AI အဖြေ
Aye
what is the relationship between earthquake and rivers that any river water level changes due to earthquake
Meta AI
Earthquakes can significantly impact river water levels, and the relationship between earthquakes and rivers is complex. Here are some ways earthquakes can affect river water levels:
- Changes in groundwater levels: Earthquakes can alter the groundwater flow patterns, leading to changes in river water levels. This is because groundwater is an important component of river flow, and changes in groundwater levels can impact river water levels.
- Damaging or altering riverbeds and banks: Earthquakes can cause landslides, soil liquefaction, or other forms of damage to riverbeds and banks. This damage can alter the river’s flow, leading to changes in water levels.
- Triggering landslides and debris flows: Earthquakes can trigger landslides and debris flows, which can block or alter river channels, leading to changes in water levels.
- Affecting water storage and release: Earthquakes can damage or alter water storage infrastructure, such as dams or reservoirs, leading to changes in water release patterns and, subsequently, river water levels.
- Changing sediment transport patterns: Earthquakes can alter sediment transport patterns in rivers, leading to changes in river morphology and, subsequently, water levels.
- Influencing atmospheric and oceanic factors: Large earthquakes can also influence atmospheric and oceanic factors, such as sea level changes, ocean currents, and atmospheric circulation patterns, which can, in turn, impact river water levels.
These factors can interact with each other and with the surrounding environment in complex ways, leading to changes in river water levels.
ငလျင်အကြောင်း သိပ္ပံနည်းကျ ရှင်းလင်း ချက်
ငလျင်ဘာ့ကြောင့်လှုပ်သလဲ၊ ငလျင်ဘယ်လိုလှုပ်သလဲ။ ငလျင်လှုပ်ရခြင်းအကြောင်းရင်းနဲ့ ဘယ်လိုတွေလှုပ်တယ်ဆိုတာကို သိပ္ပံနည်းကျရှင်းပြထားပါတယ်။သိပ္ပံနည်းကျဆိုပေမဲ့ ကလေးကအစနားလည်နိုင်အောင် အရိုးဆုံးအရှင်းဆုံးတင်ပြပေးထားပါတယ်။
Earthquake

The document outlines the development of probabilistic seismic hazard maps for the Taungoo Bago region in Myanmar, focusing on assessing seismic risks and providing guidelines for earthquake preparedness and safety in urban planning.
Seismic Hazard Assessment in Taungoo
The section discusses the seismic hazard assessment conducted in Taungoo, focusing on earthquake risks and mitigation strategies.
• Taungoo is located near the active Sagaing Fault, which has caused significant earthquakes, including a magnitude 7.0 earthquake in 1929.
• The seismic risk assessment for Taungoo was conducted in 2013, utilizing probabilistic seismic hazard assessment methods for various return periods.
• Seismic hazard maps were developed for 10% and 2% probability of exceedance in 50 years, representing peak ground acceleration and spectral acceleration.
• These maps are essential for designing earthquake-resistant buildings, retrofitting existing structures, and planning land use in Taungoo.
The section discusses the seismic hazard assessment project for Taungoo, Myanmar, focusing on earthquake risks and mitigation strategies.
• Taungoo, located in Bago Region, Myanmar, has a population of over 120,000 and covers an area of approximately 1,700 sq.km.
• The city is at risk from several active faults, including the Gwegyo Thrust and Pyay Thrust, which could generate significant earthquakes.
• Historical earthquakes include the 1930 Bago earthquake, which resulted in 500 deaths in Bago and 50 in Yangon.
• The project aims to create probabilistic seismic hazard maps showing peak ground acceleration and spectral acceleration for 10% and 2% probabilities of exceedance in 50 years.
• The seismic hazard maps will assist civil societies and government departments in developing seismic safety designs and land-use planning.
• The report consists of five chapters, covering seismicity, methodology, data limitations, results, and recommendations for earthquake disaster mitigation.
• Key outputs include PGA maps, SA maps at various periods, PGV maps, and a Vs30 contour map.

• The project is supported by the United Nations Development Programs (UNDP) to enhance earthquake disaster preparedness in Taungoo.
Seismotectonics and Earthquake History of Myanmar
This section discusses the seismicity, major faults, and historical earthquakes in Myanmar, particularly focusing on the Bago Region.
• Myanmar’s seismicity is influenced by major faults, including the Sagaing Fault, which has a slip rate of 18-22 mm/yr.
• Significant historical earthquakes include the 1839 Ava earthquake and the 1950 earthquake with a magnitude of 8.6.
• The West Bago Yoma Fault has a slip rate of 5 mm/yr, while other faults average around 1 mm/yr.
• The Indian Plate collides with the Eurasia Plate at a rate of 50 mm/yr, contributing to seismic activity.
• The 1762 Arakan earthquake is likely related to subduction, with a magnitude of approximately 7.5.
• Table 1 lists significant earthquakes in and around Taungoo, highlighting damages to notable structures like the Shwemawdaw Pagoda.
Seismic Hazard Assessment Methodology Overview
This section outlines the methodology for conducting a probabilistic seismic hazard assessment in Taungoo, Myanmar.
• The probabilistic seismic hazard assessment (PSHA) methodology includes four main steps: identification of seismic sources, characterization of those sources, choosing ground motion prediction equations (GMPE), and integrating variables to estimate seismic hazard.
• Seismic sources were identified by the Myanmar Earthquake Committee in 2011, focusing on active faults and areal sources within a 250 km radius of Taungoo.

• Site investigations included geological mapping, borehole drilling at five locations, and microtremor surveying conducted from July 13 to 27, 2013.
• The average shear wave velocity to the upper 30 m (Vs30) is a key parameter for seismic hazard calculations.
• Taungoo City is located between significant geological features, including the Sagaing fault and the Irrawaddy Formation, with most areas covered by alluvium.
• The engineering geology map indicates that the city is primarily composed of older alluvial fan deposits and recent flood sediments.
• Ground motion values were calculated using various GMPEs, with Boore et al. (1997) used for PGA and SA, and Boore and Atkinson (2008) for PGV.
• The assessment aims to provide a comprehensive understanding of seismic hazards affecting Taungoo, considering both geological and seismic data.
Seismic Hazard Assessment of Taungoo
This section discusses the seismic hazard assessment and shear wave velocity analysis for Taungoo city.
• The average shear wave velocity (Vs30) for site TG-4 is 277.9 m/s, while for site TG-46, it is 287.18 m/s.
• A total of 38 microtremor survey sites were analyzed to develop the Vs30 contour map for Taungoo city.
• The seismic hazard assessment was conducted for 10% and 2% probabilities of exceedance over 50 years, corresponding to 475 and 2475 years recurrence intervals.
• For the 475 years recurrence interval, the peak ground acceleration (PGA) ranges from 0.5 g to 0.65 g, indicating a severe shaking zone.
• The PGA for the 2475 years recurrence interval exceeds 0.9 g in the eastern part of the city, indicating a violent shaking zone.
• Spectral acceleration (SA) values for 0.2 s and 0.3 s periods range from 0.7 g to 1.3 g for the 475 years interval.
• The maximum peak ground velocity (PGV) for the 2475 years interval is between 110 cm/s and 120 cm/s.
• The seismic hazard maps are essential for developing seismic-resistant designs and urban planning in Taungoo city.

