ဆိးချို သွေးချို ရောဂါ
ဆီးချို ရောဂါပိုဆိုးမလာအောင် ဘယ်လိုထိန်းမလဲ ။ နိုဝင်ဘာလ ၁၄ ရက်နေ့ဟာ ဆီးချို ရောဂါအကြောင်း ကမ္ဘာတဝန်း အသိပညာပေးတဲ့နေ့ဖြစ်ပါတယ်။
ဆီးချိုရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေ၊ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ရောဂါတွေ အကြောင်းနဲ့အတူ အထူးသဖြင့် ကိုဗစ်ကာလမှာ ခံနိုင်ရည်စွမ်း နည်းတဲ့ ဆီးချိုရောဂါသည်တွေအတွက် ဆီးချိုရောဂါ ပိုဆိုးမလာအောင် ဘယ်လို ထိန်းမလဲ ဆိုတာကို ယူကေနိုင်ငံက ဆီးချိုနဲ့ ဟော်မုန်း အထူးကု သမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါ
ဦးနှောက်နဲ့အာရုံကြော ပြဿနာများ ၊ ရောဂါ များ
အရွယ်မရွေး ဖြစ်နိုင်တဲ့ ပါကင်ဆန် ။ ခြေလက်တုန်ရင်၊ ခဏ ခဏ ချော်လဲတတ်ရင်၊ အထအပြုနှေးရင်၊ အနံ့ပျောက်လာပြီ ဆိုရင် သတိထားဖို့က ပါကင်ဆန် ရောဂါ အစပြုနေပြီလား ဆိုတာပါ။
ခြေလက်တုန်တတ်တဲ့ ရောဂါလို့ သိထားကြတဲ့ ပါကင်ဆန် ရောဂါ (Parkinson’s disease) ဟာ လူကြီးတွေမှာ အဖြစ်များသလို လူငယ်တွေမှာလည်း ဖြစ်လေ့ရှိပါတယ်။
ခန္ဓာကိုယ်ပိုင်းတင်မက စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့ ပါကင်ဆန်ရောဂါအကြောင်း ယူကေနိုင်ငံက ပါကင်ဆန်ရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ မိုးသော်ဦးက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာ
ခြေလက် ထုံစေနိုင်တဲ့ ထုံနာ ကျင်နာ ။ ခြေလက် ထုံတာ၊ ကျင်တာကို လူတိုင်းလိုလို ခံစားဖူးကြမှာပါ။ ဒါပေမဲ့ ဒီလို ခြေလက် ထုံတာ၊ ကျင်တာ ဒါမှမဟုတ် တဆစ်ဆစ် ကိုက်တာမျိုးက တာရှည်နေရင်တော့ ကိုယ့်မှာ အာရုံကြော အားနည်းနေပြီလားဆိုတာကို ဂရုပြုသင့်ပါတယ်။ ခြေလက် ထုံနာ၊ ကျင်နာ ဖြစ်ရာကနေတဆင့် ခြေလက် ဖြတ်ပစ်ရတဲ့အထိ၊ တချို့ဆို အသက်ဆုံးရတဲ့အထိ နောက်ဆက်တွဲ ဆိုးကျိုး ကြီးမားတတ်တာမို့ မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အာရုံကြော အားနည်းတာက ဘာ့ကြောင့်လဲ၊ အာရုံကြော အားကောင်းလာအောင် အားဆေးတွေ သောက်ဖို့လိုသလား၊ အစားရှောင်ဖို့ လိုသလား၊ ထုံနာ ကျင်နာဖြစ်နေသူတစ်ဦးအနေနဲ့ ဘယ်လိုပြုမူ နေထိုင်သင့်သလဲ ဆိုတာတွေကို ယူအေအီးနိုင်ငံက ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာ၀န်ကြီး ဒေါက်တာ မင်းထွဋ်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
အဆုတ် ပြဿနာ အဆုတ် ရောဂါများ ။
အဆုတ် ကင်ဆာ ဖြစ်ရတဲ့ အဓိက အကြောင်းရင်း ။
