ပုဂံခေတ်ကနေ ကုန်းဘောင်ခတ် အထိ တည်၇ှိခဲ့တဲ့ ရန်ကုန် မြို့ သမိုင်း https://youtu.be/gfdrbj5JKqM?si=F38jXD85RoupmV8L
ရဣ်ကုန် မြို့ ဖြစ်ပါ် ခါတဲ့ သမိုင်းကြောင်း ကို ခေ့လာ ကြည့်ရအောင်။ https://youtu.be/nKMdPft5Evc?si=CXB-6Juapi0FZPus
အင်္ဂလိပ် လက်အောက် ကိုလိုနီ ခေတ်က ရန်ကုန် မြို့ တည် ခဲံပုံ https://youtu.be/hKVlow_F5Y8?si=HB4-Q7sGh1oA3__R။ ဒီတစ်ပတ် “ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ရန်ကုန်” ကနေ အင်္ဂလိပ်လက်အောက်ကို ကျရောက်ခဲ့စဉ်က ရန်ကုန်မြို့ကို အင်္ဂလိပ်တွေ ပြန်လည်တည်ဆောက်ခဲ့ပုံကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်လက်ရာအဆောက်အဦကြီးတချို့ကို ဒီနေ့ခေတ် ရန်ကုန်မှာ အခုထိတိုင် တွေ့ရှိနိုင်ပါသေးတယ်။ ရန်ကုန်မြို့ရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတယ်ဆိုရင် ယခင်တစ်ပတ်က အပိုင်း (၁) အဖြစ် ဖော်ပြခဲ့တဲ့ “ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိ တည်ရှိခဲ့တဲ့ ရန်ကုန်မြို့သမိုင်း”ကိုလည်း Playlist ထဲမှာ ကြည့်ရှုနိုင်ပါတယ်။
ရန်ကုန်မြို့ရဲ့ နှစ် ၁၀၀ ကျော် သက်တမ်းရှိတဲ့ တရုတ်နနိးတော်ကြီး https://youtu.be/ciM88T77cIo?si=YGGmc2CeezJl00HP
ကိုလိုနီခေတ် ပို့စ်ကဒ် တွေမှာပါတဲ့ လူမှုူလေ့လများ Myanmar Posrcards Epi 3 Aung Soe Min
အင်္ဂလိပ်လက်အောက် ကိုလိုနီ ခေတ်က ရန်ကုန်မြို့တည်ခဲ့ပုံ
Rangoon မြို့ထဲက လမ်းနာမည် တွေအကြောင်း။ https://youtu.be/GXo3j6Irg3g?si=PEsnMwlAyzmonne8
British advance on Mandalay ( 1945 ). https://youtu.be/-KYq3E7_Ckw?si=q3pl_3nyST6agwJz
These are happened in Burma from 1958 to 1962.
၁၉၅၈ မှ ၁၉၆၂ ခုအတွင်း မြန်မာပြည် ချောက်ထဲကျရန် လက်နှစ်လုံးအလို ကာလများမှ အဖြစ်အပျက်တချို့
Rangoon 1930 Arthur and Kate Tode travel to British Colonial period Myanmar, then know as Burma, in this reel visiting the capital city, then known as Rangoon.
Japanese troops and tanks advance to Mandalay,Burma ,during World War ll .HD Stock Footage . CriticalPast is an archive of historic footage. The vintage footage in this video has been uploaded for research purposes, and is presented in unedited form. Some viewers may find some scenes or audio in this archival material to be unsettling or distressing. CriticalPast makes this media available for researchers and documentarians, and does not endorse or condone any behavior or message, implied or explicit, that is seen or heard in this video.
Link to order this clip:
http://www.criticalpast.com/vide…
Historic Stock Footage Archival and Vintage Video Clips in HD.
Japanese troops and tanks advance to Mandalay, Burma, during World War II.
