လူပေါင်းမှာတာလား ၊ လူမှားပေါင်းတာလာဂ။ LGTI Life Guide Training Institute တတိယကမ္ဘာစစ်အရိပ်အငွေ့ ၊ ထရန့်နဲ့ အီလွန်ရဲ့ဆက်ဆံရေး ၊ယူကရိန်းကို အမေရိကန်အကူအညီအားလုံးဆိုင်းငံ့ ၊ အကွဲအပြဲတွေကြားက ကြောင်ပျောက်နေတဲ့ ကမ္ဘာ့စီးပွားရေး ၊ အန္တရာယ်များတဲ့စတော့နဲ့ ပန်းပန်နေ ။
ပူတင်ကို ဒေါ်နယ် ထရမ့် ဘာကောင့် ကြောက် တာလဲ
CNN News : Watch tense Oval Office argument between Zelenskyy,Trump and Vane. A remarkable shouting match broke out in the Oval Office on Friday between President Donald Trump and his Ukrainian counterpart Volodymyr Zelensky, who was hoping to appeal to the US for continued security assistance during his trip to Washington. Raising their voices, Trump and Zelensky — along with the Vice President JD Vance — engaged in a tense back-and-forth about the nature of US support, and whether Zelensky had demonstrated enough gratitude. #CNN #News
ယူကရိန်းကပေးတဲ့ မြန်မာ့အရေး သင်ခန်းစာ ။ U Aung-LGTI Life Guide Training Institute uaung fyi #lifeguidetraininginstitute #motivation #လူမှုစီးပွား
မြေရှား ( Rare Earth ) ဆိုတာ ဘာလဲ
မြေရှားသတ္တု အန္တရာယ် မြေရှားသတ္တုအများဆုံး တရုတ်က ထုတ်လုပ်ပေမယ့် ပြည်တွင်းသုံးအတွက် မလုံလောက်လို့ နိုင်ငံခြားက တင်သွင်းနေရပါတယ်။ မြေရှားသတ္တု အများဆုံးထုတ်လုပ်ပြီး အများဆုံး ဝယ်ယူနေတာ တရုတ်ပြည်ပါ။ မြန်မာပြည်မှာ စစ်အာဏာသိမ်းလို့ တရုတ်ပြည်မှာ မြေရှားသတ္တုစျေးနှုန်း (၃၀) ရာခိုင်နှုန်း ထိုးတက်သွားတယ်လို့ မတ်လ (၃) ရက်နေ့ထုတ် Nikkei Asia မှာ ဖော်ပြပါတယ်။ မြေရှားသတ္တုက ဘယ်လောက်အရေးပါပါသလဲ။ ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ ဦးအောင်ခင်နဲ့အတူ ကိုဉာဏ်ဝင်းအောင်က ဆွေးနွေးတင်ပြထားပါတယ်။
Rare Earth မြေရှား သတ္တုရဲ့ အရေးပါမှုနဲ့ အန္တရာယ် ( ဇုန်းသိန်း -သဘာဝပတိဝနိးကျင်အရေး လှုပ်၇ှားသူ ) # ဧရာဝတီ # မြန်မာ # NDA သတင်း မြေရှားသတ္တုက ဘယ်လောက်အရေး ပါသလဲ
ဧရာဝတီ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၅။ ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ ရေအရင်းအမြစ်တွေ ပျက်စီးလာပြီး အရေပြားရောဂါအပါအဝင် လူသေဆုံးမှုတွေပါ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ ဒါပေမဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေက ခွင့်မပြုတဲ့အတွက် တိကျတဲ့ ဓာတ်ခွဲသုတသနပြုမှုတွေ၊ ဆေးစစ်ချက်တွေကို လုပ်လို့မရဘူးလို့ ဆိုပါတယ်။ ကချင်ပြည်နယ်က မြေရှားသတ္တု အများဆုံးထွက်ရှိရာ ဒေသတွေဖြစ်ခဲ့တဲ့ ကချင်အထူးဒေသ (၁) ချီဖွေ၊ ပန်ဝါနဲ့ ကန်ပိုက်တီ ဒေသတွေဟာ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ရဲ့ ထိန်းချုပ်နယ်မြေတွေပါ။ ဒီကထွက်ရှိတဲ့ မြေရှားသတ္တုတွေကို တရုတ်နိုင်ငံ ပိုဆောင်နေတာဖြစ်ပါတယ်။ NDA-K လက်ထက်မှာ မြေရှားသတ္တုတွေကို အထိန်းအကွပ်မရှိ တူးဖော်ထုတ်လုပ်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတွေနဲ့ သုတသေပညာရှင်တွေက ပြောပါတယ်။ အဲဒီကာလတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း မိုးမောက်နဲ့ မံစီဒေသတွေမှာ မြေရှားသတ္တုတွေ တူးဖော်နေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာ တရုတ်-မြန်မာ နယ်စပ်က မြေရှားသတ္တု အဓိက ထုတ်လုပ်ရာ ဒေသတွေအားလုံးကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ထုတ်လုပ်မှု၊ တရုတ်နဲ့ ကုန်သွယ်မှုတွေကိုလည်း ဆက်လုပ်နေပါတယ်။ ဒါပေမဲ့ KIA အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို တတ်နိုင်သမျှ လျှော့ချနိုင်တဲ့ နည်းလမ်းတွေသုံးဖို့ ကချင်လူမျိုး သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဇုန်းသိန်း က ဧရာဝတီကို ဖြေဆိုထားပါတယ်။ မြန်မာ #ဧရာဝတီ #မြေရှားသတ္တု #ကချင်ပြည်နယ် #KIA #NDA-K #Environment စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ကမ္ဘာနဲ့ချီပြီး နှစ်ခါ ပြန် မရနိုင်တဲ့ မြေရှားသတ္တု အကြောင်း
မြေရှားသတ္တု အသုံးဝင်ပုံများအကြောင်း ။ သူလီယမ် Thulium, ယူရိုပီယမ် Europium, တာဘီယမ် Terbium, ဒစ်ပရိုစီယမ် Dysprosium ပရာသီအို ဒီမီယမ် praseodymium, အာရ်ဘီယမ် Erbium စတဲ့မြေရှား သတ္တုအသုံးတွေကို ဖေါ်ပြထားခြင်း ဖြစ်ပါ
မြေရှား သတ္တု အလွန်အကျွံ တူးဖေါ် မှု ကချင် ဒေသနဲ့ ဧရာဝတီမြစ် ကို အဆိပ် သင့် စေနိုင် ■ ကွန်ပြူတာနဲ့ မိုဘိုင်းဖုန်းအပါအဝင် ခေတ်မီလျှပ်စစ်ပစ္စည်းတွေမှာ အဓိကအသုံးပြုတဲ့ မြေရှားသတ္တုကို တရုတ်ကုမ္ပဏီအများအပြား ကချင်ဒေသမှာ လာရောက်တူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရုံမက လူ့ကျန်းမာရေးနဲ့ တိရစ္ဆန်တွေကိုပါ ထိခိုက်နေပြီလို့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး လှုပ်ရှားသူတွေက ပြောပါတယ် မြေရှားသတ္တုတူးဖော်တဲ့အခါ အားပြင်းအက်စစ်ရည်ကို မြေကြီးထဲ ထိုးသွင်းရတာကြောင့် ကချင်ဒေသမှာရှိတဲ့ မြစ်ချောင်းတွေက တစ်ဆင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ဒေသခံတွေပါ အဆိပ်သင့်တဲ့ဒဏ်ကို ခံစားရလိမ့်မယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် Global Witness အစီရင်ခံစာမှာ သတိပေးထားပါတယ်။ ဒီအကြောင်းတွေကို ကိုအောင်သိင်္ခက တင်ပြထားပါတယ်။