https://www.facebook.com/reel/631099736357526?fs=e&fs=e&s=TIeQ9V
https://www.facebook.com/reel/1318281642615154?fs=e&fs=e&s=TIeQ9V
ငလျင်မဖြစ်ခင် ဂျပန်တွေ ဘာတွေပြင်ဆင် ထားကြလဲ ( Japan Earthquake ) မတ်လ ၂၈ ရက်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလွန်စိတ်မကောင်းဖြစ်ဖွယ်ရာ ငလျင်တခုဖြစ်ပွါးခဲ့ပါတယ်။ အခုဆိုရင် ကယ်ဆယ်ရေးတွေ စတင်နေပြီဖြစ်ပြီး။ မကြာခင်မှာလည်း ပြန်လည်ထူထောင်ရေးတွေ စတင်ပါတော့တယ်။ ဒါကြောင့် ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေမှာ အထောက်အကူဖြစ်အောင် ငလျင်တွေ ခဏခဏဖြစ်တတ်တဲ့ ဂျပန်နိုင်ငံမှာ ဘယ်လိုတွေ ဆောင်ရွက်မှုရှိလည်းဆိုတာ ဒီVideo လေးထဲမှာတင်ဆက်ပေးထားပါတယ်။ GenZ Myanmar YouTube Channel မှာ ဖျော်ဖြေမှုနဲ့ ဗဟုသုတတွေကို တင်ဆက်ပေးမှာဖြစ်လို့ Channel ကို Subscribe လုပ်ထားပေးပါဦး။ Genzmyanmar #ငလျင် #earthquake #ဂျပန် #ပြန်လည်ထူထောင်ရေး. 0:00 Intro
1:40 ငလျင်မဖြစ်ခင် ဂျပန်တွေ ဘယ်လို ကြိုတင်ပြင်ဆင်ထားလဲ
7:12 ငလျင် လှုပ်သွားပြီးရင် သူတို့ ဘာတွေလုပ်ကြ
ဂျပန်မဖျငလျင်ဒဏ်ခံနိုင်သည့်အဆောက်အဦများ
https://www.facebook.com/reel/1323638375582545?fs=e&fs=e&s=TIeQ9V
ပြင်းထန်တဲ့ ငလျင် တေါ ဖြစ်ခါ နိုင်တဲ့ စစ်ကိုင်း ပြတ် ရွေ့ကြီး ငလျင်တွေဘာကြောင့်ဖြစ်ပေါ်လာတာလဲ
ခေတ်အဆက်ဆက်အကြီးမားဆုံးငလျင်ကြီးများ။ earthquake #myanmarearthquaketoday။ sagaing
နောက်ဆက်တွဲငလျင် တွေ ဘာကြောင့် လှုပ်တာလဲ -BBC News မြန်မာ မတ်၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးပြီးတဲ့နောက်မှာ နောက်ဆက်တွဲငလျင်ပေါင်း အကြိမ် ၁၂၀ နီးပါးလှုပ်ခတ်ထားပါတယ်။
နောက်ဆက်တွဲငလျင်တွေ ဘာကြောင့်လှုပ်တာလဲ။ ဘယ်လောက်အန္တရာယ်ရှိလဲ။ဘယ်အချိန်အထိလှုပ်ခတ်နိုင်လဲ။
တခါ အများစုစိုးရိမ်နေကြတဲ့ ကျောက်ကြမ်းပြတ်ရွေ့ကရော ငလျင်လှုပ်ခတ်န်ိုင်ခြေရှိလား ဆိုတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားတာမှာ ကြည့်ရှုနိုင်ပါတယ်။ ဘီဘီစီမြန်မာပိုင်း #မြန်မာ #ငလျင်
မြန်မာ့ ငလျင် ကြီးက ပေးတဲ့ သင်ခန်းစာ ၊ အနာဂတ် အတွက် ဘာတွေ ပြင် ဆင် ရမလဲ ငလျင်ကြီးပြီးသွားပေမဲ့ Aftershock တွေ ဆက်ရှိနေဆဲဖြစ်ပြီး မနေ့ညကထိ မန္တလေးနဲ့ စစ်ကိုင်းမှာ သိသိသာသာ ခံစားနေရဆဲဖြစ်ပါတယ်။ ကယ်ဆယ်ရေးတွေ မလောက်ငှသလို နိုင်ငံအတော်အဆင့် အသိပညာပေးမှု တုံ့ပြန်မှုတို့ အားနည်းချက်တွေကိုလည်း မြင်တွေ့နေရပါတယ်။ ငလျင်ဒဏ်ထိပြီး မပြိုပျက်ဘဲ ကျန်နေသေးတဲ့အိမ်တွေလည်း အများကြီးရှိနေသေးပြီး ဆက်လက်နေသင့် မနေသင့်ကိစ္စကလည်း ဆုံးဖြတ်ရခက်နေကြပါတယ်။ ဒီအကြောင်းအရာအပြည့်အစုံကို ငလျင်နဲ့ပတ်သက်တဲ့ အင်ဂျင်နီယာပညာရပ်ပိုင်းမှာ နှစ်ပေါင်းများစွာအလုပ်လုပ်လာခဲ့တဲ့ Structural Engineer ကိုအောင်မြတ်သူနဲ့ မေးမြန်းထားပါတယ်။
မြေငလျင် ပညာရှင် ဒေါက်တာ မျိုးသန့် နဲ့ မေးမြန်း ခန်း မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့် နဲ့မေးမြန်းခန်း။ မတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့ အနီး လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီးကြောင့် သေဆုံး ၊ဒဏ်ရာရသူများပြားသလို ပျက်စီးဆုံးရှုံးမှုလည်းများပြားပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အား အကြီးဆုံး ငလျင်ကြီးကြောင့် သေဆုံးဒဏ်ရာရသူ တွေဆက်တိုက်တိုးနေသလို ပြိုကျ ပျက်စီးနေတဲ့ အဆောက်အအုံပျက်တွေထဲပိတ်မိနေသူများစွာလည်းရှိနေပါသေးတယ် ။ ဖျက်အားပြင်းမြေငလျင်ကြီး နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမြေငလျင်ကော်မတီဒုတိယဥက္ကဌတာဝန်ယူခဲ့သူ ငလျင်ပညာရှင်ဒေါက်တာမျိုးသန့်ကို People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ်။
မြေငလျင် ပညာရှင်။ ဦးစိုးသူရထွန်း နဲံ မေးမြနိး ခန်း
ငလျင်ကြီးကြောင်းပျက်စီးဆုံးရှုံးမှုတွေ ကြီးမားစေခဲ့တာရဲ့ အဓိကတာဝန်ရှိသူ)ဒါကတော့ရှင်းပါတယ် ။လက်ရှိအာဏာသိမ်းအုပ်ချုပ်နေတဲ့အကြမ်းဖက်သမားတွေပဲပေါ့”
-မြေငလျင်ပညာရှင်ဦးစိုးသူရထွန်းနဲ့မေးမြန်းခန်း
မြန်မာ့သမိုင်းမှာလူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုအကြီးမားဆုံး မြေငလျင်ကြီး မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ပါတယ် ။ ဒီမြေငလျင်ကြီးဘာကြောင့် ဖျက်အားပြင်းတဲ့အကြောင်းအရင်း ၊ အရင်အစိုးရတွေလက်ထက်က ငလျင်အတွက်ကြိုတင်ပြင်ဆင်ထားတာတွေကို စစ်ကောင်စီကဖျက်ဆီးခဲ့ပုံတွေ ၊ ပြည်သူတွေ သေဆုံးပျက်စီးမှုများခဲ့တာရဲ့အဓိကတရားခံ ဘယ်သူလဲ ၊ နောက်ဆက်တွဲ ငလျင်မှာအင်အားကြီး ငလျင်တွေထပ်လာနိုင်၊မလာနိုင် ၊ နောက်ဆက်တွဲမြေငလျင် နဲ့ ငလျင်ကောလဟလတွေအတွက် သတိထားသင့်တဲ့အချက်တွေ ၊ မြေငလျင်ကယ်ဆယ်ရေးလုပ်နေသူတွေအတွက်အကြံပြုချက် စတာတွေကို မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းကို မတ်လ ၃၀ ရက်နေ့မှာ People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ် ။ဦးစိုးသူရထွန်းဟာမြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို အခုအခါမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လျှပ်စစ် နဲ့စွမ်းအင် ဝန်ကြီးတာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာနဲ့ မြေငလျင်ပညာရှင် ဖြစ်ပါတယ်။
မြန်မာမှာ ဘာကြောင့် ပြင်းထန် တဲ့ငလျင် တွေ ဖြစ် နိုင်တာလဲ – BBBC News Myanmar မြန်မာက အိန္ဒိယမြေထုချပ်နဲ့ ယူရေးရှားမြေထုချပ်တွေကြားမှာရှိနေတဲ့ ငလျင်ပြတ်ရွေ့တွေကြားမှာရှိနေတာကြောင့် ငလျင်အန္တရာယ်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။. ဒီမြေထုချပ်ကြီး နှစ်ခုရွေ့လျားတာကြောင့်ပဲ အင်အားပြင်းငလျင်တွေဖြစ်လာတဲ့အကြောင်း သရုပ်ဖော်ပြချက်တွေနဲ့ရှင်းပြထားတာကို ဒီရုပ်သံရှင်းပြချက်မှာကြည့်နိုင်ပါတယ်။
၁၉၆၀ မှ ၂၀၁၂ အထိ သမိုင်းတစ်လျောက် လှုက်ခဲ့သော ပြင်းအား ကြီး 9. 5 မှ RS 8.6 ထိ လှုပ်ခဲ့သော ငလျင်ကြီးများ ၁၀ နေရာ ၁ ။ 1960 ချီလီနိုင်ငံ Valdivia RS 9.5 10 minuites duration add Sunami ၂။ 1964 USA Alaska RS 9.2. ၃။ 2004 India ocean RS 9.1 add Sunami and killed 250,000. People ၄။ 2011 ဂျ ပန် Tohoku RS. 9.1 ၅။ 1952 USSR RS 9.1 ၆။ 2010 ချီလီ Maule. RS 8.8 ၇။ 1906 Ecuador -Colombia RS 8.8 + Sunami လူ ၅၀၀ သေ. ၈။ 1965 USA Rat Island . 8.7 ၉။ 1950 Assam -Tibet RS 8.6. ၁၀။ 2012 India Ocean 8,6 ……… 2025 March 28 မြန်မာ စစိကိုင်း း ပြတ်ေေ၇ွ့ စစိက်ုင်းနှင့်မန္တလေး ဒေသ RS 7.7 ကမ္ဘာ့အဆင့် အဆင့် ၁၇
အင်ဝမှာရေ ၊မြေမှာပဲခူး ဟူသော ဆိုရိုး စကား၏ သမိုင်း
ငလျင်ကြောင့် ပေါ်ထွက်လာတဲ့ အဆောက်အဦဟာ ပရပိုဉ်မဖျာပါရှိတဲ့ ရေနန်းတော် အဆောက်အအုံ မဖြစ်နိုင် ဘူးဟု ဆို အင်အားပြင်းငလျင်ကြောင့် ပေါ်ထွက်လာတဲ့ အဆောက်အဦးဟာ ပုရပိုက်မှာပါရှိတဲ့ ရေနန်းတော်လို ကြီးကျယ်တဲ့ အဆောင်ခန်းတွေပါဝင်တဲ့ အဆာက်အအုံမဖြစ်နိုင်ကြောင်းကို ကနဦးလေ့လာတွေ့ရှိ သုံးသပ်ရတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ပြောဆိုထားပါတယ်။
အင်းဝ မြို့ဟောင်း ပြိုသွားပြီ အင်းဝမြို့ဟောင်း ပြိုသွားပြီ (ရုပ်/သံ)။ ဧရာဝတီ ဧပြီ ၁၊ ၂၀၂၅။ မန္တလေးမြို့ နဲ့ မိုင်၂၀ ကျော်ဝေးတဲ့ တံတားဦးမြို့ထဲက သမိုင်းဝင် အင်းဝမြို့ဟောင်းမှာ ငလျင်ဒဏ်ကြောင့်လူသေဆုံးမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ နဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အဦ ပျက်စီးဆုံးရှုံးမှုတွေအများအပြား ရှိနေပါတယ်။ မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကနေ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ မတ်လ ၃၁ ရက်နေ့အထိ တံတားဦးနဲ့ အင်းဝမြို့မှာ ငလျင်ကြောင့်သေဆုံးသူတွေထဲက ၂၀၀ လောက်ကို သင်္ဂြိုဟ်ပြီးပြီလို့ သိရပါတယ်
