သာသနာ့ရောင်ဖုံး မြို့ရွှေညောင်တုန်း #myanmarsong #မြန်မာသီချင်းများ #သီချင်း #သီချင်းကောင်းများ #music #သီချင်းများ

My Memories on Facebook on 22 April 2025

မြို့ရွှေညောင်တုန်း ရေး – ဂီတာတင်အုန်း(ဦး) ဆို – ကိုမြသောင်း(ဦး) မြို့ရွှေညောင်တုန်း ဒီသီချင်းလေး ဖြစ်ပေါ်လာတာ ကျွန်တော်သိပါတယ်၊ မကြာသေးတဲ့ သီချင်းလို့လည်း ပြောလို့ရပါတယ် ကျွန်တော်သိတတ်တဲ့ အရွယ်က သီချင်းဖြစ်နေလို့ပါ၊ နှစ် ၅၀ ဝန်းကျင်ကပေါ့ နာမည်ကြီး ဆေးလိပ်(ဆေးပေါ့လိပ်)ကုမ္ပဏီ တစ်ခုက သူတို့ရဲ့ ဆေးလိပ်ကြောငြာအတွက် သီချင်းရေးစပ်ပေးဘို့ တောင်းဆိုတယ်လေ၊ ဖေဖေက တိတ်ခွေ တစ်ခွေစာ သီချင်းတွေ ရေးစပ်ပြီး အပြင်စတူဒီယိုမှာ အသံသွင်းခဲ့တယ်။ ဆေးလိပ်ကုမ္ပဏီ ပိုင်ရှင်ဟာ သူ့မြိုမှာ ကြော်ငြာဖြစ်လို့ ဖေဖေက ညောင်တုံးမြို့အကြောင်းကို ရေးဖွဲ့အသံသွင်းခဲ့တာပါ၊ အဲ့ဒီမှာအခွေမှာ မြို့ရွှေညောင်တုန်း ဆိုတဲ့ ယခုတေးလေးနဲ့ အဖေါ် ဆိုတဲ့ တေးလေးကို ဘဘဦးဖိုးခွေး (ခ) ဦးကိုမြသောင်းက သီဆိုအသံသွင်းခဲ့တယ်၊ များမကြာမီ အဲ့ဒီတေး ၂ပုဒ်ကို မြန်မာ့အသံ ကာလပေါ်သီချင်း စီစစ်ရေး ဘုတ်အဖွဲ့ကိုတင်လိုက်ရာ ဓါတ်ပြားရရှိခဲ့တာ ဖြစ်ပါတယ်။ အော် အခုတော့လည်း… သီချင်းလေးသာ ကျန်ရှိပါတော့တယ်။ မြို့ရွှေညောင်တုန်း ဤသီချင်းလေးကို တင်ပေးရင်းဖြင့် ဖေဖေ ဦးတင်အုန်း နှင့် ဘဘ ဦးဖိုးခွေး(ခ) ဦးမြသောင်း တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။ 🙏🏻🙏🏻🙏🏻 Credit – background photo ( နောက်ခံပုံလေးတွေ Google မှာရှာ၍ အသုံပြုထားပါသည်၊ မူရင်းပိုင်ရှင်အား အသုံးပြုခွင့်ပေးပါ၍ လေးစားစွာဖြင့် ခွင့်တောင်းခံအပ်ပါတယ်။) Credit K.Tin

မောင်ကြုံတိုင်း၏ ဘဝအထွေထွေ

Your memory on Facebook 22 April 2024

( ညောင်တုန်းသားများ နှင့်

ရန်ကုန် ရောက် ညောင်တုန်းမြို့ နယ် အသင်းဝင်များအတွက် )

ဖတ်စရာ မှတ်စရာ ( ၁၀၅ )

ကြည့်စရာ သိစရာ

ဘာသာရေး သာသနာရေးရာ

စာပဒေသာ

ဂိတာတင်အုန်း ရေးစပ်သီကုံးပေး ခဲ့တဲ့

မြို့ရွှေညောင်တုန်း သီချင်း

တေးရေး တေးဆို ဂီတစာဆိုအကျော်အမော်ကြီး ဂီတာတင်အုန်းရဲ့ များမြောင်လှသော အကြောင်းအ ရာ မျိုးစုံ မြန်မာ သံစဉ်

တေးသီချင်း တွေကို အလွန် သဘောတွေ့ နှစ်ခြုက် လွန်းတာနဲ့ ayemyint.blog မိမိကိုယ်ပိုင် အင်တာနက် စာမျက််နှာထဲမှာ သိမ်းထားစုထားနေစဉ် ထူးထူးခြားခြား တွေ့လိုက်တဲ့

ဇာတိမြေ သာသနာ့ရောင်ဖုံး မြို့ရွှေညောင်တုန်း အကြောင်းကို ဆရာကြီး ဂီတာတင်အုန်းက သီချင်းတစ်ပုဒ် ရေးစပ်ပေးခဲ့တာ ထူးထူးခြားခြား သွားတွေ့ရတယ်.။ ယခုမှသိရတယ်။

မြို့ရွှေ ညောင်တုန်း သီချင်းအမည်ပေးထားပြီး

အဆိုတော် ကိုမြသောင်းက သီဆိုထားပါတယ်.

သီချင်းကို ရှေးယခင် က ကြားဘူးသိထားဘူးခဲ့ပေမဲ့

သီချင်းသာနားထောင်တတ်ပြီး တေးရေးသူကို အလေးမထား မသိကြသူတွေမြနိမာဓလေ့အတိုင်း ဘယ်သူရေးစပ်ခဲ့မှန်းမသိ ခဲ့ဘူး။

ယနေ့

တေးရေးဆရာကြီး ဂီတာတင်အုန်း နောက်ကို လိုက်နေတော့ မှဘဲ

ညောင်တုန်းသီချင်းကို ဆရာကြီးက ရေးစပ်ပေးထားတာ သိရပါတော့တယ်.

သက်တမ်း ၁၀၀ ခန့်ရှိနေပြီဖြစ်တဲ့ ရန်ကုန်က ညောင်တုန်းအသင်း က ဆရာကြီးတွေ ဂီတအနုပညာရှင် တွေက သီးချင်း ကို ရေးစပ်ပေးဘို့ တေးရေးဆရာကြီး ဂီတာတင်အုန်း ထံ အပ်နှံခဲ့ကြတယ် ယူဆပါတယ်.

ရှေးအ ခါက

အနုပညာရှင် တွေ စာရေးဆရာ အကျော်အမော် တွေ ကာတွန်းဆရာကြီးတွေ စသည် ထွက်ခဲ့တဲ့ မြို့ေ၇ွှ ညောင်တုန်း ပါ။

ယနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာပရိယတ္တိ ပထမပြန် စာမေးပွဲ လုပ်လာခဲ့တာ နှစ် ပေါင်း၁၀၀ ကျော်ခဲ့ပြီ ။

ရှေးက မြန်မာပြည် အဝန်းက သံဃာတော်တွေ ဗုဒ္ဓ ဘာသာ ရေး စာပေတွေ လာရောက် သင်ယူကြ လေ့လာခဲ့ကြတဲ့ ရွှေဟင်္ဿာ တောရ ရွှေ ကျင် နိကာယ ပရိယတ္တိ စာသင်ကျောင်း ကြီး တည် ထားခဲ့တာ လဲနှစ် ပေါင်း ၁၀၀ ကျော်ခဲ့ပါပြီ

ေ၇ှးအခါက မြန်မာပြည် အနယ် နယ် အရပ်ရပ်က ဿံဃာ တော် တွေ စာ လာသင် ကြတဲ့ နောက်ထပ်စာသင်တိုက်ကြီးတစ်ခုဖြစ်တဲ့ သုဓမ္မပရီယတ္တိ စာသင်တိုက်ကြီး ဖြစ်တဲ့ တိုက်သစ် စာသင်တိုက်ကြီးကလဲ ယခုနှစ်၂၀၂၄ ခုမှာ သက်တမ်း နှစ် ပေါင်း ၁၀၀ ပြည့်ခဲ့ပါပြီ ။

ယနေ့ခေတ် မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃ နာယကအဖွဲ့မှာ နာယက ဆရာတော်ကြီး တစ်ပါးအဖြစ် ပါဝင် ဆောင်ရွက် ခဲ့သူ ဆရာတော် ကြီး ဘဒ္ဓန္ထဩဿဓာ ဘီဝံသ ဆရာတော်ကြီးပင်လျင် သက်တော် ၁၀၀ ကျော် နေပါပြီ ။

မကြာသောကာလ က ဆရာတော်ကြီးကို ညောင်တုန်းမှာ သွားရောက် ဖူးတွေ့ခဲ့စဉ် ယေဘူယျ ကျန်းမာ လျက် စကားကောင်းကောင်းပြောနိုင်လျက် ရှိ နေပါသေးတယ်.