REE Rare Earth Element ကချင်ပြည်နယ်။ မြေရှား သတ္တု ဘာကြောင့် အရေးပါသလဲ ကမ္ဘာလုံးဆိုင်ရာဈေးကွက်လိုအပ်ချက်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော် မြန်မာနိုင်ငံကနေ ထုတ်လုပ်နေတဲ့ ‘မြေရှားသတ္တု’ ဆိုတာ ဘာကိုပြောတာလဲ၊ ဘယ်နေရာတွေမှာသုံးပြီး ဘယ်လိုတွေတူးနေကြသလဲ ဆိုတာတွေကို မသီရိမင်းဇင်က ပြောပြထားပါတယ်။
ကချင် မြေရှား နဲ့ တရုတ် မဟာအမှား၊ ဦးအောင်ခင် ရဲ့ မြန်မာ့အရေး သုံးသပ်ချက် ။ Likes 256,692Views 26 Dec2024 မြေရှားသတ္တု အများဆုံးထုတ်လုပ်သူဟာ တရုတ်ပြည် ဖြစ်တယ်လို့−ဆိုပေမဲ့ ၊ မြန်မာပြည်က ကုန်ကြမ်းမရရင် တရုတ်ဟာ အခုလို ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တရုတ် လိုချင်တာကို မပေးဖို့ နွေဦးတော်လှန်ရေးက ကြိုးပမ်းရမှာဖြစ်ကြောင်း ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်
မြန်မာနဲ့ မြေရှား အလားအလာ ( အပိုင်း ၂ ) သတ္တု သိုက်။ အမျိုးအစား နဲ့ တွေ့ရှိရာ ဒေသ ကမ္ဘာမှာ မြေရှားသတ္တု ထုတ်လုပ်မှု တတိယအများဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံမှာ မြေရှားသတ္တုတွေကို ဘယ်နေရာမှာ တွေ့နိုင်ပါသလဲ။ ဩစတြေးလျနိုင်ငံ ဓါတ်သတ္တု ရှာဖွေတူးဖေါ်ရေး အကြံပေး ဒေါက်တာဦးအောင်ပွါးကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
မြေရှားသတ္တုသုံး အမြဲတမ်းသံလိုက် နည်းပညာတိုးတက်တဲ့ ခေတ်ကိုရောက်ဖို့ မရှိမဖြစ် ပစ္စည်းတခုက သံလိုက် ဖြစ်ပြီး ဒီသံလိုက်တွေထဲမှာ မြေရှားသတ္တုနဲ့ ပြုလုပ်တဲ့ သံလိုက်ဟာ သံလိုက်ဓါတ်ကို တာရှည်ခိုင်မြဲ စေပါတယ်။ ဒီမြေရှားသတ္တုသုံး သံလိုက်ဟာ ဘာကြောင့် အရေးပါတာပါလဲ။ ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်း တင်ပြထားပါတယ်
မြေရှားသတ္တာကို မြန်မာမှာ ဘယ်လို ထုတ်မလဲ ။ မြန်မာနဲ့ မြေရှား အလားအလာ ( အပိုင်း ၄ ) ကမ္ဘာမှာ မြေရှားသတ္တု တတိယအများဆုံးထုတ်လုပ်တဲ့ မြန်မာနိုင်ငံမှာ တန်ဖိုးကြီးတဲ့ လေးတဲ့မြေရှားသတ္တုထွက်ပေမယ့် ဒါတွေကို တရားဝင် တူးဖေါ်ထုတ်လုပ်တာမျိုး မဟုတ်သလို စံနစ်တကျ ရှာဖွေစူးစမ်းမှုလည်း မလုပ်နိုင်သေးပါဘူး။
ဒေါ် နယ် ထရမ့် နဲ့ တရုတ်တို့ ဆက်ဆံရေး ကြားက မြန်မာ့ မြေရှား သတ္တု ( ရပ် /သံ )
ဧရာ၀တီ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၅။ ဝင်း မျိုးသူ နှင့်မေးမြန်းချက်များ
ဧရာဝတီရဲ့ ဒီတပတ် တွေ့ဆုံမေးမြန်းခန်းမှာ သဘာဝပတ်ဝန်းကျင်ရေးရာ ဝါရင့်ပညာရှင် ဦးဝင်းမျိုးသူကို ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရသစ်နဲ့ တရုတ်နိုင်ငံတို့ကြား တင်းမာလာနိုင်တဲ့ ဆက်ဆံရေးက မြန်မာ့မြေရှားသတ္တုကဏ္ဍအပေါ် ဘယ်လိုနဲ့ ဘယ်လောက်အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်မလဲ မေးမြန်းဆွေးနွေးထားပါတယ် ။