အမရပူရခေတ် သမိုင်း အမွေအနှစ်။ လက်ရာ တွေ ဆုံးရှုံးကုန်တယ် ဧရာဝတီ၊ ဧပြီ ၅၊ ၂၀၂၅။ သေခြင်းကင်းရာ ပြည်သာယာ”၊ “မသေသောမြို့” ဟု ရှေးအခေါ်အဆိုများရှိခဲ့သည့် အမရပူရမြို့ဟာ အင်အား ၇ ဒဿမ ၇ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၈၀၀ ခန့်ရှိခဲ့ပြီး မြို့ ၈၀ ရာခိုင်နှုန်း ပျက်စီးသွားခဲ့ရပြီလို့ မြို့ခံတွေက ပြောပါတယ်။ ငလျင်ဒဏ်ကြောင့် အမရပူရမြို့ရဲ့ သမိုင်းဝင် ရှေးဟောင်း သာသနိကအဆောက်အအုံတွေနဲ့ လူနေ အဆောက်အအုံတွေ အများအပြား ပျက်စီးသွားခဲ့ရပြီး ငလျင်လှုပ်ခတ်ပြီး ၈ ရက်မြောက်နေ့အထိ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။ အမရပူရမြို့ဟာ မန္တလေးမြို့နဲ့ ၁၁ ကီလိုမီတာကွာဝေးပြီး ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ မြို့ဖြစ်ပါတယ်။ မြို့ခံတွေရဲ့ ပြောပြချက်အရ ဘုံးအိုဗလီ ပြိုကျမှုတခုတည်းမှာတင် ၃၀၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေကြောင့် မြို့ခံတွေဟာ လမ်းဘေးပလက်ဖောင်း၊ ဘောလုံးကွင်း၊ ဘုန်းကြီးကျောင်းဝန်းတွေနဲ့ ကွင်းပြင်ကျယ်တွေမှာ ခိုလှုံ အိပ်စက်နေကြပါတယ်။ မြန်မာ #ဧရာဝတီ #အမရပူရ #သမိုင်းဝင် #ငလျင် #WhathappensInMyanmar။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ငလျင်ကြောင့် ပေါ်လာတဲ့ ရေနန်းတော် ငလျင်ကြောင့်ပေါ်လာတဲ့ ရေနန်းတော် (ရုပ်/သံ)။ ဧရာဝတီ၊ ဧပြီ ၈၊ ၂၀၂၅။ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ရတနာပူရ၊ အင်းဝမြို့ဟောင်းမှာ ငလျင်လှုပ်ပြီးနောက် ထွက်ပေါ်လာခဲ့တဲ့ ရေနန်းတော်ကို စစ်ကောင်စီရဲ့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန က တူးဖော်ထိန်းသိမ်း သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ အင်းဝမြို့မှာ ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနဲ့ စစ်ကိုင်းမင်း လက်ထက်က တည်ဆောက်ခဲ့တဲ့ ရေနန်းတော်လို့ လက်ဝဲနော်ရထာ အမတ်ရဲ့ ပုရပိုက်ပုံမှာ ဖော်ပြထားတယ်လို့ဆိုပါတယ်။ ကနဦးတွေ့ရှိချက်အရ ရှေးမြန်မာမင်းတွေ ရေနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို ကြည့်ရှုဖို့ အသုံးပြုတဲ့ အဆောက်အအုံ ဖြစ်နိုင်ပြီး ရေနန်းတော်လို ကြီးကျယ်တဲ့ အဆောင်ခန်းတွေပါဝင်တဲ့ အဆာက်အအုံမဖြစ်နိုင်တဲ့အတွက် ရေနန်းဆောင်လို့သာ ခေါ်သင့်ကြောင်းလည်း ဆိုထားပါတယ်။ ရေနန်းတော်ဆိုတာ ဘာလဲ၊ ဘယ်နှစ်ရာစုလောက်က ဘယ်လိုမြေအောက်ထဲကို နစ်မြုပ်ခဲ့တာလဲဆိုတာတွေနဲ့ပတ်သက်ပြီး အလွတ်တန်း ရှေးဟောင်းသုတေသနပညာရှင် တဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာ #ဧရာဝတီ #အင်းဝ #ရှေးဟောင်း #ရေနန်းတော် #ကုန်းဘောင်ခေတ်
မြန်မာ့ငလျင် ရှေးသု ဌာန ဘာပြောလဲ ။ ( BBC News မြန်မာ သတင်း )
https://m.facebook.com/groups/559025205033826/permalink/1729801701289498/?
အင်းဝက နနိးမတော်မယ်နုကျောင်း မန္တလေးနဲ့ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ရှေးဟောင်းအဆောက်အဦတွေများစွာရှိခဲ့သလို ငလျင်ကြောင့် တိမ်မြုပ်ပျောက်ကွယ်သွားရတဲ့ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်တချို့ ပြန်လည်ထွက်ပေါ်လာတာလည်းရှိပါတယ်။ ဒီထဲမှာ အင်းဝ မြို့ဟောင်းက နှစ်နှစ်ရာ ကျော်သက်တမ်းရှိတဲ့ အင်းဝ ရေနန်းဆောင်လည်းပါဝင်ပါတယ်။ ဒီရေနန်းဆောင်အပါအဝင် ငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်တွေ၊ထပ်မံပေါ်ထွက်လာတဲ့ ရှေးဟောင်းအဆောက်အဦတွေနဲ့ ငလျင်ဒဏ်ခံ အမွေအနှစ်တွေကိုဘယ်လိုပြန်လည်ပြုပြင်ထိန်းသိမ်းမလဲ စတာတွေကို ရ။ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်ကို မအေးသူစံက မေးမြန်းထားပါတယ်။ မှတ်တမ်းအရဆို ‘ရေနန်းဆောင်’ လို့လည်းခေါ်တယ်။ ‘ယာယီနန်းဆောင်’ လို့လည်းခေါ်တယ်လို့ ပြောကြတယ်။ နှစ်ပေါင်းနှစ်ရာဝန်းကျင်ပေါ့။ ရေနန်းဆောင်ရဲ့ တောင်ဘက် သရက်ကင်း လှေကားခုံက အင်းဝမြို့ဟောင်းမှာ၂၀၀၉ တုန်းက ပေါ်ဖူးပါတယ်။ အခု ငလျင်ကြောမှာကျတော့ ငလျင်ရဲ့ Crack line နဲ့အတူ ပုရပိုက်ပုံအရဆို အရှေ့ဘက် သရက်ကင်းလှေကားခုံရဲ့မြောက်ဘက်ခြမ်း ကိုးပေဆယ်ပေလောက် ပေါ်လာတာပေါ့။ ဌာနကလည်း လက်ရှိမှာ စနစ်တကျ တူးဖော်သုတေသနလုပ်နေပါပြီ”။ ငလျင်ကြောင့် ရှေးဟောင်းအဆောက်အဦ၊ ဘုရားစေတီ၊ ဆင်းတု၊ ဂူ၊ ကျောင်း၊ ဇရပ် စုစုပေါင်းက ၁၈၀၀ ကျော်လောက် ပျက်စီးခဲ့ရပါတယ်။” တစ်ဖက်မှာလည်း ထူးထူးခြားခြား ရှေးဟောင်း ဘုရားစေတီ ၁၃ ဆူ ထပ်မံထွက်ပေါ်လာတာလည်းရှိပါတယ်။ အင်းဝမှာ ကိုးဆူ၊ မန္တလေးမှာတစ်ဆူနဲ့ ကျောက်ဆည်မှာ နှစ်ဆူလောက်ရှိပါတယ်။” ဒေါက်တာသန်းထိုက် (ညွန်ကြားရေးမှူး၊ မန္တလေးဌာနခွဲ၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန)။ ဘီဘီစီမြန်မာပိုင်း
မောင်ကြုံတိုင်း၏ ဘဝအထွေထွေ။ ဖတ်စရာ မှတ်စရာ။ သိစရာ။ ကြည့်စရာတွေအင်းဝက မယ်နုအုတ်ကျောင်း။ ၂၀၂၅ မတ်လ ၂၈ ရက်နေ့မှာ မန္တလေးနဲ့ စစ်ကိုင်းတို့မှာ အပြင်းထန်ဆုံး Richtor Scale 7.7 ဖြင့် လှုပ်ခဲ့သောငလျင်ကြီးဟာ မြန်မာပြည်ရဲ့ ခေတ်တွေ သမိုင်းတွေ တစ်လျောက်လုံးမှာ။ မှတ်တမ်းတင်ရှိနေခဲ့သော။ မြန်မာ့ငလျင်များသမိုင်းတစ်လျောက်မှာ။ အထိအခိုက် အပျက်အစီးနဲ့ လူအသေအပျောက်အများဆုံး ငလျင် ကြီးဖြစ်ပါတယ်။ အင်းဝက အထင်ကရ မယ်နုအုတ်ကျောင်းကြီး ထိခိုက်ပျက်စီးပြိုလဲ ကျကုန်တယ်. ကမ္ဘာလှည့် ခရီးသွားလမ်းညွှန် ေဒသ ခံ ခလေးငယ် တွေ ဝမ်းနည်း ပူဆွေး ယူကြုံးမရ ဖြစ် နေကြတာကို စိတ်မကောင်းစွာ တွေ့နေရပါတယ်. မြန်မာ သမိုင်းကို လေ့လာလိုက်စားပြီး သမိုင်းကို လေးစားနေကြတဲ့ အင်းဝက လူငယ် ခလေးငယ်တွေ အများဟာ ခရီးသွားလမ်းညွှန်အလုပ်ဖြင့်။ အသက်မွေး ဝမ်းကြောင်းပြုနေကြသူတွေဖြစ် တယ်. ။ သူတို့ရဲ့နေ့စဉ်ဘဝတွေကို မယ်နုအုတ်ကျောင်းမှာ ခရီးသွားလမ်းညွှန်အလုပ်တွေနဲ့ ဘဝတွေကို ရုန်းကန် နေခဲ့ကြတာကြာခဲ့ပါပြီ။ ငလျင်လှုပ်အပြီးမှာ ယဉ်ကျေးမှု အနုပညာလက်ရာမြောက် လှတဲ့ မယ်နုအုတ်ကျောင်းကြီးပျက်စီးသွားသလို မယ်နုအုတ်ကျောင်းကြီး အနီးပတ်လည်မှာ မြေကွဲကျောင်းတွေကြးထဲမှ ရှေး ဟောင်းအဆောက်အဦး ဟောင်းတွေလဲ မြေကွဲကြောင်းထဲမှ အသစ် ပေါ်လာတာ တွေ့ ခဲ့ကြရတယ်. ရှေး အင်းဝ နေပြည်တော် က မယ်နုအုတ်ကျောင်းကြီးအနီး မှာ ငလျင် လှုပ်လို့မြေကြီးအက်ကွဲကြောင်းကြီတွေ ပေါ် လာ ခဲ့တာ အရှည်အလျားက များတယ် ယူဆမိတယ်. မြန်မာ့သမိုင်းမှာ ထူးခြားထင်ရှား ကြီးမားလှတဲ့မြေငလျင်ကြီးအကြောင်းနောင်လာနောက်သားတွေ သတိထားအမှတ်ရစေဘို့ သတိမူနိုင်ကြ ဘို့ အတွက် မြေကြီးပေါ်မှာပေါ်နေတဲ့ မြေအက်ကွဲကြောင်းကြီးကို ခြံစည်းရိုးကာရံပြီး မှတ်မှတ်ထင်ထင် အမှတ်တရ ပြသထားဘို့အလွန်ကာင်းမယ်ဟု ယူဆမိပါတယ်. မိမိတစ်ဦးတည်းရဲ့ တစ်ကိုယ်တော် ပေါ်လာတဲ့စိတ်ကူးအတွေးပါ။ မြန်မာပြည်ရဲ့ အဆိုးဝါးဆုံးမြေငလျင်ကြီးအကြောင်း။ နှောင်းခေတ် လူတွေ သိရအောင်ပါ။ ပျက်စီးသွားခဲ့တဲ့မြန်မာ့ရျေးဟောင်းအမွေ မယ် နု အုတ်ကျောင်းကြီးကိုတော့ မူလပုံ မပျက် ပြန် လည် တည်ဆောက်သင့်တာပေါ့။ မူလပုံအတိုင်းပြန်ရအောင် ပြန် လည် တည် ဆောက်သင့်ကြတာပေါ့။ သမိုင်းတနိဘို့ထားသူ သမိုင်းတနိဘိုးသိသူ တွေအဘို့ကတော့။ တန်ဘိုးကြီးပြီးအစားထိုးမရနိုင်တဲ့ သမိုင်းအမွေတွေနဲ့ပတ်သက်လို့။ ငလျင်ကြောင့်မဟုတ်ဘဲ ပျောက်ကွယ်သွားပြီး မရှိတော့တဲ့ မန္တလေးနန်းတော်ကြီးနဲ့ ရွှေ ဘိုနန်းတော်ကြီးတွေကိုပင်လျင် ဌာန သက်တန်း ရာ ချီရှိခဲ့တဲ့ ရှေးဟောင်းသုတေသန ဌာနကြီး မှ ဦးစီးပြီးပြန်လည် တည်ဆောက် ပြသထားပေးခဲ့တာဘဲ .။ ဟံသာဝတီ ဘုရင့်နောင်နဲ့ဆက်နွယ် ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံသားကမ္ဘာလှည့်ခရီးသည်တွေကတော့ မြန်မာပြည်က ဟံသာဝတီမင်းနေပြည်တော်ခေတ်က နန်းတော်ကြီးကို ပဲခူးကိုတကူးတကအလည်သွားကြပြီး သမိုင်းတွေကို လာရောက် လေ့လာကြည့်၇ှုကြတာ ပဲခူးတိုင်းတာဝနိခ့အဖြစ် ပဲခူး ဆည် မြောင်း မှာ မိမိ ၅ နှစ် တာဝန်ကျခဲ့ စဉ် ကာလတွေ အတွင်းမှာ မကြာမကြာမြင်တွေ့နေခဲ့ ရတတ်ပါတယ်. ရှေးဟောင်း အဆောက်အဦးတွေကို ခေတ်အဆက်ဆက်မှာ တန်ဘို့ထားပြုပြင် နေတဲ့ မြန်မာ့ရှေးဟောင်းသုတေသန ဌာနကြီးပါ ။ မြန်မာတွေမညံ့ခဲ့ပါဘူး။ ညံ့နေတာက ? အေးမြင့် ( ညောင်တုန်း)။ 10 April 2025။ ရည်ညွှန်း။ YouTube video။ အင်းဝက ရေနန်းဆောင်းအကြောင်း
နန်းမတော်မယ်နုရဲ့မဟာအောင်မြေဘုံစံ
အုတ်ကျောင်းကြီးနဲ့ပတ်သက်လို့တွေးမိတာလေးပါ။
အခုပြိုကျသွားတဲ့အုတ်ကျောင်းကြီးကို
ပြန်မဆောက်စေချင်တော့ဘဲ အပျက်အစီးတွေကိုရှင်းပြီး ပြိုကျနေတဲ့ပုံစံအတိုင်းပဲထားစေချင်တယ်။
ပြီးရင် အဲ့ဒီ့အနားမှာ ပြခန်းတစ်ခုဆောက်ပြီး
ပြခန်းအတွင်းမှာ အုတ်ကျောင်းကြီးရဲ့မပြိုကျခင်ကဓာတ်ပုံတွေရယ်၊ ဗိသုကာလက်ရာတွေကိုအသေးစိတ်ရှင်းပြထားတဲ့သမိုင်းအချက်အလက်တွေရယ်၊အုတ်ကျောင်းကြီးရဲ့အလှူ့အစ်မ နန်းမတော်မယ်နုရဲ့ သမိုင်းကြောင်းရယ်၊
အုတ်ကျောင်းကြီးရဲ့ပုံစံငယ်လေးရယ်…ပြီးသွားရင် အမရပူရနဲ့အင်းဝခေတ်ရဲ့ ရှေးဟောင်းပစ္စည်းတွေ၊
ဝတ်စားဆင်ယင်မှုသမိုင်းမှတ်တမ်းတွေကို ခင်းကျင်းပြသထားမယ်။
အဲ့ဒီ့လိုလုပ်ခြင်းအားဖြင့် လာရောက်လည်ပတ်သူတွေလည်း အုတ်ကျောင်းကြီးရဲ့အဓိကကျတဲ့
သမိုင်းတွေကို လေ့လာသိရှိခွင့်ရသွားမယ်။နန်းမတော်မယ်နုနဲ့ပတ်သတ်ပြီးပါးစပ်ရာဇဝင်
အမှားတွေ၊သမိုင်းအမှားတွေရှင်းပြနေတာတွေ
လည်း တခန်းရပ်သွားမယ်။လူငယ်တွေလည်း ပါးစပ်ရာဇဝင်တွေကြားမှာလမ်းဆုံးမနေတော့ဘဲ လက်တွေ့ကျတဲ့သမိုင်းအမှန်တရားတွေနဲ့ထိတွေ့ခွင့်ရသွားတာပေါ့။
ရေနန်းတော် ထွက်ပါ် ရသည့် အရင်းအမှန်
Ye_Min_Myat #နန်းမတော်မယ်နု #မယ်နုအုတ်ကျောင်းhttps://m.facebook.com/groups/559025205033826/permalink/1729801701289498/?

