HISTORY BURMA အလောင်းမင်းတရားရဲ့ရွှေပေလွှာ နှငိ့ ဘုရင့်နောင်မင်းတရားအကြောင်း

အလောင်းမင်းတရား ရဲ့ မူရင်း မြန်မာစာသား တွေ့ပါပြီ။ “၅ မည်ရ” မဟုတ်ဘဲ “#၆မည်ရပြည်ရွှေဘို” လို့မိတ်ဆွေတို့နဲ့ အားလုံးပေါင်းပြီး သမိုင်းကို ပြန်ပြင်ရေးကြ ရအောင်ပါ။


အလောင်းဘုရားက အင်္ဂလိပ်ဘုရင် ဂျော့-၂ ထံ ပေးပို့ခဲ့တဲ့ ဒီရွှေပေလွှာအကြောင်း သိတာကြာပါပြီ။ ဒီရွှေပေလွှာက ဘယ်ဘာသာနဲ့ ရေးထားမှန်း မသိ၊ ဘယ်နိုင်ငံကမှန်းလည်းမသိဘဲနဲ့ နှစ်ရာချီပြီး သူတို့ပြတိုက်ထဲမှာ ချောင်ကပ်နေတဲ့ ပစ္စည်းပါ။ (ရွှေအရည်ကျိုပြီး မရောင်းပစ်လိုက်တဲ့ အမျှော်အမြင်ကို အများကြီး လေးစားသင့် ကျေးဇူးတင်သင့်တယ်။) ၂၀၀၅ လောက်ကမှ ပညာရှင်တစ်ယောက်က မြန်မာစာမှန်း သိပြီး၊ အစဖော်ခဲ့လို့ အခု မြန်မာနိုင်ငံသားတွေလည်း လေ့လာ သိရှိနိုင်တဲ့ အဆင့်ကို ရောက်လာခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ အရောင်ပြန်ပြီး ဖတ်မရလို့ မူလစာသားကို ရှာနေတာ ကြာပါပြီ။ ရုံးပိတ်ရက် စာဖတ်ချိန်လေးမှာ ဒါလေးသွားတွေ့လို့ မျှလိုက်ပါတယ်။ #zshtut

မှတ်သားစရာများ။

⦿ #ရွှေဘို မြို့တော်ရဲ့ မြန်မာတွေ အသိနည်းခဲ့တဲ့ နန်းတွင်းသုံး တရားဝင်နာမည်က #အယုဇ္ဈပူရ တဲ့ 😮 “အယုဇ္ဈပူရ” ၏အဓိပ္ပာယ်က “စစ်ထိုးခြင်းငှာ မတတ်ကောင်းသော ပြည်” လို့ သိရပါတယ်။ #အယုဒ္ဓယ နဲ့ အဓိပ္ပါယ် တူနေပြီ။ (ကျွန်တော်တို့ အရင်က ငါးမည်ရ ပြည်ရွှေဘို (မုဆိုးဘို/မုဆိုးဖို၊ ရွှေဘို၊ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ဃ) လောက်ပဲ တစ်သက်လုံး သိထားခဲ့တာ။ မှားပြီ။ ပညာရှင်မှန်ရင် အစွဲမကြီးရဘူးလေ။ သမိုင်းကို ပြန်ပြင် ရေးခွင့် ပြုပါခင်ဗျာ။ အမှန်က အမည် ၆ ခု ရှိခဲ့တဲ့မြို့။ ၆-မည်ရ ပြည်ရွှေဘို ဖြစ်ရတော့မယ်ဗျ။)

⦿ လွန်ခဲ့တဲ့ နှစ် ၃၀၀ က ဗြိတိသျှ / အင်္ဂလိပ် လို့ မရေးဘဲ #အင်ကရိတ် လို့ ‌ရေးခဲ့တယ်။ ရှေးခေတ်က အရေးအသား သတ်ပုံတွေကိုလည်း သတိထား လေ့လာ သင့်ပါတယ်။

⦿ တတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဘုရင် ကိုယ်တိုင်က #မြန်မာပြည် လို့ ရေးသွားတယ်။ “မြန်မာပြည် ရှမ်(:)ပြည် ယွန်(:)ပြည်၊ ကသည်(:)ပြည်၊ တလိုင်(:)ပြည်၊ ရာဇဌာနီ ပြည်ကြီ” လို့ ရေးသွားတယ်။

