NEWS MEDIA WORLD and Voices သတင်းမီဒီယာ လောက ထဲက မြန်မာ နှင့် သတင်းထူးသတင်းဦး သတင်းကောင်းများ ပြည်သူပြည်သားတို့၏အသံများမြန်မာလူတော် ပညာတတ် ပညာရှင်ကြီးများ၏ ဆွေးနွေး ပြောကြား စကားများ ။ ဦးကြီးမြင့်. ၁ / ၂

2015 March 2015 DVB TV -ဦးကြီးမြင့်(တရားလွှတ်တော်ရှေ့နေ) စွမ်းအားရှင်နှင့်ပတ်သက်ပြီးဥပဒေနှင့်ညီမညီမေးမြန်ချက်. တင်ဆက် – တိုးဇော်လတ်. ရိုက်ကူး – ဇေယျာထွန်း. တည်းဖြတ် – ညီလင်းထွန်း

2019 December 14 – DvB Debate Live DVB – “ICJ ဂယက်နဲ့ မြန်မာပြည် အနာဂတ်”. ICJမှာ နိုင်ငံတော်အတိုင်ပင်ခံက၂၀၀၈ အခြေခံဥပဒေက ကမ္ဘာ့အဆင့်မမီဘူးဆိုတာ သွယ်ဝိုက်ပြောသွားတာ။ ၂၀၀၈ အောက်မှာလုပ်နေတဲ့တရားဥပဒေစိုးမိုးရေးဟာ ကမ္ဘာ့အဆင့်မီတရားဥပဒေစိုးမိုးရေးမဖြစ်နိုင်ဘူး။ တရား ဥပဒေစိုးမိုးရေးက ဒေါ်အောင်ဆန်းစုကြည်လောက်တော့ပျင်းတယ် ၊ သိကြားမင်းဆင်းလုပ်တာတောင် ၂၀၀၈ အောက်မှာမရဘူး။ “
ဦးကြီးမြင့်။ ဥက္ကဌ (ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့။). တိုင်းပြည်ထဲမှာ အချင်းချင်းလုံးလည်ချာလည်ဖြစ်ပြီး ထွက်ပေါက်မရှိတဲ့အချိန်မျိုးမှာ၊ UN တရားရုံးကနေပြီး တော့ မင်းတို့အခြေအနေ မင်းတိုပြန်သုံးသပ်သင့်ပြီ သတိ‌ပေးချင်လို့များ ဒီအမှုကိုခေါ်လိုက်သလားလို့တောင် ထင်မိတယ်။ “
ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဦးဆောင်နာယက (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်). မမုန်းစကားလေးနဲ့ကျမတို့အတူတကွယှဉ်တွဲပြီးတော့ ဘာသာအားလုံး တိုင်းရင်းသားအားလုံး မြန်မာနိုင်ငံ ရဲ့ ဖြစ်လာတဲ့ပြဿနာကို ရင်ဆိုင်ကြပါ။ “
ဒေါ်ကက်သလင်းသိန်း(အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးကွန်ရက်). DVBTV #ICJ #Debate #Live

New Year 2025 ၂၀၂၅ နှစ်သစ် အတွက် နိုင်င့ရေးလေ့ထာသုံးသပ်သူ ရှေ့နေကြီးဦးကြီးမြင့်၏ နိုင်ငံ အနာဂတ်ရေးတွေအတွက် NUG သို့အကြံပြုချက် များ ၊ နိုင့်ချစ်သူများသို့ Thimediaထုတ်လွင့် ချက်များ. ။ https://vt.tiktok.com/ZSr833C2Q/. With English Transcription of Speech