ငလျင်ဒဏ်ခံနိုင်အောင် ဂျပန်နိုင်ငံမှာ ဒီလိုနည်းနဲ့ အိမ်ဆောက်ကြပါတယ်. https://fb.watch/ySnijoTwR6/?
Win Min Oo Facebook post 10 April 2025 ရည်ညွှန်း Nyan Myint Kyaw updated his status 16 March 2017. ဒီနေ့ အမေးခံ ရတဲ့ မေးခွန်း ကို ပြန်ဖြေမှ ဖြစ်မယ်။ အရင် ကလဲ ဒါမျိုး အမေးခံ ရ ဖူးတယ်။. ဆရာ တို့က ဒီဇိုင်း သေချာ မလုပ်ရင် မကောင်းဘူး၊ ပြိုကျ လိမ့်မယ် သာ ပြော တာ၊ အခု ငလျင်တွေ လှုပ်တာ တောင် ဘာမှ မဖြစ် သလိုပဲ။ အဲဒါ ဘာကြောင့်လဲ။. ဖြေရရင် တော့ ပြိုမဲ့ အဆင့်ထိ တခါမှ မလှုပ်ရ သေးလို့ပေါ့ဗျာ။ အခုထိ ရန်ကုန် ကို သိသာအောင် လှုပ်တာ RS 5.5 မရောက် ဘူး။ မတ် ၁၃ က လှုပ်တာ သူ့ ဗဟိုချက် နားမှာ 5.8 လို့ အမြင့်ဆုံး ပြော တယ်။ သေချာ တွက်ချက် ပြီးရင် ဒီထက် လျော့တယ် ပြောဖို့ များပါတယ်။ ရန်ကုန် ကို ရောက်တော့ အောက်ခံ မြေပေါ် မူတည် ပြီး ကွာသွားတယ်။ မြေပျော့ပေါ် ရှိတဲ့ နေရာက ၃ထပ် အထက် မှာ ပိုသိသာ တယ်။ မြေပျော့ တွေမှာ အများဆုံး ဖြစ်နိုင်ခြေ အလွန်အကျွံ 5.5 ထက် မပို ဘူး။ ဒါ အများကြီး ပို စဉ်းစား ထားတာ။ လှုပ်ချိန်လဲ တိုတယ်။ ဒီလောက် ပြင်းအား ကတော့ တော်ရုံ ဆောက်ထား တာတွေ ခံ နိုင်တယ်။ ဒီလောက် ပြင်းအား ကိုပဲ လှုပ် ချိန် ကြာရင်လဲ တမျိုး ဖြစ်နိုင် တာ ပေါ့။. ဒါမြင်ပြီး အေးဆေးပဲ ထင်ရင် မှားလိမ့် မယ်။ နဲနဲ နားလည်သူ တွေ စိုးရိမ် နေတာ RS 6.5 လောက် ရောက်လာရင် ဆိုတာက စတယ်။ 5.5 နဲ့ 6.5 ပြင်းအား ဘယ်လို ကွာလဲ။ ဂဏန်း နဲ့ သာမန် ကြည့်ရင် 1.0 ပဲ။ ပြင်းအား က ၁၀ ဆ ဖြစ်မယ်။ ငလျင် ပြင်းအား ကို ၁၀ ထပ်ကိန်း နဲ့ ပြောနေ တာ။ ၁၀ ရဲ့ ၁ ထပ်ကိန်း ဆိုရင် ၁၀ ဆ။ ၁၀ ရဲ့ ၂ ထပ်ကိန်း ဆိုရင် အဆ ၁၀၀။ အခု 5.5 မရှိနိုင် တာတောင် ဘယ်လောက် သိသာ သွားလဲ။ သူ့ ၁၀ ဆ 6.5 ဆိုရင် ဘာဖြစ် မလဲ။ အတော် သိသာအောင် လှုပ်ပြီး မပျက်စီး မပြိုကျ ရင်တောင် ပရိဘောဂ တွေ လဲပြို ကုန်နိုင် သေးတယ်။ အုတ်နံရံ တွေ သေချာ လုပ်မထား ရင် ပြိုကျ မယ်။ မျက်နှာကြက် မှန် လို ဟာတွေ ပြုတ်ကျ မယ် ကွဲမယ်။ အခု တိုက်ကြီး မှာတောင် တချို့ ပစ္စည်း တွေ ပြုတ်ကျ လဲကျ ဖြစ်တာ တွေ့မှာ ပေါ့။
သူ့ အဆ ၁၀၀ 7.5 ဆိုရင် စဉ်းစား သာ ကြည့် ပေတော့။ ပစ္စည်း မှန်သမျှ ကလဲ သူ့ ခံနိုင်ရည် အတွင်း ဖြစ် လို့ ကတော့ သာသာ ယာယာ ပဲ။ ခံနိုင်ရည် ကျော်သွား ရင်တော့ ကျိုးပဲ့ ကုန်မှာပဲ။. ဒါ ပြင်းအား ပဲ စဉ်းစား နေတာ။ လှုပ်ချိန် အတို အရှည် ကလဲ အထိအခိုက် ကို ကွာ စေ နိုင်တယ်။ လူ တယောက် ကို မတ်ခွက် ကလေး တခု ရေထည့်ပြီး ခဏ ကိုင်ခိုင်း ထားရင် ပေါ့ပေါ့ လေးပါ ပြော မယ်။ အဲဒီ မတ်ခွက် ကိုပဲ ကြာကြာ ကိုင် ခိုင်း လိုက် ရင် တဖြေးဖြေး လေးတယ် ထင်လာမယ်။ လက်တွေ တုန်လာမယ်။. ဆောက်တဲ့ စနစ် နဲ့ သုံးတဲ့ ပစ္စည်း တွေ ကလဲ အထိအခိုက် ကို အများကြီး သက်ရောက်မှု ရှိတယ်။ အခု ဖြစ်ခဲ့သမျှ ပြိုကျ ကုန်တာတွေ မှာ စနစ်တကျ ဆောက်မထား လို့ ပြိုကျတာ၊ ပစ္စည်း ညံ့လို့ ပြိုကျ အများကြီး တွေ့ရတယ်။. ဒါ ပြန်ပေး ခဲ့တဲ့ အဖြေပါ။ မြင်သာအောင် shaking table လို ဟာမျိုး နဲ့ ပြပေးနိုင် ရင် ပိုကောင်းမယ်။ ရန်ကုန် က လူတွေဟာ သူတို့ ကြုံဘူး သလောက်နဲ့ ငလျင် ကို သိပ် မကြောက် သလို ဖြစ်နေတယ် ဆိုတာ မကြာခင် က လုပ်ထားတဲ့ လေ့လာမှု အရ တွေ့ထားတယ်။ ဘယ် သဘာဝ ဘေး ကိုမှ သိပ် စိုးရိမ် မနေဘူး ဆိုတဲ့ အဖြေ ရထား တယ်။ သူများတွေ ဖြစ်တာ တီဗီ ထဲ မြင် ပေမဲ့ ထုံးစံ အတိုင်း ကိုယ် ဒီလို ခံစား ရနိုင် မှန်း အမြဲ မေ့နေ တတ်တာ လူ့ သဘာဝ ပဲလေ။
အဲဒီတော့ အမှတ်တမဲ့ လုပ်ချင် ရာ လုပ် နေတာတွေ ရပ်တော့မှ ဖြစ်မယ်။ စစ်ကိုင်း ပြတ်ရွေ့ ကသာ အရင် ပဲခူး ငလျင် လောက် လှုပ်ခဲ့ရင် RS 7.0 လောက်တော့ ဖြစ်လာနိုင် တယ်။ အခု ခံစား ရတာရဲ့ အဆ ၃၀ ကနေ အဆ ၁၀၀ အထိ ပြင်းနိုင် တယ် ဆိုတာ မမေ့ကြ ပါနဲ့။. လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဆရာ ရှင်းပြထားတာ ငလျင်နဲ့ အဆောက်အဦး ဒဏ်ခံနိုင်မှု ခုမှ ကိုယ်တွေ့ ကြုံတော့ ပိုမြင်လာတယ်