Japanese troops walking along the “Road to Mandalay” in World War 2. A road sign shows 104 miles North to Mandalay and 326 miles South to Rangoon.Cattle in a field. Road clogged with Japanese troops, some leading or riding horses. Several soldiers on bicycles.Trucks line the side of road. An official proclamation posted in Japanese and Burmese.Roadside lined with Burmese people, some carrying parasols. They offer water to passing troops and for their animals. Japanese troops drinking from their newly filled canteens. Japanese soldiers interrogate a wounded British soldier sitting on the ground. Japanese infantry files past a line of Japanese tanks. They pass another road sign pointing 82 miles to Mandalay, 348 miles to Rangoon, and 6 miles to Hanza. Japanese troops struggle to move a truck over a by-pass around a bridge destroyed by the British. Japanese officers surveying the situation. A photographer takes pictures of Japanese tanks coming over a steep hill. Japanese gun crew secures a field artillery piece in place, with rope and stakes. They then load and fire it. Rounds exploding in the distance.Tanks and other military vehicles are parked clear of the artillery, as if waiting to proceed, after the bombardment. Truck pulling a large artillery piece and infantry pulling small artillery pieces, advance alongside parked tanks. Some of the infantrymen carry Japanese flags. Japanese tanks rolling into outskirts of Mandalay, near railroad yard, past trashed military equipment. Location: Burma. Date: May 2, 1942.
Visit us at http://www.CriticalPast.com:
57,000+ broadcast-quality historic clips for immediate download.
Fully digitized and searchable, the CriticalPast collection is one of the largest archival footage collections in the world. All clips are licensed royalty-free, worldwide, in perpetuity. CriticalPast offers immediate downloads of full-resolution HD and SD masters and full-resolution time-coded screeners, 24 hours a day, to serve the needs of broadcast news, TV, film, and publishing professionals worldwide. Still photo images extracted from the vintage footage are also available for immediate download. CriticalPast is your source for imagery of worldwide events, people, and B-roll spanning the 20th century.
Japanese troops and tanks advance
History Of British Rule in Myanmar ဘုရင်များခေတ်မှ ကိုလိုနီခေတ်အထိ မြန်မာ့အကြောင်း
မောင်ကြုံတိုင်း၏ ဘဝအထွေထွေ
မြန်မာ့ သမိုင်းထဲက သင်ခန်းစာတွေယူကြစို့
Old Burma ရှေးရှေးတုန်းက ဗမာပြည်
ဘုရင်များခေတ်မှ အးင်္လိပ် ကိုလိုနီခေတ်အထီ
မြန်မာ့သမိုင်းကြောင်းထဲက
အင်္ဂလိပ်ကိုလို နီခေတ် လို
ယနေ့ ယနေ့ ပြန် မဖြစ်စေလို
ယနေ့မြန်မာလူမျိုး တွေ
In 1957 Burma has just got rid of colonial rule. Its name was changed to Myanmar after its indeendance in 1948. An American educational film
See my other 1150 clips by searching YouTube with ‘michael rogge playlists’.
Website ‘Man and the Unknown’ https://michaelrogge.com/Homepage/ Peaceful Old Burma 60 years ago
ခေတ်အဆက်ဆက်က ကောင်းခဲ့ ဆိုးခဲ့တဲ့ မြန်မာ့သမိုင်းထဲက
သင်ခန်းစာ အကောင်း အဆိုး
တွေကို ကြည့်တတ် မြင်တတ် သိကြ ပြီး
မိမိနိုင့်အတွက် သင်ခန်းစာ တွေယူတတ်ကြဘို့လိုနေကြပါတယ်။
ရှေး ဘုရင် တွေ ခေတ် အဆက်ဆက် နောက်ဆုံး မင်းဆက်
ကုန်းလောင်မင်းဆက် လက်ထက်မှာ
ထိုခေတိက ကမ္ဘာတစ်ဝန်းနယ်ချဲ့နေတဲ့ အးင်္ဂလိပ် နယ်ချဲ့ တွေနဲ့
အးင်္လိပ်မြန်မာ စစ်ပွဲကြီး ၃ ကြိမ် ဖြစ်ခဲ့ပြီး နောက်
မြန်မာဘက်က
စစ်သည်အင်အား၊လူအင်အား၊လက်နက်အင်အားမမျှကြလို့
အင်္ဂလိပ်နယ်ချဲ့တွေကိုအ ရှုံး ပေးခဲ့ကြရပြီး
မြန်မာတစ်နိုင့်လုံုး
သူ့ကျွေန်ဘဝ အဂလိပ်လက် အောက်ရောက်သွားခဲ့ရပါတယ်.
