POWERFUL EARTHQUAKE 7.7 STRUCK MYANMAR On 28 March 2025 News 2

2025 March 28 ၁၈၆ နှစ်အတါင်း အဆိုးရွားဆုံး မြေငလျင် လှုပ်ခတ် ၊ ထိ ခိုက် ပျက်စီး မှု ကြိးမား-BBC NEWS မြန်မာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်. မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး မြေငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ပေါ် ခဲ့ပါတယ်။ လူသေဆုံးမှု များပြား နိုင်တယ်လို့ ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသက လူမှု ကူညီရေး အဖွဲ့တွေက ပြောဆိုနေပါတယ်။. အိမ်နီးချင်းထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း ငလျင်ဒဏ် ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။. ငလျင်မလှုပ်မီ၊ ငလျင်လှုပ်ချိန်နဲ့ ငလျင်လှုပ်ပြီးချိန်မှာ ဘေးအန္တရာယ်ကင်းအောင် လုပ်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေ။ သေဆုံးသူ ၁၄၄ ယောက် ရှိပြီး ထိခိုက်ဒဏ်ရာ ၇၀၀ ကျော် ရှိတယ်လို့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း

28 March 2025 ဒီငလျင်ရဲ့ အကျိုးဆက်က မိုးဦးထိဆက်ပြီး ဒုက္ခပေးနိုင်တယ်” ဦးစိုးသူရထွန်း (မြေငလျင်ပညာရှင်)

ယနေ့ (မတ် ၂၈) က လှုတ်ခတ်သွားသည့် မြေငလျင်သည် မြန်မာ့သမိုင်း နှစ် ၁၀၀ ကျော်အတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ပြီး ငလျင်၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်နိုင်ရန် လိုအပ် သည်ဟု မြေငလျင်ပညာရှင်တစ်ဦးဖြစ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဖြစ်သူ ဦးစိုးသူရထွန်းက Myanmar Now ကို ပြောသည်။

မြေငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် ရေလှောင်တမံများပြိုကျ ပျက်စီနိုင်ပြီး၊ တောင်ပြို၊ မြေပြိုခြင်းများလည်း ဖြစ်ပွားလာနိုင်သည်၊ NUG အစိုးရ၏ စိုးမိုးနယ်မြေများတွင် ငလျင်ဒဏ် ခံစားနေရသည့် ပြည်သူများကို အကူအညီများပေးအပ်နိုင်ရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။

မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က စစ်ကိုင်းမြို့တောင်ဘက် ၁၈ ကီလိုမီတာအကွာတွင် ဦးတည်လှုပ်ခတ်ခဲ့သော ၇.၇ ရစ်ချက်စတာစကေးရှိ ပြင်းထန်သည့် မြေငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ၁၄၆ ဦး သေဆုံးခဲ့သည့် အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မြေငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ အာဏာသိမ်း စစ်ကောင်စီ ၏ အားနည်းချက်များ၊ နိုင်ငံတကာအကူအညီများ အခြေအနေနှင့် ပြည်သူတစ်ဦးချင်းပြင်ဆင် ထားရန် လိုအပ်ချက်များနှင့် ပတ်သတ်ပြီး မြေငလျင်ပညာရှင် ဦးစိုးသူရထွန်း ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်

https://fb.watch/yCwoEa4-_A/?fs=e&s=TIeQ9V

2022 July 6 BBC News Myanmar မြန်မာမှာ ငလျင်ကြီးတွေ လှုပ်ခတ် နိုင်လား ၊ ရန်ကုန်တိုင်းအတွင်းမှာ အခုရက်ပိုင်းအတွင်း မြေငလျင်ငယ်တွေ မကြာခဏလှုပ်ခတ်နေပြီး မကြာခင် ငလျင်ကြီးလှုပ်နိုင်တယ်ဆိုပြီး ခန့်မှန်းပြောဆိုတာတွေ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဒီတော့ ငလျင်လှုပ်မယ်ဆိုတာကို ကြိုပြီးသိနိုင်ပါသလား၊ ငလျင်အန္တရာယ်ကိုရော ဘယ်လိုကာကွယ်နေထိုင်နိုင်ပါသလဲ။ ဘူမိဗေဒေနဲ့ ငလျင်ကျွမ်းကျင်ပညာရှင်လည်းဖြစ် NUG ရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လည်းဖြစ်တဲ့ ဦးစိုးသူရထွန်း ပြောကြားချက်ကို ရုပ်သံမှာကြည့်ပါ။ ဘီဘီစီမြန်မာပိုင်းhttps://youtu.be/iRksUQtw4xE?si=0_USlYIW1zLs6IWO

ငလျင်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ရက္ခိတ ကျောင်းဆောင်ကြီး ငလျင်ကြောင့် ပြိုကျသွားမှု မြင်ကွင်း https://fb.watch/yCk7ggJmTJ/?