2024 March 22. ခြံအမှတ် ၅၄ ရဲ့ မအောင်မြင်တဲ့ လေလံပွဲ ဘာဆက်ဖြစ်မလဲ ခြံအမှတ် ၅၄ ရဲ့ မအောင်မြင်တဲ့ လေလံပွဲ ဘာဆက်ဖြစ်မလဲ – ရှေ့နေကြီး ဦးကြီးမြင့် နဲ့မေးထားသည်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦး တို့ မောင်နှမ ၂ ဦး အကြား အမွေဆိုင် ဖြစ်နေတဲ့ ခြံအမှတ် (၅၄) နေအိမ် နဲ့ ခြံဝန်းကို မတ်လ ၂၀ ရက်မှာ ကြမ်းခင်းစျေး ဒေါ်လာ သန်း ၉၀ နဲ့ လေလံတင် ရောင်းချရာ လေလံဆွဲတဲ့သူ မရှိဘဲ ပြီးဆုံးသွား ပါတယ်။ အခုလို လေလံ ဆွဲမယ့်သူ ဘာလို့ မရှိရတာလဲ…
အမှုဖြစ်စဥ်အရ တရားရုံးက ဘာဆက်လုပ်မလဲ…
ကြမ်းခင်းစျေး အပြောင်းအလဲ ဖြစ်လာနိုင်မလား…
ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြင်ဆင်ချက် လျှောက်ထားမှု အလားအလာ…

2024 July 15. ဇူလိုင် ၃၁ စကစ ၆ လ သက်တမ်းကုန် ကာလုံ ပြန်လွှဲနိုင်မလား – ရှေ့နေကြီး ဦးကြီးမြင့် နဲ့ မေးမြန်းခန်း. သမ္မတဟောင်း ဦးသိန်းစိန်၊ ဒုတပ်ချုပ်စိုးဝင်း နဲ့ ၄ ပါတီ ကိုယ်စားလှယ် တွေကို တရုတ်နိုင်ငံက တလ အတွင်း ဖိတ်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။. ဒါဟာ အခမ်းအနားတွေ တက်ဖို့ နဲ့ လေ့လာဆွေးနွေးမှုတွေ အတွက် ဖြစ်ပေမယ့် အခုလို ခပ်စိပ်စိပ် ဖိတ်ကြားမှု နောက်ကွယ်မှာ တရုတ် အနေနဲ့ ဘယ်လို ရည်ရွယ်ချက်တွေ ရှိထားပါလဲ…. တိုက်တိုက်ဆိုင်ဆိုင် အခုလို ဖိတ်ကြားမှုတွေ နဲ့ အတူ အခုလကုန် ဇူလိုင် ၃၁ မှာ စစ်ကောင်စီ ဟာ သူတို့ နောက်ဆုံး သက်တမ်း တိုးထားမှု ၆ လ အချိန်လည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် လကုန် သက်တမ်းကုန်မှာ စစ်ကောင်စီ အသက် ထပ်ဆက်ဦး မလား ဒါမှမဟုတ် ကာလုံပြန်အပ် ရွေးကောက်ပွဲ လုပ်တော့မလား…
ဒီအခြေအနေကို တွက်ဆပြီး တရုတ်က တလအတွင်း ဖိတ်ကြားမှုတွေ နဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေတာလား…. စတဲ့ မေးခွန်းတွေ အပေါ် ဘယ်လို သုံးသပ် ကောက်ချက်ဆွဲနိုင်မလဲ ဆိုတာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို မေးမြန်းတင်ဆက်ထားပါတယ်။. THN Public Media