ကချင်ပြည်နယ်က မြေရှားသတ္တု ဘာကြောင့်အရေးပါသလဲ။ ကမ္ဘာလုံးဆိုင်ရာဈေးကွက်လိုအပ်ချက်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော် မြန်မာနိုင်ငံကနေ ထုတ်လုပ်နေတဲ့ ‘မြေရှားသတ္တု’ ဆိုတာ ဘာကိုပြောတာလဲ၊ ဘယ်နေရာတွေမှာသုံးပြီး ဘယ်လိုတွေတူးနေကြသလဲ ဆိုတာတွေကို မသီရိမင်းဇင်က ပြောပြထားပါတယ်။ ____________ #မြေရှားသတ္တု#တရုတ်#လွတ်လပ်တဲ့အာရှအသံ#rfaburmese
တစ်ကြော့ပြန် သမ္မတ ထရမိ့နှင့် မြန်နာ -အမေရီကန် ဆက်ဆံရေး လားရာ MN Myanmar News Now
၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲနှင့် မိုင်ထောင်ချီကွာဝေးသော အရှေ့တောင်အာရှဒေသရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲက ၅ ရက်သာ ကွာခြားခဲ့သည်။ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့သော၊ စစ်တပ်ဖွဲ့စည်းထူထောင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲလိမ်မဲခိုးသည်ဟု စွပ်စွဲကာ ရွေးကောက်ပွဲရလဒ်ကို လက်မခံ ငြင်းဆန်ပြီး၊ စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်ကို အာဏာသိမ်းရန် တိုက်တွန်းခဲ့သည်။ အသွင်ကူးပြောင်းစ ဒီမိုကရေစီအခြေမခိုင်သေးသော မြန်မာနိုင်ငံမှ ဖြစ်ရပ်သည် ကမ္ဘာ့ဒီမိုကရေစီ ဦးဆောင် နိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ အငြင်းပွားမှုနှင့် အချိန်ကာလတစ်ခုတည်း ဆင်တူ ဖြစ်ပွားခဲ့သည်။. ရွေးကောက်ပွဲအငြင်းပွားမှုများကို ဖြေရှင်းရမည့် အခွင့်အာဏာသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲခုံရုံးသို့ အပြည့်အဝအပ်နှင်းထားပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ ဖြေရှင်းရမည် ဖြစ်သော်လည်း၊ ကော်မရှင်၏ဖြေရှင်းမှုကို မကျေနပ်နိုင်သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဥပဒေ ချိုးဖောက်၍ လက်နက်အားကိုးဖြင့် အာဏာသိမ်းပြီး ဖြေရှင်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီး အသွင်ကူးပြောင်းစ ဒီမိုကရေစီ စနစ် ပြိုလဲချုပ်ငြိမ်းသွားစဉ် အမေရိကန်တွင်လည်း ထရမ့် သမ္မတရာထူးမှ ဆင်းသွားခဲ့ပြီး၊ ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒင် အိမ်ဖြူတော်သို့ ရောက်ရှိလာသည်မှာ ရက်ပိုင်းမျှသာရှိသေးချိန် ဖြစ်သည်။ ထိုကြောင့် ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာ နိုင်ငံ၌ စစ်အာဏာသိမ်းမှုနှင့်အတူ ယနေ့အချိန်ထိ ဖြစ်ပျက်ခဲ့မှုများကို သမ္မတထရမ့် မည်မျှသိရှိထားသနည်း ဆိုသည်မှာ မသေချာပါ။ သို့သော် လွန်ခဲ့သော ၄နှစ်လုံးလုံး မြန်မာနိုင်ငံ၏ ဖြစ်ရပ်များက လွန်စွာကြီးကျယ်လှသည်။ အရပ်သားစစ်စစ် သမ္မတဦးဆောင်သော ရွေးကောက်ခံအစိုးရ ၅နှစ်သက်တမ်းအတွင်း တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ၏ လွတ်လပ် မှု အရသာကို ခံစားခဲ့ရသော မြန်မာပြည်သူများသည် စစ်အာဏာသိမ်းမှု၏ ဆိုးကျိုးကို ရှင်းရှင်းလင်းလင်း သိမြင်ပြီး၊ ဒီမိုကရေစီကို ပြတ်ပြတ်သားသား ကာကွယ်ရန် မနားမနေ ကြိုးပမ်းခဲ့ကြသည်။ စစ်တပ်ကို ငြိမ်းချမ်းစွာဆန္ဒပြကြည့်သော်လည်း မရသည့်အဆုံး စစ်ဗိုလ်ချုပ်များနားလည်သော နည်းလမ်းဖြင့် တုံ့ပြန် မှရမည်ဟု သဘောပေါက်ခဲ့ကြပြီးနောက် မြန်မာပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ သည်။ လေ့လာသုံးသပ်ချက် – သုတဇော်၊ တင်ဆက် – ဟန်လင်း
အမေရိကန်က မြန်မာ့အရေးကို မမေ့ဘူးဆိုတာ ပြလိုက်တာပါဘဲ။ The Irrawaddy News
ဒေါ်မီမီဝင်းဘတ် သုံးသပ်ထားတဲ့ ၂၀၂၅ မြန်မာပြည် အခင်းအကျဉ်း ( သိပ်ကောင်းတဲ့ သုံးသပ် ချက် စ / ဆုံး နားထောင် ပါ ) DK Doe Khit News
အရှေ့ တောင် အာရှ ရဲ့ အကြီး ဆုံးဆိပ်ကမ်းကြီးဖြစ် တဲ့ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း ။
ဒီနေ့ podcast မှာတော့ စစ်တပ်ရဲ့ပုံစံပြောင်းလာတဲ့ဆိုက်ဝါး နဲ့ ဝါဒဖြန့်ချီမှုတွေ၊နှပ်ကြောင်းပေးရေးသားမှုတွေအပြင် တော်လှန်ရေးအတွင်းက ပြည်သူအယောင်ဆောင်ပြီးတော်လှန်ရေးတပ်တွေကိုပုံဖျက်မှုတွေအကြောင်းကိုအသိပေးထားပါတယ်။
မွန်တပ်တွေ ပေါင်းဖွဲ့လိုက်တဲ့ “ရာမညပူးတွဲစစ်ကြောင်း” (ရုပ်/သံ)
ဧရာဝတီ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၅
မွန်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်ဖို့ မွန်လက်နက်ကိုင် ၄ ဖွဲ့ က “ရာမညပူးတွဲစစ်ကြောင်း” ဖွဲ့လိုက်ပြီလို့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာပါတယ်။
“ရာမညပူးတွဲစစ်ကြောင်း” မှာ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD) တို့ ပါဝင်ပါတယ်။
“ရာမညပူးတွဲစစ်ကြောင်း” အနေနဲ့ မွန်ပြည်နယ်မှာ စစ်ဆင်ရေးတွေကိုဖော်ဆောင်သွားမှာဖြစ်ပြီး စစ်တပ်မှာ အာဏာရှိနေသမျှ တွေ့ဆုံဆွေးနွေးရေးက အလုပ်မဖြစ်နိုင်ဘူးလို့ ဆိုပါတယ် ။ရာမညစစ်ကြောင်း” ရဲ့ မျှော်မှန်းချက်၊ စစ်ဆင်ရေးနယ်မြေ၊ တခုတည်းသောမွန်တပ်တော်ပေါ်ထွက် လာရေးနဲ့ စိန်ခေါ်မှုတွေအကြောင်း “ရာမညပူးတွဲစစ်ကြောင်း” ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် MSDF အဖွဲ့ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်မှူးချုပ်သီရိမွန်ချမ်းကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခက မေးမြန်းထားပါတယ်။