နှစ်ပေါင်း၁၀၀ ကျော်ကြာခဲ့တယ်
သူတပါးနိုင်ငံရဲ့ လက်အောက်မှာ မနေလိုသူ
မျိုးချစ်စိတ် ထက်သန်သူမြန်မာ လူငယ် တွေရဲ့မခံချင်စိတ် တွေနဲ့
မြန်မာ တိုင်းရင်းသား ပြည်သူတွေနဲ့ပါ ပူးပေါင်းပြီး
အင်္ဂလိပ်တေေွကိုတွန်းလှန်ဖြိုခွင်းနိုင်ခဲ့ကြလို့
၁၉၄၈ မျာ မြန်မာ့လွတ်လပ်ရေးပြန်ရခဲ့တယ်.
မြန်မာပြည် လွတိလပ်ရေး ရပြိး နောက် မြန်မာနိုင်င့မှာ
ဖြစ်ခဲ့ပျက်ခဲ့တဲ့ အဖြစ်သနစ်တွေကို မြေလှန်မပြောလိုပါဘူး
အရေးတကြိး အဓိက ဖေါ် ထုတ် ပြောပြချင်တာက
မြန်မာနို်ငံဟာ နှစ်ပေါင်းထောင်ချီကြာတဲ့အထိ
ကိုယ့်မင်းကိုယ့် ချင်းနဲ့ ကိုယ့်မြေကိုယ့်ရေပေါ်မှာ
နိုင်င့နေ တျုင်းရင်းသား ပြည်သူတွေဟာ
ပျော် ပျေိာပါးပါးနေခါခဲ့ကြ ရာ က
၁၈၈၅ ၎ှာ နိုင်ငံဆုံးရှုံခဲ့ရပြီး သူတပါးနိုင့်လက်အောက်ကို
နှစ်ပေါင်း ၁၀၀ ကျော် နေခဲ့ကြရပါတယ်.
ယနေ့က ခေတ်တွေစနစ်တေွ ပြောင်းနေ ပြီ.
တက္ကမ္ဘာ လုံးမှာ စစ်ရေးအရ မဟုတ်တော်ဘဲ
စီးပွါးရေးအရ နဘ်ချဲ့နေကြတဲ့
ကမ္ဘာ့အင်အားအကြီး ဆု့ံနိုင်င့ကြိးတွေ
စိပွါးရှာနေကြ တဲ့ နိုင်င့ကြီးတွေကို တွေ့နေ မြင်နေရပြိ။
ပထဝနိုင်င့ရေးအရ စီးပွါးရေးနယ်ချဲ့ဘို့ တာစူနေကြပြိ ။
နယ့်ချဲ့လိုတဲ့နိုင်င့ စနစ်တွေက ကျန်၇ှိနေသေးတာ
နေ့စဉ် တွေ့နေ မြင်နေ သိနေရပါတယ်.
အထူးသဖြင့် အိမ်နီးပါးချင်းက အင်အားကြီးနိုင့်တွေက
အထူးသတိထားစရာ။
၂၉၄၈ မှာ မြန်မာပြည်လွတ်လပ်ရေး ရပြီး ခေတ်သမိုင်းအစမှာ
မြန်မာ့ပထမဆု့း ဝကြီးချုပ်ဖြစ်သူ ပညာတတ် လူ တော် ဦးနုရဲ့
ပါလီမန်ဒီမျိုကရေစီခေတ် အစိုးရလက်ထက်မှာ
အိမ်နီးချင်းနိုင့်တွေနဲ့အတူ ကမ္ဘာနိုင်င့ကြီးတွေ နဲ့ပါ
ပေါင်းဖေါ် မိတ် ဆွေဖွဲ့ပြီး နေနနိုင်ခဲ့တယ်.
အနားတ်မှာ နိုင့်တကာချစ်ကြည်ပေါင်းသင်းဆက်ဆံရေးတွေ
အတွက် အာရှရဲ့ ဘန် ဒေါင်းမူကြီးရေးဆွဲ့ခဲ့ရာမှာရှေ့တနမးက
ပါခဲ့ပြီး အာရှ ကမ္ဘာနိုင်ငံတွေ နဲ့အတူ
ပါဝင် လက်မှတ်ရေးထိုးခဲ့တယ်.
