာကြာမြင့် ဓါတ်ပြားမို့ အနည်းငယ်တော့ ထစ်လို့ကျော်လို့ နေပါပြီ၊ ဒါပင်မယ့် မပျက်မစီး ဖေဖေရဲ့ လက်သံလေးကို ကြားခွင့်ပေးတဲ့ ဓါတ်ပြားလေးကိုပင် များစွာ ကျေးဇူးတင်နေမိပါတယ်။. အဓိကပြောချင်တာကတော့ ဂီတကို ချစ်မြတ်နိုးစွာဖြင့် သီချင်းဓါတ်ပြားများကို ထိန်းသိမ်းစောင့်ရှောက် ပေးနေကြသော ဖေဖေရဲ့ ဂီတမိတ်ဆွေတွေကို ကျေးဇူးတင်မိနေချင်ပါ။. ဖေဖေ ပင်စင်ယူပြီးနောက်ပိုင်း ဂီတာအိုလေးကို ညချမ်းချိန်တွေမှာ တီးခတ်ပြီး တေးသီချင်းလေးတွေကို သီဆိုလေ့ ရှိတတ်ပါတယ်။ ၁၉၈၇ ခုနှစ် နောက်ပိုင်းထဲက ဖေဖေ တီးခတ်သီဆိုတဲ့ ဂီတသံလေးက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။😢. တစ်ခါတစ်ရံ ဖေဖေ သီဆိုတဲ့ အသံလေး ကြားမိပြန်တော့ လွမ်းရပြန်တယ် ဒါပင်မယ့် မပြည့်စုံခဲ့ပါဘူး ဟာနေသလိုပါဘဲ ဘာမှန်းတော့ မသိခဲ့၊ အခုမှသိမိပါပြီ ဖေဖေလက်သံလေး ပျောက်ကွယ်နေတာကို၊ အော်အခုမှ ဖေဖေ့အသံ ဖေဖေ့လက်သံ တွဲဖက်ညီစွာ ငယ်ကအချိန်တွေစီ ပြန်ရောက်ခဲ့ရပါပြီ။. ဒီမိုးဒီလေတွေနဲ့ ဒီသီချင်းလေးကို တင်ပေးရင်းဖြင့် ကျေးဇူးရှင် မိဘ၂ပါးအား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

ထံတျာသာယာ
တေးရေး – ဂီတာတင်အုန်း(ဦး)
တေးဆို – မြသက်မူ(ဒေါ် ). ဤသီချင်းလေးသည် မြန်မာ့အသံ ရေဒီယို ဓါတ်ပြားရ တေးဟောင်း တစ်ပုဒ်ဖြစ်ပါသည်။. သီချင်းရေးစပ်သူ ဖခင် နှင့် အဆိုတော်ကြီး အန်တီ ဒေါ်မြသက်မူ တို့ဟာ သစ်ဆန်းတေးဂီတအဖွဲ့မှ ဆရာရင်း တပည့်ရင်းများ ဖြစ်ကြပြီး ဖခင်ရေးစပ်ခဲ့သော တေးသီချင်းများစွာကို သီဆိုဓါတ်ပြားရရှိခဲ့သူလည်း ဖြစ်ပါသည်။. ဤသီချင်းလေးကို တင်ပေးရင်းဖြင့် ဖေဖေနှင့် အန်တီ ဒေါ်မြသက်မူ တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

မာ့ထောပတ်
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – မြသက်မူ(ဒေါ်). ဤသီချင်းလေးဟာ မြန်မာ့အသံ ဓါတ်ပြားရ ရေဒီယိုတေးတစ်ပုဒ်ပင် ဖြစ်ပါတယ်။. မြန်မာ့ထမင်းဝိုင်းတွင် မပါမဖြစ်ပါဝင်သည့် မြန်မာတွေရဲ့အသဲစွဲ ငါးပိရည်ချိုအကြောင်းကို ရေးဖွဲ့ထားသော တေးတစ်ပုဒ်လည်း ဖြစ်ပါသည်၊ အန်တီ ဒေါ်မြသက်မူရဲ့ ဆိုဟန်အပြည့်ကလည်း မျက်စိထဲမှာ မြန်မာ့ထမင်းဝိုင်းမှ ငါးပိရည်ချိုကို မြင်ရောင်လို့နေပါတယ်။. ဤသီချင်းကို ( ၂၃.၀၉.၁၉၆၄ ) ခုနှစ်တွင် သစ်ဆန်း တေးဂီတအဖွဲ့ဖြင့် မြန်မာ့အသံမှ စတင် ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။. ခုနှစ်လေးကို မှတ်သားထိမ်းသိမ်းပေးထားသော (မြန်မာသံလေးတွေ နားထောင်ကြမယ်) တေးဂရုမှ ဦးကျော်လွင်တင့်ဦး (Admin) အား ကျေးဇူးတင်ရှိပါကြောင်း ဤသီချင်းလေးနှင့်အတူ မှတ်တမ်းထားအပ်ပါတယ်။. ဗမာ့ထောပတ် ဤသီချင်းလေးကို တင်ပေးရင် ဖေဖေနဲ့ အန်တီ ဒေါ်မြသက်မူ တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

