ဆည် မြောင်းဝင်းထဲက ပဲခူးဘုရား
ဖတ်စရာမှတ်စရာ ( ၁၈၁ )
ဘာသာ ရေးရာ
စာပဒေသာ

ရှေးက ဟံသာဝတီပြည့်ရှင်မင်းကြီး
ဘုရားဒါယကာ ဗုဒ္ဓဘာသာ စစ်စ် ရဟန်းလူထွက်
ဓမ္မစေတီ မင်းကြီး၏ ပဲခူးမင်းနေပြည်တော်မှ
ယနေ့တိုင်တည်ရှိနေသည့်
ဟံသာဝတီ ဗုဒ္ဓဂယာ မြေမြတ်မဟာ
နှင့်
ယနေ့ ပဲခူးက ဆည် မြောင်း ဘုရား

ယနေ့၂၁ ရာစု ပဲခူးတိုင်းဆည်မြောင်းမှ ဝန်ထမ်းမိသားစုများအင်ဂျင်နီယာများနှင့်
ယခင် ၂၁ ရာစု၏ အာရုဏ်ဥိး ကာလမှ ပဲခူးဆည်မြောင်း ဝန်ထမ်းဟောင်းအချို့၏
ယနေ့ ပဲခူးဆည်မြောင်း ဘုရားစေတီတွင်
စေတနာ သဒ္ဒါ ထက်သန်စွာ လှူဒါန်းမှုများပြုလုပ်နေကြသည်ကို ကိုတွေ့ရှီရ၍အထူးဝမ်းသာဂုဏ်ယူ ပီတိဖြစ်ရပါသည်။

မိမိအနေဖြင့်
ပဲခူးတိုင်း ဆည်မြောင်း,တာဝန်ခံအဖြစ် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် နိုင်ငံတာဝန်များ မနားရအောင် ပဲခူးမှာ ၅ နှစ်ကြာ တာဝန်ထမ်းရွက်နေခဲ့စဉ်ကာလများ အတွင်း
ပဲခူးတိုင်းဆည်မြောင်းရုံးဝန်းအတွင်းတွင် စေတီဟောင်းတစ်ဆူကို မမျော်လငိ့ဘဲ ရှာဖွေတွေ့ရှိခဲ့ ပါသည်.

စေတီဟောင်းသည် တစ်ဘက်လျင် အလျား ( ၄၅ ပေ ) အတောင် ၃၀ ရှိသော အောက်ခံ အုတ်ခုံ ၃ ပေခန့်မြင့်သည့်
ရှေး ဟောင်း စေတီဟောင်းဖြစ်နေပါသည်.

ပဲခူးတွင် ယနေ့တိုင် တည် ရှိ နေပြီး လူသိနည်းကြသော ဟံသာဝတီ ဗုဒ္ဓဂါယာ မြေမြတ်မဟာ ကို ရှေး က ဟံသာဝတီနေပြည်တော် ကိုစိုးစံအုပ်ချုပ်နေသော ဘုရင်မကြီးရှင်စောပု နောက်တွင် ဆက်လက်မင်းပြုစိုးစံခဲ့သော ယုရင်မကြီး၏သမက် တော် ရဟန်းလူထွက် ဓမ္မစေတီမင်းမှ သူ၏နနိးတွင်းသူ နန်းတွင်းသား သူ၏မိသာစုများကောင်းမှုဖြင့် တည်ထားနေကြစဉ်တွင်
အခြား နန်းတွင်း ,သူနနိးတွင်းသားများက ဟံသာဝတိ ဗုဒ္ဓဂါယာ သာသနာ့နယ်မြေနှငိ့ ကပ်လျက် မနီးမဝေး ပတ်ဝနိးကျင် နေရာဒေ သ များတွင် စေတီပုထိုးများစွာ ကို တစ် ပြိုင်တည်း တည်ဆော.က်လှူဒါနိးခဲ့ကြကြောင်း ဓမ္ဗစေတီ မင်း ရေးထိုးခဲ့သည့် ကျောက်စာ သမိုင်းမှတ်တမ်း များ တွင်ဖေါ်ပြထားခဲ့ သည်ကို လေ့လာသိရှိခဲ့ရပါသည်

