ဆ၇ာကြီးသခင် ကိုယ်တော်မှိုင်း ရဲ့ အထုပ္ပတ္တိ . သခင် ကိုယ် တော်မှိုင်း
ကျော်ဝင်း ( နိုင်ငံရေး သုတေသီ ) မြန်မာပြည်အလယ်ပိုင်း မုံရွာမြို့မှာ မွေးဖွားကြီးပြင်းလာခဲ့သူ၊ မန္တလေး ဆေးတက္ကသိုလ်မှာ ပညာသင်ကြားနေရင်း ၁၉၇၆ ခုနှစ်၊ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် မဆလ အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသူ၊ ၁၉၇၉ ခုနှစ်မှာ မဆလ အစိုးရကို လက်နက်ကိုင်ဆန့်ကျင် တော်လှန်နေတဲ့ ကွန်မြူနစ်ပါတီရဲ့ အလံအောက် ရောက်ရှိသွားခဲ့ပြီး မဆလ အစိုးရရဲ့ ထပ်မံဖမ်းဆီး ထောင်ချခြင်းခံခဲ့ရသူ၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးထဲမှာ ပြည်သူတွေနဲ့အတူ လက်တွဲ ပါဝင်ခဲ့တဲ့အတွက် အာဏာသိမ်း စစ်အစိုးရက တတိယအကြိမ်မြောက် ဖမ်းဆီးထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရသူ၊ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စူးရှထက်မြက်ပြီး အားကောင်းမောင်းသန် ကလောင်ရှင်တစ်ဦးအဖြစ်နဲ့ မြန်မာပြည်စာဖတ်ပရိသတ်ကြီးတစ်ခုလုံးက လက်ခံအသိအမှတ်ပြုထားသူ စာရေးဆရာ ကျော်ဝင်းနဲ့ တွေ့ဆုံထားပါတယ်
မောင်မိုးသူ ။ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဘဝကနေ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ပန်းချီဆရာဘဝတွေကို ဖြတ်သန်းခဲ့သူ၊ ဘကြီးမိုးလို့ ချစ်ခင်ကြသူတွေ သိထားတဲ့ မောင်မိုးသူဟာ သမိုင်းဝင် ၁၉၈၈ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးမှာလည်း ပါဝင်ရင်း ဒီကနေ့မြန်မာနိုင်ငံကို ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်သူတွေထဲ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်
စာရေးဆရာမ ဂျူး ။
ud Myanmar – Season II – ဂျူး ( အပိုင်း ၁)
ကျမ လေးတန်းစာမေးပွဲပြီး နွေကျောင်းပိတ်ရက်မှာ မေမေကြောင့် ပထမဆုံးဖတ်ဖြစ်တဲ့ တဲ့ လုံးချင်းဝတ္တုက ဓူဝံရဲ့ မာလာ၊အဲဒီစာအုပ်က ကျမကို စာရေးဆရာဖြစ်အောင် ဆွဲဆောင်ပေးလိုက်တဲ့ စာအုပ်၊ အဲဒါပြီးတော့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကမ္ဘာကိုကျယ်သရွေ့ဝယ် ကတော့ ဒုတိယပေါ့…အဲဒီမှာ တက္ကသိုလ်ဘုန်းနိုင်ရဲ့စာအုပ်တွေ ကြိုက်သွားပြီး လိုက်ရှာဖတ်တော့တာပေါ့၊ အဲဒါက ကျမရဲ့ စာဖတ်ခြင်းအစ ….