မေတ္တာသံဝေ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – လှလှရီ(ဒေါ်). မေတ္တာသံဝေ ဆိုတဲ့ ဤသီချင်းကို မြန်မာအသံ ရေဒီယိုလိုင်းမှ နံနက်ချိန်ခါတေးသံသာ အစီအစဥ်တွင် မကြာခဏ ထုတ်လွှင့်ခဲ့သော တေးတစ်ပုဒ်ဖြစ်ပါသည်။. ငယ်စဥ်က မကြာခဏ ကြားနေခဲ့ရသောလည်း သီချင်းရဲ့ လေးနက်မူ့ကို မသိခဲ့ပါ၊ တရားသဘောဆောင်တဲ့ အဖေရဲ့သီချင်းလေးတွေကို ယခုအသက်အရွယ်ရောက်မှ နားလည်တန်ဖိုးထားတတ် လာပါတော့တယ်။. ဒီသီချင်းလေးကို အန်တီ ဒေါ်လှလှရီ မှ ခံစားသက်ဝင် သီဆိုခဲ့သလို အန်တီ ဒေါ်သန်းသန်းဆင့် မှလည်း သီဆိုထားပါသေးတယ်။. အနုပညာရှင်ကြီး (၂) ဦးအနက် မည်သူက မူရင်း အရင်သီဆိုခဲ့သည်ကိုတော့ ကျွန်တော်မသိပါ၊ မည်သို့ပင်ဖြစ်ပါစေ ဖေဖေရဲ့ တေးလေးနဲ့ အန်တီတွေရဲ့ ငယ်စဥ်က နုအိတဲ့အသံလေးတွေနဲ့ မေတ္တာဝေနေတဲ့ တေးသီချင်းလေးဟာ ယခုတိုင် လွင့်ပြန့်နေအုန်းတော့မှာပါ။. မေတ္တာသံဝေ သီချင်းလေးနဲ့အတူ ဖေဖေ နှင့် ဂီတအဆို ဂန္တဝင်အနုပညာရှင်ကြီး အန်တီ ဒေါ်လှလှရီ တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

မေတ္တာရည်တူ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – ဂီတာတင်အုန်း(ဦး) + သန်းသန်းအောင်(ဒေါ်). မြန်မာရေဒီယိုခေတ် ဓါတ်ပြားရတေးတစ်ပုဒ် ဖြစ်ပါသည်၊ သီဆိုသူ (၂)ဦး ဖြစ်ကြသည့် ဂီတာတင်အုန်း(ဦး) မှာ အသက် ၆၃နှစ် ၁၉၈၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး သန်းသန်းအောင်(ဒေါ်)မှာ အသက် ၆၂နှစ် ၂၀၀၀ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါပြီ။. ၎င်းတို့ ၂ဦးသည် ချစ်ဇနီးမောင်နှံများ ဖြစ်ကြပြီး ယခုတော့ဖြင့် ဘဝသံသယာခရီးကို မေတ္တာရည်တူမျှစွာ ဖြတ်သန်းသွားကြပြီ ဖြစ်ပါသည်၊ သီချင်းလေးကတော့ လေလှိုင်းသံကြားမှာ လွင့်ပျံနေစဲရှိနေအုန်းမှာ အမှန်ပင်ဖြစ်ပါတော့သည်။. မေတ္တာရည်တူ သီချင်းလေးကို သီဆိုနေကြသူ ၂ဦးမှာ ကျွန်တော်၏ ကျေးဇူးရှင် မိဘ ၂ဦး ဖြစ်ပါသည်။. မေမေက သီချင်းဆိုသည်ကို ဝါသနာပါသူဖြစ်ပင်မယ့် မဆိုတတ်သဖြင့် ဓါတ်ပြားတစ်ခါမှ မရဘူးသူဖြစ်ပါသည်၊ လွှင့်ခွင့်လေး တစ်ခါရရင်ပင် ပျော်နေသူ ဖြစ်ပါတယ်၊ ဖေဖေက မေမေကို ဓါတ်ပြားရ သီချင်းလေးတင်ကျန်စေရန် ရည်ရွယ်ပြီး မေတ္တာရည်တူ ဆိုတဲ့ ဒီသီချင်းလေးကို ရေးစပ်ခဲ့ပြီး ရှေ့ကစာတိုင်ပေးသလို ဆိုသွားတာဖြစ်ပါတယ်။. ဒီသီချင်းလေး ဓါတ်ပြားရတော့ ဖေဖေက ဝမ်းသာစရာပြောမယ်ဆိုပြီး ရုံးကအပြန် ပြောပြတော့ မေမေဆိုတာ ဝမ်းသာလို့ထခုန်တာ ယခုတိုင် မျက်လုံးထဲက မထွက်တော့ပါဘူး၊ လွမ်းလိုက်တာ မေမေနဲ့ ဖေဖေတို့ရယ်။😥. ဖေဖေရဲ့ ကျေးဇူးကြောင့်သာ ယနေ့တိုင် မိဘ ၂ဦးရဲ့ ဒီသီချင်းလေးကို ဖွင့်ပြီး အလွမ်းဖြေခွင့် ရနေတာ ဖြစ်ပါတယ်။. မေမေရဲ့ ငယ်က ဓါတ်ပုံလေးတွေ ရှိနေပါသောလည်း ဆုံးခါနီး တစ်လအလိုက ဆေးရုံကြီးမှ ဆေးသွင်းပြီးအပြန် လမ်းမတော်က ဓါတ်ပုံဆိုင်မှာ ဝင်ရိုက်ခဲ့တဲ့ နောက်ဆုံး ဓါတ်ပုံလေးကိုဘဲ တင်လိုက်ပါတယ်။. မေတ္တာရည်တူ သီချင်းလေးဖြင့် သီဆိုခဲ့သော ကျေးဇူးရှင် မိဘ၂ဦးအား သားမောင် ရိုသေစွာ ချီခိုးဦးချ ကန်တော့လိုက်ပါသည်။

