ဖတ်စရာ မှတ်စရာ
ဆည်မြောင်းရေးရာ
စာပဒေသာ
ကန်ထဲကရေ၊ သဲထဲကရေ
ရေများပြီး
ရေရှားနေတတ်တဲ့
အမိမြန်မာပြည်အတွက်
နိိုင်ငံတော်ပြည်အရေး
ရေအရေး
ရေရေးရာ
ရေကိစ္စတွေအတွက်
ပြည်တွင်းပြည်ပ မှ
မြန်မာ ရေအရင်းအမြစ် ပညာရှင် ကြီးများနှင့်
ဝါရင့် ဆည်မြောင်းအင်ဂျင်နီယာကြီးများက
ဝိုင်းဝန်းပြီး နည်းပညာပေးရေးသားထားတဲ့
ပရဟိတ ပညာပး စာ အု ပ် ပါ
ကန်ထဲကရေ၊ သဲထဲကရေ
မြန်မာ ပြည်သူအများ
ငွေကြေးသက်သက်သာသာနှင့်
အလွယ်တကူဆောင်ရွက်နိုင်ကြမည့် နည်းစနစ်များပါဝင်သည့်
နည်းပညာပေး လက်စွဲစာအုပ်
ကန်ထဲကရေ၊ သဲထဲကရေ
သတင်းသမားမိတ်ဆွေကြီး
ကိုသားကြီးဇေယျရဲ့အမြင်
ကူးယူဖေါ်ပြလိုက်ပါတယ်
အေးမြင့် ( ညောင်တုန်း )
၁၈/၁/၂၀၂၄
ကန်ထဲ့ကရေ သဲထဲကရေ
ရေများပြီး ရေရှားနေတဲ့ မြန်မာနိုင်ငံရဲ့ ဒုက္ခကို အလွယ်တကူ ဘယ်လိုကျော်လွှား
ရမလဲ ဆိုတာ ပြောပြထားတဲ့စာအုပ်ပါ။
ဒီစာအုပ်မှာ ရေရရှိရေးပညာရှင်များရဲ့ အတွေ့အကြုံနဲ့ အကြံပြုချက်ဆောင်းပါးတွေပါဝင်ပါတယ်။
ရိုးရှင်းပြီး အကုန်အကျနည်းတဲ့ နည်းလမ်းတွေကို ရုပ်ပုံတွေနဲ့တကွရှင်းပြ ထားပါတယ်။
ဆောင်းပါးတွေထဲမှာ တော့
ကန်ထဲကရေကို ရေငွေ့ပျံပြီး ရေဆုံးရှုံးမှုနည်းသည်ထက်နည်းအောင် ဘယ်လို
လုပ်မလဲ။
သဲထဲကရေကို အသုံးပြုနိုင်ဖို့ သဲချောင်းရေတမံအငယ်စားတွေ ဘယ်လို တည်ဆောက်မလဲ။
စတဲနည်းလမ်းတွေပါဝင်ပါတယ်။
DVB ရုပ်သံမှာ ထုတ်လွှင့်ခဲ့တဲ့
ကျွန်တော်ရဲ့ “ရွာလိုက်ပါမိုး” ရုပ်သံမှတ်တမ်းအတွက် ကူညီပေးခဲ့တဲ့ ဆရာဦးအေးမြင့် (ညောင်တုန်း)က ခုလိုပြည့်စုံတဲ့ စာအုပ်ကြီးတအုပ် ပြုစုဖန်တည်း ကာ
ကျွန်တော့်ထံ အရောက်ပို့လိုက်တဲ့အတွက် အထူးအားရဝမ်းသာကျေနပ်မိပါတယ်။
ဆရာတို့နဲ့အတူ ကောင်းမှုကုသိုလ် အတူတကွ ပြုလုပ်နိုင်ခဲ့တဲ့အတွက် ယနေ့တိုင် ကြည်နူးပီတိဖြစ်နေရပါတယ်။
အခါအခွင့်သင့်လို့ မိမိရပ်ရွာ ပြန်လည်ထူထောင်ရေးကို စိတ်ဝင်စားသူများ ဒီစာအုပ်ကို မှာလိုလျှင်
ပါရမီစာပေ
09783953246 ဆက်သွယ်ပါ။
တန်ဖိုး ၁၅၀၀၀ ကျပ်ဖြစ်ပါတယ်။
