


အဆုတ် ပြဿနာနှာ နှင့် ရောဂါများ
အဆုတ်ကင်ဆာ ဖြစ်ရတဲ့ အဓိက အကြောင်းရင်း -BBC News မြန်မာ အဆုတ်ကင်ဆာ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဆေးလိပ်ကြောင့်လို့ ဆိုပေမဲ့ ဆေးလိပ်မသောက်သူတွေ အဆုတ်ကင်ဆာ ဖြစ်ကြတာ ဘာ့ကြောင့်လဲ။ အဆုတ်ကင်ဆာ ဖြစ်နေတာကို ဘယ်လိုလက္ခဏာတွေနဲ့ သိနိုင်သလဲ။ အဆုတ်တခြမ်းထဲနဲ့ အသက်ရှင်နိုင်သလား။
အဆုတ်ကင်ဆာရောဂါ မဖြစ်အောင်၊ အဆုတ်ကျန်းမာအောင် ဘယ်လို နေထိုင်ပြုမူကြမလဲ
ယူကေနိုင်ငံက အဆုတ်ကင်ဆာ ဆေးဝါးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်မြတ်မိုးက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါ
ဘာကြောင့် Heart Attack ဖြစ်ကြတာလဲ -BBC News မြန်မာ Heart Attack ရဲ့ ရှေ့ပြေးလက္ခဏာတွေက ဘာတွေလဲ
နှလုံးသွေးကြောကျဉ်းတဲ့ရောဂါ၊ နှလုံးအားနည်းတဲ့ရောဂါတွေကို ဘယ်လိုကုသမလဲ
စတဲ့ နှလုံးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းတွေကို ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ယူကေနိုင်ငံက နှလုံးရောဂါအထူးကု သမားတော်ကြီး ဒေါက်တာ သန္တာအေးက ရှင်းပြထားပါတယ်။
အသက်အန္တရာယ်ပေးလာနိုင်တဲ့ ကျော်ကပ် ရောဂါ –
ကျောက်ကပ်ရောဂါက ရုတ်တရက် အသက်ဆုံးပါးနိုင်တဲ့အထိ ဘာကြောင့် အန္တရာယ်ပေးနိုင်တာလဲ။
ကနဦးအဆင့်မှာ ကြိုတင်လက္ခဏာ မပြတတ်တဲ့ ကျောက်ကပ်ရောဂါကို အဆိုးဆုံးအခြေအနေ ရောက်မလာအောင် ဘယ်လို သတိထားကာကွယ်မလဲ။
ကျောက်ကပ်ရောဂါနဲ့ မတည့်တဲ့၊ ရှောင်သင့်တဲ့ အစားအစာမျိုးတွေက ဘာတွေလဲ
စတဲ့ ကျောက်ကပ်ရောဂါအကြောင်း ဆောင်ရန်၊ ရှောင်ရန်တွေကို အမေရိကန်နိုင်ငံက ကျောက်ကပ်ရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ သန်းနိုင်ဦးက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါ
မပေါ့ဆသင့်တဲ့ အာသီးရောင် ရောဂါ – ရာသီအပြောင်းအလဲကာလမျိုးမှာ အအေးမိ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။
ဒါပေမဲ့ အဲဒီကတဆင့် တံတွေးမျိုရခက်လာပြီး အဖျားဝင်၊ အာသီးရောင်တာတွေ ဖြစ်လာခဲ့ရင် (အထူးသဖြင့်) အာသီးနားမှာ ပြည်တည်တဲ့အထိ ဖြစ်လာခဲ့ရင်တော့ မပေါ့ဆသင့်ပါဘူး။
အာသီး ဘာ့ကြောင့် ရောင်ကြတာလဲ၊ ဘယ်လိုအခါမှာ ကျွမ်းကျင်သူ ဆရာဝန်နဲ့ ပြသင့်သလဲ ဆိုတာတွေကို ယူကေနိုင်ငံက နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာကျော်ထင်မောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဂရုပြုစရာ နားရောဂါ –
နားယားလို့ နားဖာချေး ကလော်တံနဲ့ ကလိတာက ဘယ်လောက် အန္တရာယ်များသလဲ။
