HISTORY MYANMAR ; Riots in Different Ages and Era in Myanmar လွတ်လပ်ရေးရပြီး ခေတ် အဆက်ဆက် မြန်မာ သမိုင်း နှင့် မြန်မာပြည်မှ အရေးအခင်းများ

ကိုလိုနီခေတ် အလွန် မဆလခေတ်စတင်ခြင်းနှင့် အဆုံးသတ်ခြင်း

ဦးနုနဲ့ မြန်မာ့ နိုင်ငံရေး

ဦးသနိ့ အရေးအခင်း မြန်မာ့သမိုင်း Myanmar History

ဥိးသနိ့ ( သို့မဟုတ် ) တတိယကမ္ဘာစစ်ကြီးမဖြစ်အောင် ဟန့်တားနိုင်ခဲ့သူ . မူရင်းစာရေးသူ။ ။ ဗန်မော်သိန်းဖေ
စာအုပ်နာမည် ။ ။ ဦးသန့်
ခွင့်ပြုချက်နံပါတ်။ ။ မသိ
(မူရင်းစာရေးသားသူcrecreditပေးပါတယ်ခင်‌ဗျာ)

1962 July 7. ဆဲဗင်းဂျူလိုင်က စတဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးခရီးဟာ နွေဉီးတော်လှန်ရေးမှာ အဆုံးသတ်နိုင်ဖို့ ညီညွတ်ကြဖို့ လိုတယ်လို့ ဆဲဗင်းဂျူလိုင် ကျောင်းသားဟောင်းနဲ့ သပိတ်ခေါင်းဆောင်တွေက တိုက်တွန်းကြပါတယ်။. dvbtvnews #7july #myanmar DVB TV – 07.07.2024 Download the DVB Mobile App:
Android – https://bit.ly/dvbmobile
IOS – https://bit.ly/dvbapple

၈၈၈၈ ဒီမိုကရေစီရေး လူထု အရေးတော်ပုံကြီး ဘာကြောင့် ဘယ်လို ပေါ် ပေါက်ခဲ့လဲ

၃၅ နှစ် တိုင်ခဲ့ပြီ ဖြစ်ပေမယ့် ပြည်သူလူထု ရဲ့ ဒီမိုကရေစီ ရရှိရေး ဆန္ဒတွေ မရရှိနိုင်သေး ပေမယ့်လည်း…
၈ လေးလုံး ဒီမိုကရေစီ အရေး လူထု အုံကြွမှု အ‌ရေးတော်ပုံ ဖြစ်ပေါ် လာစေ ခဲ့တဲ့ ၁၉၈၈ တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု
ကျောင်းသားလှုပ်ရှားမှု ဖြစ်စေခဲ့တဲ့ အာအိုင်တီ စက်မှုတက္ကသိုလ် ကျောင်းသား မောင်ဖုန်းမော် ကျဆုံးခဲ့ရတဲ့ ဖုန်းမော်အရေးအခင်း…
စတဲ့ အရေးအခင်း လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကြုံတွေ့ ပါဝင်ခဲ့သူ ကျောင်းသား ခေါင်းဆောင် တချို့ ရဲ့ ပြောပြချက် တွေကို အခြေခံပြီး
‘’၈၈၈၈ ဒီမိုကရေစီရေး လူထု အရေးတော်ပုံ ဘာကြောင့် ဘယ်လို ပေါ်ပေါက်ခဲ့လဲ’’ ဆိုတာ တင်ဆက်ပေးထားပါတယ်။
(ကိုမိုးသီးဇွန်၊ မခင်ဥမ္မာ၊ ကိုအောင်မျိုးထွန်း နဲ့ ကိုမြင့်ဦး တို့က ပြောပြ ထားပါတယ်)
လွတ်လပ်ရေး ရပြီးနောက် အခုအချိန်အထိ တွက်ရင် သမိုင်းတဝက် ဖြစ်တဲ့ ၁၉၈၈ မှာ လူထုက ဒီမိုကရေစီ စနစ် ကို ပြတ်သားစွာ တောင်းဆို ထားခဲ့ပြီး ဖြစ်တယ်

Burma First Military Coup / Cold War DOCUMENTARY Our historical documentary series on the history of the Cold War continues with a video on Burma, as we discuss the history of the country after its independence and how the first military coup d’etat happened.

