မောင်ကြုံတိုင်း၏ ဘဝ အထွေထွေ
ဖတ်စရာမှတ်စရာ ( ၁၀၄ ) က
မှတ်ဖွယ်မှတ်ရာ
ဆည် မြောင်းရေးရာ
သဘာဝ ပတ်ဝန်းကျင်ရေးရာ
စာပဒေသာ
မြစ်ချောင်းတွေကိုကန့်လန့် ဖြတ်ပိတ် တည် ဆောက်ကြရတဲ့
ဆည်မြောင်းရေအားအဆောက်အုံ တွေနဲ့ ဆက်စပ်နေတဲ့ ရေထဲကငါးတွေ အတွက်
ဆည် နဲ့ ရေတံခါး တွေမှာ ငါးတွေ ခုန်ဆင်း ခုန်တ က် ဖြတ်ကျော်ကူးလာသွားနိင်ကြတဲ့ Fish Ladder ငါး တွေသွားဘို့ ငါး ခုန်ဆင်းခုန်တက် လှေခါး များ Fish Ladders
Sustainable Development Goal and Fish Ladder for Hydraulic Structures
လက်ရှိ ဆည်မြောင်း မိတ်ဆွေ စက်မှု ညွှန် ကြားရေးမှူး ချုပ် ကြီး တစ်ဦး ဖြစ်သူ ဦးဝင်းထွဋ် ရေးထား တဲ့ ဆည် မြောင်း ဆောင်းပါး ကောင်းတစ်ပုဒ် ပါ
“ မပြတ် တိုးတက် စဉ်အဆက် ကြံဆ ဆောင်၇ွက် ဆည် မြောင်း ကဏ္ဍ၏ စွမ်းဆောင်ချက် “
ဆည်မြောင်းစက်မှုအင်ဂျင်နီယာ ဖြစ်သူ ယနေ့ ဆည်မြောင်း စက် မှု ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းထွဋ် ေ ရး သားဖေါ်ပြ ခဲ့ ဘူးသော ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
ဖတ်ပြီး နောက် iPad Book စာအုပ်စင် ထဲမှာ သိမ်းထား ခဲ့တာ ပြန်တွေ့တာပါ။
၁။ နိဒါန်းအစ မှာ Sustainable Development Goal ( SDG ) ကမ္ဘာ့အဝန်း စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်ရေး ဦး တည် ရည် မှန်းချက် တွေ များ စွာထဲက ရှေ့လာမဲ့အနာ ဂ တ် ရည်မှ န် း ချ က် တွေကို ပဏာမဖေါ်ပြပါတယ် ။
၂။ စက်မှု စီနီယာ အင်ဂျင်နီယာ ဆည်မြောင်း ဌာန ဝါရင့် ပညာရှင် တ စ် ဦး မို့ ဆည် ေ မြာင်း ရေအားအဆောက်အအုံတွေမှာအသုံးပြုနေတဲ့ ရေတံခါးပုံစံအမျိုးမျိူး အကြောင်းတွေကို အကျ ယ်တ ဝင့်ရှင်းပြပါတယ် ။
၃။ နိဂုံးမှာ ရေနဲ့အလုပ်လုပ်နေကြသူ ကျွ န်တော် တို့ ဆည် မြောင်းအင်ဂျင်နီယာ တွေ ရဲ့ သဘာဝပပ တ်ဝန်းကျင် ရေထဲက ငါးတွေအတွက် ဆည်တမံရေတံခါးတွေအနား ရှိ ရေ သဘာ ဝ ပတ်ဝန်း ကျင် ထဲမှာ ကူး ခတ် ကူးလူး သွားလာနေကြတဲ့ ငါးတွေဘဝအတွက် ရေအားအဆောက်အအုံတွေကြောင့် သူတို့သွားလာရေး အဟန့်အတားမဖြစ် ေ စ ရေး မှာ ၊ တိုးတက်ဖွံ့ဖြိုးနေကြတဲ့ ကမ္ဘာနိုင်ငံကြီး တွေ ထဲက သူတပါး နိုင်ငံတွေမှာ တီထွင်ကြံဆ လုပ် နေကြ တဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး စနစ် ကောင်း မျိုးစုံ ကို ဖေါ်ထုတ် ရှင်းပြ ပေးထားပါတယ် ။