2025 March 28 Khit Thit Media. ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြောင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ အထိခိုက်ဆုံးဖြစ်ပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေ၊

🟥 စစ်ကိုင်းတံတား ပြိုကျသည့်အပြင် မန္တလေးရှိ ဂရိတ်ဝေါဟိုတယ်၊ မြစ်ဆုံဟိုတယ် အပါအဝင် အထပ်မြင့် အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ၊ နန်းမြို့ရိုး အပါအဝင် သမိုင်းဘုရားပုထိုးစေတီများပါ ပြိုကျ

ရန်ကုန်၊ မတ် ၂၈

မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြောင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ အထိခိုက်ဆုံးဖြစ်ပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးသမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မန္တလေးမှာ အဆောက်အအုံတွေ စောင်းပြီး ပြိုကုန်တာ မြို့ထဲမှာတင် တော် တော်များတယ်။ ဂရိတ်ဝေါ ဟိုတယ်၊ မြစ်ဆုံဟိုတယ်၊ နောက်ပြီးတော့ မြို့လယ်ခေါင်က တိုက်တွေလည်း စောင်းကုန်တယ်။ အများကြီးပဲ ။ အခု တော့ ကူညီကယ်ဆယ်ရေးက ပိတ်မိနေတဲ့ သူတွေရှိနိုင်တယ်။ ကျနော်တို့လည်း အတွေ့ အကြုံမရှိဘူး။ ကူညီကယ်ဆယ်ရေး လိုအပ်ပါတယ်” ဟု မန္တလေးဒေသခံ ပရဟိတသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းမြို့တွင် အထပ်မြင့် တိုက်တာနည်းသည့်အတွက် အပျက်အစီးသတင်းများမရရှိသေးသော်လည်း စစ်ကိုင်းတံတားအဟောင်းမှာမူ လုံး၀ ပြိုကျသွားကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာလည်း မိုင်တိုင် ၃၆၂ အပါအဝင် လမ်းတစ်လျှောက် ပျက်စီးလျက်ရှိကြောင်း သိရှိရသည်။

အောင်ဟန်းတွင် အောင်ပန်းဟိုတယ် ၃ ထပ်တိုက် ပြိုကျသွားပြီး ပိတ်မိနေသူများရှိနေကြောင်း သိရှိရသည်။

So Gyi Aung G. Facebook မိတ်ဆွေကြီး ဘူမိပညာရှင် ဦးစိုးမြင့်အောင်၏ ငလျင်အပေါ် အတွေး အရေးများ

8-3-2025 12:45 hr
မိမိဘဝတွင်၊ အပြင်းထန်ဆုံးနှင့်အကြာဆုံး မြေငလျင်ကို တွေ့ကြုံ ခံစားလိုက်ရပါသည်။ မိမိက ၅လွှာမှာ နေလိုလားလားမသိ။. Magnitude ကများ၊
Depth ကတိမ်
Epicenter ကလည်း စစ်ကိုင်းနားမှာဆိုတော့
စစ်ကိုင်း၊မန္တလေးနဲ့အညာတစ်ခွင်မှာ၊ အပျက်အစီးတွေများမှာသေချာပါတယ်။. ဒီနေ့ fb ပေါ်မှာ၊ Rose fault နဲ့ စစ်ကိုင်း fault ကိုတသ်ခုတည်းဘဲထင်ပြီးရေးနေတာတွေ တွေ့နေရပါတယ်။. Rose Fault မြန်မာလိုနှင်းဆီ fault ကိုဖေါ်ထုတ်ခဲ့တဲ့သူဟာ ဆရာကြီး B.P. Day ဖြစ်ပါတယ်။ Shan scarp fault ဖြစ်ပါတယ်။ဆရာ အဲဒိ paper ရေးနေချိန်မှာ၊ စားပွဲပေါ်မှာရှိနေတဲ့ပန်းပလေးကိုကြည့်ပြီး Rose fault လို့နာမည်ပေးခဲ့တာပါ။ ဆရာရဲ့ paper ကို Science and Technoligy Journal မှာဖော်ပြခဲ့ပါတယ်။ Gravity fault ဖြစ်ပါတယ်။. စစ်ကိုင်း Fault ကို ဆရာ Dr. Win Swe ကဖေါ်ထုတ်ခဲ့တာပါ။ နောက်ပိုင်းပညာရှင်များကလည်း၊ ဆက်လက်သုတေသနပြုလုပ်ခဲ့ကြပါတာ်။ Fault အမျိုးအစားက Strike slip fault. ပါ။
နောင်အဆင်ပြေတဲ့အခါမှာ အကျယ
်တင်ပြပါမ
ယ်။ စစ်ကိုင်း fault ဟာ Shan Scarp fault (Rose fault) ရဲ့အနောက်ဘက်မှာရှိပါတယ်။

