Singapore Water / Singapore Mega -Structure- Singapore’s Vegas
Singapore”s Future Mega Project of Fresh Water Storage Reservoir by Long Island Polder In the Sea in East Coast Beach
တွေးမိတွေးရာ
ရေးမိ ရေးမိ ရေး ရာ
ရေအ ရေး ၊ ရေ ရေးရာ
ပင်လယ်ထဲက ကျွန်းပတ်တာ ဖြင့်
မြေယာချဲ့ ထွင် မဲ့ တာပတ်ကျွန်းတွေ
Mega Polder Project of the world
စင်ကာပူက ဧရာမ / အင်ဂျင်နီယာ / မဟာ စီမံကိန်းကြီးတစ်ခု ၏
ပင်လယ် ထဲမှာတည် ဆောက် မဲ့ ဧရာမ ရေချိုလှောင်ကန် ကြီး ။
၂၀၅၀ မှာ အပြီး တည်ဆောက်ရန် လျာထားကာ
အင်ဂျင် နီယာပညာရှင်ကြီး များ ကြံဆ စီစဉ်နေကြသော
Singapore Long Island Mega Project မံကိန်းကြိးတည်ရှိ ရာ
East Coast အနားယူအပန်းဖြေ ပင်လယ်ကမ်းခြေ နေရာမှာ
စိမံကိနိးအကောင်အထည်ဖေါ်ဘို့ စီစဉ်နေကြတယ် ။
Prefeasibility Study အကြို ဖြစ်မြောက်နိုင်စွမ်းရှိမရှိ သိရှိလေ့လာရန် အတွက် ကြိုတင်လေ့လာ တိုင်းတာမှုတွေ စတင်လုပ်နေကြပါပြီ .
စင်ကာ ပူ နိုင်ငံ တည်ထောင်ခဲ့ သူ ( ကွယ်လွန်သူ ) သမ္ပတကြီး
လီကွမ်ယူ လက် ထက်မှာ ကတည်းက စင်ကာပူအင်ဂျင်နိယာ ပညာရှင်ကြိးတွေက သူတို့ရဲ့ဧရာမ / မဟာစီမံကိန်းကြီးအတွက် ကြံဆချက် တွေကို သမ္မတကြီး ကို အကြံပြုတင်ပြ ခဲ့ကြတယ်
ဆိုပါတယ်.
ပထမအဆင့်အနေနဲ့ –
ပင်လယ်ထဲမှာ လူနေ ကွန်ဒိုအထပ်မြင့် ကြီးတွေခန့်မြင့်သည့်
Concrete precast caison ကြိုတင်အားဖြည့် ကွန်ကရီ အထပ်မြင့် အခန်းလွတ် ကျယ်ကြီးများကို ပင်လယ်ထဲမှာ သယ်ယူ နေရာချ လျက် တစ်ခုနဲ့တစ်ခု ချိတ်ကာ တွဲ ဆက်ပြီး
ပင်လယ်ရေ နဲ့ပြန်ဖြည့်ကာ ပင်လယ်ထဲမှာ မြုပ်ထားပြီး ပင်လယ်ကမ်းခြေနဲ့မဝေးတဲ့နေရမှာ ပင်လယ်ရေငန်တားတာကြီးပြူလုပ် ပိတ်ထားကာ East Coast စင်ကာပူ အရှေ့ ပိုင်း ပင်လယ် ကမ်းခြေ မှာ ရေချို လှောင်ကန်ကြီးတစ်ခု ဖန်တီးကြမယ်.။
ဒုတိယအဆင့်က
တစ်ခုနဲ့တစ်ခု တွဲ ဆက်ထားတဲ့ ရေထဲ မြုပ်ထားတဲ့ ကွန်ကရစ် ကေဆွန် အခန်း နံရံ အတုံးကြီးတွေ အထက် အပေါ် မှာ ၊ အနာဂတ်မှာ အမြင့်ဆုံးရေတက်လာနိုင်တဲ့ပင်လယ်ဒီရေ လွတ် ရာ အမြင့် မှာ
ပင်လယ်ထဲမှာ ရေပတ် လည် ဝိုင်းနေမဲ့ အဆင့်မြင့် လူနေ အိမ်ယာ စီမံကိန်းကြီးတစ်ခု ကို ဖေါ်ဆောင်ကြမယ်. ။
ပြီးသွားရင် ကမ္ဘာပါ်မှာ ပင်လ ယ် ပြင် ထဲက စျေးအ ကြီးဆုံး လူ နေအိမ် ယာ တိုက်တာ အိမ်တွေ ဖြစ်သွားကြမယ်.။
စင်ကာပူ ကျွန်းနိုင်ငံ သေးသေး လေးမှာက မြေရှားရေရှားတဲ့နိုင်ငံ ။
ယခင် လွန်ခဲ့သော ရှေး နှစ်တွေ မှာ အင်ဒိုနီးရှားမှ သံသောင် မြေ တွေ ဝယ် ပြီးပင်လယ်ထဲမှာ မြေဖို့ နေရာတိုးချဲ့ခဲ့ဘူးတယ်။
ယခုစင်ကာပူကို အင်ဒိုနီးရှားကသဲ တွေ မရောင်းနိုင် တော့ ဘူး။
ယခုဖေါ်ဆောင်မဲ့ စီမံကိန်းက ပင်လယ်ထဲ ရေထဲ မှာ မြေဖို့တည် ဆောက်မဲ့ စိမံကိန်းမျိုးမဟုတ်တော့ဘူး ။
ခေတ်ပြောင်း နည်း စနစ်ပြောင်းသွားပြီ ။