ဘူမိဗေဒနဲ့ ကျောင်းပြီးထားသူပါ။ ငလျင်ဇာတ်တိုက်ပညာပေးတွေကိုလည်း လုပ်ခဲ့ဖူးပါတယ်။
ကိုယ်သိထားသလောက်လေး ဝေမျှချင်လို့ပါ။ ကြောက်ဖို့မလိုပါ အသိနဲ့ သတိလေးထားစေချင်လို့ပါ ချစ်မိတ်ဆွေ။👇
ကျောင်းတုန်းက မှတ်သားဖူးတယ်
မြန်မာနိုင်ငံမှာ အဓိက သိသာထင်ရှားတဲ့ ပြတ်ရွေ့ကြီး ၄ ခုရှိတယ်။ စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့နဲ့ မိုးမိတ်ပြတ်ရွေ့တို့ဆိုပြီး။
ပြီးခဲ့တဲ့ ၂၈ ရက်နေ့က လှုပ်သွားတဲ့ ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောင့်ဖြစ်တာပါ။ စစ်ကိုင်း ပြတ်ရွေ့ဟာ မြန်မာနိုင်ငံ မြောက်ဖျား ပူတာအိုမြို့မှသည် မုတ္တမပင်လယ်ကွေ့အထိ တောင် မြောက်ကို ကန့်လန့်ဖြတ်သွားသော ပြတ်ရွေ့ကြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး ပြတ်ရွေ့ဖြစ်ပြီး ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျားသည်။ ၎င်းပြတ်ရွေ့ကြီးသည် တစ်နှစ်ကို ၁၈.၈ မီလီမီတာ ရွေ့လျားနေသည်ဟု ကျောင်းတုန်းက မှတ်သားဖူးသည်။
ထိုပြတ်ရွေ့ကြောင့် လှုပ်ရှားခဲ့သော အတိတ်အင်အားပြင်းငလျင်ကြီးမှာ ၁၉၃၀ ခုနှစ်တွင် လှုပ်ခဲ့သော ပဲခူးငလျင် 7.5 magnitude ဖြစ်ပါသည်။ကြားကာလထဲမှာလည်း အင်အား အသင့်အတင့်ငလျင်များ တောက်လျှောက် လှုပ်ခဲ့ပါသည်။ ယခု ၂၀၂၅ ခုနှစ်တွင် တစ်ဖန်ပြန်လည်လှုပ်ခတ်ခဲ့ခြင်းကြောင့် ၉၅ နှစ်အကြာတွင် 7.7 magnitude ဖြင့် major Earthquake ကြီး ပြန်လည်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ငလျင်ကြီးများ လှုပ်ခတ်ရန်အတွက် နှစ်ပေါင်း ၁၀၀ ဝန်းကျင်အချိန်ယူ၍ အပူနှင့်စွမ်းအင်ကို စုစည်းပါသည်။ နှစ်ကြာလေ အဖျက်စွမ်းအားများလေဖြစ်ပါသည်။
ရှမ်းပြည်အတွက် အဓိကပြောချင်တာက အခုမှလာမှာပါ။
ကျွန်ုပ်တို့ ရှမ်းပြည်ဟာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကျောက်ကြမ်းပြတ်ရွေ့ကြီးပေါ်တွင် ဖင်ထိုင်ထားခြင်းဖြစ်သည်။
ကျောက်ကြမ်း ပြတ်ရွေ့သည် ပြင်ဦးလွင်- တောင်ကြီး-လွိုင်ကော်မှသည် ထိုင်းနိုင်ငံအစပ်ထဲထိ ထိုးဖောက်ဝင်ရောက်သည်။ ကီလိုမီတာအားဖြင့် 500 ကျော်ရှည်သည်။ တစ်နှစ်ကို ပျှမ်းမျှ ၉မီလီမီတာခန့် ရွေ့လျားပြီး (right lateral strike slip fault) အမျိုးအစားဖြစ်သည်။
တောင်ကြီးမြို့သည် ထိုပြတ်ရွေ့ကြီး၏ အလယ်ဗဟိုပိုင်းတွင် တည်ရှိသည်။ ရှမ်းမြောက်သည် ငလျင်ဒဏ် အနဲဆုံး ဖြစ်ပြီး၊ ဒုတိယအနဲဆုံးသည် ရှမ်းရှေ့ဖြစ်သည်။ ရှမ်းတောင်သည် အဓိက ထိခိုက်နိုင်ပါသည်။
လူနေအိမ် တိုက်ပု၊ ၂ ထပ်တိုက်အိမ်တွေဟာ ငလျင်အတွက် သိပ်ပြီး စိုးရိမ်စရာမလိုပေမဲ့ မိမိတို့၏ အိမ်အရည်အသွေးကို ကိုယ့်ကိုတိုင်အသိဆုံးမို့ သတိထားရင်တော့ ပိုတယ်မရှိပါဘူး။
အဓိက ပြောချင်တာက တောင်ကြီးမြို့ပေါ်ရှိ အထပ်မြင့်တိုက်ကြီးများပါ။ ပြီးခဲ့သောအဖျားခက် စစ်ကိုင်း ငလျင်ကြောင့်မပြိုတာမှန်သော်လည်း နောက်လာမည့် ကျောက်ကြမ်းပြတ်ရွေ့ကြောင့် ဖြစ်ပေါ်လာမည့် ငလျင်ဒဏ်အတွက်ရော တွက်ချက်ထားသလား?
အခု မပြိုတာက ငလျင်ဗဟိုချက်နဲ့ ဝေးလို့ အဖျားလေးပဲ ခတ်သွားလို့ ။ ရှမ်းတောင်ဗဟိုပြုတဲ့ ကျောက်ကြမ်းငလျင်(ဒုတိယရပ်စောက်) ငလျင်ထပ်လာခဲ့ရင် ဘယ်လိုအစီအမံတွေရှိလဲ မေးချင်ပါသည်။
ကျောက်ကြမ်းပြတ်ရွေ့ကြောင့် ၁၉၁၂ ခုနှစ်တွင် 8.0 magnitude ဖြင့် တစ်ခါလှုပ်ခတ်ခဲ့ပါသည်။ လာမည့် ၄/၅ နှစ်အတွင်း ထိုပြတ်ရွေ့ကြောင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်လာနိုင်သည်ဟု ကျွန်ုပ်၏ ၁ ဦးတည်းအမြင်ဖြင့် အကြံပြုပါသည်။ ထိုစဉ်က လူနေထိုင်မှု၊ မြို့ပြဖွံ့ဖြိုးမှုသည် ယခုကဲ့သို့ မရှုပ်ထွေးသောကြောင့် သေပျောက်ပျက်စီးမှုနည်းပါးခဲ့သည်။. သက်တမ်းအားဖြင့် ပြန်တွက်ကြည့်သော် ကျောက်ကြမ်းပြတ်ရွေ့ကြောင့် ငလျင်ကြီး major Earthquake မလှုပ်ပဲနေခဲ့သည်မှာ နှစ်ပေါင်း ၁၁၃ နှစ် ကြာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဘယ်အချိန် ဘာဖြစ်လာမည်ကို မည်သူမျှ အတိကျမပြောနိုင်သော်လည်း ကျွန်ုပ်တို့ ရှမ်းတောင်သည် သတိထားဖို့ လိုလာပါပြီ။ ပြီးခဲ့သော စစ်ကိုင်းငလျင်ကြီးကိုလည်း မလှုပ်ခင်ကာလများတွင် ကျွန်ုပ်တို့၏ ဆရာကြီးများ၊ ဘူမိဗေဒဘိုးဘေးကြီးများ၊ ပညာရှင်များက အကြိမ်ကြိမ် ထောက်ရှု့ပြောကြားခဲ့ပါသည်။ သို့သော်လည်း အသိနဲ့ သတိမကပ်လေတော့ ဝမ်းနည်းကြေကွဲရပါသည်။
အထူးသဖြင့် အများပြည်သူနှင့်သက်ဆိုင်သော. အစိုးရပုဂ္ဂလိကဆေးရုံဆေးခန်းဈေးစူပါမားကတ်. ကျောင်း. ဘာသာရေးအဆောက်အဦ. စသည်တို့အား အသစ်အသစ် ဆောက်လုပ်မည်ဆိုပါက ငလျင်ဒဏ်ကို အထူးထည့်သွင်းတွက်ချက်ရန်လိုပါသည်။ လွယ်လွယ်နဲ့ခွင့်ပြုမိန့်မပေးပဲ သေချာစိစစ်ကြပ်မတ်ပေးပါလို့ ဆိုင်ရာ လူကြီးမင်းများကို တောင်းဆိုပါသည်။ ကျွန်ုပ်တို့ခေတ်မှာ ဘာမှမဖြစ်ပေမဲ့ လာမည့် ကျွန်ုပ်တို့၏ မျိုးဆက် တွေကိုတော့ ဒီသဘာဝဘေးဆိုးတွေကနေ လွတ်မြောက်စေချင်တယ်။. မြေငလျင်နှင့်ပတ်သက်ပြီး
အသက်ကယ်၊ လိုက်နာဆောင်ရွက်ရမည်များကို
Comment တွင် ဖော်ပြပေးထားပါသည်။
ပြည်သူအပေါင်း ဘေးဘယ ကင်းဝေးပါစေ🙏. Once a geologist always a geologist.👍. Credit…..Aye Lwin shared ခွန်ထက် ဇော် Facebook post 10 April 2025
Zaw Naing ‘s Facebook post 9 April 2025 အသုံးဝင်မည့် မြေပုံ
MIMU (Myanmar Information Management Unit) က မန္တလေးနဲ့ စစ်ကိုင်းက ထိခိုက် သွားတဲ့ အဆောက်အဦးတွေ နေရာ မြေပုံ ထွက်လာပါပြီ။

