2025 February 16 ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တရားခ့ပြေး တစ်ယောက်နဲ့ ဘယ်လို တွေ ဆွေးနွေး ကြမှာလဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရားခံပြေးတစ်ယောက်နဲ့ ဘယ်လိုတွေဆွေးနွေးကြမှာလဲ။ ဘယ်လောက်ထိ လူရိုသေ ရှင်ရိုသေဖြစ်မှာလဲ”။ 16 Feb 2025 By Chun Nrein / MPA။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၂၃ဦးကို အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်တရားရုံးက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်းက ဖေဖော်ဝါရီ ၁၄ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၆ခုနှစ်နဲ့ ၂၀၁၇ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာလူမျိုးတွေ အစုလိုက်အပြုံလိုက် စွန့်ခွာပြေးမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC, ICJနဲ့ အာဂျင်တီးနားတရားရုံးတို့မှာ စုံစမ်းစစ်ဆေးနိုင်ဖို့ ၂၀၁၉ခုနှစ်က ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်းက လျှောက်ထားခဲ့တာပါ။ စုံစမ်းစစ်ဆေးဖို့ လျှောက်ထားပြီးနောက် ၅နှစ်အကြာမှာ အာဂျင်တီးနား တရားရုံးက အာဏာသိမ်းစစ်ခေါင်းမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်လိုက်တာကြောင့် သူဟာ တရားဝင် နိုင်ငံတကာ တရားခံပြေးဖြစ်လာခဲ့ပြီဖြစ်သည်။ ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံအတွင်းအကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကိုပါ ဖမ်းဝရမ်းထုတ်ဖို့ မြန်မာရိုဟင်ဂျာအသင်းက ၂၀၂၄ခုနှစ် ဇွန်လအတွင်းက အာဂျင်တီးနား တရားရုံးမှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေဟောင်းလည်းဖြစ် ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်တဲ့ ဦးကြီးမြင့်ကို MPAက ဆက်သွယ်မေးမြန်းထားပါတယ်။
2025 January 19 မြန်မာပြည်တွင်းစစ် ၂၀၂၅ လား ရာ – BBC NEW မြန်မာ မြန်မာ့ပြည်တွင်းစစ်ရဲ့ ၂၀၂၅ လားရာကို အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု နဲ့ ဝီဆင်စင်တာမှာ ဧည့်ပညာရှင်လုပ်နေသူ ဦးရဲမျိုးဟိန်းနဲ့ ဘီဘီစီက သီးသန့်ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာစစ်တပ် ရှုံးနိမ့်နေရတဲ့ အဓိကအကြောင်းရင်း၊ ဆီးရီးယားသမ္မတဟောင်းအာဆတ် နိုင်ငံက ထွက်ပြေးရတဲ့အခြေအနေ မြန်မာနဲ့ အနေအထားချင်းတူသလား။
လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေကို မြန်မာစစ်တပ် ပြန်တိုက်နိုင်မလား။ ၂၀၂၅ ခုနှစ်မှာ မြန်မာ့ပြည်တွင်းစစ်က ဘယ်လိုပုံပေါ်လာနိုင်မလဲ။
ဒီအကြောင်းအရာတွေကို မေးမြန်းခန်း ပထမပိုင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ထွက်ပေါက်တစ်ခုအဖြစ် တရုတ်က ရှုမြင်ထားပါတယ်။ နေပြည်တော်ဘက်ကို လောင်းကြေးထပ်ခဲ့တဲ့ တရုတ်ရဲ့မူဝါဒ က အလုပ်ဖြစ်ပါ့မလား။ ရွေးကောက်ပွဲလုပ်ဖြစ်ခဲ့ရင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာချိန်ခွင်လျှာ အပြောင်းအလဲက ဘာတွေဆက်ဖြစ်လာမှာလဲ။ နယ်မြေသစ်တွေ ဆက်တိုက်ရလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပတ်သက်လို့ ဘာတွေတွေးနေပြီလဲ။ ဒီအကြောင်းတွေအပါအဝင် ၂၀၂၅ ခုနှစ်အတွက် စစ်ရေးနိုင်ငံရေး သုံးသပ်ချက်တွေကို အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု နဲ့ ဝီဆင်စင်တာမှာ ဧည့်ပညာရှင်လုပ်နေသူ ဦးရဲမျိုးဟိန်းနဲ့ ဘီဘီစီက သီးသန့်ဆက်သွယ်မေးမြန်းခန်း အပိုင်း(၂) မှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။