နှစ်၅၀ ပြည့် တရုတ် မြန်မာ အရေးအခင်း BBC News, မြန်မာ

ရန်ကုန်
ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ် တရုတ် နှစ်သစ်ကူး ပွဲကို ရန်ကုန်မှာ စည်းကားစွာ ကျင်းပ

၂၆ ဇွန် ၂၀၁၇

ဇွန်လ ၂၆ ရက်နေ့ က ၁၉၆၇ ခုနှစ်က တရုတ် မြန်မာ အရေးအခင်း ဖြစ်ပွားခဲ့တာ အနှစ် ၅ဝ ပြည့်တဲ့ နေ့ ဖြစ်ပါတယ်။ ဒီအရေးအခင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတွေ ပျက်ပြားခဲ့ရပြီး သေကြေ ပျက်စီးမှု တွေ ရှိခဲ့သလို မြန်မာပြည်ပေါက် တရုတ်လူမျိုးတွေကို တရုတ်ဘက်က ပြန်ခေါ်တာတွေ ဖြစ်ခဲ့ပါတယ်။ ၁၉၆၂ မြန်မာနိုင်ငံမှာ တော်လှန်ရေး ကောင်စီ ရဲ့ အာဏာသိမ်း အစိုးရ တက်လာပြီး နောက်ပိုင်း မြန်မာ တရုတ် ဆက်ဆံရေး တင်းမာလာခဲ့ပြီး ၁၉၆၆ မှာတော့ တရုတ် နိုင်ငံမှာ ယဉ်ကျေးမှု တော်လှန်ရေးကြောင့် မော်စီတုန်းရဲ့ အတွေးအခေါ်တွေ ပါတဲ့ စာအုပ်နီတွေကို ပြည်တွင်းပြည်ပ ဖြန့်ဝေမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီစာအုပ်တွေ မြန်မာနိုင်ငံ ရောက်လာပြီး တရုတ်ကျောင်းသားတွေ ရှိတဲ့ ကျောင်းတွေမှာ ဖြန့်ရာက အရေးအခင်းဖြစ်ပွားခဲ့တာလို့ အဲဒီအချိန်က ရန်ကုန် နိုင်ငံခြားရေးရုံးမှာ လုပ်နေတဲ့ သံတမန်ဟောင်း တယောက်ဖြစ်တဲ့ ဦးခင်မောင်ကြည်က ပြောပြပါတယ်။ နောက် ရန်ကုန် တရုတ်သံရုံးထဲမှာ တရုတ်နိုင်ငံသားတယောက် သတ်ဖြတ်ခံရတဲ့အတွက် ၂ နိုင်ငံ ဆက်ဆံရေးတွေ ပိုမို တင်းမာခဲ့ရတယ်လို့ နိုင်ငံခြားရေးဝန်ထမ်းဖြစ်ခဲ့တဲ့ ဦးခင်မောင်ကြည်က ဆက်ပြောပါတယ်။ အဲဒီ အချိန်တုန်း က မြန်မာ နိုင်ငံမှာ ဆန်စျေးကြီးမြင့်မှုတွေ ဖြစ်ပေါ် နေခဲ့ပြီး ဆန်ဝယ်လို့ မရတဲ့ အခြေအနေကို မကျေနပ်တဲ့ အချိန်မှာ စာအုပ် နီ တွေကို ဆန့်ကျင်တဲ့ လှုပ်ရှား မှုတွေ ဖြစ်ပေါ် ခဲ့ပြီး အဲဒီ ကနေ တရုတ် မြန်မာ အရေး အခင်း ဖြစ်ပွား ခဲ့တာလို့ မန္တလေး လူထု သတင်းစာမှာ အယ်ဒီတာ အဖြစ် ဆောင်ရွက်နေတဲ့ ဆရာ မောင်သစ်လွင် လူထုက သူ့ အမြင်ကို ပြောပါတယ်။ အဲဒီ အဓိကရုဏ်းကြောင့် မြန်မာနဲ့ အင်အားကြီး အိမ်ချင်းနီး နိုင်ငံကြား ဆက်ဆံရေး ဆိုးရွားခဲ့ရပေမယ့် နှစ်ဘက် ခေါင်းဆောင်တွေ ပြန်လည် ထိန်းညှိနိုင်မှုကြောင့် ဆက်ဆံရေးတွေ နှစ်ပိုင်း အတွင်း ပြန်လည် တည့်မတ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။