လုပ်သက်ရင့် ရေဒီယို သတင်းသမားတစ်ဦးရဲ့ အတွေ့အကြုံ RFA ဒီတစ်ပတ်မှာ ပြောချင်စရာ”
လုပ်သက်ရင့် ရေဒီယိုသတင်းသမားတစ်ဦးရဲ့ အတွေ့အကြုံ
~~~
■ RFA ရဲ့ “ဒီတစ်ပတ်မှာ ပြောချင်စရာ” Podcast အစီအစဉ်ကို အပတ်စဉ်စနေနေ့တိုင်း ထုတ်လွှင့်ပေးနေပါတယ်။ ဒီတစ်ပတ်မှာတော့… RFA သတင်းဌာနမှာ နှစ်ပေါင်း ၂၄ နှစ်ကြာ လုပ်ခဲ့တဲ့ သတင်းသမားတစ်ဦးရဲ့ အတွေ့အကြုံတွေကို ကြားရပါမယ်။
ယုံကြည်ချက် ရဲ့ ကိုယ်ရံတော် တပ်မှူး ( သို့ ) နိုင်မြန်မာ ယုံကြည်ချက်ရဲ့ ကိုယ်ရံတော်တပ်မှူး (သို့) နိုင်မြန်မာအောင်မြင်ကျော်ကြားတဲ့တေးသီချင်းများစွာရေးသားခဲ့သူ တေးရေးနိုင်မြန်မာဟာ ဒီနေ့(ဖေဖော်ဝါရီ ၇ ရက်) မနက်မှာ ကွယ်လွန်သွားခဲ့ပါပြီ။တေးရေးနိုင်မြန်မာဟာ အဆိုတော်ကိုင်ဇာရဲ့ “ကစ္ဆပနဒီလှိုင်းသံ” စီးရီးခွေ ထဲက “ကိုယ်ရံ တော်တပ်မှုး လေး” သီချင်းနဲ့ဂီတလောကထဲမှာစတင်ထင်ရှားကျော်ကြားလာခဲ့ပြီး ပလက်ဖောင်းရှိုး၊ ဒုံးယိမ်းည၊ ရင်တွင်းမေ၊ ဝါဆို၊ ချစ်လူမိုက်၊ ကိုယ်ရံတော်တပ်မှူးလေး၊ တူနှစ်ကိုယ်တိုင်းပြည်၊ အခုတော့ပါးစပ်ရာဇဝင်လေး တစ်ခုဖြစ်လို့ကျန်ခဲ့ပြီ၊ နေနိုင်သူလေး၊ မောင့်အိပ်မက်မေ၊ ချစ်လွန်းလို့ ၊ ကမ္ဘာမကြေဘူးစတဲ့သီချင်းကောင်းများစွာကိုရေးစပ်ခဲ့သူပါ။ အနုပညာအပေါ်မှာခိုင်မာတဲ့ယုံကြည်ချက်နဲ့လျှောက်လှမ်းခဲ့သူတစ်ဦးဖြစ်တဲ့ ကွယ်လွန်သူတေးရေးနိုင်မြန်မာ ကို ဂုဏ်ပြုတဲ့အနေနဲ့လွန်ခဲ့တဲ့လေးနှစ်ကစံတော်ချိန်ဒစ်ဂျစ်တယ်ကတင်ဆက်ခဲ့တဲ့သူ့ရဲ့ဘဝကောက်ကြောင်းရုပ်သံအစီအစဉ်ကိုအမှတ်တရပြန်လည်မွမ်းမံတင်ဆက်လိုက်ရပါတယ်။
သီချင်းတွေကို တန်ဖိုးထားပေးဘို့ မှာခဲ့တဲ့ ၊တေးရေး နိုင်မြန်မာ
မှတ်ယူစရာကောင်းတဲ့ တေးရေးနိုင်မြန်မာရဲ့ အဖိုးတန်စကားများ အား ပရိတ်သ_တ်အတွက်ပြန် လည်တင်ဆက်ပေးပါရစေ ” 🙏
” ဂီတလောကရဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တဲ့ တေးရေးနိုင်မြန်မာဟာ ဒီကနေ့ မနက်ပိုင်း (၈) နာရီတွင် နှလုံးလေဟပ်ပြီး ကွယ်လွန်သွားကြောင်းသိရှိရပါသည် ။ ဂီတလောကရဲ့ အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးဖြစ်လို့ STUN Magazine မီဒီယာ မိသားစုမှလည်း တေးရေးနိုင်မြန်မာ နှင့် ထပ်တူဝမ်းနည်းမိကြောင်း ပြောကြားရင်းဖြင့် ဂီတလောကအတွက် အထောက်အပံ့ဖြစ်စေမယ့် မှတ်သားဖွယ်စကားများကို တင်ဆက်ပေးလိုက်ပါတယ် “
