City of the Future :Singapore -Full Episode / National Geographic With visionary thinkers and innovators as the guides, City of the Future: Singapore dives deep into the latest innovations and technology being created and implemented to blaze a path into the
မောင်ကြုံတိုင်း၏ ဘဝအထွေထွေ
နိုင်ငံ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး
ဘယ်လိုလုပ်ကြမလဲ
ကြည့်သောသူမြင်၏
ကြည့်တတ်သောသူ သိ၏
ကမ္ဘာရွာကြီးထဲမှာ ရှိနေကြတဲ့ နိုင်ငံတွေအများအပြားက
နိုင်ငံတွေ အချင်းချင်း
ကူးလူးဆက်ဆံပေါင်းသင်း နေကြပြီး
နိုင်ငံတွေ အတူလက်တွဲ ကာ ဆောင်ရွက်နေကြရာတွင်
ကိုယ့်နိုင်ငံတိုးတက်ရေး ကို အစဉ်အမြဲလုပ်ဆောင်လာနေခဲ့တဲ့
စင်ကာပူနိုင်ငံ ငယ်လေး က နှစ်ပေါင်း ၆၀ အတွင်းမှာ
ကမ္ဘာပေါ်နဲ့ အာရှမှာ ချမ်းသာတဲ့နိုင်ငံ ဖြစ်သွားပြီး၊
ဘယ်လို ဘာကြောင့် တိုးတက်သွားတာလဲ ။
စင်ကာပူနိုင်ငံကို ယနေ့ သည်အခြေအနေထိရောက်အောင်
ပထမဆုံးပြုစုပျိုးထောင်ပေးသွား ခဲ့သူ
နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်သူ
ပညာတတ်လူတော် နိုင်ငံခေါင်းဆောင်ကြီး
ဝန်ကြီးချုပ် လီကွမ်းယူ၏ကျေးဇူးကြောင့်
နိုင်ငံက ကမ္ဘာပေါမှာ တိုးတက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ ပါတယ်.
ယနေ့မှာစင်ကာပူဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငဲဖြစ်နေပြီ ။
ကမ္ဘာမှာ တိုးတက်လာနေ ပြီးဖြစ်ခဲ့ တဲ့ သူတို့ နိုင်ငံတွေမှာ
ကိုယ့် နိုင်ငံကို
ယခုထက် ပိုမိုတိုးတက် ဖွံ့ဖြိုး အောင် ဆက်လက် အုပ်ချုပ်ဘို့
ပညာတတ် လူတော် လူကြီးတွေက
ပညာတတ် လူငယ်လူလတ် မျိုးဆက်သစ်ခေါင်းဆောင်တွေကို
ဘယ်လို လက်ဆင့်ကမ်း လွဲပြောင်းပေးသွားနေခဲ့ ကြသလဲ
ကမ္ဘာရွာကြီးထဲက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွေ
လုပ်ဆောင်နေကြတဲ့
ခေတ်မီနိုင်ငံတွေရဲ့ သမိုင်းသင်ခန်းစာတွေကို
ဖွံ့ဖြိုးဘို့အရှိန်ယူနေကြတဲ့ နိုင်ငံငယ် တွေက
နမူနာ သမိုင်း သင်ခန်းစာတွေ ယူတတ်ကြရင် ရနိုင် မယ်
ယူဆမိပါတယ်
သမိုင်းသင်ခန်းစာဆွေ မယူတတ်ရင်
မိမိတို့နိုင်ငံ ဆက် လက် ညံ့နေ ပါအုံးမယ်။
သမိုင်းပညာရှင်ဆရာကြီးဒေါက်တာ သန်းထွန်း၏
အဆိုစကားအရ
သမိုင်းစိတ်မဝင်စားသူတွေ ဖြစ်တဲ့ ‘ အ” နေကြသူတွေ
အများစု နေကြတဲ့
ညံ့တဲ့ နိုင်ငံဆကိဖြစ်နေဘို့များမယ် ယူဆမိပါတယ်.
