Myanmar Earthquake Relief Fundraiser-USA မြန်မာပြည် င ျင်ဘေး ရံပုံ ငွေ။ ကျေးဇူးပြု၍ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် – “မြန်မာသိပ္ပံပညာရှင် နှင့် အင်ဂျင်နီယာများအသင်း” (BASES) မှ တဆင့် လှူဒါန်းနိူင်ကြပါသည်။
Zelle: basesusa21@gmail.com
Shwe Minn Tha Foundation (Myanmar)
KPay: 06110306101463101 (မှတ်ချက်မှာ “နဂါးနီ” လို့ရေးပေးပါ)
Facebook: / shweminnthafoundationmyanmar
Arrangement: PianistABC
Singer: Ni Ni Win Shwe
Composer: Shwedaing Nyunt
3 June 2025 Audio By Zaw Naing Post
မန္တလေး မြို့ကြီး ကမ္ဘာ ပျက် သလိုဖြစ် သွားခဲ့ရတာ ၅ ပတ်မြောက်သွားခဲ့ပြီ https://fb.watch/zvie4jHeGX/?
The most exciting escape from MYANMAR “s Earthquake…
Credit: Original post senderအဆောက်အဦး တစ်ခုအောက်ပိတ်မိနေ သူတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တစ်ခုက ကယ်တင်ခဲ့တဲ့ မြင်ကွင်းတစ်ခု Burma VJ News https://m.facebook.com/story.php?story_fbid=pfbid0oaDU4BpzpedvSL9szqpn66Cbe4xte2VuYQCugh1x7uRgtJFGtpDWzAXEW4vnKucpl&id=100064760958738
ဘာမှမရှိဘူး လက်လေး တစ်စုံစီ ကြိုးစားပီးနောက်တယောက်ကယ်တင် နိုင်ခဲ့ပီ။ https://m.facebook.com/story.php?story_fbid=pfbid02QWiep8L5VDtELLaPfn6ciHHBskqotjaQKT1MH9km1nS7Eb12b1FHUzYBfYTV12wsl&id=100044070189074
မြန်မာငလျင်။ ခေါင် ဝင် ကိုယ်ဆန် ခေါင်းထွက် ကိုယ်ထွက်။ ငလျင်ကယ်ဆယ်ရးမှာအသက်၇ှင် လျက် ကယ်နိုင်ခဲ့သူ။ The most exciting escape from MYANMAR “s Earthquake…
Credit: Original post sender

ပြင်းအားကြီးငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့မန္တလေးမှာ တစ်လပြည့်ခါနီး ရက်ပိုင်း အလိုအထိ ငလျင်သင့်ပြည်သူတွေ လုံခြုံတဲ့အမိုးအကာနဲ့ နေထိုင်စရာနေအိမ်တွေအောက်ကို ပြန်မရောက်နိုင်ကြသေးပါဘူး။ ငလျင်ကြောင့် ပြိုပျက်နေတဲ့ အဆောက်အဦတချို့ ဖြိုဖျက်ရှင်းလင်းတာ ပြီးစီးနေတာတွေတွေ့ရပေမဲ့ အများစုကတော့ အပြိုအပျက်တွေအတိုင်း ကျန်ရှိနေပါသေးတယ်။ ဒီအပြိုအပျက်တွေရှင်းဖို့ ဘာတွေ လိုအပ်နေပါသလဲ။ မန္တလေးရဲ့ နာမည်ကျော် အထင်ကရနေရာတွေရော ဘယ်လိုပြန်လည်ပတ်စပြုနေပါသလဲ။ အပြည့်အစုံကို ကိုသန့်ဇင်က ပြောပြပေးပါမယ်။ ဘီဘီစီမြန်မာပိုင်း #မြန်မာငလျင် #မန္တလေး #တစ်လပြည့် #မြန်မာ။ https://m.facebook.com/story.php?story_fbid=pfbid0mto2W7ecxrQAaSHrNCYvQJmM1RmfaF6GHapBY4x33MgcGUsZVhq3syGymVSzG6kLl&id=100064880160350