ကောင်းရာသုဂတိလားပါစေ ဆရာနိုင်
နိုင်မြန်မာ အမှတ်တရ အနေနဲ့ သူ ရေးခဲ့တဲ့ ဝါဆို သီချင်း ( ၃ )ပုဒ် အကြောင်း ပြောရအောင် ။ မာမာအေး ဆိုခဲ့တဲ့ ဝါဆို ဗားရှင်း။ လွှမ်းမိုးနဲ့ ကိုင်ဇာရဲ့ ဒုတိယဝါဆို။ဗညားဟန်၊ အောင်မြိုင်သင်းတို့ရဲ့ ပထမဝါဆို။
“ ဝါဆို “ သီချင်း ပြည့် စုံအောငါ ( ၉ ) နှစ်ကြာ ဖန်တီး ခဲ့တဲ့ နိုင်ငံမြန်မာ ။ တိုင်းရှစ်ခွင် မှိုင်းညို့ဆိုင်းကာ မှောင်ရီခြယ် .. သီချင်း စာသားတွေ ပြည့်စုံသွားအောင် စိတ်တိုင်းကျ (၉) နှစ်ကျော်ကြာ ဖန်တီး ခဲ့ရတဲ့ “ဝါဆို” သီချင်း အကြောင်း ပြောလာသူ တေးရေး နိုင်မြန်မာ နှင့် ခဏတာ။
Myanmar Celebrity TV Update: Song Composer, Naing Myanmar talks about his 9 years creations on “Warso” romantic song. #NaingMyanmar #Warso #Wahso #WarsoSong #MyanmarSongComposer
လက်နက်မဲ့တွေ ကမ္ဘာမကြေဘူး နဲ့ ခုခံနေတာ ။ ပြည်သူတွေ ဦးရဲ့ “ကမ္ဘာ မကြေဘူး” သီချင်းကို အခုချိန်မှာ အမြဲ ဆိုနေကြတယ်။ လက်နက်မဲ့တွေ ဖြစ်တဲ့ အတွက် ဒီလို သီချင်းကိုပဲ ခုခံကာကွယ်ပြီး သီဆိုနေကြတာပါ။ မအောင် မမြင်ချင်း ဆိုကြရမှာပါ။ ဒီပုစ္ဆာ က ပြတ်အောင် စားရတော့မယ့် ပုစ္ဆာ ဖြစ်နေပြီ။ အကြွင်းအကျန် ထားခဲ့လို့ မရတော့ဘူး။ အကြွင်း ကျန်ဦးမယ် ဆိုရင် တိုင်းပြည် မျိုးဆက် အရမ်း နစ်နာသွားမယ်” လို့ ပြောလာတဲ့ တေးရေး နိုင်မြန်မာ နှင့် ခဏတာ။
@MyanmarCelebrity Update: Naing Myanmar comments on the popularity of his “Gabar Ma Kyay Buu” song during the People’s Revolution . #MyanmarComposer #NaingMyanmar #နိုင်မြန်မာ
နိုင်မြန်မာ၏ နိုင်ငံရေး အတွေးအမြင် ။ “ဒီမှာ ရတဲ့ အကျိုးအမြတ်က ဘယ်လောက်လဲတော့မသိဘူး ပျက်စီးသွားတာကနောင်လာနောင်သားတွေနဲ့မျိုးဆက်တွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ ရှိတယ်” နိုင်မြန်မာ