ဒါကြောင့်လဲ ရှေးလူကြီးတွေက ညောင်တုန်းမြို့ ကို သာသနာ့ ရောင်ဖုံး မြို့ ရွေဒုံး လို့ ခေါ် ခဲ့ ကြတာဖြစ်ပါတယ်. ။

အေးမြင့် ( ညောင်တုန်း )

၂၂၊၄၊၂၀၂၄

( ၁၉၆၆ ထိ ညောင်တုန်းမှာ ငယ်စဉ် အတူ နေခဲ့သူ

ညီ အရင်းတစ်ဦး ရန်ကုန်မှာဆုံးခဲ့သည့် ၇ ရက် မြောက်နေ့ )

ရည်ညွန်း

( ၁ )

Youtube.com , YouTube Video မြန်မာသီချင်းကောင်း များ ။

တေးရေးဆရာကြိး ဂီတာတင်အုန်းရေးစပ်ပြီး

တေးသံရှင် ကိုမြသောင်း သီဆိုခဲ့သည့်

မြို့ ရွှေညောင်တုန်း သီချင်း ။

ဆက်စပ် နားဆင်ရန် ဖွင့် ၍ကြည့်ရန်

ayemyint.blog အင်တာနက်စာမျက်နှာထဲရှိ

တေးရေးဆရာကြီး ဂီတာတင်အုန်း၏ သီချင်း များ စုစည်းမှု

( ၂ )

တွေးမိတွေးရာ ရေးမိရေးရာ ( ၁၁၀ )

( ရှေးရှေးက ညောင်တုန်းမြေ )

သာသနာ့ရောင်ဖုံး၊မြို့ရွှေဒုံး၊

မွေးရပ်ဌာနေ ၊ညောင်တုန်းမြေ က ညောင်တုန်းမြို့နယ် အသင်း( ရန်ကုန် ) ညောင်တုန်းသူညောင်တုန်းသားများ။ လွတ်လပ်ရေး မရခင်ကတည်းက ရန်ကုန်မှာ မြို့နယ် အသင်းတွေဖွဲ့ကြတဲ့အထဲမှာ၁၉၃၉ ခုနှစ်မှာ အစောဆုံး’စတင် တည်ထောင်ခဲ့ တဲ့၊ မြိ့နယ် အသင်း တည်ထောင်ခဲ့တာ သက် တန်း၁၀၀ ပြည့် ရန် ၁၇ နှစ် သာ လို တော့ တဲ့ , ညောင်တုန်းမြိ့နယ်အသင်း ( ရန်ကုန် ) မိတ်ဆွေများ အတွက်၊ ေမွး ဌ ာနေညောင် တုန်း မြို့ အတွက် အမှတ် တရ ေ တွ ရှိနေတယ် ။

ညောင်တုန်းမြို့ရဲ့သာသနာ ၊ေရွှ ဟ င်္သာတော ရ စာသင်တိုက် ကြီး၊ သက်တမ်း ၁၀၀ ေကျာ် ခဲ့ ပြီ။ညော င် တုန်းမြို့ မှာ နှစ် စဉ် ပြု လုပ်လာခဲ့တဲ့ သုဓမ္မာ ပရိယတ္တီ ပါဠိ ပထမပြန် မေးပွဲ ကြီး လဲ မကြာခင်က အနှစ် ၁၀၀ ပြည့်ခဲ့ ပြီ ။စာပြန်ပွဲကြီးနဲ့အ တူ ေမွး ဖွား ခဲ့တဲ့ ညောင်တုန်း ေ စျး ေ ကျာင်း တိုက်က ဆရာတော် ကြီး ဦး ဩသဓာ ဘီဝံသ ဆရာတော်ကြီးလဲ မကြာသေးခင်က သက်တော် ၁၀၀ ပြည့် ခဲ့ ပြီ ။ သက် ရှည် ကျန်းကျန်း မာမာ ေတွ့ နေရလို့ ၊ ဝမ်းသာ ကြည်နူး ရပါ တယ် ။

ကျွန်တော်တို့ခေတ်က ညောင်တုန်းမြို့ အရှေ့ ပိုင်းအစိုး ရမူလတန်းကျောင်းက ကျောင်းအုပ်ဆရာကြီး ။ ဆရာလေးဦးမြသွင် ရဲ့သားကြီး ၊ ညောင်တုန်းသား သန်းနိုင် ရဲ့ ကျေးဇူးနဲ့ Facebook group ( ညောင်တုန်းမြို့နယ်အသင်း (ရန်ကုန် ) အဖွဲ့ထဲဆွဲသွင်း ထည့် ပေး ထား လို့ ၊ ကိုယ့်မြို့ကညောင်တုန်းသတင်းလေးတွေနဲ့ အတူ ၊ ငယ်ရွယ် ခဲ့ ကြတဲ့ ၊ခုတော့ အဖိုးအရွယ် တွေ ဖြစ်နေကြတဲ့ ညောင်တုန်းက သန်းနိုင် တို့ အဖွဲ့သားတွေ ၊မိတ်ဆွေတွေ နဲ့ မကြာ ခန တွေ့နေရတော့ ကြည်နူးရပါတယ် ။ ညောင်တုန်းပြန် ရောက် နေ သလိုလဲ ခံစားရပါတယ် ။

ကျွန်တော်တို့အရွယ် တန်းတွေက ညောင်တုန်းမှာ နည်းသွားပြီ ။ ညောင်တုန်းကိုတစ်နှစ်တစ်ကြီမ် မဖြစ်မနေ သွားဖြစ် အောင် ၊ ကျွန်တော် တမင်ဖန်တီးလုပ်ထားခဲ့တာရှိတယ်။ ညောင်တုန်းအရှေ့ ပိုင်းရပ်ကွက်က မင်္ဂလာဘုန်းကြီးကျောင်းနဲ့ ညောင်တုန်း အရှေ့ပိုင်းက ညောင်တုန်းကျွန်းတာကြားမှာ ေရှး ငယ်စဉ် ခလေးဘဝ ၁၉၄၉- ၁၉၆၀ ခေတ်တွေ ကာလ မှာ ကတည်းက ၊ဘုရားဟောင်းအပျက်တစ်ဆူရှိခဲ့ဘူးတယ်။ ခြုံတောထဲဖုံးကွယ် နေခဲ့ တယ် ။အစောင့်ရှိသလို လို အရှေ့ပိုင်းသားတွေ သိခဲ့ ကြတယ် ။

၁၉၇၄ ခုနှစ်ဝန်းကျင် ၊မိမိတို့မောင်နှံ ၊အိမ်ထောင်ကျစအချိန်တွေမှာအဖိုးတွေ ဘကြီးတွေအဒေါ်တွေရှိစဉ်ကခြံုတောကြီးကို ရှင်းခါ ၊ဘုရားကိုပြန်ဖေါ်ပြီးအသစ် ပြုပြင် တည် ထားကိုးကွယ် ခဲ့ကြတယ် ။အရှေ့ ပိုင်း ရပ်ကွက် ၄၁ လမ်းထိပ် က ရှေးခေတ် ဘောလယ် ဓမ္မာ ရုံကြီး နောက်မှာ ရှိတဲ့ ဘုရားဝင်းထဲမှာ ၊ ဗုဒ္ဓနေ့ ကဆုန်လပြည့်နေ့မှာ ထီးတင်ပွဲကြီး ချိမ့်ချိန့်သဲသဲ လုပ် ခဲ့တယ် ။

ဘကြီးရဲ့သားအစ်ကိုလေးနဲ့ ကျွန်တော်တို့က ရုပ် ရှင် ဝါ သနာ ကြီးကြသူတွေမို့၊ အကိုကလဲ သူ့ ကိုယ်ပိုင် ၁၆ မီလီမီတာ ရုပ် ရှင် ပြစက်ရှိနေလို့ ညောင်တုန်းထီးတင်ပွဲကို ယူလာ ပြီး ၊ ထီးတင်ပွဲ ညမှာ ကျွန်တော်တို့လူငယ် ဘဝ က နိုင်ငံတကာ ဗဟုသုတရဖွယ် ၁၆ မီလီမီတာဖလင် ရုပ် ရှင် ကားပိုင်းတိုလေးတွေကို ပြတယ် ။ လူငယ်တွေ ခလေးတွေ ကျိတ်ကျိတ်တိုးနဲ့ သဘောကျလိုက်ကြတဲ့ဖြစ်ခြင်း။ ဘုရား ပွဲ မှာဆိုင်းနဲ့လဲဧည့်ခံခဲ့သေးတယ် ။