ပဲခူးတို.င်း ဆည်မြောင်းရုံး အနီး ပတ် လည် တွင် ဘုရားစေတီ အဟောင်း အပျက်များနှင့် လက်ကျန် စေတီ အကောင်းများ ယနေ့တိုင် တည်ရှိနေကြပေရာ
ပဲခူးဆည်မြောင်းရုံးဝင်းအတွင်းရှိ ခြုံတောထဲတွင် နှစ် ရာချီလျက် နှစ်ပေါင်းများစွာပျောက်ကွယ် တိမ်မြုပ်နေခဲ့ပြီး စေတီဟောင်းရှိမှန်း ကို သိရှိသူ မရှိသလောက် ဖြစ်နေခဲ့့ကြပါသည်။

ယခု ထူးထူးဆန်းဆန်း ပြည်လည်ရှာတွေ့ခဲ့ရသည့် စေတီ ပနက် အုတ်ခုံဟောင်း ပေါ်တွင်
ပုဂံအာနန္ဒာပုံစံ ဂူဘုရား တစ်ဆူဖြည့်စွက် မွမ်းမံ တည်ဆောက်ကို့းကွယ်ကြရန် ပဲ ခူးဆည်မြောင်း ဝန်ထမ်းနိထမ်းများဖြင့် ဖွဲ့စည်းခဲ့သော ပဲခူးတိုင်းဆည်မြောင်း ဝန်ထမ်းများ ဆည်မြောင်းအင်ဂျင်နီယာများပါဝင်သော စေတီတော်ပြန်လည် တည်ဆောက်ရေးကော်မတီ၏ ပဲခူးဆည် မြောင်းအဖွဲ့ဝင်များ၏
အများဘောတူဆန္ဒအရ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ် သဘောတူခဲ့ကြပါသည်.

စေတီဟောင်း၏ဘုရား အောက်ခဲ အုတ်ခုံပေ့ါ်တွင် စေတီသစ်တည် ဆောက်ရန်အတွက်
မိမိ၏ ပင်စင်အနားယူခါနီးအချိန် ဆည်မြောင်းလုပ်သက် နှစ်
ပေါင်း ၃၀ ခန့် တစ်လျောက် လုံးတွင် ဆုံစည်း ခဲ့ကြသည့် တစ်နိုင်ငံလုံး မှရင်းနှီးသော ဆည်မြောင်းမိသားစု များ ၊ဆရာသမားကြီး များ၊ မိတ်ဆွေများ၊ဆွေမျိုးမိတ်သင်္ဂဟများ၏
လှူဒါနိး မတည် ထည့်ဝင်ကြသည့် အလှူငွေများဖြင့် မြေစိုက်စေတီမဟုတ်သော ဂူဘုရား စေတီတော်ကြီးကို ပဲခူးဆည်မြောင်းအဖွဲ့သားများမှတာဝန်ယူလျက် မရပ် မနား တည် ဆောက်ခဲ့ကြရာ
တစ်ဖက်တွင် ပဲခူးတိုင်း မြောင်းအလုပ်တွေ မနားရအောင လုပ်နေကြရင်း
တစ်ဖက်တွင် စေတီကြီးကိုတည်ထည်ထားကိုးကွယ်ခဲ့ကြရာ ၂ နှစ်ခွဲ ကျော်ခန့် အကြာ တစ်ပိုတွဲလပြည့်နေ့တွင် စေတီ အပေါ်ဆုံး အဆင့် စေတီ၏ ထီး တော် တင်လှူနိုင်သည်အထိ
ပဲခူးဆည်မြောင်းမိသာစုဝန်ထမ်းများမှ စုပေါင်းညီညာအောင်ကြောင်းဖြာ ဂူဘုရား စေတီကြီး တစ်ဆူကို ပဲခူးတွင် တည် ထားကိုးကွယ်နိုင်ခဲ့ကြပါသည်.