ဆင်ဆာ မလွတ်တဲ့ သီချင်းရေးမိလို့ တရားခံ ဖြစ်ခဲ့ ဖူးတယ်။ “သီချင်းရေးရင် ပြဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေကို ဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ် ဖန်တီးတယ်။ ခွင့်ပြုတာ မပြုတာကတော့ သူတို့ ရဲ့ ကဏ္ဍပါ။ ၁၉၈၄ ခုနှစ် က “ဆေးရောင်စုံ မြင်ကွင်းကျယ်” ဆိုတဲ့ သီချင်း တစ်ပုဒ်ကြောင့် (၁) နှစ်လောက် တရား ရင်ဆိုင် ခဲ့ရဖူးတယ်” လို့ ပြောလာတဲ့ တေးရေး နိုင်မြန်မာ နှင့် ခဏတာ။
“ တူနှစ်ကိုယ် တိုင်းပြည် “ သီချင်းရဲ့ နောက်ကွယ်က ချစ်ဇာတ်လမ်းကို ပြောပြခဲ့တဲ့ တေးရေး နိုင် မြန်မာ
ကိုင်ဇာ ၊စိုးလွင်လွင် တို့နဲ့ အမှတ်တရ တွေ ပြောပြ လာတဲ့ တေးရေး နိုင်မြန်မာ အခုခေတ် အဆိုတော်တွေက သီချင်းဆိုတာပိုပါးနပ်လာတယ် ပိုနားထောင်ကောင်းအောင်ဆိုတက်ကြတယ် ခက်တာက သီချင်းရေးတဲ့ အပိုင်းမှာ ခေတ်ရဲ့ တောင်းဆိုမှုတွေကို ဖော်ပြနိုင်တဲ့ တေးရေးကောင်းတော့ရှားနေတယ်
သီချင်းအပုဒ်ရေ(၁၀၀၀)ကျော်ရေးခဲ့ သူ တေးရေးနိုင်မြန်မာ
ကမ္ဘာမကြေဘူး -သီချင်း နောက်ကွယ် က အဖြစ်အပျက်များ ။ “ ကမ္ဘာမကြေဘူး” သီချင်းသည် ၈၈ မြောက်ဒီမိုကရေစီလှုပ်ရှားမှုအတွင်း တော်လှန်ရေးဝတ္ထုတစ်ခုအဖြစ် အသံပြင်းထန်စွာ ထွက်ပေါ်ခဲ့သည်။ သံဃာတော်များ၊ ကျောင်းသားများနှင့် ပြည်သူလူထုတို့၏ ခံစားမှုများကိုယ်စား ပြောဆိုသည့် သီချင်းဖြစ်ပြီး၊ အာဏာရှင်စနစ်အပေါ် ကန့်ကွက်မှု၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်မှုနှင့် အားထားမှုတို့ကို ပြသထားသည်။ ဒီသီချင်းသည် အမျိုးသားတော်လှန်ရေးသမိုင်းတွင် မဖျောက်နိုင်သော သက်တမ်းကြာရှည်မှုနှင့် တန်ဖိုးရှိသည့် သမိုင်းဝင်သံစဉ်တစ်ခုဖြစ်နေဆဲ ဖြစ်သည်။မူရင်းဆောင်းပါးလင့်
အာဏာရှင်တွေ မျက်မုန်းကျိုးတဲ့ တေးရေးဆရာ ။ အာဏာရှင်တွေ မျက်မုန်းကျိုးတဲ့ တေးရေးဆရာ (ရုပ်/သံ) ဧရာဝတီ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၅ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ ဟစ်ကြွေးသီဆိုခဲ့ကြတဲ့ “ကမ္ဘာမကြေဘူး” တေးသီချင်းကို ရေးသားခဲ့တဲ့ တေးရေးဆရာ၊ ကဗျာဆရာနိုင်မြန်မာ ဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာဘဲကွယ်လွန်သွားခဲ့ပါတယ်။