သက္ကရာဇ် ၁၁၁၈ ခု ကဆုန် လဆန်း ၁၀ ရက်၊ (5-5-1756) တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ရွှေပြားပေါ်တွင် သဝဏ်လွှာကိုရေး၍ ဗြိတိသျှဘုရင် King George-II ထံ ဤရွှေပေလွှာကို ပေးပို့ခဲ့သည်။ ရွှေပေလွှာ၏ အရင်းနှင့်အဖျားကို တန်ဖိုးကြီး မြန်မာပတ္တမြား ၂၄ လုံးဖြင့် စီချယ်ထားပြီး၊ အလျား 55cm အနံ 12cm ရှိသည်။ ဆင်စွယ်ကြုတ်အတွင်း ထည့်၍ ပို့ခဲ့ခြင်း ဖြစ်သည်။


မူရင်း မြန်မာစာသား။ (မှတ်ချက်။ စာလုံးပေါင်းကို အရှိအတိုင်း ရိုက်ထားပါတယ်။ အမှားပါရင် အခု ရွှေပေစာကို ထိမ်းသိမ်းထားတဲ့ ပြတိုက်က ထုတ်တဲ့ စာအုပ် https://digitale-sammlungen.gwlb.de/gwlb/docs/PU/GoldBrief2.pdf ပါ ပုံထဲက မူလစာကို အတည်ယူပါ။)

ဘုန်တော် အလွန်ကြီမြတ်တော်မူလှသော သုနာပရန္တတိုင် တမ္ပဒီပတိုင် ကမ္ဗောစတိုင် စသော တိုင်ကြီအပေါင်တိုဝ့်နှိုက် မြန်မာပြည် ရှမ်ပြည် ယွန်ပြည် ကသည်ပြည် တလိုင်ပြည် ရာဇဌာနီ ပြည်ကြီ ထီးဆောင်မင် တကာတိုင် သခင် ပတ္တမြာ ရွှေ ငွေ ကြေး သံ ဖယင် ရတနာတွင်မျာ သခင် ဆင်ဖြူ ဆင်နီ ဆင်ကျား စက်ကြာ ရွှေလှံရ အာဒိစ္စ ဝံသ နေမင်၏ အဆက်အနွှယ် အဆောင်ဆောင်သော ရွှေနန်ရွှေပြသဒ်သခင် ရတနာပူရ အင်ဝပြည်ကြီနှင့်တကွ အယုဇ္ဈပူရ မည်သောရတနာသိင်္ဃ ကုန်ဘောင် ရွှေပြည်ကြီကိုဝ် အစိုဝ်ရတော်မူသော အလောင်မင်တရာ ကြီ ချစ်ကြည်စွာ ကြာရောက်အပ်သော ဇိနပ္ပတ္တံ ဘင်ကလာ ဝှတ်သံဒေဝီဒေဝီကတ်စသော မြိုဝ်အပေါင်တိုင် ခြံရံလျက် အင်ကရိတ်မြိုဝ်မကိုဝ် အစိုဝ်ရသော အင်ကရိတ်မြိုဝ်မဘုရင် ဘေလောင်တော် ဘိုဝ်းလောင်တော် တိုဝ်လက်ထက် မြန်မာမင် အင်ကရိတ် အဆက်ဆက် ဘောက်ကာ ရောင်ဝယ်ရောက်ပေါက်ကြ၍ အလိုဝ်ရှိသမျှကိုဝ် ဆောင်ယူကြရသည်။ ကိန်ခန် အလျောက် တလိုင်တိုင် နှောင်ရှက်ရာတွင် တလပ်တကြာ မရောက်မပေါက်ကြ ရှိ၍ တောင့်တလျက်နေသည်နှင့် အကြည်တော် နိုင်ငံတော်စွန် မော်ဓင်ဟိုင်ကြီးသိုင့် အကြည် တော် အင်ကရိတ်မြိုဝ်မဘုရင်က မည်စလီပရုတ်တိုင်ကိုင် စေ၍ ရ

The Golden Leter from King Alaungphaya of Myanmar to King Georg II of Great Britain

The Treasure of the Gottfried Wilhelm Leibniz Library in Hanover, Germany:
Ref: https://digitale-sammlungen.gwlb.de/gwlb/docs/PU/GoldBrief2.pdf
.
အသေးစိတ် အခြားဓာတ်ပုံများလည်း ဒီမှာ ရှိပါသေးတယ်။
https://www.facebook.com/groups/723463784463283/permalink/1728962957246689/
.
အလောင်းမင်းတရား
https://my.wikipedia.org/wiki/အလောင်းမင်းတရား

မြန်မာ နှင့်ထိုင်း သမိုင်းကြေ,င်း ဘုရင့်နောင် နှင့်အလောင်းဘုရား

https://fb.watch/Ah8BACA9pn/?