အီမ်နနး ပါးချင်းမိတ်ဆွေ တ၇ုတ်ကြီးနဲ့
ဆွေမျိုး ပေါက်ဖေါ် ခစျကြည်ရေးကို အရယူပြီး
ကိုယ့်နိုင်ငံကို ကိုယ်စွမ်းအစနဲ့ နိုင်င့တိုးတက်အောင်
ထူထောင်နေနိုင်ခဲ့တယ်
ယနေ့ခေတ်သစ်မှာ
မြန်နာနိုင်င့၏ အနာဂတ်အတွက်
စိုးရီမ်ပူးပန် စရာတွေ များစွာတွေ့နေ မြင်နေ သိနေရပါတယ်.
အမိနီးချင်း တရုတ် ကြီးရဲ့ မြစ်ဆုံစီမံကိန်း,, တရုတ် တ်ကြီးရဲ့ကျော်က် ဖြူ ရေနက်ဆိပ်ကမ်းလုပ်ငန်း နဲ့ ရေနံ ပိုက်လိုင်းကြီးတွေစတဲ့ မဟာစီမံကိန်းကြိးတေါဟာ
သာမန် စိးပွါး ရေးစိီမံကိန်းကြီး တွေမဟုတ်တာကို
မြန်မာပြည်သူ တွေ အများ လူအများ နားမလည်ကြ မသိကြဟု ယူဆ ၊ မှတ်ယူမိပါတယ်.
ယနေ့ ခေတ်ရဲ့ ပထဝီ နိုင်င့ရေး စီမံကိန်းကြီးတွေ ဖြစ်ကြတယ်.
အလွန်တရာ ရှုတ်ထွေးနက်နက်တဲ့ ပထဝီနိုင်င့ေ၇းတေါပါ။
နိုင်ငံ အနာဂတ် အ တွက် စိုးရိမ်စရာအကောင်းဆုံးက
၁၈၈၅ မှာ မြန်မာတစ်နိုင်ငလုံး အင်္ဂလိပ်နယ်ချဲ့ ကိုလိုနီ ဘဝရောက်သွားခဲ့ရဘူးသဘို
အနားတ်တစ်ချိန်မှာ
အိမ်နီးချင်းဆွေမျိုးပေါက်ဖေါ်ကြီးရဲ့ လက် အောက်ခံ
တရုတ် ကိုလိုနီနိုင်ငံ တစ်ပိုင်း မဖြစ်ပါစေနဲ့ဟု သာ
ဆန္ဒပြု ဆုတောင်းနေမိပါတယ်.
အေးမြင့် (ညောင်တုန်း)
29 May 2025
ရည် ညျွန်း
Youtube video ရုပ်/သံ
နိုင့်ထူထောင်ခဲ့ကြသော ရှေး ဘုရင်များခေတ် အဆက်ဆက်မှ
အင်္ဂလိပ် နယ် ချဲ့ ကိုလိုနီ ခေတ်အထီ
ခေတ်အဆက်ဆက် မြန်မာ့ သမိုင်း အကျဉ်း
သင်ခနိးစာများ
အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသတွင်းမှာ မှတ်တမ်းအကောင်းဆုံးလူမျိုး
ကမ္ဘာပေါ်က Civilizationထူထောင်ခဲ့တဲ့ လူမျိုးတိုင်းသည် မိမိတို့ရဲ့ ခေတ်အကြောင်း မှတ်တမ်း၊မှတ်ရာတွေရေးမှတ်ကြတယ်။ မြမ္မာနွယ်တွေကတော့ ကျောက်စာ၊ခေါင်းလောင်းစာ၊အုတ်ခွက်စာ….တို့လို ကမ္ဗည်းထိုးသည့်သဘော ရေးမှတ်တာရှိသလို ရာဇဝင်၊မော်ကွန်း၊စစ်တမ်း….တို့လို ရာဇဝင်၊သမိုင်းဆိုင်ရာ ရေးမှတ်တာမျိုးတွေလည်းရှိပါတယ်။ နိုင်ငံတော်အကြောင်း သန်းခေါင်စာရင်းစစ်တမ်းကောက်ခဲ့တာတွေလဲရှိပါတယ်။
