SONGS : BBS ခေတ်ဟောင်းမှ မြန်မာ့အသံ ရေဒီယို သီချင်းကောင်းများ ၂ /၂ Old But Gold Songs

ဥိးသုခ (1941 )

မဥ္ဇူ (1941) (စာသား စာတမ်းထိုး)
တေးပြုစာဆို မြို့မငြိမ်း
တေးသံရှင် ဦးသုခ
   • လှမဥ္ဇူ ဦးသုခ (1941) (စာသား စာတ…  
Myanmar Music (စာတမ်းထိုး Closed Captions) Collection

ဓါတ်ပြားအညွှန်း အေဝမ်း AIF 129 (Mar 1941)
ပန်းချီဓါတ်ပုံ Title Image Created by Ko Sein Mya
Lyric Typing by Mr. Thomas John
Audio Track & Closed Captions added by Dr. Khin Haw

ဆွတ်ချူယူငင်…
ပန်ဆင်လေ ပန်ဆင်လေ ပန်ဆင်လေ ရည်စူး…
ဆင်မည်သာ… စိတ်ကယ်က ကူး

ဂန္ဓာမာ ဒန တောင်ယံစွယ်အငူ …
ပတ္တမြားနန္ဒမူ… လိုဏ်နန်းကြိုင်လန်းလို့ကြူ
ညှင်းလေသွဲ့သွဲ့… ဆင်းရွှေလဲ့လဲ့ သွဲ့သွဲ့ နွဲ့နွဲ့ဟန်မူ
ဂန္ဓာမာ ဒန တောင်ယံစွယ်အငူ …
ပတ္တမြားနန္ဒမူ… လိုဏ်နန်းကြိုင်လန်းလို့ကြူ
ညှင်းလေသွဲ့သွဲ့… ဆင်းရွှေလဲ့လဲ့ သွဲ့သွဲ့ နွဲ့နွဲ့ဟန်မူ
ပြိုင်သူရှူံး နှုန်းဖက်မတူ…
မောင့်စိတ်အယူ… ပန်းသက နတ်မဉ္ဇူ…

ယုဂန်ဗွေစွန်း… ငွေဝန်းသီတဂူ…
တိမ်ယံကြားက … အလှပြကာပြူ
မူယာ ယဉ်ကျေး… မျက်နှာလေး ဝေးကမြင်
မောင့်စိတ်ထဲ သည်းဘဝင်လှိုက်ဆူ
ယုဂန်ဗွေစွန်း… ငွေဝန်းသီတဂူ…
တိမ်ယံကြားက … အလှပြကာပြူ
မူယာ ယဉ်ကျေး… မျက်နှာလေး ဝေးကမြင်
မောင့်စိတ်ထဲ သည်းဘဝင်လှိုက်ဆူ
ဘုံကြိုးပြတ် မိုးနတ်သူ… မြင်ရသူ ရှုမဝ… လှမဉ္ဇူ …

ဆင်ပိုင်ဖို့အရေး တွေးဆပူ …
ပင်ခိုင် ညွတ်ပေး… ဖေးမကူ
ဆင်ပိုင်ဖို့အရေး တွေးဆပူ …
ပင်ခိုင် ညွတ်ပေး… ဖေးမကူ
မိဘမောင် အုပ်ထိန်းခြင်း မကင်းလို့
တံချူလက်လှမ်းမမီပန်းတဲ့သူ…
သိရှာရင် သနားမယ် အထင်နဲ့
မသေနေသေး ဆွေးရသူ…
ခွန်းရွှေနှုတ်တော်ကြူကြူ…
လှမဉ္ဇူ သနားမောင့်ကို ကယ်ယူ…

ယုဂန်ဗွေစွန်း… ငွေဝန်းသီတဂူ…
တိမ်ယံကြားက … အလှပြကာပြူ
မူယာ ယဉ်ကျေး… မျက်နှာလေး ဝေးကမြင်
မောင့်စိတ်ထဲ သည်းဘဝင်လှိုက်ဆူ
ယုဂန်ဗွေစွန်း… ငွေဝန်းသီတဂူ…
တိမ်ယံကြားက … အလှပြကာပြူ
မူယာ ယဉ်ကျေး… မျက်နှာလေး ဝေးကမြင်
မောင့်စိတ်ထဲ သည်းဘဝင်လှိုက်ဆူ
ဘုံကြိုးပြတ် မိုးနတ်သူ… မြင်ရသူ ရှုမဝ… လှမဉ္ဇူ…

ကြည်လင်သော မျက်လုံးကလေးက
တစ်ဖက်လူ အသက်ရှူမှားအောင်
ပြုံးတဲ့လို့ မြှူ… လှအားတော်မူ…
ချိုသာသော စကားလေးများ
အရေးယူပြောပါခဲ့ရင်
သြော်… ကုသိုလ်ထူးတယ်… ဆိုရမဲ့သည်လူ
ကြည်လင်သော မျက်လုံးကလေးက
တစ်ဖက်လူ အသက်ရှူမှားအောင်
ပြုံးတဲ့လို့ မြှူ… လှအားတော်မူ…
ချိုသာသော စကားလေးများ
အရေးယူပြောပါခဲ့ရင်
သြော်… ကုသိုလ်ထူးတယ်… ဆိုရမဲ့သည်လူ
တောင့်တ စောင့်ရတဲ့သူ… သနားကူညီတော်မူ…
ချစ်မိမတဲ့ မောင့်ရွှေရင်ပူ…
ချစ်ရေစင် ဖျန်းလို့ရယ်…
ချစ်ပန်းကြူကြူ မွှေးပါ လှမဉ္ဇူ…

ယုဂန်ဗွေစွန်း… ငွေဝန်းသီတဂူ…
တိမ်ယံကြားက … အလှပြကာပြူ
မူယာ ယဉ်ကျေး… မျက်နှာလေး ဝေးကမြင်
မောင့်စိတ်ထဲ သည်းဘဝင်လှိုက်ဆူ
ယုဂန်ဗွေစွန်း… ငွေဝန်းသီတဂူ…
တိမ်ယံကြားက … အလှပြကာပြူ
မူယာ ယဉ်ကျေး… မျက်နှာလေး ဝေးကမြင်
မောင့်စိတ်ထဲ သည်းဘဝင်လှိုက်ဆူ
ဘုံကြိုးပြတ် မိုးနတ်သူ… မြင်ရသူ ရှုမဝ… လှမဉ္ဇူ … ။

ခင် မောင်ရင် ။ သိကြားသာသနာ (စာသား စာတမ်းထိုး)
တေးပြုစာဆို ရွှေတိုင်ညွန့်
တေးသံရှင် ခင်မောင်ရင်
• သိကြားသာသနာ ခင်မောင်ရင် (စာသား စ…
Myanmar Music (စာတမ်းထိုး Closed Captions) Collection