TIDAL BORE ပင်လယ်ဒီရေ နဲ့အတူပါလာတတ်တဲ့ ပင်လယ် ဒီလှိုင်းခေါင်း ။

ဘာ ကြောင့် တရက် နှစ်ကြီမ်။ ဒီရေတက်တာလဲ ။ ဒီရေတက်တာ လရဲ့ ဆွဲအားကြောင့်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ မျက်နှာပြင်ပေါ် သက်ရောက်တဲ့ နေရဲ့ ဆွဲအားဟာ လထက် အဆ ၂၀၀ ခန့် ပိုများပါတတယ်။ ဒါဆို နေကြောင့်ကျတော့ ဘာ့ကြောင့် ဒီရေ မတက်ရတာလဲ။ နောက်ပြီး လဆွဲအားနဲ့ ဝေးတဲ့ ဖက်ခြမ်းမှာရော ဘာ့ကြောင့် ဒီရေ တက်ရတာလဲ။

2024 No ember 2 စစ်တောင်းမြစ် ဒီရေရိုက်တာ အရမ်း ကြောက်စရာကောင်းတယ်

မောင်ကြုံတိုင်းရဲ့ ဘဝအထွေထွေ

ဖတ်စရာမှတ်စရာ
လေ့လာစရာ
ကြည့်စရာ သိစရာ
သဘာဝ ပတ်ဝန်းကျင် ရေးရာ
ပင်လယ်ထဲမှာ

TIDAL BORE In Sittaung River Mouth

ကြောက်စရာ ကောင်းတဲ့
ပင်လယ်ဒီရေ လှိုင်းတံပိုး

အချိန်နဲ့ဒီရေသည် လူကိုမစောင့်

ရှေး ကမြန်မာကြီး တွေ က ဒီရေအကြောင်း
စကားလုံး ထွင်ခဲ့ကြတယ်

စစ်တောင်းမြစ် အောက်ပိုင်း မှာ ကတော့ပုံမြစ်ဝမှ စစ်တောင်း မြစ် အထက်မြစ်ကျဉ်း ဆီသို တဖြည်းဖြည်း အ ရှိန်အဟုန်ဖြင့် စီးတက်လာတဲ့ ဒီရေက မြစ်ထဲမှာ
အမြင် ပေ၄ ပေ ၅ပေ ကျော် ထိမြင့်တဲ့ ဒီ လှိုင်းခေါင်း Tidal Bore နဲ့ မြစ်ထဲကို စီးလာတာဖြစ်တယ်.

စစ်တောင်းမြစ် ဝမှာ ရှေး နှစ်ပေါင်းများစွာကတည်းက အင်္ဂလိပ်ကိုလိုနီခေတ် မှ ယနေ့ထိ ရေထရက်များတွင် အရှိန်အဟုန်ပြင်းစွာဖြင့် ဒီရေစီးသံ အသံကြီးကျယ်လောင်စွာ
မြ ည် ဟီးပြီး စစ်တောင်းမြစ် တံတား အထက် ပိုင်းနား အထိ ဒီရေ တက်လာပြီး တံတား အလွန် အထက်ပိုင်းမှာ ပုံမှန် မြစ်ထဲ အရောက် မှာ ဒီရေအတက် က ငြီမ်ကျသွားပါတော့တယ်.
@
မမြင်မတွေ့ဘူး ကြတဲ့အင်္ဂလိပ်စစ်ဗိုလ်အင်ဂျင်နီယာတစ်ဦးက
စစ်တောင်းမြစ်လေ့လာရေး နဲ့ ပဲခူးစစ်တောင်းတူးမြောင်းဖေါက်ဘို့ တူးမြောင်း လမ်းအူကြောင်းရွေးဘို့ ရန် ကုန်မြစ်ထဲမှ ပဲခူးမြစ်ထဲဝင် ၊ ပဲခုးသနပ်ပင် တကြောက ကွင်း
ထဲက ချောင်းမြောင်းတွေမှ တစ်ဆင့် စစ်တောင်းမြစ်ထဲပြန်ထွက် စဉ် ဒီရေတက်တာနဲ့ကြုံတွေ့ခဲ့ပုံနဲ့ Tidal Bore လှိုင်တံဘိုးခေါင်းအကြောင်း ခရီးသွား မှတ်တမ်းတစ်ခု ရေးခဲ့တယိ.။ ရဉ်ရွယ်
ချက်က အထက်အညာတောင်၍ူဒေသကထွက်တဲ့ သစ်ကြီးတွေကို စစ်တောင်းမြစ်ထဲဖေါင်ဖွဲ့မျှောချပြီး စစ်တောင်းမှ ပဲခူးမြစ်ကု ထွက်မဲ့ တူးမြောင်းသစ် ဖေါက်လုပ်ရေးလာလေ့လာတာဖြစ်တယာ်,
အးင်္လိပ်တွေက တောင်ငူကထွက်တဲ့သစ်တွေ့ကို ပြခူးမြစ်မှတစ်ဆင့်ရန်ကုန်ထိ ဖေါင်ဖွဲ့သယ်ယူကာ နိုင့်ခြားသို့ ပို့ပြီးဝင်ငေံရှာကြဘို့ဖြစ်တယ်.။အီဂျစ်က စူးအငက်တူးမြောင်းကလဲ ပြီးစအချိန် ။ မြန်မာပြည်ကသစ်တွေေ၇ာင်းပြီး ဝင်ငွေရှာဘို့ ကြိုးစားကြတယ်. ။