Malleca Dilema မလက္ကာရေလက်ကြားပြသနာ ထောက်ပြတဲ့ ဒေါက်တာမီမီ ဝင်း ဘတ် ဧရာဝတီ၊ မတ် ၃၊ ၂၀၂၅။ စစ်ကောင်စီအနေနဲ့ တရုတ်က အဆိုပြုထားတဲ့ “ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ” ကို ပြဌာန်းပေးလိုက်တာဟာ မိုက်မဲလွန်းတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ခေါင်းဆောင် အနေနဲ့ အာဏာတည်မြဲဖို့အတွက် နိုင်ငံကို ရောင်းစားနေတဲ့ အခြေအနေဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် က ဧရာဝတီနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
၂၀၂၅ မှာဘာတွေဖြစ်မလဲ All In One Media
ရုရှား အတွက် ထားဝယ် စီမံကိန်း နှင့် နောက်ကွယ် က စစ်ကောင်စီ အကြံ -ဦးစိန် ဌေး သုံးသပ်သည် ။
တိုက်ပွဲ ကြားက ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း … ဘယ်သူ့အတွက်လဲ … ဦးစိန်ဌေး နဲ့မေးမြန်းခန်း တိုက်ပွဲကြားက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း… ဘယ်သူ့အတွက်လဲ … ဦးစိန်ဌေးနဲ့ မေးမြန်းခန်း။ ”စကစ သည် အကျပ်အတည်းဖြစ်နေသည်… မြောက်ပိုင်း က နေ့စဥ် ဒေါ်လာ ၁၀ သန်းလောက်…လုံးဝရပ်သွားပြီ”။ ဦးစိန်ဌေး (စီးပွားရေးပညာရှင်)ဗမာပြည်မှာ အကြီးဆုံး ရေနက် ဆိပ်ကမ်း ဖြစ်လာမယ့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စတင်ဖို့ စစ်ကောင်စီနဲ့ တရုတ်အကြား ဒီဇင်ဘာ ၂၆ ရက်နေ့က သဘောတူစာချုပ် နောက်ဆက် တွဲ လက်မှတ် ရေးထိုး ခဲ့ပြီ ဖြစ်ပါတယ်။ ရှမ်းမြောက် ရော ရခိုင်မှာပါ တိုက်ပွဲတွေ ပြင်းထန် နေပြီး စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဘာကြောင့် ဘာအတွက် အခုလို ကျောက်ဖြူဆိပ်ကမ်း စတင်ဖို့ လုပ်ဆောင်တာလဲ…။ စစ်ကောင်စီ တရုတ်နဲ့ ဘာတွေ အကျပ်တွေ့နေလဲ…။ တရုတ်ကရော ဘယ်လို စဥ်းစားတာလဲ…။ လူထုအတွက် အကျိုးရှိမှလား…။ ဘယ်သူတွေ အကျိုးရှိမယ့် စီမံကိန်းလဲ…။ အောင်မြင်နိုင်မလား…။ စတဲ့ အမေးတွေ အတွက် စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ် ဆွေးနွေး ရှင်းလင်း တင်ပြ ထားပါတယ်။
ထားဝယ် ရေနက် စီမံကိန်း … စကစ / ရုရှား/ လူထု … ဘယ်သူ့ အတွက်။လဲ စီးပွဦးရေးပညာရှင် ဦးစိန် ဌေး သုံးသပ်သည် ။
ရွှေ ဗဒါ်လာ ဒု့ံးပျံစျေး နဲ့ မြန်မာ့စီးပွါးရေး … ဦးစိန် ဌေး … စီးပွါးရေး ပညာရှင်။ သုံးသပ်
ကျပ် ၄၂ သိန်း ကျော် လာနေတဲ့ ေ၇ွှ စျေး ကို ကန့်သတ် လို့ ရမလား – စီး ပွါး ရေး ပညာရှင် ဦးစိန် ဌေး သုံးသပ်သည် ။
ေ၇ွှစျေး ငွေစျေး ခေတ္တ ကျခြင်း ဘာကြောင့် ဘယ်လို …ဏီးပွါးရေး ပညာရှင် ဦးစိန် ဌေး။ သုံးသပ်သည် ။ မကြာသေးခင်က မြန်မာနိုင်ငံမှာ ရွှေစျေး ဒေါ်လာစျေး ခေတ္တကျဆင်းသွား ခဲ့တဲ့ ထူးခြားမှု ဖြစ်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရဲ့ မြန်မာနိုင်ငံခရီးစဥ် နဲ့ ဆက်စပ်တဲ့ နိုင်ငံရေး အခြေအနေကြောင့်လား
ဗဟိုဘဏ်က အတိုးနှုန်းတွေ မြှင့်ဖို့ ကြေညာလိုက်တဲ့ အတွက်ကြောင့်လား….
အခုလို စျေးနှုန်းတွေ ပုံမှန် ပြန်ကျလာမယ့် အခြေအနေဖြစ်လာနိုင်မလား…