ဖူးပွင့်ရတနာဒို့မြေယာ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – ကိုတင်အောင်လေး(ဦး). ဖူးပွင့်ရတနာဒို့မြေယာ ဤသီချင်းလေးသည် ၁၉၇၀ ခုနစ် တောင်သူလယ်သမားနေ့ ဂုဏ်ပြုတေးအဖြစ် ရေးဖွဲ့ခဲ့ပြီး မြန်မာအသံ ရေဒီယို ဓါတ်ပြားရတေးတစ်ပုဒ် ဖြစ်ပါတယ်။. ဤသီချင်းလေး၏ အသံဖိုင်ကို (မြန်မာသံလေးတွေ နားထောင်ကြမယ်) တေးဂရုမှ ပြန်၍ရရှိခဲ့ပါတယ်၊ ဤတေးဂရုမှ Admin နှင့် အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ပါကြောင်း ဤသီချင်းလေးနှင့်အတူ မှတ်တမ်းထားရှိအပ်ပါသည်။. ကျေးဇူးကြီးမားလှသော တောင်သူလယ်သမားကို ဂုဏ်ပြုရေးဖွဲ့ခဲ့သော ဒီသီချင်းလေးဟာ ဖေဖေရဲ့ ကျေးဇူးရှင်များအပေါ် သူတတ်ကျွမ်းသော ဂီတအနုပညာဖြင့် သီချင်းရေးဖွဲ့ ကျေးဇူးသိတတ်ပုံများကိုလည်း မြင်တွေ့ရပါသည်။. ဖူးပွင့်ရတနာဒို့မြေယာ ဤသီချင်းလေးကို တင်ပေးရင်းဖြင့် ဖေဖေ နှင့် ဦးတင်အောင်လေး တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

မေတ္တာ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – သုမောင်(ဦး). မေတ္တာ ဤတေးသီချင်းသည် ဓမ္မတေးလေးမို့ထင်ပါသည် အဆိုတော်ကြီးများမှ မကြာခဏပြန်ဆိုကြပါသည်။. မူရင်းသီဆိုခဲ့သည်မှာ အန်တီ ဒေါ်မြသက်မူ ဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုဓါတ်ပြားရ တေးတစ်ပုဒ် ဖြစ်ပါသည်။. ကက်စက်ခွေခေတ် ရောက်သည့်အခါတွင် အဆိုတော်ကြီးများ ပြန်ဆိုကြပြီး၊ နိုင်ငံကျော် စာပေရုပ်ရှင်ဂီတ အနုပညာရှင်ကြီး ဦးသုမောင် မှလည်း ၁၉၉၀ ခုနှစ် ဝန်းကျင်တွင် ရွှေနံနက်ခင်းတေးစီရီးတွင် ပြန်ဆိုခဲ့ပါသည်။. မေတ္တာ ဆိုသည့် ဤတေးလေးကိုတင်ပေးရင်ဖြင့် ဖေဖေ နှင့် သဘာဝမင်းသားကြီး ဦးသုမောင် တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