နမူမာပြ လုပ် ခဲ့တဲ့ ပင်လဖဘ်ထဲက စီကိန်း တစ်ခုက
ဖိုမြေသဲတွေ အလွယ် ဝယ်မရနိုင်တော့လို့ ချန်ဂီလေဆိပ်ကြီးနားမှာ (မြန်မာပြည်ကလိုတည် ရှိ နေတဲ့ ) စင်ကာပူ လေတပ်ကို ပင်လယ်ထဲမှာရွှေ့ ပြောင်းတည် ဆောက် ဘို့စီစဉ် နေကြရာ မှာ ပင်လယ်ထဲမှာ မြေဖို့ ပြိးနေရာမချဲ့တော့ ဘဲ ၊ မတည်ဆောက် ကြ တော့ဘဲ နယ်သာ လန် အင်ဂျင်နီယာ ရေပညာရှင် တွေအကူအညီနဲ့ ပင်လယ်ထဲမှာ တာပတ်ကျွန်းPolder အဖြစ် ၊ ရေငန်မဝင်နိုင်တဲ့ ကျွန်း ပတ်တာတွေ နဲ့ ရေငန်မဝင်အောင် အလုံပိတ် တည်ဆောက်ပြီး လေယဉ်ကွင်းနဲ့ လေတပ်အသစ်တစ်ခု ကို ေ၇ွှပြောင်း နေ၇ာချ ဘို့ ဖန်တီးနေကြပါတယ်။ အပြည်ပြည်ဆိုင်ရာချန်ဂီလေဆိပ်ကြီးကလဲ Terminal ၁ မှ ၄ အထီ ဖြစ် နေပြီ.။ နေ့စဉ် လေယဉ်အဆင်းအတက်တွေကလဲ မိနစ်ပိုင်းနဲ့အမျှ အလွန်များနေကြတယ်။
ပင်လယ်ထဲက မဟာစီမံကိန်းကြီး ဖြစ်တဲ့ ရေချို လှောင်ကနိကြီးနဲ့ အိမ်ယာစီမ့ကိနိးကို နယ်သာ လန် နိုင်ငံမှာ ပင်လယ်ထဲမှာတည် ဆောက်ခဲ့တဲ့။ Storm Surge Barrier ပင်လယ် ဒီ လှိုင်း ကိုကာကွယ် တားဆီးဘို့ ရေငန်တား ေ၇တံခါးကြိးလိုမျိုး Precast Concrete Caison ကွန်ကရီ အခန်းတွေနဲ့ ဖွဲ့ထားတဲ့ ကွန်ုဒို တိုက်ခန်ူးကြီးတွေခန့် မြင့်တဲ့ က့န်ကရစ် အခန်းလွတ် တွေကို ပင်လယ်ထဲမှာနေရာချပြီး ရေဖြည့်တည် ဆောက်ကြဘို့ စီမံနေကြတယ်
သိရပါတယ်.
၁၉၈၂ / ၈၃ ခုနှစ် နယ်သာလန် IHE Delft ပညာသင် နှစ်တွေ မှာ ကျွန်တော် နယ် လန်မှာ နိုင်ငံခြားပညာတော်သင် သွားခဲ့စဉ်မှာ ရိုတာဒမ် မြို့ တောင်ဘက် ပိုင်း ပင် လယ်ထဲမှာ ဂျာမဏီ နိုင်င့မှ စိး ဆင်းလာတဲ့ Rhine ရိုင်းမြစ် ဝ ပင်လယ် ထဲမှာ ပင်လယ်ဒီလှိုင်းမုန်တိုင်းရန် ကာကွယ် ဘို့ ပင်လယ်ထဲက ဧရာမ ရေတံခါးကြီးတစ်ခု တည် ဆောက်ဘို့စီမံ ဆောင်ရွက် နေတာ တွေကို လက်တွေ့ ကွင်းဆင်း သွားရောက် လေ့လာခဲ့ဘူး တယ်
လူနေ တိုက်ကြီးတေွလောက် မြင့်တံ့ကွန်ကရိ အခန်းတွေ ကို သင်္ဘောကြီးနဲ့သယ်ယူရန် အထူးတည်ဆောက်ထားတဲ့သင်္ဘော ကြီး နဲ့သယ်ပြီး ပင်လယ် ထဲမှာ သနစ်တကျ နေရာချ စတင်တည် ဆောက်နေခဲ့တဲ့နည်းပညာတွေကိူ ကျွန်တော်တို့ IHE Delft ရေနည်းပညာ တက္ကသိုလ် ကြီးက နိုင်ငံ တကာ လူငယ်ကျောင်းသားတွေ လေ့လာရေး သွားခဲကြရာမှာ တွေ့ ခဲ့ရ၊ ကြည့်ခဲ့ရ ၊ ကွင်းဆင်းလေ့လာ သင်ကြားခဲ့ကြရပါတယ် ၊
ငွေကြေးကြွယ် ဝ ချမ်းသာ နေကြ တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်နေကြတဲ့ နိုင်ငံ ကြီးတွေမှာ က သူ့နိုင်ငံ ဖွံ့ဖြိုးတိုးတက် သည်ပင်သာယာ ဝပြောဘို့ အ ရေး တွေအတွက် ဖန်တီးဖေါ် ဆောင် လုပ်နေကြတဲ့ ဧရာမ အင်ဂျင်နီယာ မဟာစီမံကိနိးကြီးတွေပါဘဲ
မိမိနိုင်ငံ မိခင်နိုင်ငံ အဖို့မှာတော့ ………… ?
အေးမြင့် ( ညောင်တုန်း )
25bMarch 2025
ရည်ညွှန်း
Video Singapore East Coast Beach
https://www.facebook.com/story.php?story_fbid=170025362761937&id=573223149