၁၉၄၈ မှာ
အင်္ဂလိပ်ကိုလိုနီတွေလက်အောက်မှ မြန်မာပြည် လွတ်လပ်ရေးကို
အရယူနိုင်ခဲ့တဲ့အမိမြန်မာနိုင်ငဲရဲ့သက်တမ်းဟာ
ယနေ့မှာ နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပါပြီ ။
ယခုအခါ ဘဝ နေဝင်ချိန် ၇၆ အရွယ် အဖိုးငယ် တစ်ယောက်
အဘို့
ဘဝမှာ ခေတ်တွေမျိုးစုံကို ဖြတ်သန်းလာခဲ့ရဘူးခဲ့ ပါတယ်။
၁၉၄၈ မြန်မာပြည် လွတ် လပ် ရေးရပြီး နောက်
စတင်ခဲ့တဲ့ ပထမဆုံးသောပါလီမန်ဒီမိုကရေစီခေတ် မှာ
ပြည်နယ်ပြည်မနေ တစ် နိုင်ငံလုံးပြည်သူတွေ
လွတ်လပ်ရေးရပြီးစမှာ လူမှုဘဝတွေ လွတ်လပ်နေကြချိန်
နိုင့်ဖွံ့ဖြိုးရေးတွေအားယူ အရှန်ရ အား ကောင်း နေချိန်
လွတ််လပ်ရေးရပြီး ၁၆ နှစ်အကြာ၁၉၆၂ မှာ
ရုတ်သိမ်း အဖျက်ခံခဲ့ ကြရ ပြီး နောက်ပိုင်း တစ်လျောက် မှာ
ယနေ့ထိတိုင်
နိုင်ငံ ၏ ဘဝ တွေ တိုးတက်မှုတွေ ဘာတွေဖြစ်လာနေခဲ့သလဲ ။
ယနေ့မှာ မြန်မာပြည်သူ အများစုတွေရဲ့ ဘဝတွေ
ဘယ်လို အခြေအနေတွေ
ရောက်လာ နေ ခဲ့ကြပြီလဲ ။
မိမိ နိုင်ငံတိုးတက် လိုကြသူ နိုင်ငံနေ အများစုသော
ပြည်သူတွေ အဖို့
ကမ္ဘာ ပေါ်မှာ အရှိန်အဟုန်နဲ့
တိုးတက်စည်ပင်သာယာဝပြောနေကြတဲ့
ကမ္ဘာရွာကြီးထဲက သူများ နိုင်ငံတွေနဲ့ အိမ်နီးပါးချင်းနိုင်ငံတွေအားလုံးကို
အဝေးက နေ နောက်တန်းကနေ ငေးမောကြည့်ပြီးသာ လျှင်
ဘယ်လောက်ကြာကြာ ဆက်လက် ရင်မောနေကြရအုံးမယ်မသိ၊
စင်ကာပူက ပညာတတ် ခေါင်းဆောင်ကြီး တွေက လူငယ်တွေအတွက် ပျိုးထောင်နေတဲ့နိုင်ငံဟု ဝန်ကြီးချုပ်ဟောင်း လီရှန်လုံကေပြာသွားခဲ့တယ်
အမိမြေ မိခင် နိုင်ငံက တော့ ငါနဲ့မတူငါ့ရန်သူ အဖြစ် အနာဂတ် မျိုးဆက်သစ် လူငယ်တွေရဲ့ အားကို ဖြိုခွင်းနေတဲ့နိုင်ငံလို့
ပြောရမလို။
ဘယ် လို လုပ်ကြမလဲ
အေးမြင့်( ညောင်တုန်း)
4 May 2025
ဆက်စပ် ရည်ညွှန်းစာ
Kyaw Swa Min Facebook post ( 15 May 2024 )
ကူးယူဖေါ်ပြပါတယ်
အာရှ မှာ ပညာတတ် လူ တော် ခေါင်းဆောင် ကြီး တွေအုပ်ချုပ်လာခဲ့တဲ့ စင်ကာပူ နိုင်ငံအုပ်ချုပ်ပုံ စနစ် ၊ပေါ်လစီနဲ့
စင်ကာပူနိုင်ငံ တိုးတက်လာခဲ့ ပုံ ( အချုပ် ) သမိုင်းထဲကသင်ခန်းစာများ

စင်္ကာပူမှာ အနှစ် ၂၀ ကျော် အုပ်ချုပ်ခဲ့တဲ့ဝန်ကြီးချုပ် လီရှန်လွန်း ဒီနေ့ ( ၂၀၂၄ ) မေလ ၁၅ ရက်နေ့မှာ အနားယူလိုက်ပါတယ်။