2024 August 8 ရှစ်လေးလုံး အရေးတော်ပုံမှ သည် နွေဦး တော်လှန်ရေး ဆီသို့ ။ ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၆) နှစ်မြောက် အစီအစဉ် (တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့်)။ ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၆) နှစ်မြောက် ပြည့်လာတဲ့အချိန်မှာ အဲ့ဒီထဲမှာထဲထဲဝင်ဝင် ပါဝင်ခဲ့ကြတဲ့ သူတွေရဲ့အတွေ့အကြုံတွေကို မျိုးဆက်သစ်တွေကို ပြန်လည်ဆန်းသစ် မျှဝေပေးဖို့နဲ့ လက်ရှိနွေဦးတော်လှန်ရေးကို ဘယ်လိုသတင်းစကားတွေ ပြောချင်သလဲဆိုတာကို ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြတဲ့ တရားလွှတ်တော်ရှေ့နေကြီးနှစ်ဦး ဖြစ်တဲ့ ဦးကြီးမြင့်၊ ဦးဟန်ရှင်ဝင်းတို့အပြင် ၈၈ မှာ ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးဇော်မင်း (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရေစီရေးလှုပ်ရှားမှုအစည်းအရုံး-မကဒ) ၊ ဦးမြအေး (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ တက္ကသိုလ်ဘွဲ့ရနှင့်ကျောင်းသားဟောင်းများအဖွဲ့)တို့နဲ့ ရှစ်လေးလုံးအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွဲခံရမှုအပြီး လက်နက်ကိုင်တော်လှန်ရေးမှတပါး စစ်အုပ်စုကို ဖြုတ်ချနိုင်မဲ့ လမ်းစဉ်မရှိလို့ ယုံကြည်ပြီး တောခိုခဲ့တဲ့ ABSDF ဥက္ကဋ္ဌဟောင်းဦးထွန်းအောင်ကျော်တို့က သူတို့အမြင် သူတို့အတွေး သူတို့အတွေ့အကြုံတွေကို တဦးချင်း ဖြေကြားထားခဲ့တာကို ခေတ်မျက်လုံးက တင်ပြပေးသွားမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့။ ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’s Eyes ချန်နယ်သည် ပြည်သူတို့နှင့်အတူ ရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားပါမည်။


2024 November 2 စစ်ကောင်စီ ဆန့်ကျင် ရေး အင်အားစုတွေ တပ်ပေါင်းစု ဖွဲ့နိုင်မယ့် အလားအလာ အာဏာသိမ်းစစ်ကောင်စီကိုဖယ်ရှားဖို့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါကြတဲ့ အင်အားစုတွေတညီတညွတ်တည်း တပ်ပေါင်းစုဖွဲ့ဖို့ လိုအပ်တယ်လို့ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်နဲ့ လက်နက်ကိုင်တော်လှန်ရေး အလားအလာတွေကို ဒီတစ်ပတ် RFA စကားဝိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ပါဝင်ဆွေးနွေးသူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ နိုင်ငံရေးလေ့လာသူလဲဖြစ် တရားလွှတ်တော်ရှေ့နေလဲဖြစ်တဲ့ ဦးကြီးမြင့် နဲ့ တော်လှန်ရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ အညာဒေသပစ်တိုင်းထောင်လေးများအဖွဲ့က မဖူးပွင့်ဝေ တို့ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။ စကားဝိုင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese

2025 January 15 စစ်ကိုင်းမှာ NUG တနိကြီး ဆေါ ရဒံးထိုင်မယ့်အပေါ် ကြိုဆို ……သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဦးလွင်ကိုလတ် က စစ်ကိုင်းမှာ ဝန်ကြီးတွေ NUG ရုံးထိုင်ပြီး လူထုနဲ့ ထိတွေ့ ဆက်ဆံ တော့မယ်လို့ မီဒီယာ ကို ပြောကြားလိုက် တဲ့ အပေါ်…
နိုင်ငံရေး လေ့လာသုံးသပ်သူ ရှေ့နေကြီး ဦးကြီးမြင့် ရဲ့ အမြင် သဘောထားကို မေးမြန်း တင်ဆက်ထားပါတယ်။ ဦးကြီးမြင့်က အခုလို ဝန်ကြီးတွေ မြေပြင်ဆင်းမယ့် အပေါ် ကြိုဆို ကြောင်း… သို့သော်…
တခြားလိုအပ်ချက်တွေနဲ့ အဓိက လုပ်ဆောင်ရမှာတွေကို သူက ထောက်ပြ ပြောဆိုထားပါတယ်။