အနန္တမေတ္တာ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – ထား(ဒေါ် ). အနန္တမေတ္တာ ဆိုသော ဤတေးသီချင်းလေးသည် မြန်မာအသံ ရေဒီယိုဓါတ်ပြားရ တေးတစ်ပုဒ်ဖြစ်ပါသည်။. မိဘတွေရဲ့ သားသမီးအပေါ်ထားရှိသော မေတ္တာတရားကို ဖေါ်ညွှန်းဖွဲ့ဆိုထားသော တေးတစ်ပုဒ်လည်း ဖြစ်ပါသည်။. ဤတေးလေးကို တင်ပြရင်းဖြင့် ဖေဖေ နှင့် ဂန္တဝင်အဆိုတော်ကြီး အန်တီ ဒေါ်ထားတို့အား ရိုသေစွာဖြင့် ဂါရပြု ကန်တော့အပ်ပါသည်။
🙏🏻🙏🏻🙏🏻

သူ့စကားလှလှလေးများ
ရေး – ဂီတာတင်အုန်း(ဦး)
ဆို – ခင်စမ်းအေး(ဒေါ် ). သူ့စကားလှလှလေးများ ဤသီချင်းလေးကို ကျွန်တော် အကြားအပြုနည်းပါတယ်၊ အသံဖိုင်လေး ကောင်းတာကို တွေ့ရလို့ ဝမ်းသာမိပါတယ်။. အန်တီ ဒေါ်ခင်စမ်းအေး ရဲ့ ဓါတ်ပုံကို ရှာဖွေရရှိခဲ့ပါသဖြင့် မှတ်တမ်းကျန်ရှိစေရန် ပြန်၍တင်ပေးလိုက်ပါသည်။. အန်တီ နာမည်သည် ဒေါ်ခင်စန်းအေး (သို့မဟုတ်) ဒေါ်ခင်စမ်းအေး မည်သို့ပေါင်းသည်ကို သေချာမသိပါ၊ တစ်ချို့နေရာတွင် စန်း ဖြင့်ဖေါ်ပြပြီး တစ်ချို့နေရာတွင် စမ်း ဖြင့်ဖေါ်ပြနေပါသည်၊ ဓါတ်ပုံရရှိသည့်နေရာတွင် ဖေါ်ပြထားသည့်အတိုင်းသာ စမ်း ဖြင့်ဖေါ်ပြလိုက်ရပါသည်၊ လွဲမှားမူ့ရှိပါက ခွင့်လွှတ်ပေးပါရန် ကြိုတင်၍ တောင်းပန်အပ်ပါတယ်။. ဤသီချင်းကို ၀၃.၁၀.၁၉၇၆ ခုနှစ်တွင် တေးပွင့်သီ တေးဂီတအဖွဲ့ဖြင့် မြန်မာ့အသံမှ စတင် ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။. ခုနှစ်လေးကို မှတ်သားထိမ်းသိမ်းပေးထားသော (မြန်မာသံလေးတွေ နားထောင်ကြမယ်) တေးဂရုမှ Admin ဦးကျော်လွင်တင့်ဦး အား ကျေးဇူးတင်ပါကြောင်း ဤသီချင်းလေးနှင့်အတူ မှတ်တမ်းထားအပ်ပါတယ်။. သူ့စကားလှလှလေးများ ဤသီချင်းလေးကို တင်ပေးရင်းဖြင့် ဖေဖေ နှင့် အန်တီ တို့ကို ရိုသေစွာဖြင့် ကန်တော့အပ်ပါတယ်။
🙏🏻

မျှော်ဆဲမျှော်ယောင်. ရေး – ဂီတာတင်အုန်း(ဦး)
ဆို – ဝါဝါဝင်းရွှေ(ဒေါ် ). မျှော်ဆဲမျှော်ယောင် ဤသီချင်းလေးသည် ရုပ်ရှင်တေးလား ရေဒီယိုဓါတ်ပြားရတေးလား ဆိုသည်ကို ကျွန်တော်သေချာ မသိပါ။. နိုင်ငံကျော် ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ အန်တီ ဒေါ်ဝါဝါဝင်းရွှေ သီဆိုထားသည့် တေးဟောင်းလေးမို့ နားထောင်ရတာ အလွန်ကောင်းလှပါသည်။. ဤသီချင်းလေးကို တင်ပေးရင်းဖြင့် ဖခင် ဂီတာဦးတင်အုန်း နှင့် နိုင်ငံကျော် ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ အန်တီ ဒေါ်ဝါဝါဝင်းရွှေ တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။

https://m.facebook.com/story.php?story_fbid=pfbid02or9spVod1zMLkXJPXwEtS8vSur4XaAkTsrDjDjnYYj3eixByDqYsNUWS9aq7Dsuwl&id=100043670001125