ရှေး က ၂၀ ရာစု ခေတ် ၊ ညောင်တုန်းမှာကျွန် တော်တို့ခေတ် ခလး ဘဝ ၊တွေက ပျော်စရာ လူငယ်ကျောင်းသားဘဝ ၊ ပညာသင်နေစဉ်ဘဝ တွေမှာလဲ ပတ်ဝန်းကျင်က ငြိမ်းချမ်းချမ်းနဲ့ အခြေခံပညာတွေကောင်းကောင်းသင်ခဲံ၇ဝယ် ။

ဆရာကြီးတွေကလဲ အနာဂတ် မှာလူကြီးတွေဖြစ်လာမဲ့ ၊၊ အနိာဂတ် နိုင်ငံကို ဦးဆောင်သွဦးကြမဲ့၊ တပည့်တွေ ပညာတတ်ဘို့ စေတနာအပြည့် နဲ့ သံန်သင် ပြသပေးခဲ့ကြတယ် ။ယနေ့ န့ ကျွန်ဝါ်တို့ဒီဘဝ အဗခြအနေတွေရောက်နေကြရတာ ငယ်စဉ်ကဆရာ၊ဆရာမ တွေရဲ့ ကျေးဇူးက ကြီးမားလှပါတယ် ကျွန်တော်တို့ခေတ်တွေမှာ ပညာရေးစနစ်တွေကောင်းခဲ့တယ် ပြောနိုင်ပါတယ် ။ပညာတတ် တွေ လူတော် တွေ အများအပြား ၎ေွးဖွားပေးနိုင်ခဲ့တယ် ပြောလို့ရပါမယ်။

ယနေ့ ခေတ် ၊ ၂၁ ရာစု နှစ်မှာတော့ , လူကြီး သူမတွေ၊ ဆရာသမားကြီးတွေအားလုံး၊ ဘယ်သူမှ မရှိကြ ေတာ့တဲ့နောက်မှာ ၊ ကျွန်တော်တို့ညီအကို မောင်နှမ တွေကြီးလာတော့ ၊ရန်ကုန်မှာ အကုန် ရောက်ကုန်ကြတယ်။ မိသားစုတွေ မြေးတွေနဲ့ဖြစ်နေကြပြီ ။

ကျွန်တော် အသက် အကြီးဆုံး ဖြစ်လာတဲ့လူကြီးလုပ်သူကဘဲ စတင် ဆော်ဩခဲ့ လို့ ၊ ညောင်တုန်းက အဖိုးတွေအဒေါ်တွေလက်ထက်က ဘုရားဟောင်းတစ်ဆူကို ပြုပြင် တည်ဆောက် ထားခဲ့ပြီး ၊ ကဆုန်လပြည့်နေ့မှာ ရပ် ကွက်ထဲမှာ ချိန့်ချိမ့်သဲထီးတင်ပွဲလုပ်ခဲ့တဲ့ဘုရားကို နှစ်စဉ် နှစ်တိုင်း ကဆုန် လပြည့်နေ့ရောက်တိုင်းကျွန်တော်တို့သွားခဲ့ကြတယ် ။ ကဆုန်လပြညိ့နေ့တိုင်း ဆွမ်းကြီးလောင်းအလှူပွဲ ကို နှစ်စဉ် လုပ်ဖြစ်နေ ခဲ့ပါတယ် ။ ဘုရားပတ်ပြီး ဆွမ်းကြီးလောင်း ပွဲလုပ် တယ် ။ အရှေ့ ပိုင်းရပ်ကွက်ထဲက လူကြီးသူမတွေ လာပြီးဘုန်းကြီးဆွမ်း လောင်း ပွဲ မှာ အလှူဒါနလုပ်ကြပါတယ် ။ အရှေ့ပိုင်း ကဘုန်းကြီးကျောင်းကြီးတွေ အားလုံးဖိတ် တယ် ။

အရှေ့ပိုင်းမူလတန်း ကျောင်းက ကျန်ရှိနေသေးတဲ့ ဆရာမ၊အဖွားအရွယ် ဆရာမ ဒေါ်စုစု ကို သူ့ ခလေးတွေနဲ့ အတူ ၊ ဘုရား ပွဲ ကို အမြဲလိုလိုလာတာ တွေ့ခဲ့ ရပါတယ် ။ အုတ်ကျောင်းတိုက်ကြီး အသစ်ဖြစ်နေတဲ့ မင်္ဂလာကျောင်းတိုက် ကြီးထဲမှာ ဘုန်းကြီးတွေကို အရှေ့ ပိုင်း ရပ်ကွက်သားတွေ စုပေါင်းဆွမ်းကပ်အလှူ လုပ် ကြတယ် ။ ရောက်လာတဲ့ ပရိသတ်တွေကိုလဲ နံနက်စာ နဲ့ ဧည့်ခံတယ် ။ ရပ် ကွက်ထဲ က ညောင်တုန်းသူညောင်တုန်း သားတွေ ကို အားရဝမ်းသာစွာ တွေ့ရပါတယ် ။

ဟိုတုန်းကခလေးအရွယ် တွေ ၊လူ ငယ် တွေ က ၊ယခု လူကြီးတွေ ဖြစ်နေကြပြီ ။ တွေ့ရင် မမှတ်မိတော့ပါ၊အထူးသဖြင့် ကျွန်တော်ငယ်စဉ် ခလေးဘဝမှာ ၃၈ လမ်းနေ ဒေါ်ကြီး ဒေါမြရင် ၊ဆရာဦးစောမောင်တို့ ၊ အစ်ကို ဝင်းမောင် ၊ အမကြီး ဒေါ်သန်းမေ မိသားစုတွေ က တီတီတာတာ ခလေး ငယ် ကျွန်တော့်ကို ချစ် ကြလို့ ၊ ဘယ် သူခေါ်ခေါ် လိုက်တတ်တဲ့ ကျွန်တော့်ကို ၊ အဒေါ်ကြီး ဒေါ်မြရင် ကဘဲ ကျွန်တော့်ကို ကြံုတိုင်း “ လို့ နာမည်ပေး ပြီး ၊ ကျွန်တော့်ကို သူတို့ အိမ် မှာ မကြာမကြာ ခေါ် ထား ၊ ကြွေး ထား ခဲ့ဘူးတယ် ။ဘယ်သူခေါ ခေါ် ကြံု ရာ ကျပန်း လိုက်တတ် တဲ့ ခလေးငယ် ၊ ကျွန်တော့် ကိုချစ်ကြလို့ ခေါ် ထားကြတယ် ။ အဲဒီအချိန် ကျွန့်တော့်မှာ ကလဲ၊ ဘဝပေးကံကြမ္ဗာကြောင့် ၊ ဖတစ်ဆိုး၊အဖေမရှိ တဲ့ခလေးငယ် ၊ ဘာမှမသိတတ်သေးတဲ့အရွယ် ။ အဖေ့ မေတ္တာ၊,အမေ့ မေတ္တာတွေ ကောင်းကောင်းမခံစားခဲ့ရလို့ထင်တယ် ၊

ရပ်ကွက်ထဲကလဲ ဖတစ်ဆိုးခလးငယ် ကို ၊ သနားလို့လားတော့မသိ ၊ ချစ်လို့ ခေါ်ကြတဲ့အခါ ဘယ် သူခေါ်ခေါ် ကျွန်တော် က လို က်သွား နေတတ် တယ် လို့ ကျွန်တော် ကြိးလာတဲ့အခါ အတူနေ အဒေါ်တွေက ကျွန်တော့်ကို ပြောပြကြပါတယ် ။ ကျွန်တော်ခလေးဘဝ မှာ အဖိုးတွေ ၊အဒေါ်တွေနဲ့ အမြဲ အတူနေခဲ့ ပြီး လူငယ် ကျောင်းသားဘဝ ကို ရုန်းကန် ဖြတ်သန်းခဲ့ရပ့ါတယ် ။

ခုအခါ ၊ သက်ကြီးရွယ် အိုတွေ ၊အဖိုးတွေ ၊အမေနဲ့၊အဒေါ်တွေ ၊ ဆရာသမားတွေ အား လုံး မရှိ ကြပြီးတဲ့နောက် ၊ အဖိုးအရွယ် ရောက်နေတဲ့ကျွန်တော် ၊ ညောင်တုန်း ရောက် တဲ့အခါ၊ အဖွားအိုအရွယ် ရောက်နေတဲ့ အမကြီး ဒေါသန်.မေ ကို တွေ့ရတဲ့အခါ အနုပညာဝါသနာပါတဲ့၊ အသဲနုတဲ့ ကျွန်တော် ၊ မျက်ရည် စို့ခဲ့ရပါတယ် ။ ရောက်တဲ့အခါတွေ့တိုင်း ဂါ ရဝပြုပါတယ် ၊ အဖွားအရွယ် ဒေါ်သန်းမေ က အိမ်မှာ တစ်ဦးထဲနေစဉ် ၊ အခု တော့ ကျန်းမာရေးအလွန် ချို့ ယွင်းနေတယ် ကြားနေရပါတယ် ။ ရန်ကုန်မှာနေတဲ့ သူ့မောင် ၊ပညာရေးဌာနရုံးကြီးတစ်ခုမှာ လုပ်ခဲဲ့တဲ့ အကိုဝင်းမောင်လဲ ဆုံးသွားခဲ့ပါပြီ ။