2025 စစ်နိုင်အောင် တိုက် ဖို့ ဘာတွေလိုနေလဲ

2025 March 2 – အရပ်သား ခေါင်းဆောင် နှစ်ဦးပြီးရင် တားဂစ် က ဗိုလ် ချုပ် ထွန်းမြတ်နိုင် ဆီကို ရောက်ခါမယ်. DVB Interview မအလက ရခိုင့်တပ်တော် ( AA) နဲ့ တိုက်တိုင်းရှုံးနေ တဲ့အခါကျတော့ အာဆာ (ARSA ) ကိုမြှောက်ပေးတယ်။ နောက်တစ်ခါဗူးသီးတောင် ၊မောင်တောက မူဆလင်တွေကို ပြည်သူ့စစ်တွေဖွဲ့ပြီး သူတို့နဲ့ ပူးပေါင်တိုက်ခိုင်းတာကိုလည်း မောင်းတော တိုက်ပွဲမှာပေါ်တယ်၊ အမ်းတိုက်ပွဲမှာ လက်ရဖမ်းဆီးထားတဲ့ အထဲမှာလဲ ရိုဟင်ဂျာပြည်သူ့စစ်တွေပါလာတာကိုလက်ပူးလက်ကြပ် တွေ့ရတယ်။ အမ်းတိုက်ပွဲမှာလည်း အေအေက နိုင်တယ်။မောင်းတောတိုက်ပွဲကိုလည်း လကြသွားပေမယ့် နိုင်တယ်။ ဒါကြောင့် စစ်ကောင်စီက အာဆာနဲ့ ပေါင်းပြီး အနှောင့်အယှက်ပေးတာကြောင့်တော့ AA ရဲ့တော်လှန်ရေးနှောင့်နှေးသွားတယ်ဆိုတာမျိုးမတွေ့ရပါဘူး။ ဒါပေမယ့် ကျနာ်တို့ကြားသိရသလောက် နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးထင်ကျော်ကို လုပ်သလိုမျိုးအထိ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို လုပ်ဖို့အစီအစဉ်ရှိတယ်”

VOA Continue ? Or Closure ? Voice of VOA Myanmar News Announcer. https://vt.tiktok.com/ZSr87h4s6/. By thnmedia

နားထောင်လာတာ ၅၅ နှစ် ရှိနေပြီဆိုတော့ လာရမဲ့အချိန်မှာ မလာရင် တခုခု လိုနေသလို ဖြစ်နေတယ် ရှေ့နေကြီး ဦးကြီးမြင့် ( VOA အမာခံ ပရိသတ်တဦး)။ ( ၁၉ -၃-၂၀၂၅)။ VOA ကို ၁၉၇၀ ကတည်းက နားထောင်လာတာဆိုတော့ သူလာရမယ့်အချိန်မှာ မလာရင် တခုခုလိုနေသလိုဖြစ်နေတယ်၊ မနက်ခင်းသတင်းနားထောင်ပြီးမှ ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်ကြတာ” လို့ VOA ရဲ့ အမာခံ ပရိသတ်တဦးဖြစ်သူ ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။ VOA နဲ့ RFA သတင်းဌာတွေကို ပိတ်ပစ်တော့မယ်၊ အသံလွှင့်မှုရပ်နားလိုက်ပြီဆိုတဲ့အချက်တွေက သန်းနဲ့ချီရှိတဲ့ မြန်မာပရိသတ်တွေကို ဘယ်လိုထိခိုက်စေသလဲ … BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။နားထောင်လာတာ ၅၅ နှစ်ရှိနေပြီဆိုတော့ လာရမယ့်အချိန်မှာ မလာရင် တခုခု လိုနေသလိုဖြစ်နေတယ်” အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ…။ VOA အပါဝင် နိုင်ငံခြား အသံလွှင့်ဌာနတွေကို မြန်မာပရိတ်သတ်တွေ ဘယ်ကတည်းက စနားထောင်သလဲ… ဘာကြောင့် နားထောင်ဖို့ လိုအပ်သလဲ…။ ဒီဂျစ်တယ်ခေတ်- အင်တာနက်ခေတ်မှာ ရေဒီယိုတွေ လိုအပ်သေးလို့လား…။ VOA, RFA က ထုတ်လွှင့်တဲ့သတင်းတွေ- ဆောင်းပါးတွေနဲ့ ဆိုရှယ်မီဒီယာ အခြေခံ သတင်းဌာနတွေရဲ့ သတင်းတွေ-ဆောင်းပါးတွေက ဘာတွေ ကွာသလဲ…။ သမ္မတထရမ့်အစိုးရက မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ကူညီပေးနေတာကော ဟုတ်ရဲ့လား…။ … စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ BNN သတင်း အင်တာဗျူး youtube ချယ်နယ်။ / burmanewsnetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာ

VOA နဲ့ RFA ဖြစ်ရပ် ရင်လေးစရာကောင်း တဲ့ကိစ္စ ဖြစ်တယ် ( ရုပ်/သံ )

ဗီ အိုအေ မြန်မာပိုင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွေကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပြန်လည်ထုတ်လွှင့်သွားပါမယ်” လို့ မတ်လ ၁၆ ရက်နေ့မှာ VOA မြန်မာပိုင်းဌာနကတရားဝင်ကြေညာအသိပေးခဲ့ပြီး သတင်းထုတ်လွှင့်မှုတွေ ရပ်နားခဲ့ပါတယ်။ လွတ်လပ်တဲ့ အာရှအသံ (RFA) မြန်မာဌာန ကလည်း အမေရိကန်အစိုးရထောက်ပံ့ငွေ ရပ်စဲခံရပြီး RFA သတင်းလုပ်ငန်း ရပ်တန့်သွားနိုင်တယ်လို့ မတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) အပါအဝင်အစိုးရ ဌာန ၇ ခုမှာရှိတဲ့ လုပ်ငန်းတွေကို လျှော့ချပြီး ဝန်ထမ်းတွေကိုလည်းအနည်းဆုံးအထိထားဖို့ သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၄ ရက်နေ့မှာလက်မှတ်ထိုးပြီး ညွန်ကြားခဲ့ပါတယ်။

USAGM ဟာ VOA နဲ့ RFA အပါအဝင် အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ၅ ခုရဲ့ မိခင်အဖွဲ့အစည်း ဖြစ်ပါတယ်။USAGM လက်အောက်မှာရှိတဲ့ သတင်းမီဒီယာ ၅ ခုဟာ ဥရောပ၊ အာရှနဲ့အရှေ့အလယ်ပိုင်း ဒေသတွေမှာ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ဒစ်ဂျစ်တယ်သတင်းတွေကို သက်ဆိုင်ရာ ဘာသာစကားအလိုက် ဖြန့်ဝေပေးတဲ့သတင်းဌာနတွေဖြစ်ကြပါတယ်။ မြန်မာ #ဧရာဝတီ #VOA #RFA #သတင်းမီဒီယာ #သမ္မတဒေါ်နယ်ထရမ့် #USAGM

