စစ်ကောင်စီဥက္ကဌရဲ့ စီးပွားရေးစီမံခန့်ခွဲနိုင်မှုစွမ်းရည်က ကုဋေ ၈၀ သူဌေးသားလိုဖြစ်နေတယ်”
- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)
- ၆- ၇- ၂၀၂၄)
- သေနတ်ပြ အမိန့်ပေးပြီး ကုန်ဈေးနှုန်းကျအောင် လုပ်လို့မရဘူးဆိုတာကို ဒီစစ်ဗိုလ်တွေ အခုထိ သဘောမပေါက်သေးဘူး။ လက်ရှိ စစ်ကောင်စီဥက္ကဌရဲ့ စီးပွားရေးစီမံခန့်ခွဲနိုင်မှုစွမ်းရည်က ကုဋေ ၈၀ သူဌေးသား ပုံပြင်ထဲကလို သူဌေးဘဝကနေ ကုန်းကောက်စရာမရှိအောင်ကို ဆင်းရသွားရတဲ့ အခြေနေဆီ ဦးတည်နေတယ်” လို့ စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။
- ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့တဲ့ ဆန်ကုန်သည်တွေကို ဖမ်းဆီးတာ၊ ဘဏ်ပိုင်ရှင်တွေကို သတိပေးတာ အပါဝင် နောက်ဆုံးဖြစ်ပေါ်နေတဲ့ စီးပွားရေး စီမံခန့်ခွဲမှုအလွဲများ နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။
- အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ…
- ဆန်ကုန်သည်တွေကို ဖမ်းဆီးခြင်းက သမဝါယမဆိုင် တန်းစီစနစ်ဆီ ပြန်သွားမယ့် ခြေလှမ်းလား…
- ဘဏ်တွေကို သတိပေးခြင်းရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာနိုင်သလဲ…
- စစ်ကောင်စီဥက္ကဌရဲ့ စီးပွားရေးစီမံခန့်ခွဲနိုင်မှုစွမ်းရည်ကို ဘာကြောင့် ကုဋေ ၈၀ သူဌေးသားနုဲ့ နှိုင်းယှဉ်ပြောရတာလဲ…
- စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
- (သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်ကနေ စီးပွားရေးအကူအညီ တခုခု ရလာနိုင်သလား… ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
- သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
- လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )
စစ်ကောင်စီနဲ့ချုပ်ဆိုတဲ့ စာချုပ်တွေအားလုံး တရားဝင်မှုမရှိဘူးဆိုတာကို ထုတ်ဖေါ်ပြသဖို့လိုတယ်”။
ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ။ ၂- ၆- ၂၀၂၄)။ ဧရာဝတီမြစ်ဆုံစီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအပါဝင် အာဏာသိမ်းစစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေအားလုံး တရားဝင်မှုမရှိဘူးဆိုတာကို နိုင်ငံတကာအဆင့်၊ အစိုးရအဆင့်၊ ဒေသဆိုင်ရာအဆင့် အသီးသီးမှာ ထုတ်ဖေါ်ပြသဖို့လိုတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။ ရပ်နားထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းတို့ကို ရုရှားနဲ့ တရုတ်လက်ထဲ စစ်ကောင်စီက ထိုးအပ်ဖို့ပြင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး … BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ…။ ကျောက်ဖြူစီမံကိန်းကို ပြန်လည်ပြင်ဆင်ရေး လုပ်နိုင်ခြေရှိသေးလား…။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းတွေ စစ်ကောင်စီလက်ထက်မှာ ပြန်မစနိုင်အောင် ဘယ်လိုကန့်ကွက်ကြမလဲ…။ နိုင်ငံခြားရင်းနှီးမြှုုပ်နှံသူတွေက စစ်ကောင်စီအလွန်ခေတ်အထိ မစောင့်နိုင်ကြဘူးလား…။ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe။ လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )။ BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network