စင်္ကာပူ တည်ထောင်ခဲ့တဲ့ လီကွမ်ယူ ရဲ့ မျိုးဆက်တခုလုံး နိုင်ငံရေးကနေ အနားယူသွားခဲ့ခြင်းဖြစ်ပါတယ်။ ဘယ်သူမှ ဆင်းပေးဖို့တောင်းဆိုတာလည်းမရှိပါဘူး။
လီရှောင်လွန်း ဟာ အသက် ၇၀ မှာ အနားယူမယ်လို့ သူ့ဟာသူ plan ဆွဲခဲ့တယ်။ ကိုဗစ် မတိုင်ခင် အာဏာလွှဲဖို့စီစဉ်ခဲ့တာပါ၊ ကိုဗစ်ကြောင့်အာဏာအလွှဲအပြောင်း ယာယီ ရွှေ့ဆိုင်းခဲ့ပေမယ့် အခုတော့ အနားယူသွားပါပြီ။ သူ အာဏာစွန့်လွှတ်တာကိုပဲ ဝမ်းသာအားရ စင်္ကာပူဟာ generation 4.0 ကို တက်လှမ်းသွားပြီ လို့ ကြွေးကြော်ပါတယ်။
စင် ကာပူဟာ လောရင့်ဝေါင်း ဆိုတဲ့ ဒုတိယဝန်ကြီးချုပ် ကို ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်တာပါ။ လော့ရင့်ဝေါင်းကို နှစ်ပေါင်းများစွာ ဝန်ကြီးချုပ်တယောက်ဖြစ်လာဖို့ သေချာ လက်ထပ်သင်ကြားပေးခဲ့ပါတယ်။
လီရှောင်လွန်း အုပ်ချုပ်ခဲ့တဲ့ အနှစ် ၂၀ အတွင်းစင်္ကာပူဟာ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ ဖြစ်လာပါတယ်။ လူတယောက်ဟာ ပျမ်းမျှ တနှစ် စင်္ကာပူ ဒေါ်လာ ၈၈၀၀၀ ကျော် ဝင်ငွေရှိလာတယ်။ စင်္ကာပူဟာ ကမ္ဘာ့ကုန်သွယ်ရေးဇုံ၊ ကမ္ဘာ့ငွေကြေးတွေ ဖလှယ်တဲ့နိုင်ငံဖြစ်လာတယ်။ တနှစ်ကို GDP ၇% ပုံမှန်တိုးတက်လာပါတယ်။
စင်္ကာပူဟာ စက်မှုကုန်ထုတ်နိုင်ငံကနေ ကမ္ဘာ့ကုန်သွယ်ရေးအချက်ချာနိုင်ငံ၊ နာနိုနည်းပညာ၊ ဆေးဝါးသုတေသန၊ ဘဏ်ငွေကြေးဆိုင်ရာ ဗဟိုဌာနချုပ် အဖြစ် ပြုပြင်ပြောင်းလဲခဲ့ပြီး အခု AI ခေတ်နဲ့ အညီ နောက်တဆင့်တက်လှမ်းဖို့ ပြင်ဆင်ပြီးဖြစ်
တယ်။
စင်္ကာပူဟာ နောင် အနှစ် ၂၀ ကနေ အနှစ် ငါးဆယ် အတွင်းမှာ ကုန်သွယ်ရေး၊ စက်မှုဇုံ၊ အိမ်ခြံမြေ၊ လမ်းပမ်းဆက်သွယ်ရေး၊ ကျမ်းမာရေး၊ပညာရေး ကို ဘာတွေ အကောင်အထည်ဖေါ်မယ်ဆိုတာ ငွေကြေးရော လူ့အရင်းအမြစ်ပါ အကုန်ပြင်ဆင်ထားပါတယ်။
စင်္ကာပူဟာ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီလိုက်နိုင်ဖို့ အသက် ၄၀ အထက်လူတယောက်ကို ဒေါ်လာ ၄၀၀၀ ပေးမယ်လို့ ဝန်ကြီးချုပ်အသစ်က ကြေညာပါတယ်။ ဒီပေးတဲ့ငွေကို သုံးပြီး ပြောင်းလဲလာတဲ့ခေတ်နဲ့ညီတဲ့ လိုက်မှီဖို့ သင်တန်းတွေ သင်ကြားမှုတွေအတွက် အကုန်ခံဖို့လို့ဆိုပါတယ်။