နားကိုက်၊ နားပြည်ယိုတာတွေ ဖြစ်လာရင် ဘာလုပ်သင့်သလဲ။
Ear infection လို့ခေါ်တဲ့ နားထဲ ရောဂါပိုးဝင်ရင် ဘာ့ကြောင့် မပေါ့သင့်သလဲ။
အထူးသဖြင့် ကလေးငယ်တွေ နားထဲ ရောဂါပိုးဝင်ပြီ ဆိုရင် ဘယ်လိုလက္ခဏာတွေနဲ့ သိနိုင်သလဲ။
အကြားအာရုံအတွက် အရေးပါတဲ့ နားကို ဘယ်လို ဂရုစိုက်သင့်သလဲ ဆိုတဲ့ နားနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ယူကေနိုင်ငံက နား၊ နှာခေါင်းနဲ့ လည်ချောင်းရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ ကျော်ထင်မောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါ
လူတွေ ရုတ်တရက်။ လေဖြတ်တာ။ ဘာကြောင့်လဲ –
လေဖြတ်ခါနီး ဘယ်လို လက္ခဏာတွေ ပြသလဲ။ ရုတ်တရက် လေဖြတ်ရင် အမြန်ဆုံး ဘာလုပ်ရမလဲ။
အသက်ဆုံးရင်ဆုံး ဒါမှမဟုတ် နာတာရှည် မသန်မစွမ်းဘဝ ရောက်သွားနိုင်တဲ့ လေဖြတ်ရောဂါ မဖြစ်အောင် ဘယ်လို သတိထား နေထိုင်ကြမလဲ စတဲ့ လေဖြတ်ရောဂါအကြောင်း သိကောင်းစရာတွေကို ယူကေနိုင်ငံက လေဖြတ်ရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာ ခင်ဇာညိုက ဘီဘီစီရဲ့ Health Matters ကျန်းမာရေးရာ အစီအစဉ်မှာ ရှင်းပြပေးထားပါ
နောက်ဆက်တွဲ ဆိုးကျိုးများနဲ့ အဝလွန် ရောဂါ အထူး သတိ ပြု သင့် –
ကိုယ်ဝနေသလား ဆိုတာ ဘယ်လိုနည်းနဲ့ သိနိုင်ပါလဲ၊
ကိုယ်အလေးချိန်နဲ့ ချိန်ကြည့်ရမလား၊ ခါးကို တိုင်းကြည့်ရမလား
ဘယ်လိုလူတွေက ပုံမှန်ထက် ပိုဝနိုင်ခြေ ရှိသလဲ။ ဝလို့ နောက်ဆက်တွဲ ရောဂါရှိလာတာလား၊ ရောဂါရှိလို့ ဝနေတာလား။
ပုံမှန်ထက် ဝသူတွေ၊ အဝလွန်နေသူတွေဟာ ကိုဗစ်ရောဂါ ကူးစက်ခံရရင် ရောဂါလက္ခဏာ ပိုပြင်းထန်တတ်သလို အထူးကြပ်မတ်ကုသဆောင်ရောက်ဖို့ လမ်းပိုများတာမို့ ကိုယ်အလေးချိန် မတိုးအောင် ဘယ်လိုနည်းတွေနဲ့ ထိန်းနိုင်မလဲ
စတာတွေနဲ့ ပတ်သက်လို့ ယူကေနိုင်ငံက အဝလွန်သူတွေအတွက် ဖွင့်ထားတဲ့ အထူးဆေးခန်းမှာ တာဝန်ယူ ကုသပေးနေတဲ့ ဆီးချို၊ သွေးတိုးနဲ့ ဟော်မုန်း အထူးကုသမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြပေးမှာပါ။
အသည်းရောငါ ဘီပိုး ၊ စီပိုး ဘယ်လို ကာကွယ်မလဲ – ရောဂါလက္ခဏာမပြတဲ့ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ဘယ်လိုကာကွယ်မလဲ။
အရက်မသောက်တဲ့သူတွေမှာ အသည်းရောဂါ ဖြစ်တာ ဘာ့ကြောင့်လဲ။
အသည်းအဆီဖုံးနေပြီ ဆိုရင် ဘယ်လို သိနိုင်လဲ။
အသည်းအားကောင်းအောင် ဘာဆေးသောက်ရမလဲ
စတဲ့ အသည်းရောဂါတွေအကြောင်း ယူကေနိုင်ငံက အသည်းရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွယ်နီသန်းက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဥ်မှာ ရှင်းပြထားပါ