ADPC ၊ GISTDA၊ Sentinel Asia၊ MAXAR တို့ကလည်း နည်းပညာ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Resolution ကောင်းတဲ့မြေပုံကို download လုပ်ချင်ရင် ဒီ link က ယူလို့ ရပါတယ် ခင်ဗျာ။
https://themimu.info/news/mimu-map-probable-damaged-buildings-mandalay-and-sagaing-areas
မြန်မာ
MIMU Map of Probable Damaged Buildings in Mandalay and Sagaing Areas
Building on UNOSAT’s preliminary analyses and satellite imagery from THEOS-2 and Maxar, MIMU, with technical support from the Asian Disaster Preparedness Center (ADPC), has developed a map showing probable damaged buildings in Mandalay and Sagaing areas. To improve accuracy, MIMU also used some field validation from MIMU staff on the ground. Within the analysis area, 1,853 buildings were identified as destroyed/damaged and 2,290 as possibly damaged.

In accessing this page, you agree with the MIMU Terms and Conditions of Use in their entirety, including the following:
I have read and understood these provisions, and I agree to the MIMU Terms & Conditions
စာကြွင်း။
MIMU က ArcGIS ဆော့ဖ်ဝဲလ် ဝယ်တော့ ESRI ကို စျေးလှမ်းတောင်းတော့ စျေးနှုန်းပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီကနေ တဆင့် ပြန်မေးတော့ ကျွန်တော်တို့က ESRI နဲ့ အပြန်အလှန်ပြောပြီး MIMU ဆိုတာ မြန်မာပြည်က လိုအပ်တဲ့ အချိန်တွေမှာ လိုအပ်တဲ့ မြေပုံတွေနဲ့ GIS Maps တွေ၊ Data တွေ တောက်လျှောက် ကူညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ထောက်ခံပြီး Non-Profit Organization ဖြစ်ကြောင်း၊ NPO စျေးနှုန်းနဲ့ ရောင်းပေးရမှာ ဖြစ်ကြောင်း အပြန်အလှန်ပြောခဲ့တော့ အခုအချိန်အထိ ဘယ်လောက်မှ မများတဲ့ NPO စျေးနှုန်းနဲ့ ရောင်းပေးနေခဲ့တာပါ။
ကျွန်တော်တို့ အနေနဲ့ ESRI ရဲ့ Partner အဖြစ် MIMU ကို အခုလို GIS ဆော့ဖ်ဝဲလ် စျေးသက်သက်သာသာနဲ့ ဆက်လက် ထောက်ပံ့ပေးနေခွင့်ရတာ၊ အခုလို တန်ဖိုးရှိတဲ့၊ အသုံးဝင်တဲ့ မြေပုံတွေ ထွက်လာတာ မြင်ရတိုင်း ကျေနပ် ဂုဏ်ယူမိပါတယ်။
ငလျင်ဒဏ်ခံနိုင်အောင် ဂျပန်နိုင်ငံမှာ ဒီလိုနည်းနဲ့ အိမ်ဆောက်ကြပါတယ်
KnowledgeBox #fbreels #ဗဟုသုတ #truestory #PopularNews #entertainmentreels
ငလျင် တွေနဲ့ Tokyo
တိုကျိုမြို့ထဲက ငလျင်ဒဏ်ခံနိုင် သော အဆောက်အဦများ
Earthquake Proof Buildings
ကမ္ဘာ့လူနေအတူထပ်ဆုံး ကမ္ဘာ့မြိုကြီးတွေထဲမှာ
ထိပ်ဆုံးက ရှိနေ တဲ့ ဂျပန် နိုင်ငံ တိုကျိုမြိုးကြီးမှာ
အထပ်မြင့်တိုက်ပေါင်း ရာထောင်ချီ ပြီး ရှိနေမလားမသိ ၊ တိုကျို ငလျင်သတင်းတစ်ခုမှာ
အထပ်မြင့်တိုက်ကြီး တွေ ဘယ်ညာယိမ်းထိုး ပြီး
လေထဲမှာ ကောင်းကင်မှာ ယိမ်းယိုင် လှုပ်နေတာ တွေ့ရဘူးတယ်။ ငလျင် နေ့စဉ်လှုပ်နေတဲ့ဂျပန်နိုင်ံမှာ
ဂျပန်က တိုက်တာ တွေ ကို ငလျင်ဒဏ် ခံနိုင်အောင်
တည်ဆောက်ထားကြတယ်. ဆိုပါတယ်https://youtube.com/shorts/bflzvIzoqeU?si=VBHTMf_5bcFJMIYp။
@Highlight @#မူကြိုဆရာမ က ကလေးတွေအများကြီးအသက်ရှင်နေတယ် ဆရာမရယ် ကျေးဇူးပါ 💖💖💖💖💖💖။ https://fb.watch/yPHItivUIw/?
နေပြည်တော် ချစ်သူ့လမ်းကြား ပေါ်က ပြတ်ရွေ့(Fault).
ပြတ်၍ရွေ့သွားသောအနေအထားကို ပြတ်ရွေ့ဟုခါ်ပါသည်။
Photo-Crd.


ငလျင်မတိုင်ခင်က
လွမ်းစရာ့ အမှတ်တမဲ့ပုံလေး ။
.
.
၀၇၀၄၂၀၂၅
ဖိုတို – စစ်ကိုင်းတံတား နှင့် ဧရာဝတီ မနက်ခင်း ။

■ Interview
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၅၄ စက္ကန့်အချိန်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့်မန္တလေးမြို့များအနီး ဗဟိုပြု၍ ပမာဏ ( ရဒသမ ၇)အဆင့်ရှိ အလွန်ပြင်းထန်သောငလျင်ကြီးလှုပ်ခတ်ခဲ့သည်။၎င်းင်းငလျင်ကြီးသည် စစ်ကိုင်းပြတ်ရွေ့၏ အလယ်ပိုင်းတစ်လျှောက် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းငလျင်ကြီးနှင့်အတူ နောက်ဆက်တွဲငလျင်ငယ်များသည်လည်း စစ်ကိုင်းပြတ်ရွှေ့တစ်လျှောက်ရှိ လယ်ဝေးမြို့၊ နေပြည်တော်၊ ဖြူး၊ တောင် ငူမြို့ စသည့်မြို့များအနီး ဆက်လက်၍ လှုပ်ခတ်လျက်ရှိသည်။ မြေသားပြတ်ရွေ့မှု ရှည်လျားကျယ်ပြန်နေသည့်အတွက် အလားတူငလျင်ကြီးများ ဆက် လက်ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့၏အလယ်ပိုင်းနှင့်တောင်ပိုင်းတစ်လျှောက်ရှိဒေသများ၏မြို့ကြီးများဖြစ်သော ရွှေဘို၊မန္တလေး၊ နေ ပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ၊ပဲခူးနှင့် ရန်ကုန်မြို့ စသည့်မြို့ကြီးများအနီး ပတ်ဝန်းကျင်ဒေသများရှိ ပြည်သူများအနေဖြင့် သတိပြုနေထိုင်သင့်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီက ထုတ်ပြန်ထားသည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးထားသော အဆောက်အအုံများသည် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ချိန်တွင် ပိုမိုထိခိုက်ပျက်စီးနိုင်သဖြင့် လတ်တလောဝင်ရောက်နေထိုင်အသုံးပြုခြင်းကို ရှောင်ရှားသင့်သည်။အဆိုပါအဆောက်အအုံများကို နား လည်တတ်ကျွမ်းသောအင်ဂျင်နီယာများဖြင့် ဘေးကင်းလုံခြုံကြောင်း စနစ်တကျစစ်ဆေးစိစစ်ပြီးမှသာ ပြန်လည်အသုံးပြုနေထိုင်သင့်ကြောင်း သိရ သည်။ အဆိုပါအခြေအနေများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဒုတိယဥက္ကဋ္ဌဦးစောထွေးဇော်နဲ့ ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြအပ်ပါ သည်။
မေး။ ။မန္တလေးရဲ့ ငလျင်နောက်ဆက် တွဲအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါ ဆရာ။