ကျွန်တော်ကိုယ်တိုင်ကလဲ ဆည်မြောင်း မှာ တာဝန်ကျ ရှိ ခဲ့ စဉ် မြန်မာ နိုင်ငံအနှံ့ နေရာစုံမှာ ၃၅ နှစ်တာ နိုင်ငံအနှံ့ သွားလာ လှုပ် ရှား ပြီး ဆည်မြောင်း အ လုပ် တွေမျိုးစုံ လုပ်နေခဲ့ စဉ်က တည်းက သဘာဝပတ်ဝန်းကျင် ရေးရာ တွေ ၊ ရေထဲကငါးသတ္တဝါတွေရဲ့ ရှင်သန် လှုပ်ရှားသွားလာ နေကြရတဲ့ တိရစ္ဆာန်တို့ရဲ့ သဘဝတွေကို လဲ လေ့လာ သတိပြုမိခဲ့ပါတယ်။
သို့သော်လဲ မြစ် တွေ ချောင်းတွေ ပိတ်ပြီးတည်ဆောက်ကြရတဲ့ မိမိတို့ရဲ့ ဆည် မြေ ာင်း ရေအား အဆောက်sအအုံ ကြီး တွေမှာ Fish Ldder ငါးတွေခုန်တက် ခုန်ဆင်း နဲ့အလွယ်တကူ သွားလာဖြတ်သန်းနိုင်ဘို့ ငါး ခုန် တက် ဆင်း လှေ ခါး ကို သူများနိုင်ငံကြီးတွေမှာ ထည့်သွင်း တည်ဆောက်ထားကြသလို မိမိတို့နိုင်ငံတွင်းက ရေတံခါးတွေ မှာ လဲ အလားတူ ထည့်သွင်းတည်ဆောက် လို ခဲ့ သော်လည်း ၊ မြန်မာဆိုရိုးစကားဖြစ်တဲ့ ကတွတ်ပေါက်က ငါးကောက် ( ဖါးကောက် ) ကြတဲ့ ဗမာ့ဓလေ့ တွေက ကျေးရွာတွေမှာ ဖျောက်လို့မရ နိုင် ရှိနေတာသိထား လို့ ၊ ကျွန် တော်တို့တွေ တည်ဆောက် နေခဲ့ကြတဲ့ ဧရာ ဝတီ မြ စ် ဝ ကျွ န်း ေ ပါ် က ရေ တံခါး တွေမှာ ထည့် သွင်း လုပ်ဘို့ အကြံ ကို ကျွန်တော် လက် လျော့ခဲ့ရ ပါတယ်
နို င် ငံ တကာဆက် ဆံ ရေး တွေ ကော င်း နေ ခဲ့ တဲ့ ယခင် ခေတ်ဟောင်း ခေတ် ကောင်းကာလမှာ ပဲခူး အနီး က ဝေါမြို့နယ် မှာ ကျွန် တော် တို့တည် ဆောက် ထးးခဲ့တဲ့ စစ်တောင်းမြစ်ဘေးက ရှမ်းကိုင်းရေတံခါးကြီး မှာ နောင်း ခေတ် လက် ရှိ မျိုးဆက်သစ် ဆည် မြောင်းအဖွဲ့သား တွေ က ကမ္ဘာ့ နိုင်ငံကြီးတစ်နို င် ငံ ရဲ့ အကူအညီနဲ့ Fish Ladder ငါး ဖြတ်သွားလာနိုင်မဲ့ လှေခါး ထစ်တွေ ဖြည့်စွက် တည် ဆောက်ရေး စူးစမ်းလေ့လာနေခဲ့ကြ တဲ့ သတင်း ကောင်း ကို ကြားဘူးခဲ့ စဉ်က ကျွန်တော့်မှာ မိခင် ဈည်မြောင်းဌာနအတွက် ဝမ်းသာ ပီတိ ဖြစ် မိခဲ့ရ ပါသေး တယ် ။
ဒါပေမဲ့ ယနေ့ ထိ လက်ရှိ အခြေအနေ တွေကို မသိတော့ပါ။
အ င်ဂျင်နီယာ သဘာဝပတ်ဝန်းကျင် ရေးရာသမား. Engineer Environmentalist ကျွန်တော်။
အေးမြင့် (ညောင်တုန်း)
( Engineer Environmentalist )
၂၂ /၄/၂၀၂၄
( ရန်ကုန်မှာ ညီအရင်း တစ်ဦး ဆုံးခဲ့တဲ့ ၇ ရက် မြောက် နေ့). 4 July 2025 ( edited and corrected )
ရည် ညွှန်း စာ
ဝင်းထွဋ် ( ဆည် မြောင်း)၏ ဆောင်းပါး ၊
“ မပြတ် တိုးတက် စဉ်အဆက် ကြံဆ ဆောင်၇ွက် ဆည် မြောင်း ကဏ္ဍ၏ စွမ်းဆောင်ချက် “
( ayemyint.blog အင်တာနက် ဝက်ဆိုဒ် စာမျက်နှာ ကိုနှိပ်၍
မူရင်း ဆောင်းပါး ကို ရှာဖွေ ဖတ် ရှု လေ့ လာနိုင်ကြပါသည်. ။ )
