အသက်တွေ ရ နေကြပြီဖြစ်တဲ့ ကျွန်တော်တို့ မောင်နှစ်မတစ်တွေ ၊ ကဆုန်လပြည့်နေ့တိုင်း ညောင်တုန်းသွားပြီး ,နှစ်စဉ်လိုလို ဘုရားပွဲ သွား လုပ် ဖြစ်ခဲ့ကြပါတယ် ။ ညောင်တုန်းကိုသွားဖြစ်အောင် ကြိုးစားအားထုတ်ခဲ့တာပါ။ ခုတော့ ကိုဗစ်ကြာင့် မလုပ် ဖြစ်၊မသွားဖြစ် ပြန် တော့ပါ။ ရှေးကတည်းကရှိခဲဲ့ တဲ့ မင်္ဂလာကျောင်း၊ သစ်သားကျောင်းအိုကြီးကိုလဲ ,၊ ရန်ကုန်နေ အဒေါ် တွေ က ဦးဆောင်ပြီး ၊ စတင် ပြု ပြင်ခဲ့တာ ၊ ညောင်တုန်းသားအလှူရှင်တွေပါလိုက်ပါ လာခဲ့ ပြီး ၊ ထပ်ဆောင်းခါ ၊ဆက်လက် ပံံ့ပိုး လှူကြ ၊ ပြုပြင် တည် ဆောက်ခဲ့ကြတာ ခုတော့ အုတ်တိုက် ၂ ထပ် ကျောင်းကြီးဖြစ်နေပါပြီ ။ ကဆုန်လပြည့်နေ့ ဘုရားပွဲအလှူ တွေ ကို မင်္ဂလာ ကျောင်းသစ်ကြီးမှာ အမြဲလုပ်ဖြစ်နေခဲ့ပါတယ် ။ ဇာတိမြေ ညောင်တုန်းမြို့မှာ နေခဲ့ ရ တဲ့၊ ဘဝအတွက် အမှတ်တရတွေပါ။ သာသနာ့ ရောင်ဖုံး ၊မြို့ရွှေ ညောင်တုန်း မဟုတ် ပါလား ၊ ညောင်တုန်းမြို့နယ် အသင်းသားများခင်ဗျာ။

တွေးချင်ရာ တွေး ၊ ရေချင်ရာတွေရေး၊ အလုပ်မရှိ ၊ အလုပ်ရှာ ရေးနေတတ်တဲ့၊ကျွန်တော် ။ ကျွန်တော်ရေးနေတဲ့ စာ တွေ ၊ အမှတ်စဉ် ၁၀၉ ၊၁၁၀ ထိ ရောက်နေပါပြီ ။ တိုက်တိုက်ဆိုင်ဆိုင်။ ၁၀၉၊၁၁၀ ဆိုတာ အလုပ် မရှိ ၊ အလုပ် ရှာ ။

အေးမြင့် (ညောင်တုန်း)

၈/၇/၂၀၂၂/ ညနေ ၄ နာရီ ။

( လွန်ခဲ့သော နှစ် ၆၀ ခန့်၊ ၈/၇/ ၁၉၆၂ နေ့ မှာတော့ ၊ နံနက် ခင်း၊ လင်း အားကြီးလူခြေတိ တ်ချိန်မှာ ၊အနာဂတ် ခေါင်းဆောင်လောင်း ၊ မျိုးဆက်သစ် လူငယ် ကျောင်းသားအများစု တွေ စုဝေးကြရာ ၊ နှစ်ပေါင်း၄၀ ခန့် သက်တမ်းရှိခဲ့ပြီး၊ ဗိုလ် ချုပ်အောင်ဆန်းတို့လို လူငယ် ခေါင်းဆောင် ေကာင်းတွေ၊ မျိုးဆက်သစ် ပညာတတ် တွေ များစွာ ကို မွေးထုတ်ပေးခဲ့တဲ့၊ ရန် ကုန်တက္ကသိုလ် သမဂ္ဂ အဆောက်အဦကြီး ကို ၊အမြော်အမြင်မရှိတဲ့ ၊ ပညာမဲ့၊ မသမာသူ လူ မိုက် တစ်စု ရဲ့ လက်ချက်နဲ့မိုင်းခွဲ အဖျက် အဆီးခံခဲ့ရပါတယ် ။နှစ်ပါင်း ၆၀ ကြာခဲ့သည့်တိုင် ၊ ပညာတတ် တွေ က မမေ့ကြ သေးတဲ့ ၊ မြန်မာ့သမိုင်းထဲက အဖြစ်ဆိုးကြီးပါ။)

ရည် ညွှန်း ၊

(၁) Facebook post ညောင်တုန်းမြို့နယ် အသင်း( ရန်ကုန် ) group

( ၂ ) မှတ်ဖွယ် မှတ်ရာ ၊ စာပဒေသာ ( ၁၀၉ ) (မြန်မာ့ သမိုင်း ) သမိုင်းထဲက ၊ မြန်မာ့ သမိုင်း။ “ဆဲဗင်း ဂျူလိုင် မမေ့နိုင်”

မြန်မာပြည်သူအများ
တစ်ဦးအပေါ်တစိဦး မေတ္တာစေတနာများ ထားရှိနိုင်ရေးကို
မျှော်တွေး မှန်းဆ တမ်းတလျက်