စစ်တောင်းမြစ်ဘေးရွာတွေက ဒေသခံများ ဒီရေတက် ပုံ ကြည့်ရှုလေ့လာနေကြပုံ ကို ဖေါ်ပြလိုက်ပါတယ်.။

တရုတ်ပြည်မှာတော့ ယခု လို ပင်လယ် ဒီ လှိုင်းခေါင်းနဲ့ အသံအောိပြီးတက်လာတဲ့ပင်လယ်ထဲကဒီရေကို ကုန်းမြင့်ပိုင်းကနေ ကြညိ့စရာနေရာ လုပ်ပေးထား ပြီး Tourist Attraction Site ကမ္ဘာလှညိ့ခရီးသွားတွေ စိတ်ဝင်စားစရာနေရာတစ်ခုအဖြစ် ဆွဲဆောင် ပြီးကြညိ့စရာ အထူးအဆနိး တစ်ခုအဖြစ် ပြသ နေကြတာ ရုပ်/သံသတင်း မှာ တွေ့ခဲ့ဘူးတယ်.

ပင်လယ် ဒီရေက ပင်လယ် ရေပြင် ကျယ်ကနေ တစ်ဖြည်းဖြည်း ကျဉ်းတဲ့မြစ် ထဲကို စီးလာတဲ့အခါ လေကိုဆနိ့ကျင်ပြီးအရှိန်ပြင်းစွာစီးတက်လာတာဖြစ်လို့ အသံမြည်ဟီးပြီး တက်လာတယ်.။ ဒီ ရေက လဲ သာမန် အကျဉ်း အကျယ် မကွာထဲ့မြစ်ကြောင်းထဲမှာ ရေစီးပုံမျိုး မဟုတ်ဘဲ မြစ်ဝမှ မြစ်အပေါ်ပိုင်းအထိ ကတောါပုံကျယ်ရာမှကျဉ်းလာတဲ့မြစ်ထဲမှာဒီရေတက်လာတာမို့ စီးလာတဲ့ ဒီရေက အတက်ကြမိးတယ် မြစ်ကျဉ်းလာတာနဲ့အမျှဒီလှိုင်းခေါင်းက တစ်ဖြည်းဖြ်းမြင့်လာခပြီး ရေစီးအားကလဲကြမိးလာတယ်.