ကမ္ဘာ့ပြောင်းလဲမှုဖြစ်စဉ် သိပ်မြန်နေတာကြောင့် မျိုးဆက်ဟောင်းတွေ ခေတ်နဲ့အညီ အမှီလိုက်နိုင်ဖို့ ငွေကုန်ကြေးကျခံတာဖြစ်ပါတယ်။ အင်တာဗျူးတခုမှာ ဝန်ကြီးချုပ်ဟာ အနားယူပြီးရင် သူစိတ်ဝင်စားတဲ့ သင်တန်းတွေတက်ပြီး သူ့ဘဝ ကို တခြားအလုပ်တွေလုပ်ပြီးအချိန်ကုန်ဖို့လည်းရည်မှန်းထားတယ်လို့ ဟာသစွက်ပြီး ပြောသွားခဲ့တယ်။
စင်္ကာပူရဲ့ မျိုးဆက်ဟောင်းတွေဟာ သူတို့ရဲ့ မျိုးဆက်သစ်ကို ပခုံးထမ်းတင်ပေးခဲ့တယ်။ ပထမဆုံး လီကွမ်းယူ ရဲ့ မျိုးဆက်ဟာ ဆင်းရဲတဲ့ တံငါရွာဘဝကနေ နိုင်ငံတခုဖြစ်လာအောင်
တည်ဆောက်ခဲ့ကြတယ်။
တရုတ်၊ ကုလား၊ မလေး လူမျိုးစုံ ရဲ့ ဘာသာ၊ အယူဝါဒ၊ လူမျိုးရေးတွေကို နောက်တန်းပို့နိုင်ပြီး လူမျိုးတရာ နိုင်ငံတခု အမှတ်သရုပ် ကိုတည်ဆောက်နိုင်ခဲ့ကြတယ်။ အင်တာဗျူးမှာ လီရှောက်လွန်းက “မျိုးဆက်သစ်တွေ ကျွန်တော်တို့ထက်သာလွန်စေဖို့ ကျွန်တော်တို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့တယ်” လို့ ပြောခဲ့ပါတယ်။
စင်္ကာပူဟာ ဘယ်ဝန်ကြီးချုပ်တက်တက် သူ့ရဲ့ပေါ်လစီတွေ အပြောင်းအလဲရှိမှာ မဟုတ်ပါဘူး။ လီကွမ်ယူ၊ ဂိုချောက်တောင်၊ လီရှောင်လွန်း တို့က သက်သေပြခဲ့ပါတယ်။
စင်္ကာပူနိုင်ငံသားတွေကြား လူမျိုးရေး၊ ဘာသာရေး ပြဿနာ မရှိအောင် နေနိုင်ခဲ့တယ်။ တရုတ်၊ရုရှ၊ အိန္ဒိယ အပါအဝင်ဘကမ္ဘာ့နိုင်ငံကြီးတွေနဲ့ သဟဇာတကျအောင်နေတတ်ခဲ့တယ်။
အမေရိကန် နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးက ယုံကြည်စိတ်ချပြီး နှစ်နိုင်ငံဆွေးနွေးပွဲကို စင်္ကာပူနိုင်ငံမှာ ကျင်းပနိုင်ခဲ့တယ်။ ဒေသတွင်း ဩဇာရှိတဲ့ စီးပွါးရေး စူပါပါဝါ ရအောင်စွမ်းဆောင်နိုင်ခဲ့တယ်။ သူ့လူမျိုးတွေ မလုပ်နိုင်တဲ့အလုပ်တွေမှာ ကမ္ဘာ့လူမျိုးစုံကို မက်လုံးပေးခေါ်ယူ မွေးစားပြီး ခိုင်းနိုင်ခဲ့တယ်။
လီရှောင်လွန်းက မေလတရက်နေ့ အလုပ်သမားနေ့မှာ ကျွန်တော် လူငယ်ဘဝကစပြီး မိသားစုရေး၊ စီးပွါးရေး ဘာမှ မလုပ်ခဲ့ပဲ ဝန်ကြီးချုပ်သက်တမ်းအပါအဝင် အနှစ် ၄၀ တိတိ နိုင်ငံ့ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။