ရှားရှားပါးပါး
ဝါဝါဝင်းရွေဆိုခဲ့တဲ့ ဂီတာတင်အုန်းသီချင်း

မြစ်ဝကျွန်းပေါ်ဧရာဝတီ တေးဆို အေဝမ်းခင် မောင် အဖွဲံ

“သူရမချစ်ပို “
.
အောင်ဆန်းသူရိယဘွဲ့ရရှိသူများအကြောင်းကို လူတော်တော်များကြားဘူး၊ ဖတ်ဘူးကြသော်လည်း သူရဘွဲ့ရရှိသူမချစ်ပိုအကြောင်းကိုကြားသိသူနည်းလိမ့်မည်ထင်ပါသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးနှင့်တဦးတည်းသောအမျိုးသမီး သူရဘွဲ့ရရှိသူမှာ မချစ်ပိုဖြစ်ပါသည်။
မချစ်ပိုကို ၁၉၀၇ ခုနှစ်တွင် ထားဝယ်မြို့တွင်မွေးဖွားခဲ့သည်။ အရပ် ၅ပေ၊ ၃လက်မခန့်ရှိပြီး၊ အသားမဖြူမညိုနှင့်ကြည့်ကောင်းသောမိန်းကလေးတဦးဖြစ်သည်။ သူမဟာထားဝယ်သူပီပီ စကားသံဝဲဝဲနဲ့စိတ်ထားဖြူစင်သူဖြစ်တာကြောင့် လူချစ်လူခင်ပေါသူတဦးဖြစ်ပါတယ်။ စကားပြောရင်လည်း ခပ်ပြတ်ပြတ်ပြောလေ့ရှိသလို အလုပ်လုပ်ရင်လည်း ပြတ်ပြတ်သားသားလုပ်တတ်ပါတယ်။
မချစ်ပိုသည် ၁၉၄၇ ခုနှစ်တွင် သူမရဲ့မောင်တယောက် ဘီအီးတပ်ထဲဝင်ရောက်သွားတော့ မောင်ငယ်ကိုလိုက်ရှာရင်းပြင်ဦးလွင်ကိုရောက်သွားပါတယ်။ ပြင်ဦးလွင်မြို့ရှိ ဦးကြွယ်၊ ဒေါ်ပုတို့၏မွေးစားသမီးကဲ့သို့ချစ်ခင်ရင်းနီးသွားပြီး ၎င်းအိမ်တွင်ဆက်လက်နေထိုင်သွားလေသည်။ ထို့နောက် ဦးကြွယ်၊ ဒေါ်ပုတို့နှင့်ရင်းနီးသူ ဘီအီးတပ်မှတပ်ကြပ်လှမောင်နှင့်လူငယ်သဘာဝချစ်ကျွမ်းဝင်ကာ တပ်ကြပ်လှမောင်နှင့်လက်ထပ်ခဲ့ပါသည်။ တပ်ကြပ်လှမောင်မှာ တပ်တွင်းတွင် စားရေးသောက်ရေးကိုတာဝန်ယူရသောကြောင့် ထမင်းချက်လှမောင်ဟုလူသိများသည်။ သူသည်ထမင်းချက်တာဝန်ယူထားရသော်လည်း အခြေအနေအရတိုက်ခိုက်သည့်အဖွဲ့ထဲပါရင်ပါသွားတတ်သည်။
၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် KNDO တပ်များသည်ပြင်ဦးလွင်မြို့အားအလစ်အငိုက်ဝင်ပြီးစီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်သည်။ ထိုအချိန်ကပြင်ဦးလွင်တွင် ဗိုလ်မှူးထင်ပေါ်နှင့်ဗိုလ်ကြီးဘဖြူဦးဆောင်သော အမှတ်(၁)ဘီအီးတပ်ခွဲနှင့်အမှတ်(၂)တို့သည် ရရာလက်နက်ခဲယမ်းများကိုစုဆောင်းသိမ်းဆည်းကာ လားရှိုးဖက်သို့ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ဆုတ်ခွာသွားသောတပ်များသည် လားရှိုးတွင်ပြန်လည်စုစည်းကာ ပြင်ဦးလွင်သို့ပြန်လည်ချီတက်လာကြသည်။ ပြင်ဦးလွင်ရေချမ်းအိုးရွာဖက်တွင်တိမ်းရှောင်နေကြသော ဘီအီးတပ်မှအရာရှိစစ်သည်များနှင့်ကျန်တပ်ပေါင်းစုံမှတပ်ဖွဲ့တို့လာရောက်ပူးပေါင်းကြသည်။ တပ်ပေါင်းစုအင်အားဖြင့် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင်ပြန်လည်တိုက်ခိုက်ရာ ဘီအီးတပ်ကုန်း(ယခုပြင်ဦးလွင်အင်ဂျင်နီယာတပ်)နေရာကို ပြန်လည်သိမ်းပိုက်ရရှိခဲ့သည်။ ထို့အပြင်မြို့တွင်းတိုက်ပွဲအဖြစ်ဆက်လက်တိုက်ခိုက်သောတပ်ဖွဲ့များသည်လည်း မြို့မရုပ်ရှင်ရုံအထိသိမ်းပိုက်လိုက်နိုင်ခဲ့သည်။ အင်ဂျင်နီယာတပ်မှဦးဆောင်ကာ ပြင်ဦးလွင်မြို့ကိုပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖော်ဝါရီလ (၂၄)ရက်နေ့အား အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်။
ထိုသို့ဖေဖေါ်ဝါရီ(၂၄)ရက်တွင်စခန်းများရှိပြီးဖြစ်သော်လည်းမြို့တွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲဖြစ်ပြီးတဖက်နှင့်တဖက်ခြေကုတ်စခန်းများကိုအားပြုကာအဖွဲ့ငယ်များစေလွှတ်၍အပြန်အလှန်သတင်းထောက်လှမ်းတိုက်ခိုက်နေကြလေသည်။ မြို့ပေါ်တွင်လည်းလေ့ကျင့်မှုမရှိသောအရပ်သားများသည်ပင်ရရာလက်နက်စွဲကိုင်ပြီးတပ်နှင့်ပူပေါင်းတိုက်ပွဲဝင်ကြလေသည်။ ဤအခြေအနေတွင်ခက်ခဲသောကိစ္စရပ်တခု မှာရန်သူသတင်းထောက်လှမ်းရေးရရှိရေးပင်ဖြစ်သည်။ ထိုစဉ်ကဘီအီးကုန်းမှထွက်လိုက်သည်နှင့်ရန်သူသည်ယောင်္ကျားမှန်သမျှအားဖမ်းဆီးခြင်း သို့မဟုတ်ပစ်ခတ်ခြင်းများပြုလုပ်လျှက်ရှိပြီး၊ မိန်းမများမှာဈေးရောင်းခြင်း၊ နွားကျောင်းခြင်းများဖြင့်ဝင်ထွက်လျှက်ရှိလေသည်။ ဘီအီးတပ်ဦးစီးသောတပ်ပေါင်းစုအတွက်အခက်အခဲဖြစ်ပေါ်လျှက်ရှိသောသတင်းထောက်လှမ်းရှိရေးအတွက်မိမိဆန္ဒအလျောက် တာဝန်ယူလိုက်သူမှာထားဝယ်သူမလေး မချစ်ပိုပင်ဖြစ်ပါသည်။ မချစ်ပို၏ယောင်္ကျားဖြစ်သူတပ်ကြပ်လှမောင်အပါအဝင်အင်ဂျင်နီယာတပ်ဖွဲ့များသည်လေ့ကျင့်ရေးတပ်ကုန်းတွင်ရင်ဆိုင်ထားစဉ်တဖက်နှင့်တဖက်အဖွဲ့ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ကြရာမှ တပ်ကြပ်လှမောင်အားသေနတ်ထိမှန်ကာဒဏ်ရာရှိခဲ့လေသည်။
ဗိုလ်ကြီးဘဖြူတို့ကမချစ်ပိုအားခေါ်ယူတွေ့ဆုံပြီး “ကဲ – မချစ်ပို ခင်ဗျား တာဝန် ယူနိုင်မယ် ဆိုရင် ခင်ဗျား ကို မိန်းမ ထောက်လှမ်းရေး လုပ်ခိုင်း ရမှာ ပဲ၊ ရန်သူ ရဲ့ လက် နက်ကြီး တွေ၊ စက် သေနတ် တွေ ပစ်တဲ့ နေရာ ကို ကျွန်တော် တို့ သိချင် တယ်။ ခက် တာက ဘီအီးဒီတီ ကုန်းဘက် ကို ထွက်လိုက် ရင် ယောက်ျား မှန်သမျှ ကို ရန်သူ က ဖမ်းတယ်၊ ပစ်တယ်။ ခင်ဗျား တို့ မိန်းမ တွေ ကျတော့ ဟိုဘက် ဒီဘက် ကူးပြီး ဈေးရောင်း နေကြ တာ တွေလည်း ရှိတော့ ရိပ်မိ မှာ မဟုတ် ဘူး၊ မချစ်ပို ဘယ်လို သဘော ရ သလဲ” ….