ငလျင်အပြီးမှာSinkholeဘာကြောင့်ဖြစ်လာရသလဲ၊sinkholeနဲ့ပတ်သတ်သမျှ သတိပြုရမယ့်အချက်တွေကိုတစ်ချက်ခြင်းSharingလုပ်ပေးထားပါတယ့်ခင်ဗျာ။
Chapters
0:00 Intro
1:00 Sinkhole ဆိုတာဘာလဲ
1:35 ဘယ်လိုဖြစ်ပေါ်သလဲ
3:31 ဘယ်နေရာတွေဖြစ်တတ်လဲ
5:05 ငလျင်အပြီးမိုးရွာချိန်Sinkholeဖြစ်ပေါ်မှု့
5:53 Sinkholeနဲ့လက်ရှိမြန်မာငလျင်အခြေနေများ
6:45 ဘယ်လိုသတိထားရမလဲလက္ခဏာများ
10:19 အနှစ်ချုပ်
Liquefaction ငလျင်ဒဏ်နှင့်အတူ အဆောက်အဦများ မြေ ကျွံဝင် ခြင်း သောသောညံ…။ လူ့တိုင်းဌာန .. တုနှိုင်းရှာမရ…သာစွအချိန်တော်
မယ်..သဒ္ဒါလုံးလွန်ကဲ..မြို့ထဲ…ရွာထဲ…သောသောညံ.. စံမတူဖွယ်
(ဖက်ဖူးဆင်..ခင်ခင်ကြိုက်တယ် သီချင်း ..မှ)။ သီချင်းထဲကလို ပျော်ရွှင်နေကြသည့် သာစွ အချိန်တော် မဟုတ်ပါ။ ငလျင်ဒဏ်ကြောင့် လူအများ စိတ်နှလုံးညှိုနွမ်း သောကရောက်နေချိန် ပါ။ သို့ရာတွင် … သောသောတော့ညံ နေပါ သည်။ သဒ္ဒါလွန်ကဲ၍လော၊ ပညာလွန်ကဲ၍လော၊ စေတနာလွန်ကဲ၍လော…ထိုလော ပေါင်းများစွာဖြင့် … ဟောလိုက်သည့်ပွဲ… ပြောလိုက်သည့်ပွဲ … များစွာတို့ဖြင့်.. ငလျင်ကြီးလှုပ်နှိုးလိုက်သည့်အတွက် … ( မိုင် ၃၀၀၀ နဂါးကြီးလှုပ်နှိုးသည်ဟုလည်းပြောဆိုကြသည်) သောသောညံနေ၏။ လွန်ခဲ့သည့် ၁၅မိနစ်က..Facebook တွင် liquefaction နှင့်ဆက်နွယ်၍ ပုဂ္ဂိုလ် တဦးဟောပြောသည့် ဗီဒီယို ကို အစပိုင်း ကြားလိုက်မိသည်။ ဆုံးအောင်နားမထောင်လိုက်ပါ။ ကျွန်တော်နှင့် RIT မှ နှစ်တူ ကျောင်းဆင်းခဲ့သည့် ဗိသုကာဆရာကြီး၊ နောက်ပိုင်း ဘဏ် ဥက္ကဌကြီး ၏ပညာပေးဟောပြောနေသည် ကိုမှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်ပါ။ စိတ်ထဲ၌ ထူးဆန်း သည့်အပြင် အမှန်ဝန်ခံရလျင်အစာမကြေဖြစ်မိသည်။ ၁၉၆၉ခုနှစ် RIT ၌ ဆရာကြီးဒေါက်တာ အောင်ကြီး သင်ကြားခဲ့သော Design of Reinforced Concrete Structures အတန်း အား မြို့ပြ ကျောင်းသားတို့နှင့်အတူတူ တက်ခဲ့သည့် သူအပါဝင် ပိသုကာကျောင်းသား တို့အဖြစ်ကို ပြန်လည်သတိရမိသည်။ Theory of Structural Analysis ဘာသာ လုံးဝ မသင်ယူခဲ့ရသဖြင့် RC design assignment ပေးသည့်အခါ သူတို့အများစု မှာ အနည်းနှင့်အများ အခက်အခဲ ပြဿနာကြုံကြရသည်။ ထိုဘာသာ၌ ကျွန်တော် အကူညီပေးခဲ့သော နောင်စက်မှုတက္ကသိုလ်ပါမောက္ခချုပ်ဖြစ်လာသူ ဗိသုကာ သူငယ်ချင်း သည် ကျွန်တော်နှင့်တွေ့သည်အခါ .. “ဆရာဒေါက်တာအောင်ကြီးအပြင် မင်းက ကိုယ်ရဲ့ ဒီဇိုင်းဆရာ ပါကွာ” ဟုပြောလေ့ရှိသည်။ “ ဟာဗျာ … မဟုတ်တာ”ဟု ရှက်သလိုလို ကျေနပ်သလိုလို ကျွန်တော်ပြန်ပြောခဲ့၏။ ကျောင်းဆရာများကဲ့သို့ ဘာသာရပ်နှင့် အမြဲမပြတ်ထိတွေ မနေပဲ … လုပ်ငန်းပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ တို့ဖြင့် ရာထူးကြီးကြီးတွင် ထမ်းဆောင်ခဲ့သူသည် သူနှင့် မအပ်စပ်သည့် Civil Engineering နှင့်ဆက်နွယ်သည့် Geotechnical Engineering ပညာရပ်မှ liquefaction အကြောင်း ကို နှစ်ပေါင်း၅၀ ကျော် ကြာသည့်အခါ ဘယ်အချိန် ဘယ်လို လေ့လာ၍ ပညာပေးဟောပြောနိုင်သောဂုရုကြီး တယောက် ဖြစ်လာရပါလိမ့်။ အမှန်ဝန်ခံရလျင် ၂၀၁၀ ခုအထိ မြို့ပြအင်ဂျင်နီယာ တယောက်ဖြစ်သူ ကျွန်တော် လုံးဝမသိခဲ့ပါ။ အကြောင်းမှာ စင်ကာပူတွင် C&S Consultants တွင်၎င်း၊ Building Civil Project များ၌၎င်း၊ နှစ် ၂၀ နီးပါးလုပ်ကိုင်ခဲ့သော်လည်း ငလျင်ဇုံလွတ်ကင်းသည့် အတွက်ကြောင့် မလေ့လာမသိရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်း liquefaction အကြောင်း အချိန်ပေး၍ လေ့လာခဲ့သည်။ သိုရာတွင် .. ကိုယ်သိထားသည်မှာ မလုံလောက်ဟု ထင်ခဲ့သည်။ ၂၀၁၂ ခုနှစ်၌ ပထမဆုံး ၂၄ ထပ်အဆောက်အအုံ အတွက်ဒီဇိုင်လုပ်ရာတွင် liquefaction နှင့် စတင် တွေ့ထိခဲ့ရသည်။ ကိုယ်သိရှိသည့် ပညာရပ်ဗဟုသုနှင့် မကျေနပ် နိုင်ပဲ
အင်္ဂလန် Geotechnical Consultants Firm တွင်လုပ်ကိုင်နေသော ဒေါက်တာအောင်ရှိန်း အား liquefaction အကြောင်းရှင်းပြရန် လှမ်း၍အကူအညီတောင်းခဲ့သည်။ကျွန်တော်ရင်းနှီးသော ဒေါက်တာအောင်ရှိန်းသည် ဘာသာတခု ကို ဆုံးခန်းတိုင် လေ့လာသိကျွမ်းသူတဦးဖြစ်သည်။ မည်သည့်အခါမှ တတ်ယောင်ကားမလုပ်တတ်ပေ။ တတ်ယောင်ကားလုပ်သူများအား လည်းသူမကြိုက်နှစ်သက်ပါ။ ဒေါက်တာအောင်ရှိန်း အချိန်ပေးကား liquefaction အကြောင်း အသေးစိပ်ရှင်းလင်းထားသည့် fileများကို internet ဖြင့်ပို့ပေးခဲ့သည်။ Liquefaction သည် ကျွန်တော်တို့ လုပ်နေသော structural design မှ အစိပ်အပိုင်းတခုမျှသာဖြစ်သည်။
သို့သော် ပေါ့ပေါ့တန်တန် သဘောမထားပဲ ပြီးပြည့်စုံ နားလည်သဘောပေါက်အောင်ကြိုးစားခဲ့ပြီးမှ ဆောင်ရွက်ခဲ့သည်။ ကိုယ်ရည်သွေးသည်ဟုဆိုလျင် မဟုတ်ပါ ဟူ၍၎င်း၊ဟုတ်ပါသည်ဟူ၍၎င်း မပြောလိုပါ။ စာဖတ်သူ ကြိုက်သလို ဆုံးဖြတ်ကြပါလေ။ ၂၀၁၀ ခုနှစ်တုန်းဆီက …ကျွန်တော်တို့ မသိခဲ့သော၊မကြားဘူးခဲ့သော( သိသူ၂ယောက်ထက်ပိုမည်မထင်).. မြေအောက်နက်နက် တွင် တိမ်မြုပ်နေသည့် liquefaction သည် ၅ထပ်မြေအောက်ကျွံကျသွားသော ၁၂ ထပ် River View Condominium ၊ ပြင်းအား၇.