ကျွန်တော်တို့နိုင်ငံသားတွေ အားလုံးပေါင်းလုပ်ရင် ဘာတွေစွမ်းဆောင်နိုင်ပါတယ်ဆိုတာ ပြသပြီးဖြစ်ပါတယ်။
ခင်ဗျားတို့ နဲ့ထိုက်တန်ပြီး ယုံကြည်စိတ်ချနိုင်တဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေကိုလည်း တာဝန်လွှဲပေးခဲ့ပါပြီ။ ကျွန်တော် ဝန်ကြီးချုပ်အသစ်ကို လွှဲပေးလိုက်ရတာကို အလွန်ကျေနပ်တယ်၊ တာဝန်တခုပြီးမြောက်သွားပြီလို့ ခံစားရတယ်၊
ကျွန်တော့်ဘဝကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်မိတာကို ဂုဏ်ယူမိပါတယ်။ နိုင်ငံကို ဦးဆောင်တာ တဦးကောင်းတယောက်ကောင်းမရပါဘူး၊ အမျိုးသားတစုလုံး လုပ်ဆောင်ခဲ့ရတာပါ။ နိုင်ငံဟာ လမ်းကြောင်းမှန်ပေါ်ရပ်တည်နိုင်ခဲ့သလို လူထုက ယုံကြည်စွာ ထောက်ခံ လိုက်ပါခဲ့လို့ ဒီနေရာကိုရောက်လာနိုင်တာပါ လို့ ပြောသွားခဲ့ပါတယ်။

စင်္ကာပူဟာ လမ်းပြမြေပုံကောင်းကောင်း နဲ့ ချီတက်နေတဲ့နိုင်ငံဖြစ်တယ်။ အခက်အခဲတွေကို အလွယ်တကူကျော်လွှားခဲ့တယ်။ ဓနအင်အားတောင့်တင်းပြီး ခေါင်းဆောင်မျိုးဆက်သစ်ကို ကောင်းကောင်းမွေးထုတ်နိုင်ခဲ့တယ်။ လူငယ်တွေအတွက်စဉ်းစားလုပ်နေတဲ့နိုင်ငံဖြစ်တယ်။
ကျွန်တော်တို့ဟာ ဟိုးတုန်းက စင်္ကာပူက မြန်မာကို အတုခိုးခဲ့ရတယ် ဆိုတဲ့ မစားရဝခမန်း စကားနဲ့ မှောင်ထဲမှာ ယပ်ခပ်ပြောနေဆဲဆိုရင် ကမ္ဘာက ခိုးခိုးခစ်ခစ် ရယ်နေမယ်။
စင်္ကာပူ က ဟိုးရှေ့ကသုတ်သွားတာ လိုက်မှိဖို့မပြောနဲ့၊ ဘယ်ကို ချီတက်သွားလဲဆိုတာ မြင်တောင် မမြင်ရတော့ဘူး။ ဆင်းသွားသူ ဝန်ကြီးချုပ်ဟောင်းကတော့ သူ့နိုင်ငံကို တာဘို နဲ့ မောင်းပြပြီး ဆင်းသွားပြီ။ နောက်ဆံလည်းမတင်းဘူး၊

ငါမရှိလို့ မဖြစ်ဘူးလို့လည်း မတွက်ဘူး။ သာသာယာယာပါပဲ။ ၅၂ နှစ်သား ဝန်ချုပ်သစ်က သူ့နိုင်ငံကို ဘာ အင်ဂျင်နဲ့ဆက်မောင်းမလဲမသိဘူး။ EV လား ဟိုက်ဒရိုဂျင်လား ဆက်ကြည့်ရမှာပဲ။ မီးပျက်နေပေမယ့် အားကျမိပါရဲ့။
How Singapore solved its looming water crisis In Singapore, water supply impacted wars, the economy and people’s health. Now, one of the most water-stressed countries is teaching the world how to handle water when there is hardly any.