“ဖြစ်ပါတယ်စစ်သား မယား ဟာ စစ်သမီး ဘဲ ပေါ့၊ ကျွန်မ ကို ဓားတို တချောင်း ပေးပါ၊ ပြီးတေ့ လက်ပစ်ဗုံး လဲ ပေးထား၊ ကျွန်မ ကို ကိုလှမောင် သင်ပေး ထား လို့ လက်ပစ်ဗုံး ကောင်း ကောင်း ပစ်တတ်ပါတယ်”….
သို့နှင့်မချစ်ပိုတယောက်သည်ဓားတိုတလက်နှင့်လက်ပစ်ဗုံးတို့ယူဆောင်ကာ ခမောက်ဆောင်းကာ၊ တုတ်တချောင်း၊ လွယ်အိပ်တလုံးတို့ဖြင့် နွားကျောင်းသမားပုံသဏ္ဍာန်ဖြင့် KNDO တပ်များတပ်စွဲထားသော လေ့ကျင့်ရေးတပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့နည်းမျိုးစုံဖြင့်ဝင်ရောက်ကာ ရန်သူ၏လက်နက်ကြီးများထားရှိရာနေရာ၊ ကွပ်ကဲရေးရုံးတည်နေရာနှင့် အခြားထောက်လှမ်းရေးလုပ်ငန်းများကိုလည်းလုပ်ဆောင်ခဲ့လေသည်။
ရန်သူသည်နွားတအုပ်နှင့်မချစ်ပိုအားနွားကျောင်းနေသည်ဟုသာထင်နေကြလေသည်။ မချစ်ပိုသည်နွားကျောင်းရင်းဖြင့်ရန်သူလက်နက်ကြီးပစ်ကူနေရာများ၊ စစ်သေနတ်ကြီးများချထားသည့်နေရာများအားတပ်ဖွဲ့ထံသတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တခါတရံရန်သူအဖွဲ့ငယ်သုံးလေးဦးခန့်တွေ့ဆုံစဉ်အခွင့်သာပါကလက်ပစ်ဗုံးဖြင့်တိုက်ခိုက်လာခဲ့ရာရန်သူတပ်ဖွဲ့များအတော်ပင်အထိနာခဲ့လေသည်။
ထို ထက်ပို ၍ ခံစား ရ သည်မှာ မိန်းကလေး တစ်ဦး မိုးပေါ် က ကျလာ သလို ပေါ်ပေါက် လာပြီး တိုက်ခိုက် ခံရ ဖန် များ လာသော အခါ ရန်သူ တွေ စိတ် ဓာတ် ချောက်ချား မှု ဖြစ်လာ ရခြင်း ပင်။ ဗုံးကွဲသံ ကြား၍ ထလိုက် ပြန် လျှင် လည်း မချစ်ပို ကို မီလိုက် သည် ဟူ၍ မရှိ။ ကိုယ်ယောင် ဖျောက်ပြေး သည် ဟု ထင်နေ ကြ၏။ ဤ သို့နှင့် မချစ်ပို ၏ အကူ အညီ ဖြင့် ရန်သူ အတော် များများ ကို ထိခိုက် ကျဆုံး စေ ခဲ့၏။ စစ်ဆင်ရေးတွင်ကျင်လည်လာသော မချစ်ပိုသည်လက်ရှိလုပ်ဆောင်ချက်အားအားမလိုအားမရဖြစ်ကာ ထမီအစားဘောင်းဘီဝတ်လိုကြောင်း၊ နေရာတိုင်းသုံးမရသောလက်ပစ်ဗုံးအစား သေနတ်တပ်ဆင်ပေးရန်နှင့်နေ့ခင်းဘက်တွင်ထောက်လှမ်းရရှိခဲ့သောနေရာများအားညဘက်တွင်တပ်ဖွဲ့နှင့်အတူလိုက်ပါတိုက်ခိုက်လိုကြောင်းတင်ပြခဲ့လေသည်။
မချစ်ပို၏တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှသဘောတူကာရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့် မချစ်ပိုအားခြောက်လုံးပြူးထုတ်ပေးလိုက်သည်။ မချစ်ပိုသည်နေ့ခင်းဘက်တွင်သတင်းထောက်လှမ်း၍ညဘက်တွင်ညတိုက်ပွဲများဆက်လက်ဆင်နွှဲကြလေသည်။ မချစ်ပိုပါဝင်သောတပ်ဖွဲ့၏တိုက်ခိုက်မှုများကြောင့် KNDO တပ်ဖွဲ့များမှာ များစွာအထိနာခဲ့လေသည်။ ထောက်ပံ့ရေးကုန်းသို့ဝင်စီးသောညတွင်ကား မချစ်ပိုကို ကျည်ထိမှန်လေတော့သည်။ နေ့ခင်းဘက်ကမချစ်ပိုဝင်ရောက်ထောက်လှမ်းရရှိခဲ့သည့် လက်နတ်ကြီးနေရာအားတပ်ဖွဲ့မှနောက်ပိုင်းမှမော်တာဖြင့်ဦးနှိမ်ပစ်ခတ်ထားပြီး၊ မချစ်ပိုပါဝင်သောအဖွဲ့ကရန်သူ၏ခံစစ်စည်းထဲသို့အတင်းထိုးဖောက်ဝင်ရောက်သွားကြလေသည်။ ရန်သူများခေါင်းမထောင်နိုင်အောင်ဖြစ်နေချိန်တွင်စစ်သည်များကလှံစွပ်ဖြင့်တက်ထိုးရန်ပြင်ဆင်ကြလေရာ မချစ်ပိုကလက်မခံပဲလက်ပစ်ဗုံးဖြင့်ပစ်မည်ဟုဆိုကာလှိမ့်၍ချည်းကပ်သွားလေသည်။ မချစ်ပိုအပစ်မခံရစေရန်စစ်သည်များကကာပစ်ပစ်ပေးရင်းယောင်ပြလှုပ်ရှားမှုများပြုလုပ်ပေးကြလေသည်။ ရန်သူသေနတ်သံများရပ်စဲသွားခဲ့ပြန်လေသည်။ မချစ်ပိုကားထပ်မံလက်စွမ်းပြခဲ့ပြန်လေသည်။ ချည်းကပ်မျဉ်းမှပြန်အထွက်တွင်မချစ်ပိုကိုလှိမ့်မှောက်ပြီးဆုတ်ခဲ့ရန်ပြောသော်လည်းရန်သူအားအထင်သေးမိကာမတ်တပ်ပြန်လာခဲ့ခြင်းကြောင့်ရန်သူသေနတ်သံတချက်ထွက်ပေါ်လာပြီးမချစ်ပိုဗိုက်ကိုလက်နှင့်ဖိကာလဲကျသွားခဲ့ရလေသည်။ မချစ်ပိုကားသတ္တိကောင်းလှပေသည်။ဒဏ်ရာရသည့်တိုင်ညည်းညူခြင်းမရှိ၊ဗိုက်ကိုအဝတ်ဖြင့်ပတ်ပြီးဖိထားလေသည်။ ရဲဘော်များမချစ်ပိုကိုပွေ့ကာမြို့ထဲဖက်သို့ခေါ်ဆောင်သွားကြလေသည်။
ထို့နောက် နယူးဆေးတိုက်မှဆရာဝန်ဒေါက်တာဘရှင်ရောက်ရှိလာပြီး မချစ်ပိုအားကားဖြင့်တင်ကာဆေးတိုက်တွင်ညတွင်းချင်းခွဲစိတ်ကုသပေးလေသည်။ ထို့သို့ခွဲစိတ်ကုသပြီးသောအချိန်တွင် KNDO အဖွဲ့များကမသင်္ကာသဖြင့်ဆေးတိုက်သို့လာရောက်စစ်ဆေးကြကြောင်း “ခုနက ကားနဲ့ ထွက်သွား တာ ခင်ဗျား တို့ လူနာ သွားတင် တာလား” “မဟုတ် ပါဘူး၊ လူနာ သွားကြည့်ရုံ ကြည့်တာ၊ မင်း တို့ ပစ် ခတ် နေကြလို့ ငါ ကြာကြာ မကု ရဲတာနဲ့ ပြန်လာ တာ၊ အိမ်ထဲမှာ ငါ့ သမီးတွေ ပဲ ရှိတယ်၊ မင်း တို့ ရုတ် ရုတ် မလုပ် နဲ့ ပြန်ကြ” ဒေါက်တာဘရှင်ကမင်သေသေဖြင့်ဟောက်လွှတ်သောကြောင့်ပြန်သွားကြလေသည်။
ထိုအချိန်ကခေတ်အခြေအနေရလျှပ်စစ်မီးနှင့်အောက်လင်းမီးမရှိခြင်းကြောင့်မချစ်ပို၏ဒဏ်ရာကိုဖယောင်းတိုင်မီးဖြင့်ပင်ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား၁၅ချက်ခန့်ချုပ်ခဲ့ရကြောင်း မချစ်ပိုသည်ထိုဆေးတိုက်မှာပင်တပတ်ခန့်ပုန်းအောင်းကာဆေးကုသနေခဲ့ရကြောင်းအနာမကျက်သေးမီမချစ်ပိုကပြန်ချင်လှပြီဆိုကာ မွေးစာဖခင်ဦးကြွယ်၏နေအိမ်သို့ပြန်ခဲ့လေသည်။