၇ ငလျင်တို့နှင့်အတူပေါ်ထွက်လာပြီး … ၁၅နှစ်အကြာ ယခုအခါ ၌.. အင်ဂျင်နီယာအဖွဲ့စည်းကြီးများ နှင့် အခြား ရပ်ဝန်းအသီးသီးတွင် ရေပန်းစားလျက် … သောသောညံ နေ ပေပြီ။ လူ့တိုင်းဌာန .. တုနှိုင်းရှာမရ…သာစွအချိန်တော်
မယ်..သဒ္ဒါလုံးလွန်ကဲ..မြို့ထဲ…ရွာထဲ…သောသောညံ.. စံမတူဖွယ်…။ ဟောရ၊ပြောရ၊ဖောရှောရတာ … ကိုကိုကြိုက်တယ်.. ဟုဆိုရမည်ပင်။ Credit Maung Aung Facebook post ၂၇ ဧပြီလ ၂၀၂၅

နောင်အနာဂတ်
မှာ ဖြစ်လာ မည့်
သည်လို ငလျင်ကြီးတွေ ဖြစ်ပေါလာရင်
ခံနိုင်အောင်။
မိမိတို့ရဲ့
ဆရာကြီး U Maung Aung
ရဲ့
သည် နည်းပညာရပ်
က
လူ့အသက်ပေါင်း များစွာ
ကို ထပ်မံ ကင်တင် နိုင် ပါ လိမ့် မည်။
Congratulations 🎈 ပါ
ဆရာ ခင်ဗျား။
အလွန် အားကျ ဂုဏ်ယူမိပါကြောင်း။
Kelvin K.Kyaw fb post 24 April 2025၂၄-၄-၂၀၂၅
ရန်ကုန်မြို့။

Maung Aung is with Aung Aung Tun and others fb post 24 April 2025. ဂုဏ်ယူစရာမို့ ဂုဏ်ယူပါသည်။. Capital Hotel ၏ နောက်ဆက်တွဲပို့စ်ပါ။. တာဝန်ခံ ပြုပြင်တည်ဆောက်သူ အင်ဂျင်နီယာ ကိုမျိုးမင်း၏ ပို့စ် ကို ကူးယူ၍ ပြန်လည်ဖော်ပြပါသည်။
သူ့ပို့စ်မှ photos taken during construction ကိုကြည့်ပါလျင် ဟိုတယ်အဆောက်အဦးသည် ပြင်းထန်သော ၇.၇ စစ်ကိုင်းငလျင်ဒဏ် ကို အဘယ်ကြောင့် ကြံ့ကြံ့ ခံနိုင်သည် ကိုသတိထားမိပါလိမ့်မည်။
(အချို့အင်ဂျင်နီယာများပြောကြသလို ငလျင်ကြောအက်ကြောင်း တည့်တည့် မကျသဖြင့်ကံကောင်းသည်ဟုဆိုလျင်လည်းလက်ခံပါသည်။). ကိုမျိုးမင်း ပို့စ် မှ မှတ်ချက်အချို့ ကို ဖော်ပြရင်း
မည်သည့်အတွက်ကြောင့် စွန့်စားရသည့် ဤ အလုပ် ကို ကျွန်တော် လက်ခံခဲ့ကြောင်း တစွန်းတစ သိနိုင်ပါသည်။. ဗိသုကာ ကိုသန်းဇော်မျိုး ( AUIS) ၏ comment:
“ကျနော်လည်းပါတယ်လေ :D”. ကိုမျိုးမင်း ၏ reply:
“ ဆရာကြီးကို မရမကအကူအညီတောင်းပေးတဲ့ ကိုပဲ ရဲ့လုပ်အားကိုလည်း ကျေးဇူးတင်ရတဲ့အထဲပါ ပါတယ် 🥰😍😘”. “ ဆရာကြီးသာမကူညီခဲ့ရင် အဲ့အဆောက်အဦးပြန်ဖြိုရမယ့်အနေအထားပါခင်ဗျာ 🙏🏻🙏🏻🙏🏻 “. ကျွန်တော်၏ comment:
“ ပွဲခ မရတဲ့ ပွဲစား လေ…ဗိ ကိုပဲ😃( ကိုသန်းဇော်မျိုး). Foundation ကစပြီး ပြန်ပြင် ရမှာ မို့ မလုပ်ချင်ခဲ့ပါ။. အမှန်ပဲ…ကိုပဲ မျက်နှာ ကြောင့် လက်ခံလိုက်တာပါ။နာမည်ကြီး structural designer ဆရာကြီး တဦး သဘောတူပြီး သည့်နောက် ( site တကြိမ်သွားကြည့်သည်ထင်သည်) ဝေ့လည်ကြောင်ပတ် လုပ်ကာ ရှောင်ထွက် သွားသည့် အကြောင်း ၊ လိုက်လံဆက်သွယ်သော်လည်း ဆက်သွယ်၍မရပဲရှောင်နေသည့်အကြောင်း ပြန်ပြောပြသည်ကို ကြားရသည့်အတွက် ကြောင့် လည်းပါ ပါတယ်”. အချုပ်ဆိုရပါလျင် … ပါဝင်ဆောက်လုပ်သူအားလုံး၏ ကြိုးပမ်းမှုသည် ဂုဏ်ယူစရာပါ။. ကိုမျိုးမင်း ရေးသား ၍ တင်လိုက်သည့်ပို့စ်မှာ…. 2015 ခုနှစ်တုန်းက Retrofitting & Strengthening လုပ်ခဲ့တဲ့ 4 ထပ်ပေါ် 5 ထပ်တိုးခဲ့တဲ့ ၈၄ လမ်းပေါ်က Hotel. 28.3.25 မှာ Magnitude 7.7 ပြင်းအားရှိတဲ့ ငလျင်ဒဏ်ခံခဲ့ရတယ်။ ငလျင်လှုပ်ပီးချိန်ပတ်ကြည့်တယ် ဘေးအနီးအနားမှာ ငလျင်ကြောင့်မြေခခဲ့တဲ့ အဆောက်အဦးတော်တော်များများကြားထဲမှာထိုးထိုးထောင်ထောင်ကျန်နေခဲ့လို့ Hotel ပိုင်ရှင်ရဲ့
အိုးအိမ်ဆုံးရှုံးမှုမဖြစ်ခဲ့သလို တည်းခိုသူတွေအားလုံးနဲ့ဟိုတယ်ဝန်ထမ်းတွေအားလုံးလည်းအသက်ဘေးကနေအကုန်လွတ်မြောက်ခဲ့ပါတယ်။. မူလ 4 ထပ် structure က ၁၉၉၀ ဝန်းကျင်ကဆောက်ထားတာဖြစ်ပီးကျွန်တော်တောင် အလယ်တန်းကျောင်းသားပဲရှိသေးတယ်။ အဆောက်အဦးရဲ့ Structure Frame ကလည်းထင်ရာလုပ်ထားသလို Footing size တွေကလည်း 5’x5’ , Column size က 9”x9” 9”x12”, 12”x12” အဆင်ပြေသလိုလက်တန်းလုပ်ထားတဲ့ပုံ အမိုးပြင်မှာ အထပ်တိုးဖို့ Starter bar တွေပြခဲ့တာတော့ 14”x14” Column size အဲ့ဒါကိုဆရာကြီး Maung Aung ရဲ့ Retrofitting & Strengthening design နဲ့ အထပ်တိုးပြန်တင်ခဲ့တဲ့ အဆောက်အဦး ငလျင်လှုပ်ပီး structure ကိုပြန်သွားစစ်ကြည့်တော့ structure member တွေ ထိခိုက်မှုလုံးဝမတွေ့ရပဲ အထဲက အုတ်ရိုးတချို့ plaster crack လောက်ပဲပေါ်တာတွေ့ရတယ်။ မြေညီထပ်အပြင်ကဆိုင်းဘုတ်ကပ်တဲ့နံရံတော့ကွဲသွားတာရှိပါတယ်. လုပ်ခဲ့တဲ့ Scope တွေက. Footing Enlarging
Column Enlarging, Column Jacketing
Beam Strengthening
5 Additional stories. ရှောင်လို့မရတဲ့သဘာဝဘေးအန္တရာယ်အတွက်စလုပ်စဉ်တည်းက Structure Analysis & Design ရော Construction ပိုင်းမှာရောသေချာပြင်ဆင်ထားခဲ့လို့ အသက်အိုးအိမ်ဆုံးရှုံးမှုလုံးဝမရှိခဲ့ပေမယ့် ပေါချောင်ကောင်းတော့မဟုတ်ခဲ့ပါဘူး. အဆောက်အဦးဗိသုကာဒီဇိုင်းနဲ့တည်ဆောက်ရေးမှာပါဝင်ခဲ့သူတွေက. Architect : Myo Thein, Khine Wah. Construction :
Myo Min
Zar Chi Khaing
Win Win Maw
War War
Nyein Su. pemyomin. myanmarearthquake25. mandalayearthquake25. earthquake. myanmar. mandalay