ဖြေ။ ။အခုကတော့ နောက်ဆက်တွဲင လျင်က မနေ့က ၅ လောက်လှုပ်လိုက်တယ် လို့ ပြောတယ်။ ကျွန်တော်က အဲဒီတုန်းက သွားနေတော့လေ၊ သိပ်ပြီးတော့ မသိလိုက် ဘူး။ အခုလိုမျိုး နောက်ဆက်တွဲလေးတွေက တော့ တစ်ရက်ခြား နှစ်ရက်ခြားတော့ လှုပ် နေအုံးမှာပါ။
မေး။ ။အဲဒီလို ငလျင်တွေဆက်တိုက် လှုပ်နေရင်ပေါ့၊ ပထမလှုပ်ခဲ့တဲ့ငလျင်ကြီး လှုပ်တုန်းက ပြိုကျတဲ့အထဲမပါပေမယ့် ကျန် ခဲ့တဲ့အဆောက်အအုံတွေရဲ့ သတိပြုသင့်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး ပြောပြပေးပါအုံး ဆရာ။

ဖြေ။ ။အဲဒါကလေ အဆောက်အအုံရဲ့ ထိခိုက်တဲ့အနေအထားပေါ် မူတည်တယ်။ ထိခိုက်တဲ့ဟာက နဲနဲ Critical ဖြစ်တယ်ဆို ရင် အဲဒါက ထပ်လှုပ်တဲ့ဟာမှာ အခြေအနေ ပိုဆိုးသွားနိုင်တယ်။ထိခိုက်တဲ့ဟာက အခြေ အနေသိပ်မဆိုးဘူးဆိုရင်တော့လည်း အခု နောက်ပိုင်း ထပ်လှုပ်တဲ့ဟာတွေကလည်း နဲ နဲငယ်ငယ်သွားမှာဆိုတော့ အဲဒါက ထိခိုက် မှုပုံစံအနေအထားအပေါ်မှာ မူတည်ပါတယ် ခင်ဗျ။
မေး။ ။ငလျင်က မန္တလေးနားမှာဗဟိုပြု ပြီး ငလျင်ကြီးလှုပ်ခတ်ခဲ့တာမှာ ရန်ကုန်တို့ နေပြည်တော်တို့ပေါ့ မြို့ကြီးတွေရဲ့ သတိပြု သင့်တဲ့အခြေအနေကိုလည်း ပြောပြပေးပါ အုံးဆရာ။

ဖြေ။ ။သတိတော့ထားသင့်တာပေါ့ လေ။အခုဟာက စစ်ကိုင်းပြတ်ရွေ့ရဲ့ Segment တစ်ခုက လှုပ်သွားတာဆို တော့ လေ ၊ ကျွန်တော်တို့ ရန်ကုန်တို့ဘာတို့ဆိုရင် သူ့ရဲ့အောက်ဘက် Segment ၊ကပ် လျက် ဟာနဲ့ ဆိုင်တဲ့နေရာမှာဆိုတော့ သတိတော့ ထားတာကောင်းတာပေါ့။ ဒါကလည်း အမြဲ ကြီးတော့မဟုတ်ဘူးလေ။တစ်လတန်သည် နှစ်လတန်သည် စောင့်ကြည့်လိုက်တာတော့ ပိုကောင်းတာပေါ့။
မေး။ ။မနေ့ညက နေပြည်တော်မှာ ၅ လောက်ရှိတဲ့ငလျင်ထပ်လှုပ်သွားသေးတယ် ဆိုတော့လေ။
ဖြေ။ ။အရင်လှုပ်ခဲ့တဲ့ မန္တလေးတို့ နေ ပြည်တော်တို့ အဲဒီနေရာတွေကတော့ လှုပ် နေအုံးမှာပဲလေ။
မေး။ ။ပြည်သူတွေအနေနဲ့ ဘယ်လို သတိပြုနေသင့်ပါသလဲဆရာ။
ဖြေ။ ။သတိထားပြီးတော့ နေကြဖို့ပဲ ပြောချင်ပါတယ်။
မေး။ ။အခုလိုဖြေကြားပေးတာ ကျေး ဇူးတင်ပါတယ်ဆရာ။
Kyaw Swe Khin Oo Facebook post ( 4 April 2025 )
ကျွန်တော် RCC အဆောက်အအုံတွေဆောက်ဖူးပါတယ် ၊
သို့သော်ငလျှင်ဒါဏ်ခံနိုင်ဖို့ ဒီလိုဆောက်ရတယ်ဆိုတာ
မသိခဲ့ပါဘူး ၊
စိတ်ပူပြီးဆက်သွယ်ကြတဲ့ ဆွေမျိူးမိတ်ဆွေညီ/ညီမတွေကို
“အမြင်>၇.၇>အထင် ” ဆောင်းပါးဖြင့်အကြောင်းပြန်ပါတယ်။
အားလုံးကျန်းမာဘေးကင်းကြပါစေ ။







မယ်နုအုတ် ကျောင်း ( Mg Mar Ga Facebook post 4 April 2025
အခုတော့လွမ်းရတဲ့စာတစုသာဖြစ်ပါပြီ
ကိုယ့်မျိုးဆက်နောင်လာနောက်သားတွေကို
အင်း၀အကြောင်းကိုဒီစာစုနဲ့ဘဲပြောပြနိုင်တော့မယ်
အင်း၀ကိုမောင်မာဃသိပ်စိတ်ကူးယဉ်ဘူးတယ်
အနည်းဆုံး
ထိုင်းလူမျိုးအလည်လာဖွိုဆွဲဆောင်နိုင်မဲ့နေရာတခုလေ

……
၂၉.၉.၂၀၁၉တို့တိုင်းဋ္ဌာနီ၅ နိဂုံး
မယ်နုအုတ်ကျောင်းရောက်ပါပြီသူ့အကြောင်းကတော့လူအများသိပြီးဖြစ်လို့အသေးစိတ်မပြောတော့ပါဘူး
ပုံကအပြင်ကတော့အရမ်းခန့်ပေမဲ့
အတွင်းမှာတော့lighting အတော်ညံ့တာသတိထားမိတယ်
ventilationကတော့အပေါက်တွေအများကြီးမို့ကောင်းပါတယ်
ဒါပေမဲ့အခြားမြန်မာဘုန်ကြီးကျောင်းတွေရဲ့ဆောက်ရိုးဆောက်စဉ်ကဲလားတွေမလုပ်ဘဲ
တံခါးတွေကြောင့်လားတွေးမိပါတယ်
ကဲလားဆိုတာကမတင်ပြီးအောက်ကဒုတ်ထောက်ထားတဲ့တံခါးတွေပေါ့
သူနဲ့ယှဉ်ကြည့်လို့ရတာကဗားကရာကျောင်းတိုက်ပါဘဲ
မြန်မာဘုန်းကြီးကျောင်းတွေရဲ့စနစ်အတိုင်းပြသဒ်ဆောင်
ဇေတဝန်ဆောင်ကြက်သရေခန်းဘောဂဆောင်ဘာညာနဲ့တည်ဆောက်ထားတာခြင်းအတူတူဗားကရာကျောင်းကလင်းလင်းခြင်းခြင်းနဲ့ဆရာတော်တွေသံဃာတွေသတင်းသုံးလို့အဆင်ပြေမှာဖြစ်ပြီးမယ်နုအုပ်ကျောင်းကတော့ဆရာတော်ဦဗုဓ်သတင်းသုံးဘွယ်လို့မှန်းမိတဲ့ဇေတဝန်ဆောင်ကလွဲရင်
ကျန်အဆောင်တွေကတော့ဟိုခေတ်ကတော့မသိ
အခုတော့
မှောင်မိုက်ဝယ်ချောင်ကြိုက်လှတဲ့ အတွဲများနေရာဘဲဖြစ်နေပါသတည်း
မယ်နုကိုကျေးဇူးအမှန်တင်သူတွေကတော့သူတို့ပါပေ
ကြိုက်တာကတော့ဆင်ကျုံးခံတပ်
ဧရာဝတီမြစ်ကိုမေးတင်ထားတဲ့ခံတပ်
ဟိုဘက်ကနာမည်ကြီးအစီခံ(အစေခံ)ခံတပ်
အဂ်လိပ်ကိုခံချဖို့နောက်ဆုံးခံတပ်တွေ
ဘာဖြစ်တယ်ဆိုတာအားလုံးသိပါတယ်
သေနပ်တချက်အမြောက်တချက်မဖောက်ရဘဲလက်နက်ချလိုက်ရတာ
အခုတော့သာယာလှပပြီးအနားယူလို့အတော်ကောင်းသဗျာ
အင်းဝနဲ့ပတ်သက်လို့ပြောချင်တဲ့နောက်ဆုံးအချက်ရောက်ပါပြီ
အင်းဝဟာ မြိုးရိုးနဲ့ဘာနဲ့ကျန်နေသေးတဲ့
မြို့တမြို့ပါ
တကယ်ဆွဲတင်လို့ရပါတယ်
UNESCO world Heritageလုပ်ဖို့တော့အသေအချာခက်မှာဖြစ်ပေမဲ့
ငွေရှာဖို့တော့တကယ်လုပ်ရင်ငွေတော့အတော်ရှာလို့ကောင်းမယ်
ပဲခူးမှာကမ္ဘောဇသာဒီနန်းတော်ဆောက်ဘာညာတွေပြတော့(လုပ်ထားပြထားတာအဆင့်မမီတာတောင်)
လာလိုက်တဲ့ယပက်လက်တွေ
အင်းဝကိုယပက်လက်တွေဒီထက်စိတ်ဝင်စားတယ်
သူတို့ခါတိုင်းမြန်မာကိုစစ်ရှုံးပေမဲ့ကိုယ့်ထီးကိုယ်နန်းနဲ့အမျြဲပြန်နေရတယ်
ဆင်ဖြူရှင်လက်ထက်မှထီးသုန်းနန်းသုန်းဖြစ်ရတာမို့သူတို့အရမ်းကိုမုန်းတယ်
မုန်းပေမဲ့လူ့သဘာဝအရကြည့်ချင်မှာဘဲဒီဘုရင်ကဘယ်လိုမျိုးလဲပေါ့
ကျန်တော်သာဆိုသူ့biographyကိုပန်းချီအသေအချာဆွဲ
ရုံတရုံဆောက်ပြမယ်
ယပက်လက်တွေဝင်ကြည့်မှာသေချာတယ်
ဒေါသထွက်မယ်
ရုံဘေးမှာဒေါထွက်ရင်ပိုက်ဆံပေးထုရမဲ့တင်းပုတ်တွေပါထားလိုက်အုန်းမယ်
ဒေါသကိုငွေလုပ်မယ်
ဒါကတခုပေါ့
ဆင်ကျုံးခံတပ်ကနေစစ်ကိုင်းတောင်မြင်ကွင်းကလဲသိပ်လှပါတယ်
ဟိုတယ်အင်မတန်ဆောက်သင့်တဲ့နေရာပါဘဲ
ပရွက်ဆိတ်ဥနှောက်အတွေးလေးပါ
သေချာတာကအင်းဝဟာpotentialအများကြီးရှိသေးတဲtourist attractionတခုဖြစ်နေတယ်ဆိုတာပါဘဲ