ထို အချိန် က KNDO အဖွဲ့မှ စောဘစံ ဆိုသူ မှာ ထုံးဘို ရပ်ထဲမှ မချစ်ပု ဆိုသူ ကို ယူထား ခဲ့သည်။ အရပ် ထဲမှ တခြား မိန်းကလေး များ မှာလည်း စောဘစံ နှင့် ချစ်ပု တို့ ဆက်နွှယ် မှုကြောင့် ဖျက်ဆီး ခံခဲ့ ရသည်။ “ချစ်ပု” မှာ “မချစ်ပို” နှင့် နာမည် နီး စပ် သော်လည်း စိတ်ဓါတ် က မနီးစပ်၊ သူမ အသက်ရှင် ရပ်တည်မှု ကို အခြား မိန်းကလေး များ ၏ ဘ၀ နှင့် လဲဖို့ ကြိုးစား ခဲ့သည်။ “ချစ်ပု” ၏ လက်ထောက် ချမှု ကြောင့် ရန်သူ အဖွဲ့ ကို အထိနာ အောင် တိုက်ခိုက် ခဲ့သော မိန်းကလေး မှာ မချစ်ပို ဖြစ်မှန်း သိ သွား ကြ သည်။ မချစ်ပို ၏ လှုပ်ရှားမှု ကို စောင့်ကြည့် နေ ကြ ၏။ ဆေးတိုက် မှ ဆင်းပြီး ဦးကြွယ် ၏ အိမ်တွင် ပုန်းခို နေသော မချစ်ပို ၏ သတင်း ကို KNDO အဖွဲ့ ရသွား ကြ သည်။ စော ဘစံ ခေါင်းဆောင် ပြီး လက်နက် ကိုင် လေး ငါးဦး ခန့် ဦးကြွယ် အိမ်ရှေ့ သို့ ရောက် လာ ကြ သည်။ “ကဲ မချစ်ပို ခင်ဗျား ရဲ့ လှုပ်ရှားမှု တွေ အားလုံး ကို အတိ အကျ သိထား ပြီးပြီ ၊ ငြင်းဖို့ မကြိုး စား ပါနဲ့၊ ခင်ဗျား ကြောင့် ကျုပ်တို့ အဖွဲ့ တွေ အတော် အထိ နာ ကုန်ပြီ၊ ဒီတော့ ခင် ဗျား ကျုပ် တို့ နောက်ကို လိုက် ခဲ့ပါ” “အေး ငါ လိုက်ခဲ့မယ်” မချစ်ပို ကား ထွက်ပြေး ဖို့ မကြိုးစား၊ ဓားတို ကို သာ ဝှက်ပြီး ယူ လိုက်သည်။
ထို ရက်ပိုင်း များမှာ အင်ဂျင်နီယာ တပ်ဖွဲ့ များ ပြင်ဦးလွင်တွင် မရှိ တော့ပေ။ မန္တလေး သို့ ဆင့်ခေါ်ခြင်း ခံရ သဖြင့် ပြန်လည် ဆုတ်ခွာ သွားကြပြီး ဖြစ်ရာ ဇနီး၊ သား သမီး များ ကို ကြည့် မထား နိုင်တော့။ မိသားစု ဝင်များ မှာ ဟိုပုန်း ဒီအောင်း ဖြင့် နေခဲ့ ကြ ရှာသည်။ မချစ်ပို မှာ ဒဏ်ရာ မပျောက် ကင်းသေး သဖြင့် ကျန်ရစ် ခဲ့ရာ မှ အဖမ်း ခံ လိုက် ရခြင်း ဖြစ်သည်။ KNDO အဖွဲ့များ ကလည်း သာမန် မိသားစု ဝင်များ ကို စိတ်မဝင် စား၊ မချစ်ပို ကိုသာ သဲကြီး မဲကြီး လိုက်ရှာ နေခဲ့ ကြခြင်း ဖြစ်သည်။ မချစ်ပို ကို စောဘစံ က သူ့မယား “ချစ်ပု” အိမ်သို့ ဖမ်းခေါ် သွား သည်။ ရောက် သည် နှင့် မချစ်ပို ကို ဖမ်းချုပ် ပြီး သူမ ၏ အံသွား များကို ဓားဖြင့် ကလန့်ထုတ် ရန် ကြိုး စား ကြ သည်။ မချစ်ပို သည် အံသွား အပို (အံပွား) ပါသူ တစ်ဦး ဖြစ်သည်။ အံပွား ၏ အကျိုး ကြောင့် တော်ရုံ တန်ရုံ ဓား၊ သေ နတ်ပြီး သည့် သဘော ရှိသည်ဟုသူတို့ကယုံကြည်ကြသည်။ ထိုအံပွား ကြောင့် သူမ ကိုယ်တိုင် သာ လုံခြုံမှု ရှိ သည် မဟုတ်၊ မချစ်ပို နောက် က လိုက် ကြ သူများ သည်လည်း ကျည်ဆန် ထိမှန် ခြင်း မရှိ၊ မချစ်ပို သည် ကျည်ကွယ် သဖွယ် ဖြစ်နေ ခြင်း ကြောင့် လည်း သူတို့ အဖွဲ့ဝင် များ လှုပ်ရှား တိုက်ခိုက် ကြတိုင်း တော်ရုံ တန်ရုံ မထိ မှန် ဘဲ အောင်မြင် မှု ရခဲ့ ကြသည် စသဖြင့် ယုံကြည် နေကြ သည်။
.
ဒီ သတင်း ကို စောဘစံ တို့ကလည်း ကြား ထားသည်။ မချစ်ပို ကို ရိုးရိုး သတ်လို့ သေမည် မဟုတ် ဟု နားလည် ထားကြ သည်။ ထို့ကြောင့် မချစ်ပို ကို ဖမ်း ခေါ် လာပြီး အိမ်ထဲ အဝင် တွင် အခန်း၀ ၌ မီးနေသည် ထမီ ကို ကပ်ရိုက် ထား သည်။ မချစ်ပို ကို ဘုန်းနိမ့်အောင် လုပ်ကြ တော့ သည်။ ပို၍ သေ ချာ အောင် မချစ်ပို ၏ အံသွား ကို နုတ်ဖို့ ကြိုးစား ကြပြန် ခြင်း ဖြစ်သည်။ ထိုသို့ကြိုးစားနေစဉ် မချစ်ပိုက ဝှက်ယူလာသောဓားတိုဖြင့်ထိုးချလိုက်လေတော့သည်။ “အောင်မလေး… တို့ကို ဓားနဲ့ ပြန်ထိုး တယ်ဟ” အံသွား ကို နုတ်ဖို့ ကြိုးစား နေကြ သူများ အော်ဟစ် ပြီး ပြိုလဲ ကျ သွား ပြန်သည်။ မချစ်ပို ကား နောက်ဆုံး အချိန် တွင်ပင် တမလွန် သို့ အဖေါ် ခေါ်သွား လိုက်သေး သည်။ စောဘစံ မခံရပ် နိုင်ဖြစ် ကာ သေနတ် ဆွဲ၍ ယူ လိုက်သည်။ ဆူညံသော သေနတ် သံများ ထွက်ပေါ် လာပြီး မချစ် ပို လဲကျ သွားတော့ သည်။ မချစ်ပို သည် ဒဏ်ရာ ပြင်းထန် စွာ ရနေ သော်လည်း အသက် က တော်တော် နှင့် မထွက်၊ အသက်ပြင်း သည် ဟု ပြောစမှတ် ပြု ခံ ရသည်။ သို့နှင့် အသက် ထွက် လောက်ပြီ ထင်တော့ မှ မချစ်ပို ၏ အလောင်း ကို ဝိုင်းသယ်မ ပြီး ရေတွင်း ထဲသို့ ပစ်ချ လိုက်ကြ သည်။ ပိုမို သေချာ စေရန် အတွက် အပေါ် မှ အုတ်ခဲ ကျိုး များ၊ ပန်းအိုး ကွဲများ ပစ်ချ ပြီး ဖို့ထား လိုက်ကြ သည်။
.
ဤသို့ဖြင့်မချစ်ပိုသည်(၈.၄.၄၉)ရက်နေ့၊ အသက်(၄၂)နှစ်အရွယ်တွင်ကျဆုံးသွားရရှာလေသည်။ မချစ်ပိုကျဆုံးသောနေ့ရက်တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များကမန္တလေးမြို့အားပြန်လည်သိမ်းပိုက်လိုက်သည်။
ထို့နောက်မချစ်ပိုသေဆုံးအပြီး(၃)ရက်ခန့်အကြာတွင်တပ်များပြန်လည်ရောက်ရှိလာပြီးမချစ်ပို၏အလောင်းအားပြန်လည်ဆယ်ယူကြလေသည်။ ၁၉၄၉ခုနှစ် မေလ(၁၆)ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တလေး-ပြင်ဦးလွင်ကားလမ်းအား စစ်ဆေးရန်ရောက်ရှိလာသောဗိုလ်မှူးကြင်(နောင်တွင်ကျဆုံး)နှင့်စစ်သည်များသည်မချစ်ပို၏အလောင်းကိုစစ်အခမ်းအနားဖြင့်ကောင်းမွန်စွာသင်္ဂြိုလ်ခဲ့ကြလေသည်။
.
နိုင်ငံတော်အတွက်အသက်ကိုပဓာနမထားပဲနောက်ဆုံးအချိန်ထိရဲဝံ့စွန့်စားစွာတိုက်ပွဲဝင်ခဲ့သောမချစ်ပို´´အား၁၉၅၀ပြည့်နှစ်၊လွတ်လပ်ရေးနေ့တွင်နိုင်ငံတော်အစိုးရမှသူရ´´ဘွဲ့တံဆိပ်အားချီးမြင့်ပေးအပ်ခဲ့လေသည်။
၁၉၆၀ခုနှစ်တွင် ပြင်ဦးလွင် အင်ဂျင်နီယာတပ်၌ ဗိုလ်မှူးတင်မောင်(သိပ္ပံမှူးတင်) တပ်မှူးဖြစ်သောအခါအုတ်ဂူလေးကိုပြန်လည်မွမ်းမံခဲ့ကြောင်းသိရှိရသည်။သူရမချစ်ပို၏အုတ်ဂူဖြူဖြူလေးမှာ ပြင်ဦးလွင်မြို့ ထုံးဘိုရပ်တွင်ယနေ့တိုင်တည်ရှိနေဆဲဖြစ်ပါသည်။