ဒီမှတ်တမ်းတွေဟာ ၁၉ရာစုကုန်၊၂၀ရာစုတို့မှစ၍ ယနေ့ထိတိုင် မြန်မာ့သမိုင်းလေ့လာရာမှ အရေးပါနေဆဲဖြစ်ပါတယ်။ ကျောက်စာ၊ ခေါင်းလောင်းစာတို့ကို နှစ်တိုင်းလိုလို အမြဲရေးတမ်း ရေးထိုးနေသောကြောင့် ထိုကျောက်စာ၊ခေါင်းလောင်းစာတို့တွင် နှစ်တိုင်း၏ ခေတ်ပြိုင်မှတ်တမ်းပိုတွေ့ရသည်။
ဒါ့အပြင် မြန်မာတို့ဟာ ဘုရင်မင်းဆက်တွေအကြောင်းကို မှတ်တမ်းတင်တဲ့ နေရာမှာ အလွန်အားကောင်းတယ်လို့ သမိုင်းပညာရှင်တွေကပြောပါတယ်။
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက
“မြန်မာမှာ ရှေးကရေးတဲ့ ရာဇဝင်ကျော်၊ ဦးကုလား၏ မဟာရာဇဝင်ကြီး၊ ရာဇဝင်သစ်. မုံရွေးရာဇဝင်၊ မှန်နန်းရာဇဝင်၊ ဒုတိယမှန်နန်းရာဇဝင် စသဖြင့်ရှိတယ်။ မြန်မာတွေဟာ အခြားနိုင်ငံတွေနဲ့ယှဥ်ရင် ရှေးခေတ်ရေး ရာဇဝင်ကျမ်းပိုများတယ်။ မြန်မာနဲ့ အချို့အိမ်နီးချင်း နိုင်ငံတွေမှာဆို ရှေးကရေးတဲ့ရာဇဝင်ကျမ်းတွေမကျန်ပါဘူး။ မြန်မာကို ယဥ်ကျေးမှုလွှမ်းမိုးခဲ့တဲ့ အိန္ဒိယမှာတောင် မြန်မာလောက် ရာဇဝင်ကျမ်း များများမရှိပါဘူး”ဟု သူ၏ ‘မြန်မာနိုင်ငံသုတေသနစာတမ်း’တွင် မှတ်ချက်ပြုပါသည်။
ဟုတ်ပါတယ်။ မြန်မာတွေဟာ ရာဇဝင်ကျမ်းတွေအများဆုံးရေးခဲ့ပါတယ်။ ဒေါက်တာသန်းထွန်းဥပမာပေးသွားတဲ့ ရာဇဝင်ကျမ်းတွေအပြင် ပုဂံရာဇဝင် ၊ဇာတာပုံရာဇဝင်၊ တောင်ငူရာဇဝင်၊ ပြည်ရာဇဝင်၊ မြောက်နန်းကျောင်းရာဇဝင်၊ ရာဇဝင်လတ်၊ ရာဇဝင်ချုပ်၊ ဆင်ဖြူများရှင် ဘုရင့်နောင် အရေးတော်ပုံကျမ်း၊ ညောင်ရမ်းမင်းအရေးတော်ပုံကျမ်း၊ အလောင်းဘုရား အရေးတော်ပုံကျမ်း(တွင်သင်း)၊ အလောင်းမင်းတရားကြီးအရေးတော်ပုံ(လက်ဝဲနော်ရထာ)၊ ဆင်ဖြူရှင် အရေး တော်ပုံ၊ ရွှေဘုံနိဒါန်းကျမ်း၊ ဇမ္ဗူကွန်ချာကျမ်း၊ လောကဗျူဟာကျမ်း၊ မဏိရတနာပုံကျမ်း ….etcတို့ဖြစ်သည်။ အရေးတော်ပုံကျမ်းများဆိုလျှင် ၄င်းမင်းများ၏ ရဲဖော်ရဲဖက်များကိုယ်တိုင် ရေးသောကျမ်းဖြစ်သောကြောင့် ခေတ်ပြိုင်မှတ်တမ်းများအဖြစ် သမိုင်းပညာရှင်များ တန်ဖိုးထားကြသည်။ ဥပမာ- ထိုအရေးတော်ပုံကျမ်းများတွင် မည့်သည့်အချိန်တွင် မည်သည့်နိုင်ငံ၊မြို့ကို သိမ်းသည်ကအစ ရက်စွဲအတိအကျပါသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများတွင်တောင်မရှိသော လူဦးရေ၊စီးပွားရေး၊ မြို့/ရွာအရေအတွက်၊ ပြည်သူများ၏ ပိုင်ဆိုင်မှုကို ဖော်ပြသော စစ်တမ်းများလည်းရှိသည်။ ယနေ့အခေါ်အဝေါ်နှင့်ဆိုပါက သန်းခေါင်စာရင်းပေါ့။ သာလွန်မင်းစစ်တမ်း၊ ဘိုးတော်ဘုရား စစ်တမ်း(၁)၊ ဘိုးတော်ဘုရားစစ်တမ်း(၂)ဟူ၍ သန်းခေါင်စာရင်း၃ခုရှိသည်။