2019 November 29 ရန်ကုန်လူထုနဲ့ ငလျင်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းအတွင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပမာဏနည်းပေမယ့် မြို့နယ် အများစုက နေအိမ်တွေတိုက်ခန်းတွေမှာ လှုပ်ခတ်မှုရှိခဲ့သလို ကန်ထရိုက်တိုက်အချို့မှာ ငလျင်ကြောင့်ထိခိုက်မှုတွေလည်း ရှိခဲ့ပါ တယ်။
ဒါကြောင့်လည်း ရန်ကုန်လူထုအနေနဲ့ ငလျင်နဲ့ပတ်သက်ပြီး အထပ်မြင့်အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုအပေါ်စိုးရိမ်တာတွေလည်းရှိလာပါတယ်။
နှစ်တစ်ရာကျော်အတွင်းမှာ ပမာဏကြီးတဲ့ငလျင်တွေဟာ တစ်ကျော့ပြန်လည်လှုပ်ခတ်လေ့ရှိပြီး ရန်ကုန်ဟာ တကျော့ပြန်ငလျင်တွေရဲ့ ဘေးကို သတိပြုဖို့လိုတယ်လို့ ငလျင်ပညာရှင်တွေက ထုတ်ဖော်ပြောဆိုလာတာတွေလည်းရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေသန်း ၅၀ကျော်ရှိတဲ့အနက် လူ ၅ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့ဟာ အထပ်မြင့်တိုက်တွေအများစုနဲ့ဖွဲ့စည်းတည်ရှိနေတာပါ။
ဒီအထပ်မြင့်တိုက်တွေဟာ ငလျင်ဒဏ်ခံနိုင်ရည်ကို ထည့်သွင်းတည်ဆောက် ထားတာမျိုးရှိပါ သလား။
ငလျင်ဒဏ်ခံနိုင်ရည်ကိုထည့်သွင်းတည်ဆောက်ထားတာမျိုးမရှိတဲ့ တိုက်တွေ ကိုရောခိုင်မာအောင်ဘယ်လိုပြုလုပ်နိုင်ပါသလဲ။
ငလျင်ဘေးအန္တရာယ်ကို ဘယ်လိုသတိပြုနေထိုင်သင့်ပါသလဲ။
ဒီအကြောင်းတွေကို ဒီကနေ့ ညနေမှာပြုလုပ်မယ့် ဘီဘီစီမြန်မာပိုင်းရဲ့ Friday Live အစီအစဉ်မှာ ရန်ကုန်အထပ်မြင့်ကော်မတီမှာတာဝန်ယူဆောင်ရွက်ခဲ့ဖူးသူလည်းဖြစ် ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်နဲ့အတူ ရန်ကုန်မြို့နေပြည်သူတစ်ဦးဖြစ်တဲ့ မဇင်မာဦးတို့ကို ဖိတ်ခေါ်ပြီး တိုက်ရိုက်ဆွေးနွေးတင်ဆက်သွားဖို့ရှိပါတယ်။
ဘီဘီစီမြန်မာပိုင်းပရိသတ်တွေအနေနဲ့လည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သိလိုတဲ့မေးခွန်းတွေ မိမိတို့ရဲ့အမြင်၊အတွေ့အကြုံ ၊ငလျင်လှုပ်ခတ်စဉ်က တေ့ွကြုံခဲ့ရတဲ့အခြေအနေတွေကို မှတ်ချက်ပြုဆွေးနွေးကြဖို့ဖိတ်ခေါ်ပါတယ်။