သူရမချစ်ပို၏နှစ်၁၁၀ပြည့်အထိမ်းအမှတ်ပွဲကို ပြင်ဦးမြို့ရှိ YMBA အဖွဲ့တွင်၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလကကျင်းပခဲ့သည်။
သူရမချစ်ပိုအထိမ်းအမှတ်ရုပ်တုကို လောင်းလုံးမြို့နယ်၊ နခံတောရွာအနီး သောကြာပြင်လမ်းဆုံ (ထားဝယ်-မောင်းမကန်ကားလမ်းနံဘေး) တွင် ၂၀၁၇ခုနှစ် သြဂုတ်လကစိုက်ထူထားခဲ့ပြီး ရုပ်တုမှာညာလက်က လက်သီးဆုပ်ပြီးမြှောက်ထားဟန်၊ ဘယ်လက်က ဓါးမြှောင်ငယ်တလက်ကိုဆုတ်ကိုင်ထားဟန်ထုလုပ်ထားပြီး၊ လက်ပစ်ဗုံးထည့်ထားသည့်လွယ်အိပ်လွယ်ထားသည့်ပုံဖြစ်သည်။
တပ်မတော်အစိုးရလက်ထက် နံမည်ကြီး ဒါရိုက်တာတင်သန်းဦးက သူရမချစ်ပိုအကြောင်းဇာတ်ကားကို သရုပ်ဆောင်မို့မို့မြင့်အောင်နဲ့အခြားသရုပ်ဆောင်များစွာဖြင့်ရိုက်ကူးခဲ့ပါတယ်။ မြဝတီရုပ်မြင်သံကြားမှာထုတ်လွှင့်ပြသဖို့ရည်ရွယ်ခဲ့သော်လည်း ပြသခွင့်မရရှိခဲ့ပါဘူး။
ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးထား တဲ့ “သူရ မချစ်ပို” ဇာတ်ကားကို မြဝတီ ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသဖို့ အစီအစဉ် မရှိသေးကြောင်းကို- “လောလောဆယ် လွှင့်ဖို့လည်း အစီအစဉ် မရှိပါဘူး။ ပြန်ရိုက်ဖို့ လည်း အစီ အစဉ် မရှိပါဘူး။ အဲဒီဟာ က ဒီကဆင်ဆာ စိစစ်တဲ့အဖွဲ့ကနေပြီး တော့ နဂိုကတည်းက ခွင့်မပြု ထားတဲ့ ဇာတ်ကားမို့လို့ပါ။ ပြန်ရိုက်ဖို့လည်း အစီအစဉ် မရှိပါဘူး။ ဘာလို့လဲဆို တော့ ဒီဇာတ်ကား မှာလည်း လိုအပ် ချက်တွေ ရှိနေလို့ ဆရာတို့ ထားထား တာပါ” လို့ ဒါရိုက်တာ တင်အောင် စိုး (ပန်းမြို့တော်) က ပြောပြခဲ့ပါ တယ်။
ဒီဇာတ်ကားမှာ ပါဝင်ရိုက်ကူး ခဲ့တဲ့ မို့မို့မြင့်အောင်ရဲ့ ရိုက်ကူးခဲ့မှု အတွေ့ အကြုံ၊ ခံစားချက်တွေ နဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့..
“မိန်းမ သူရဘွဲ့ရတာ ဆိုလို့ မချစ်ပို တယောက်ပဲရှိတာလေ။ တကယ့် အဖြစ်အပျက်ကြီး တခု ပေါ့။ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ပြန်ရိုက်ခဲ့တာ။ အပြင်မှာ သူတကယ့် အဖြစ်တော့ မသိဘူး။ ပြန်ရိုက်တဲ့ ကိုယ်တောင် တော်တော် ပင်ပန်းတယ်။ တကယ့် စက်သေနတ်ကြီး ကိုင်ပြီး တောင်တပတ် ပတ်ရတာ။ ဗိုလ်မှူး တင်သန်းဦးက ကျည်ဖောက် တော့ သေနတ် အစစ်နဲ့ဖောက်တာ။ အဲဒီ ကားရိုက်ခဲ့တော့ မပြဖြစ်ခဲ့ဘူး။ ကိုယ်က ပင်ပင်ပန်းပန်း လုပ်ခဲ့ရ တော့ ပြစေချင်တယ်။ အဲဒီကား နောက်ဆုံး မှာ မချစ်ပိုရဲ့ အုတ်ဂူလေးကို ထည့် ရိုက်ထားတယ်။ အဲဒီ အုတ်ဂူကိုသွား ပြီးတော့ မမို့ကိုယ်တိုင် ဒိုင်ယာလော့ တွေပြောပြတယ်။ ကိုယ် အတုလုပ်တဲ့ သူတောင် ပင်ပန်းလိုက်တာ။ အစစ် ဖြစ်တဲ့ မချစ်ပိုသာဆို ဘယ်လောက် ပင်ပန်းလိုက်မလဲလို့ သွားပြောခဲ့တယ်။ အဲဒါကိုလည်း ဇာတ်ကားထဲမှာ ထည့် ရိုက်ထားတယ်။ လမ်းဘေးမှာ အုတ်ဂူ လေးက ဘယ်သူမှလည်း မသိကြ ဘူး။ဒီလို လူမျိုးရှိ ခဲ့တယ် ဆိုတာ အခုခေတ် လူငယ်တွေသိမှာ တောင် မဟုတ်တော့ဘူး။ အဲဒါကြောင့်ဒီ ကားလေး ကို ပြန်ပြစေချင်တာ။ အဲဒီ တုန်းကတော့ ဆင်ဆာ ကို ရှောင်ပြီး တချို့တွေ ကိုနည်းနည်းလေး ပြတယ်ဆိုရုံရှောင်ပြီး ရိုက်ခဲ့ရတာ။ အခုအ ချိန်သာဆို ဆင်ဆာလည်း ရနေပြီဆို တော့သေချာတယ်။ တော်တော်ရိုက် ပြ လို့ကောင်း မှာ။ တကယ့် အဖြစ်အပျက် ဆိုတော့ တော်တော်လည်း တာဝန် ကြီးတယ်။ သူ့ကိုယ်စားသူ့ ဂုဏ်ကို ပြ ခွင့်ရဖို့ ရိုက်ခဲ့တဲ့ အတွက် ဂုဏ်ယူစ ရာလည်းကောင်းတယ်။ ဒါပေမဲ့ ပြ ခွင့် မရခဲ့ဘူး။ဒီလိုမျိုး ရှိခဲ့တယ် ဆိုတာသိစေ ချင်တယ်”လို့ ပြောပြခဲ့ ပါတယ်။
၂၀၁၇ခုနှစ်မှာ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က သူရမချစ်ပိုဇာတ်လမ်းကို သရုပ်ဆောင် ခန့်စည်သူ၊ စိုးမြတ်သူဇာတို့နဲ့ထပ်မံရိုက်ကူးခဲ့ကြောင်းသိရှိရပါတယ်။ မချစ်ပို နေရာမှာ သရုပ်ဆောင် စိုးမြတ်သူဇာ က ပါဝင်သရုပ်ဆောင် ထားပါတယ်။ ” ဒီဇာတ်ကားက အသက်ကြီးမှ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ရိုက်ရတဲ့ ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။ ဇာတ်ကားက ရိုက်လို့ မပြီးသေးတော့ ပြောရမှာ နည်းနည်းတော့ စောနေသေးတယ်။ ရိုက်ပြီးသွားရင်လည်း ဒီဇာတ်ကားကို ရုံတင်နိုင်ဖို့ကို စောင့်ဦးမယ်။ “သူရ မချစ်ပို” ရုပ်ရှင် ဇာတ်ကားကိုတော့ ပရိတ်သတ်လက်ထဲကို သိပ်နောက် မကျအောင်တော့ တင်ပြချင်ပါတယ်….” လို့ စိုးမြတ်သူဇာ က Myanmar Celebrity သို့ ပြောပြပါတယ်။
.
.
မှီငြမ်း-
-သမိုင်းတကွေ့မှအကျော်ဇေယျမြန်မာအမျိုးသမီးများ (သန်းဝင်းလှိုင်)
-မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရေးတော်ပုံမှတ်တမ်း-ဇေယျကျော်ထင်ဗိုလ်မှူးဟောင်းသိန်းမောင်
-Myanmar Celebrity web site

crd_to_owner Saryar AyeKoKo
Crd via @ နော်ဂဲလယ်ထူး (စာပေပရဟိတ)

𝕮𝖗𝖉𝕿𝖔𝕺𝖜𝖓𝖊𝖗_ :

📚လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊
မူရင်းရေးသူကိုခရက်ဒစ်ပေးပြီး၊ ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်…😇
All rights and credits go to rightful owner.