VOA နဲ့ RFA အခန်း ကဏ္ဍက အင်မတန်မှ အရေးပါတယ် ဧရာဝတီ၊ မတ် ၁၈၊ ၂၀၂၅။ မြန်မာပြည်သူတွေ အဓိက အားထားနေကြရတဲ့ သတင်းဌာနတွေထဲက သတင်းဌာနကြီး ၂ ခုဖြစ်တဲ့ အမေရိကန်အသံ (Voice of America – VOA) နဲ့ လွတ်လပ်တဲ့ အာရှအသံ (Radio Free Asia – RFA) တို့ ပိတ်သိမ်းခံရနိုင်တဲ့ အခြေအနေ ကြုံတွေ့နေရပါတယ်။ မတ်လ ၁၅ ရက်နေ့က ဒီသတင်းဌာနကြီးတွေမှာ လုပ်ကိုင်နေတဲ့ တရားဝင်အစိုးရ ဝန်ထမ်းတွေနဲ့ စာချုပ်ဝန်ထမ်းတွေဆီကို လစာ အကျိုး ခံစားခွင့်တွေနဲ့ အနားပေးလိုက်တယ်ဆိုတဲ့ အကြောင်းကြားစာတွေကို အစိုးရဘက်က ပေးပို့လာခဲ့ပြီး ၁၆ ရက်မှာ‌တော့ အလုပ်ကနေ တရားဝင် ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ အကြောင်းကြားစာတွေ ထပ်မံ ရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင် ခေတ်အဆက်ဆက် သတင်းအမှောင်ချခံခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ VOA နဲ့ RFA တို့ရဲ့ ရေဒီယိုသတင်းတွေကို အားကိုးခဲ့ကြရသလို လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာလည်း အားကိုး အားထားပြုနေကြရတာဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာ အခိုင်အမာထုတ်လွှင့်ခဲ့ပြီး ရေဒီယိုတင်ဆက်မှု အားကောင်းတဲ့ သတင်းဌာနကြီး ၂ ခု ရပ်ဆိုင်းခံလိုက်ရတာဟာ မြန်မာလူထုတွေအတွက် ကြီးမားတဲ့ နစ်နာမှုတရပ်လို့လည်း ဆိုကြပါတယ် ။

VOA ဆက်ရှိဦးမလား ပိတ်သိမ်းမလား -အထူးသုံးသပ် တင်ပြချက် သမ္မတ ထရမ့်ရဲ့ ဖြတ်တောက်ရေး အမိန့်နဲ့ မတ်လ ၁၅ ရက်နေ့မှာ ထုတ်လွှင့်မှုတွေ ရပ်ဆိုင်းသွားတဲ့ VOA အသံလွှင့်ဌာန အနာဂတ် ဘယ်လို ရှိနိုင်မလဲ…
သမ္မတ အမိန့်ရဲ့ က ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိလဲ..
သမ္မတ က ပိတ်သိမ်းလို့ ရနိုင်လား…
ထရမ့်က လျှော့ချရေးထက် ပိတ်သိမ်းချင်နေလား…
ကွန်ဂရက် ရဲ့ အခန်းကဏ္ဍ။ စတဲ့ အချက်တွေ အပေါ် အထူးသုံးသပ်တင်ဆက်ထားပါတယ်။ THN Public Media။ ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ
/ 1ffd7z8qwn

သိပ်ကို ဒေါသထွက် ၊ ခံပြင်းစရာ ကောင်းပါတယ် ။ သိပ်ကိုဒေါသထွက်၊ ခံပြင်းစရာကောင်းပါတယ်”။ VOA သတင်းထောက်ဟောင်း ကိုကျော်ကျော်သိန်းနှင့် တွေ့ဆုံမေးမြန်းခန်း။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ သောကြာနေ့က ထုတ်ပြန်လိုက်သည့်အမိန့်ကြောင့် နှစ်ပေါင်းများစွာလည်ပတ်လာသော VOA သတင်းဌာနလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး၊ RFA ၏လုပ်ငန်းများလည်း မကြာမီပိတ်သိမ်းရတော့မည့် အခြေအနေကျရောက်ခဲ့ပါပြီ။ လက်ရှိတွင် VOA ဝန်ထမ်းများအားလုံး ၎င်းတို့၏ လုပ်ငန်းခွင်များသို့ ဝင်ရောက်ခွင့်မရှိတော့သလို အမြဲတမ်းဝန်ထမ်းများမှလွဲ၍ ကန်ထရိုက်တာ စာချုပ်ဖြင့် ချုပ်ဆိုခန့်ထားသော ကန်ထရိုက် ဝန်ထမ်းများကိုလည်း အလုပ်ရပ်စဲလိုက်ကြောင်းသိရှိရသည်။