အခြားအိမ်နီးချင်းနိုင်ငံများတွင် မြန်မာလူမျိုးတွေလောက် ရှေးခေတ်ရေး ရာဇဝင်ကျမ်းကြီး၊ကျမ်းငယ်၊သန်းခေါင်စာရင်း မှတ်တမ်း၊မှတ်ရာ မရှိသလောက်နည်းသည်။
ပညာရှင် ပါမောက္ခ Lassenက
“မြန်မာတို့၌ များပြားသော ရာဇဝင်မှတ်တမ်းများရှိ၏။ မြန်မာတို့သည် မိမိတို့အတွက်သာမက အာရကန်
(ရက္ခိုင်)၊ မွန်(ပဲခူး)၊ ဇင်းမယ်၊ လဗန်နှင့်အခြားအိမ်နီးချင်း နိုင်ငံတို့၏ အကြောင်းများကိုပါ မှတ်တမ်းတင်လေ့ရှိသည်။ ရေးသားသူတို့သည် မိမိတို့ ရာဇဝင် တွင် ဂုဏ်ယူဖွယ်၊ ချီးမွမ်းဖွယ်ကောင်းသော ဖြစ်စဉ်များကို သာမက ဂုဏ်ကျဖွယ် အပြစ်တင်ဖွယ်ကောင်းသော ဖြစ်စဉ်များ ဖော်ပြကြသဖြင့် ထိုရာဇဝင်ကျမ်းတို့မှာ အားလုံး ခြုံ၍ကြည့်ပါက ရိုးသားသည်ဟု ချီးမွမ်းခြင်းကို ခံထိုက်သည်။ ထိုကျမ်းတွေကို အတည်ပြုရန် ကျောက်စာတွေက အထောက်အကူဖြစ်တယ်။ “ဟု သူ၏ ‘Indische Alterthumstunde’စာအုပ်တွင် မှတ်ချက်ပြုပါတယ်။
သူပြောသလိုပဲ မြန်မာတို့ဟာ မိမိတို့လူမျိုးကိုသာမက အနီးအနားရှိ ကချင်၊ကရင်နီ၊ကရင်၊ချင်း…etcစသည့် လူမျိုးတွေကိုပါ မှတ်တမ်းတင်ရတာ ဝါသနာပါသည်။ ဇမ္ဗူတံဆိပ်ကျမ်းပါ လူမျိုး၁၀၁ပါးကျမ်းများ၊ လူမျိုး ၁၀၁ပါးသရုပ်ဖော်ပန်းချီများကို ဥပမာပြပေးလို့ရသည်။ ထို့ပြင် ရာဇဝင်ကျမ်းများတွင်လည်း မွန်၊ရက္ခိုင်၊ယိုးဒယား၊ ရှမ်းတို့အကြောင်းပါ ထည့်ရေးလေ့ရှိသည်။ ရာဇဝင်ကျမ်းတို့ထုံးစံမှာ ဒဏ္ဍာရီဆန်သည်။ ဗုဒ္ဓဘာသာကိုးကွယ်သည့် လူမျိုးတို့၏ကျမ်းတွင်မူ ကမ္ဘာဦးအစ မဟာသမ္မတမင်း ကနေ စရေးလေ့ရှိသည်။ ထို့ကြောင့် အစပိုင်းတွင် ဒဏ္ဍာရီဆန်သယောင်ရှိသော်လည်း နောက်ပိုင်းတွင် ဖြစ်ရပ်မှန်များအပေါ် အခြေခံသည်။ မြန်မာရာဇဝင်ပါ အေဒီ၁၃ရာစုနောက်ပိုင်းကာလ အကြောင်း အရာများတွင် ဒဏ္ဍာရီဆန်ဆန်ဖြစ်ရပ်များ မပါသလောက် နည်းသွားသည်။