PlanetA #Singapore #WaterCrisis
We’re destroying our environment at an alarming rate. But it doesn’t need to be this way. Our new channel Planet A explores the shift towards an eco-friendly world — and challenges our ideas about what dealing with climate change means. We look at the big and the small: What we can do and how the system needs to change. Every Friday we’ll take a truly global look at how to get us out of this mess.
Follow Planet A on TikTok: https://www.tiktok.com/@dw_plane…
Credits:
Reporter: Tim Schauenberg
Supervising Editor: Michael Trobridge
Video Editor: David Jacobi
Fact-Check: Alexander Paquet
Thumbnail: Em Chabridon
Read more:
United Nations Water, report on Singapore’s strategy:
https://www.unwater.org/sites/de…
Isocarp Institute, Singapore’s Water History:
https://www.isocarp-institute.or…
International Water Association Fact sheet on Singapore:
https://iwa-network.org/city/sin…
Chapters:
00:00 Intro
00:35 The challenge
01:56 History
03:32 Step 1: Imported Water
04:57 Step 2: Desalination
06:09 Step 3: Local Catchment
07:18 Step 4: NEWater
09:22 Policy and Education
10:14 Con
Why is Singapore Building Giant Concrete Boxes in the Ocean
Singapore is engineering one of the most ambitious megaprojects in the world—the Tuas Mega Port. At the heart of this groundbreaking development are giant concrete boxes, known as caissons, each standing 30 meters high and weighing 13,000 tons.
In this video, we dive into the fascinating story behind these engineering marvels. From their role in reshaping Singapore’s coastline to their massive economic and environmental impact, discover how these caissons are laying the foundation—literally and figuratively—for the future of global trade.
Singapore ‘s New Metro Line is Construction @uamyint Hell
This is a big project on a small island.
Skip the waitlist and invest in blue-chip art for the very first time by signing up for Masterworks – https://www.masterworks.art/theb1m
This video contains paid promotion for Masterworks. Purchase shares in great masterpieces from artists like Pablo Picasso, Banksy, Andy Warhol, and more. See important Masterworks disclosures – https://www.masterworks.com/cd
Full story here – https://www.theb1m.com/video/why…
Additional footage and images courtesy of Land Transport Authority, CNA, MEDIACORP HD5, The Straits Times.
Research sources:
https://www.cnbc.com/2024/03/20/…
https://www.citypopulation.de/en…
https://www.todayonline.com/sing…
https://www.straitstimes.com/sin…
https://www.straitstimes.com/sin…
For more by The B1M subscribe now – https://bit.ly/the-b1m
We’re raising awareness of construction’s mental health crisis through our Get Construction Talking initia
မြန်မာနယ်စပ်နားမှာ ဖေါက်လုပ် ဖို့တာစူ နေတဲ့ ခရာ တူးမြောင်း ကြီး သာ ပြီး သွားခဲ့ရင် စင်ကာပူ ဘာဖြစ်မလဲ။ ထိုင်းနိုင်ငံမှာဖောက်လုပ်ဖို့တာစူနေတဲ့ခရာတူးမြောင်းကြီးပြီးသွားခဲ့ရင် ရေလမ်းကြောင်းကုန်သွယ်ရေးနဲ့ချမ်းသာလာတဲ့စင်ကာပူအတွက်တော့အိပ်မက်ဆိုးတစ်ဖြစ်လာမှာဖြစ်ပါတယ်
မြန်မာနဲ့အနီးမှာထိုင်းတွေဖောက်မယ့်(၂၈)ဘီလီယံတန်တူးမြောင်း
