အပြင်ကလူသံတွေကြားနေရတော့ အာခေါင်ခြစ်ပြီး ကယ်ကြပါဦး ဗျို လို့ အော် လိုက် ၅ မိနစ်လောက်နားလိုက်နေခဲ့တာ
၃) ထပ်တိုက်ကြီးပြိုကျပစ္စည်းတွေပိပြီးပိတ်မိသွားတဲ့ မစုလေးခိုင် ကယ်ဆယ်ရေးတွေလာမကယ်မချင်း တစ်ညလုံး ဘယ်လိုရုန်းကန်ခဲ့ရလဲ……?
ကလေးလည်းမရှိ အမျိုးသားလည်း ငလျင်ကြောင့်တိုက်ပိပြီး အသက်ဆုံးရှုံးသွားခဲ့တဲ့ မစုလေးခိုင် ဘဝကိုဘယ်လိုရှေ့ဆက်ဖို့စိတ်ကူးထားသတဲ့လဲ……? မစုလေးခိုင် #ငလျင်ဘေးဒဏ်သင့်ပြည်သူ 8days_TV #8days #8Days_Online_TV
သမီးလေးကို အသက်ပေး ကာကွယ် သွားတဲ့ ဆရာမမှာ လူမမယ်လေး (၂ ) ယောက် ရှိနေမဖျန်းမသိ ခဲ့ဘူး ။ ကိုယ့်သမီးလေးကို အသက်ပေးကာကွယ်သွားတဲ့ ဆရာမမှာ လူမမယ်ကလေး
(၂)ယောက်ကျန်ခဲ့တော့ မနန်းအနေနဲ့ ဘယ်လိုတွေတာဝန်ယူသွားဖို့ရှိသလဲ….? တခြားကလေးရဲ့ အသက်ကိုကယ်ရင်း မိခင်ဆုံးရှုံးသွားတဲ့ ကလေး(၂)ယောက်ရဲ့
အနာဂတ်က ဘယ်လိုတွေဖြစ်လာမလဲ………? မနန်း။ နန်းထိုက်တော်ဝင်အထည်ဆိုင်နှင့် Beauty Saloon။ 8days_TV #8days #8Days_Online_TV
ယိမ်းယိုင် နေတဲ့ တိုက်ကြီး။ https://fb.watch/yTR3dQVxtJ/?
၁၉၅၆ စစ်ကိုင်းငလျင်။ ရှားပါး video file TikTok မှ Copy




မြေငလျင် ပညာရှင် ဦးစိုးသူရထွန်းနဲ့ မေးမြန်းခန်း။ ၂၀၂၅ ခုနှစ် မတ်လဆန်းမှာ ဧရာဝတီတိုင်းကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တွေမကြာခဏလှုပ်ခတ်နေပါတယ်။ ဇော်တိမ်ငလျင်တွေဖြစ်တာကြောင့် ရန်ကုန်မြို့က ပြည်သူတွေပါသိရှိခံစားခဲ့ရပါတယ် ။မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို အခုအခါမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လျှပ်စစ် နဲ့စွမ်းအင် ဝန်ကြီးတာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာနဲ့ မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းကို People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ်။
ငလျင်ကြောင့် မစိုးရိမ်ကျောင်းတိုက် ကိုးဆယ်ရာခိုင်နှုန်း ပျက်စီး၊ သံဃာ ၃၉ ပါး ပျံလွန်။ မတ်လ ၂၈ ရက်နေ့က ပြင်းထန်ငလျင်ဒဏ်ကြောင့် မစိုးရိမ် ကျောင်းတိုက်ဟောင်းက သံဃာ ၁၈ ပါး နဲ့ မစိုးရိမ်တိုက်သစ်က စာသင်သားသံဃာ ၂၁ ပါး ပျံလွန်တော်မူခဲ့တယ်လို့ ကျောင်းတိုက် နာယကဆရာတော်တွေက RFA ကို မိန့်ကြားပါတယ်။ ငလျင်ကြောင့် ကျောင်းဆောင် ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပြီး စာသင်စာချဖို့ အခက်အခဲဖြစ်နေတယ်လို့ မိန့်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။
ဘဝတစ်သက်တာမှာမမေ့လောက်စရာငလျင်ဘေးအကြောင်းပြောခဲ့တဲ့ ဇာတ်မင်းသားနန်းဝင်း…။ ငလျင်လှုပ်ချိန် တအားလန့်ဖို့ကောင်းတယ် ။ ငလျင်ကြောင့်ပျက်စီးသွားတာ ကြည့်ပြီး မျက်ရည်လည်တယ် ။ တော်တော်လေး ပျက်စီးသွားတယ် ။ တအားဝမ်းနည်းကြေကွဲဖို့ကောင်းတယ် ။ အကြိမ်များစွာလှုပ်နေတော့ အိမ်မှာတောင်မနေရဲလောက်အောင်ပဲ ။ ဘဝ တစ်သက်တာ မှာတစ်ခါမှမကြုံခဲ့ဖူးဘူး ။ လူမျိုးဘာသာမရွေးခံစားခဲ့ကြရတယ် ။မိနစ်ပိုင်းအတွင်းမှာ ဘဝတွေပျက်သုန်းသွားတာ အသက်မရှုနိုင်အောင်ပဲဆိုတဲ့ ဇာတ်မင်းသား နန်းဝင်း
ငလျင်မှတ်တမိးများအချို့ နှင့်နောက်ဆက်တွဲ သတင်းများ