ပါမောက္ခ Lassenပြောသလို ဘုရင်ကောင်းကြောင်းပါသလို ဘုရင်မကောင်းကြောင်းလည်း မြန်မာရာဇဝင်များတွင် ပါဝင်သည်။ (ဒီဘုရင်ရုပ်ချောပေမဲ့ ကြာခိုတယ်။ ဒီဘုရင်အသားစားကျူးတယ် ဒေါသကြီးတယ်။ ဒီဘုရင်အကျင့်ပျက်လို့ ပြည်သူ့ဒဏ်ခံရတယ်။ စလေငခွေးဆိုရင် ပြည်သူက ရွံ့၊ခဲများနဲ့ဝိုင်းပေါက်လို့ နတ်ရွာစံရပုံရေးထားတယ်)။ တစ်ဖက်တွင်လည်း အချို့ဘုရင့်များ၏ အကြောင်း ဝင်္ကဝုတ္ထိများလည်း ပါတက်သည်။
ပညာရှင် ဝန်ရှင်တော်မင်းကြီး Arthur Phayre ကလည်း
“မြန်မာတွေရဲ့ မှတ်တမ်းများဟာ ပြောင်မြောက်တယ်။ အိန္ဒိယရှိ ဟိန္ဒူနိုင်ငံများတွင် မြန်မာကဲ့သို့ ရေးသားမှုမျိုးမရှိ။”ဟု သူ၏ ‘History of Burma: From the earliest time to the end of the first war with British India ‘ စာအုပ်တွင် မှတ်ချက်ပြုသည်။
ထိုင်းမှတ်တမ်းများနှင့် ပက်သက်၍လည်း Arthur Phayreက
“ဆယမ်(ထိုင်း)မှတ်တမ်းများသည် မြန်မာမှတ်တမ်းများကဲ့သို့ ပြေပြစ်၊ ပြည့်စုံခြင်းမရှိပုံ။ ကမ္ဘောဒီယား၊ဗီယက်နမ် တို့တွင်လည်း မြန်မာကဲ့သို့ မှတ်တမ်းမရှိပုံများကို” ဆက်လက်၍ မှတ်ချက်ပြုထားသည်။
သမိုင်းပညာရှင် Harveyကလည်း
“မြန်မာရာဇဝင်တွေဟာ အရေအတွက်ရော(quantity)၊အရည်အသွေး(quality)အရပါ ကျန်တဲ့ အင်ဒိုချိုင်းနား၊အရှေ့တောင်အာရှ ဒေသနေ နိုင်ငံတွေထက် သာလွန်တယ်။ ထို့ကြောင့် မြန်မာမှတ်တမ်းကို အဓိကစံအဖြစ်ပုံ။ အခြားအင်ဒိုချိုင်းနား၊အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာမှတ်တမ်းများကဲ့သို့ အထင်ကြီးလောက်သည့် မှတ်တမ်းမရှိပုံ”ကို သူ၏ ‘History of Burma’စာအုပ်တွင် မှတ်ချက်ပြုပါတယ်။
သမိုင်းပညာရှင် D.G.E.Hall ကလည်း
“မြန်မာတွေရဲ့ မှတ်တမ်းမှတ်ရာများဟာ အခြားသော အရှေ့တောင်အာရှနိုင်ငံများထက်ကြွယ်ဝတယ်”ဟု သူ၏ သူ၏ ‘A History of Asia’စာအုပ်တွင် မှတ်ချပြုပါတယ်။
အဆိုပါ ဒေါက်တာသန်းထွန်း၊ Professor Lassen၊ Arthur Phayre၊ Harvey၊ D.G.E.Hallနှင့် ပညာရှင်များစွာတို့၏ မှတ်ချက်များသည် မြမ္မာတို့အတွက် ဂုဏ်ယူစရာကိစ္စတစ်ခုပင်ဖြစ်သည်။
နေမျိုးထက်







ယနေ့ရန်ကုန်