N. Khan Aung fb 8 April2025 post Sky Villa ဆောက်တုန်းက ကျနော်လည်း ကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ဖူးပါတယ် ၊ ၂၀၁၄ လောက်က စဆောက်ခဲ့ကြတာပါ ၊ ဆောက်လုပ်ရေးဆိုင်ရာပညာရပ်တွေကို ပညာရှင်တွေလောက်တော့ ကျနော်နားမလည်ပါဘူး ၊ ဒါပေမဲ့ ရွှံမြေ မြေပျော့ကို အသေအချာမပြုပြင်ပဲ မြေဖို့ပြီးဆောက်ခဲ့တာတွေ ဘေးမှာရေစစ်ကန်ကြီးရှိနေတာကိုကြည့်ပြီး ဒါကြီးကငလျင်နဲနဲကြမ်းတာနဲ့ ကြွမှာပဲလို့ ခန့်မှန်းခဲ့ဖူးပါတယ်

၈၄လမ်းပေါ်က အထပ်အမြင့်ဆုံးHotel ဆောက်လုပ်ရေး Projectမှာလည်း ကျနော်ပါဝင်ခဲ့ဖူးပါတယ် ၊ မြေအောက်ထဲကို ပိုင်အကြီးကြီးတွေရိုက်ပြီးမှဆောက်တာဖြစ်တဲ့အတွက် ဒါကြီးကတော့ တော်ရုံငလျင်လောက်ဆို ဖြုံမှာမဟုတ်ဘူးလို့ ခန့်မှန်းခဲ့ဖူးပါတယ်
ဆောက်လုပ်ရေးလောကရဲ့ ဗရမ်းဗဒါအဖြစ်ဆုံးကာလကတော့ ဦးသိန်းစိန်လက်ထက် မန်းဝန်ချုပ် ရဲမြင့် လက်ထက်ပါပဲ ၊ ဆောက်ချင်သလိုဆောက် အာရကေပေးလိုက်ရင် သို့မဟုတ် ဆောက်နေတဲ့အထဲက တိုက်ခန်းနှစ်ခန်းက အဘနဲ့ မြို့တော်ဝန်အတွက်ပါဆိုရင် တိုက်ခန်းသော့ကန်တော့လိုက်ရင် ဆောက်ချင်သလိုဆောက် အားလုံး
Ok ပါပဲ ၊ မန်းလေးရဲ့နာမည်ကြီးစာရင်းဝင်သူဌေးကြီးတစ်ယောက်က ပုဂံမှာHotelဆောက်ဖို့ ခွင့်ပြုချက်ယူဖို့အတွက် မန်းဝန်ချုပ်ရဲမြင့်ကို သိန်းတစ်ထောင်ဂါလိုက်တာ ခွင့်ပြုချက်ကျပါတယ်
ခွင့်ပြုချက်ရပေမဲ့ ဦးသိန်းစိန်ရဲ့ ယဥ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး က သူ့အတွက် အာရကေမလာလို့ ကန့်လန့်တိုက်ပါတယ် ၊ ယဥ်ကျေးမှုဝန်ကြီးကိုလည်း သိန်းတစ်ထောင်ဂါလိုက်တော့ အကုန်Passဖြစ်သွားပါတယ် ၊
မျိုးချစ်သာသနာချစ်အဘဆိုတဲ့စစ်သူခိုးတွေက ပုဂံရှေးဟောင်းယဥ်ကျေးမှုဇုန်ထဲမှာ အဲ့ဒီလိုအကျင့်ပျက်လာဘ်ပေးလာဘ်ယူတွေလုပ်ပြီး ဟိုတယ်တွေအပြိုင်အဆိုင်ဆောက်ခွင့်ပေးခဲ့တာကြောင့် ယူနက်စကိုက ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းသွင်းဖို့ လက်မခံခဲ့ပါဘူး
ဒေါ်အောင်ဆန်းစုကြည်လက်ထက်ရောက်မှ ပုဂံကို ဘာဟိုတယ်မှထပ်ဆောက်ခွင့် လုံးဝ လုံးဝမပေးတော့ဘဲ ပုဂံကို ကာကွယ်ပေးခဲ့ရတာပါ ၊ ယူနက်စကိုစာရင်းဝင်ဖို့ အတော်ကြိုးပမ်းခဲ့ရပါတယ် ၊ ဒါကြောင့်လည်း ယူနက်စကိုစာရင်းဝင်ဖြစ်သွားရတာပါပဲ ၊ သီတဂူဆရာတော်ကြီးတို့စွပ်စွဲနေကြ အမျိုးဖျက်မကြီးက ပုဂံဘုရားတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့မှုသမိုင်းမှက်တမ်းတစ်ခုပေါ့
၂၀၁၇လောက်မှာ မန်းလေးက နောက်ထပ်သူဌေးကြီးတစ်ဦးက ပုဂံမှာHotelဆောက်ဖို့ မန်းဝန်ချုပ်ဒေါက်ဇော်ထံက ခွင့်ပြုချက်ရဖို့ သိန်းသုံးထောင်နဲ့ ဝင်လုံးကြည့်
ခဲ့ပါသေးတယ် ၊ ဒေါက်ဇော်က လုံးဝခွင့်မပြုပါဘူး ၊ အဲ့ဒါက ကိုယ်တွေ့ မျက်မြင်ပါ
ပုဂံမှာ ခွင့်မပြုတော့တဲ့အပြင် တစ်နိုင်ငံလုံးက မြို့ကြီးတွေမှာ ခွင့်ပြုမိန့်ထက်ကျော်လွန်ဆောက်ပြီး အာရကေပေး ဒါဏ်ကြေးဆောင်ရုံနဲ့ လုပ်ချင်ရာလုပ်နေကြတဲ့ စစ်အာဏာရှင်အမွေဆိုး စနစ်ဆိုးကြီးကို ဒေါ်အောင်ဆန်းစုကြည်က စတင်တားဆီး ကြပ်မတ်ပါတော့တယ် ၊ ခွင့်ပြုမိန့်ထက်ကျော်လွန်ပြီး အထပ်ကျော် ဆောက်တာတွေကို လုံးဝခွင့်မပြုတော့ပါဘူး ၊ ဒါကြောင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းလောကကိုချုပ်ကိုင်ထားတဲ့ စစ်သူခိုးအဘအုပ်စုနဲ့ ကွန်ဒိုသူဌေး
သက်သက်ခိုင်တို့တွေက ယုန်လေးကို စပွန်စာပေးပြီး ငါတို့ပြည်ငါတို့မြေMTVနဲ့ အစိုးရကို ခြိမ်းခြောက်တော့တာပါပဲ ၊ သူဌေးတွေကိုမမုန်းပါနဲ့ သူတို့အနောက်မှာ အခြေခံလူတန်းစားများစွာ ထမင်းငတ်ကုန်ပါပြီဆိုတဲ့သီချင်းစာသားနဲ့ အစိုးရနဲ့ ဆောက်လုပ်ရေးအခြေခံလုပ်သားတွေအကြား ရန်တိုက်ပေးခဲ့ပါသေးတယ် ၊ လူ့အသက်ပေါင်းများစွာကိုရင်းခိုင်းပြီး စီးပွားရှာခဲ့ကြတဲ့ စစ်သူခိုးအုပ်စုနဲ့ သက်သက်ခိုင်တို့တွေက ငလျင်ဖြစ်တော့မှ ရေသန့်ဗူးတစ်ကဒ်စီလောက်လိုက်လှူပြပြီး ကယ်တင်ရှင်လုပ်ပြနေကြတာတွေကလည်း ဘုရားဟောအကြောင်းအကျိုးသစ္စာအတိုင်းသရုပ်ခွဲကြည့်တက်ရင် အော့နှလုံးနာစရာတွေပါပဲ
အကျင့်ပျက်လူယုတ်မာတွေနဲ့ သူတို့ရဲ့စနစ်ဆိုးကြောင့် မသေသင့်သူများစွာသေရကြေရ ၊ အဲ့ဒီလိုသေရကြေရသူ ဘောမငပိန်းတစ်ချို့နဲ့ လူပိန်းတစ်ချို့ကလည်း အကျင့်ပျက်လူယုတ်မာတွေက ရေသန့်တစ်ကဒ်လောက်လာလှူရင် ကျေးဇူးတင်သာဓုခေါ်ကြ ၊ ဒီလိုနဲ့ အကျင့်ပျက်စနစ်ကြီးက သံသရာတစ်ပါတ်လည်အားကောင်းလွှမ်းခြုံလာပြီး ဒီစနစ် ပဋိစ္စသမုပ္ဒါဒ်ထဲ ပြန်ပိတ်မိကုန်ကြဦးမလားမသိ
ဒီလိုအဆိုးကျော့ အကျင့်ပျက်
သံသရာစက်ဝန်းကို တော်လှန်ဖောက်ထွက်ရုံမှတစ်ပါးအခြားလမ်းမရှိ ၊ တော်လှန်ပေးနေသူအပေါင်းကိုလည်း ကျေးဇူးတင်ဦးညွတ်ရပါတယ် ။
…ငလျင်ဒဏ် ခံခဲ့ရသော နန်းမတော် မယ်နုအုတ်ကျောင်း အကြောင်း ငလျင် မလှုက်မွကာလများက ၄ြန်မာနှင့် ကမ္ဘာလှည့်ခရီးသည်များကို ပြောပြနေသောဒေသခံတစ်ဦး