Great Wall Hotel မှ လွတ်မြောက်လာသူ နှစ်ဦး ရဲ့စကားများ Great Wall Hotel ပြိုကျသွားတဲ့အချိန်မှာ ညီမက မြေညီထပ်က ရုံးခန်းထဲမှာ ပြေးချိန်တောင် မရှိခဲ့ဘူး။ အဲ့အချိန်မှာ ငါသေတော့မှာလားဆိုတာထက်မိဘတွေရဲ့ မျက်နှာကို အရင်ဆုံးပြေးမြင်မိတယ်။ ကြောက်စိတ် လည်း မရှိတော့ဘူး” လို့ ပြောလာတဲ့ Great Wall Hotel မှ လွတ်မြောက်လာသူ နှစ်ဦးရဲ့ စကားသံများ… CG #CeleGabar #ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #myanmarcelenews #MyanmarEarthquake #ငလျင်၂၀၂၅ #MyanmarEarthquake2025 #GreatWallHotel #လွတ်မြောက်လာသူ
Sky Villa ကနေ တစ်မိသားစုလုံး လွတ်မြောက် လာပေမဲ့ အသက်ရှင်နေရတာကို မယုံကြည် နိုင်တော့သူ villa ရဲ့ ၆ လွှာမှာနေထိုင်တဲ့ မမာမာက သူ့အခန်းအလွှာကို တူးဖော်နေပြီဆိုတာကြောင့် ပစ္စည်းတွေလာရောက်စောင့်ကြည့် ယူဆောင်ဖို့ ဆက်သွယ်ခေါ်ယူထားလို့ ရောက်ရှိနေတာပါ။ အဲဒီနေ့က သူနဲ့ ကလေးသုံးဦးအပါအဝင် အဖော်နေထိုင်သူအမျိုးသမီးကြီးတစ်ဦးပါ အိမ်မှာရှိမနေတဲ့အတွက် အသက်ဘေးက လွတ်မြောက်ခဲ့ကြပါတယ်။ စစ်ဘေးရှောင်ရင်း နေရာအတည်တကျမရှိဘဲ မကြာခဏ ပြောင်းရွေ့နေထိုင်ရတဲ့ မမာမာက အခုလိုဘေးအန္တရာယ်ပါ ထပ်မံကြုံတွေ့ရတဲ့အခါ သူတကယ်အသက်ရှင်နေတာလားဆိုတာကို ယုံရခက်နေပြီလို့ ဆိုပါတယ်။
ငလျင်ကြောင့် ပြိုတဲ့ Sky Villa အောက်မှာ လူ ၂၀၀ ကျော် ကျန်နေ
လျင်ကြောင့် တစ်မြို့လုံးနီးပါးပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့မှာ အမျိုးသားတစ်ဦးကတော့ မိသားစုဝင်အများအပြားကို ငလျင်ဘေးမှာ ဆုံးရှုံးခဲ့ရပါတယ်။ စစ်ကိုင်းမြို့မှာ ငလျင်ကြောင့် သေဆုံးသူဦးရေ ၇၀၀ ခန့်ရှီပြီဖြစ်ပြီး လူပေါင်း ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်နေပါတယ်။ စစ်ကိုင်းမြို့မှာ ဘာတွေလိုအပ်နေပါဆိုတာ မြို့ခံတွေက ပြောဆိုထားပါတယ်။
ငလျင် ဒဏ်ခံရတဲ့နေရာတွေ မှာ မိုးများရင် မြေ ကျွ့ တာတွေဖြစ်လာနိုင်
ဘူမိဗေဒပညာရှင် ပြည်ထောင်စုဝနိကြီး ဦးစိုးသူရထွန်း နှင့် ဆက်သွယ် မေးမြန်းခြင်း စစ်ကိုင်းငလျင်ကြီးနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုတွေမှာ ပြည်သူ့အစိုးရ နဲ့ အခု အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်တပ်ဘာတွေများကွာခြားသွားသလဲ ? စစ်ကိုင်းငလျင်ကြီးနဲ့ ဆက်စပ်ပြီး တခြားပြတ်ရွေ့တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ ? ကျောက်ကြမ်းပြတ်ရွေ့က လတ်တလောကာလအတွင်း လှုပ်ခတ်နိုင်ခြေရှိလား။ လှုပ်ခဲ့မယ်ဆိုရင် ဘယ်ဒေသတွေကို အဓိကသက်ရောက်နိုင်ချေရှိလည်း၊ ဘယ်လောက်သက်ရောက်နိုင်လဲ ? ငလျင်ကြီးတွေသာ ထပ်ဖြစ်ခဲ့ရင် ငလျင်ကြောင့်မြေပြိုတာ၊ ရေကြီးတာ (Tsunami ဖြစ်နိုင်ခြေ) စတဲ့ အခြားသက်ရောက်မှုတွေရှိနိုင်လား ? အခု စစ်ကိုင်းငလျင်ကြီး ကို အကြောင်းပြုပြီး အကြမ်းဖက်စစ်တပ် နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက် မလား… စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ဘူမိဗေဒ ပညာရှင် ဦးစိုးသူရထွန်းကို PVTV က ဆက်သွယ်မေးမြန်းထားတာ ကြည့်ရှုနားဆင်ကြရမှာဖြစ်ပါတယ်။ SpringRevolution။ PVTV။ Interview။ PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော / pvtvmyanmar နဲ့ Telegram Channel ဖြစ်တဲ့ https://t.me/