ကိုဗစ် ကပ်ဘေး မကျရောက်ခင် ၂၀၂၀ အချိန်အထိ ထီးတော်
တင်လှူခဲ့သည့် တစ်ပိုတွဲလပြည့်နေ့တိုင်းတွင် ဘုရားပွဲ ကို နှစ်စဉ် နှစ်တိုင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲ,တရားပွဲများနှင့်အတူ ကျဉ်းပ ပြုလုပ်လာခဲ့ရာ ၁၅ နနှစ် ခန့် အထိ ကြာခဲ့ပါသည်။
မိမိပင်စင် အနားယူပြီးချိန် ကိုဗစ် မလာမီ အချိန်အထိ
ပဲခူးဘုရားပွဲကို နှစ်တိုင်းသွားရောက် နိုင်ခဲ့ပါသည်.
စေတီတော်ကြီးဖြစ်မြောက်ရေး အတွက် အဓိက ပါဝင်လှူဒါနိးခဲ့ကြသူများအလှူရှင်များအားလုံး၏ ဘုရားအလှူ ကဗ္ဗည်းကျောက်စာများကို စေတီ လှိုင်ဂူ ၏ အတွင်းအပြင် နံရံများပေါ်တွင် မှတ်တမ်းတင် ရေးထိုး ထားရှိခဲ့ပါသည်,
ယနေ့တိုင်ပဲခူးတွင်တည်ရှိနေသော ဟံသာဝတီဗုဒ္ဓယာသည်
ဘုရားဒါယကာ ကြီးဖြစ်သော ရှေးက ဘုရင် ကြီး ဓမ္မစေတီမင်းကြီး သည် ဟံသာဝတီနေပြည်တော် တွင် မင်းပြုစဉ် သူ၏နန်းသက် အတွင်း သူ့လက်ထက် တွင် နန်းတွင်း ပညာရှင်များ ပါဝင်သော အဖွဲ့ ဖွဲ့ ၍ အန္ဒီယနိုင်ငံရှိ ဗုဒ္ဓဓါယာသို့စေလွှတ်ကာ လေ့လာတိုင်းထွာစေခဲ့ပြီး ပုံစံတူ ဟံသာဝဝီဗုဒ္ဓဓါယာကို ပဲခူးနေပြည်တော်တွင် ပြန်လည် တည်ထားကိုကွယ် ထားခဲ့ခြင်းဖြစ် ပါဿည်.

ပဲခူး ဟံသာဝတီ ဗုဒ္ဓဂါယာ သမိုင်းအကျဉ်းနှင့် ဆည် မြောင်းဘုရားဖြစ်တည်လာပုံတို့ကို
အေးမြင့်(ညောင်တုန်း)၏ မြန်မာ့ ရာပြည့်နှစ်များအမှတ်တရအဖြစ် ၂၀၂၀ ခုနှစ်တွင် စိမ်းရောင်စိုစာပေမှ ထုတ် ဝေခဲ့သည့် မှတ်ဖွယ်မှတ်ရာ စာပဒေသာ စာအုပ်တွင် ရှာဖွေ လေ့လာ ဖတ်၇ှုနိုင်ကြပါသည်. ။
ယခု အခါ
ပဲခူးမြို့နေ ပဲခူးဆည်မြောင်း သက်ကြီး ဝန်ထမ်းဟောင်း ဦးသိန်းဇံ နှင့်တကွ ယနေ့ ခေတ် ပဲခူးဆည် မြောင်းမိသားစု အဖွဲ့သားများ အနေဖြင့်
ရှေးခေတ်တွေကပဲခူးဆည် မြောင်း အဖွဲ့သားများကဲ့သို့
မိမိတို့၏ နိုင်ငံ တာဝန် ဆည် မြောင်းအလုပ်များကို
စိတ်အေးချမ်းသာ ကောင်မွန် စွာဖြင့်
သူ့အလုပ် သူလုပ် ၊ ကိုယ့်အလုပ် ကိုယ် လုပ် ဖြင့်
နိုင်ငံတာဝန် ကျေပြွန်စွာဆောင်ရွက် နိုင် ကြပါစေကြောင်း ဆုတောင်း ဆန္ဒပြုလျက် –
အေးမြင့်(ညောင်တုန်း )
17 October 2024 ( London )
22 October 2024 ( edited )