၁၉၈၈ နောက်ပိုင်းမှာ ၅ နှစ်ခနိ့ ကြာ မျှ သထုံခရီုင် ဆည် မြောင်းမှာ ကျွန် တော် တာဝန်ကျခဲ့စဉ် က သထုံမြို့ နားက သထုံချောင်းထဲ မှာ ေ၇ထရက် ဒီရေအတက်ကြမ်းချိနိ ဒီရေအမြင်းဆုံး ခေါင် (ဂေါင် ) ရေတက်လာချိနိမှာ တက်လာတဲ့ ဒီလှုင်းတံပိုး Tidal Bore က အရှိန်အဟုနိပြင်းလို့ မြစ်ကမ်းဘေး ကပ်ထားတဲ့လှေတွေကို လူးလိမ့်သွားအောင် ဒီ​ရေ က အရှိန်အဟုန်နဲ့တက်သွားစဉ် လှေတွေကိုလှုပိရမ်း ရီုက် ခတ်သွားစေတယ်.

ကျွန်တော်က စက်လှနဲ့ ဆည် မြောင်း အလုပ်ကိစ္စ မကြာမကြာ ခရီးထွက်စဉ် သထုံ ချောင်း ဝ ပင်လယ် ဝအဝေးကြီးမှာ ဒီရေတက်လာ တဲ့ ပင်လယ်ဘက်က အသံတွေ ကို ကြို တင်ကြား နေရတယ်.

အသံကြို ကြားတာနဲ့ စက် လှေ ကို မြစ်ကမ်းဘး အမြန်ကပ်ပြီး ကုန်းမြေပေါ်မှာ စလှေကို ကြိုးနဲ့အ ခိုင်အမာချည် နှောင်ပြီး လူတွေက တက်လာတဲ့ဒီရေ ကျော်သွားသည်အထီ မြစ်ကမိးပေါ် တက် စောင့် နေရတယ်. ကမ်းဘေး ကပ်ထားတဲ့လှေတွေ လူးလိမိ့နေအောင် ဒီေ၇က ရိုက်ခတ်သွားတာ တွေ ကို မြင်တွေ့ခဲ့ရဘူးတယ်. ၊ ဒီရေကမြစ်အထက်ပိုင်းရောက်သွားမှ စက်လှေကြိုးဖြုတ် ပြီးခရီးဆက်ခဲ့ရတယ် ။

မြန်မာ လတစ်လရဲ့ လဆန်း၂ ရက်နဲ့ နဲ့လဆုတ် ၂ ရက် တွေမှာ အမြင့်ဆုံး ပင်လယ် ဒီ ရေ တက် ချိန် ၊ ခေါင်ရေတက်ချိနိရက်တွေ မှာ ပင်လယ် ဒီ ေ၇ထရက် တွေ မှာ ဒီရေနဲ့အတူပါလာ တတ်တဲ့ ပင်လယ် ဒီလှီုင်းခေါင်း Tidal Bore ကို မကြ ခန မျက်မြင် တွေ့ ခဲ့ရဘူး ပါတယ် ။

အေးမြင့် ( ညောင်တုန်း )
27 March 2025

တစ်ချိန်က မြန်မာ ပြည်မှာ လက်နက်ကိုင် ဖက်ဆစ် တော်လှန်ရေး
နိုင်ခဲ့ အောင်မြင်ခဲ့တဲ့ နေ့ တစ်နေ့

ရည် ညွှန်း YouTube video
ဒီရေတက်တာ ကြောက်စရာကြီး

ဘာ ကြောင့် တရက် နှစ်ကြီမ်။ ဒီရေတက်တာလဲCOMMENTS. ဒီရေတက်တာ လရဲ့ ဆွဲအားကြောင့်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ မျက်နှာပြင်ပေါ် သက်ရောက်တဲ့ နေရဲ့ ဆွဲအားဟာ လထက် အဆ ၂၀၀ ခန့် ပိုများပါတတယ်။ ဒါဆို နေကြောင့်ကျတော့ ဘာ့ကြောင့် ဒီရေ မတက်ရတာလဲ။ နောက်ပြီး လဆွဲအားနဲ့ ဝေးတဲ့ ဖက်ခြမ်းမှာရော ဘာ့ကြောင့် ဒီရေ တက်ရတာလဲ။