အဆုတ်ကင်ဆာ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဆေးလိပ်ကြောင့်လို့ ဆိုပေမဲ့ ဆေးလိပ်မသောက်သူတွေ အဆုတ်ကင်ဆာ ဖြစ်ကြတာ ဘာ့ကြောင့်လဲ။ အဆုတ်ကင်ဆာ ဖြစ်နေတာကို ဘယ်လိုလက္ခဏာတွေနဲ့ သိနိုင်သလဲ။ အဆုတ်တခြမ်းထဲနဲ့ အသက်ရှင်နိုင်သလား။
အဆုတ်ကင်ဆာရောဂါ မဖြစ်အောင်၊ အဆုတ်ကျန်းမာအောင် ဘယ်လို နေထိုင်ပြုမူကြမလဲ
ယူကေနိုင်ငံက အဆုတ်ကင်ဆာ ဆေးဝါးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်မြတ်မိုးက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဆောင်း ရာသီမှာ သတိထား ရမယ့် ရင်ကြပ် ရော ဂါ ( အပိုင်း -၁ )ဆောင်းရာသီကာလ ရာသီအပြောင်းအလဲဟာ ချောင်းဆိုး ရင်ကျပ်တတ်သူတွေ အထူးသဖြင့် ပန်းနာရင်ကျပ် အခံရှိသူတွေအတွက် ဂရုစိုက် သတိထားသင့်တဲ့ ကာလဖြစ်ပါတယ်။ တချိန်လုံး ချောင်းတဟွတ်ဟွတ်ဆိုးနေခဲ့ရင် ရိုးရိုး ချောင်းဆိုးရင်ကျပ်တာလား၊ ပန်းနာရင်ကျပ်တာလား ဆိုတာကို ဘယ်လို ခွဲသိနိုင်မလဲ။ ပန်းနာရင်ကျပ်ရာကနေ ရုတ်တရက် အသက်ရှူကျပ် အမောဖောက်လာရင် ဘာလုပ်သင့်သလဲ။ inhaler လို့ခေါ်တဲ့ အသက်ရှူဗူးကို နည်းမှန်လမ်းမှန် ဘယ်လိုသုံးမလဲ ဆိုတာတွေကို ယူကေနိုင်ငံက အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာ ထူးအောင်ကျော်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ အပိုင်းနှစ်ပိုင်း ခွဲပြီး ရှင်းပြထားပါ
ဆောင်း ရာသီမှာ သတိထား ရမယ့် ရင်ကြပ် ရော ဂါ ( အပိုင်း -၂ ) နာတာရှည်ရောဂါဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ ရှိနေသူတွေ ရောဂါပိုဆိုးမလာအောင် ဘယ်လို နေထိုင်ပြုမူသင့်သလဲ။ ဆောင်ရန်၊ ရှောင်ရန် အသေးစိတ် အချက်တွေကို ယူကေနိုင်ငံက အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာ ထူးအောင်ကျော်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ဒုတိယပိုင်းအဖြစ် ရှင်းပြထားပါတယ်။ ပြီးခဲ့တဲ့အပတ်က ထုတ်လွှင့်ခဲ့တဲ့ ပန်းနာရင်ကျပ်ရာကနေ ရုတ်တရက် အသက်ရှူကျပ် အမောဖောက်လာရင် ဘာလုပ်သင့်သလဲ။ inhaler လို့ခေါ်တဲ့ အသက်ရှူဆေးဗူးကို နည်းမှန်လမ်းမှန် ဘယ်လိုသုံးမလဲ ဆိုတဲ့ အစီအစဉ် ပထမပိုင်းကို comment မှာ ဝင်ကြည့်နိုင်ကြပါ
နှလုံးနှင့် သွေး ကြောပြဿနာများ၊ ရောဂါ များ
လေဖြတ်ခံရသူအတွက် အရေးကြီး တဲ့ ၃ လ ။
လေဖြတ်ခံရသူတွေအတွက် လေဖြတ်ပြီးစ ၃ လတာ ကာလဟာ ပြန်နာလန်ထူလာဖို့ အရေးကြီးဆုံးအချိန် ဖြစ်တယ်လို့ ကျွမ်းကျင်သူ ဆရာဝန်တွေက ပြောပါတယ်။
Rehabilitation လို့ခေါ်တဲ့ ဒီပြန်လည်ထူထောင်ရေး အချိန်ကာလက ဘာ့ကြောင့် အရေးကြီးတာပါလဲ။ ဒီကာလအတွင်း ဘယ်လိုကုသမှုတွေ ခံယူသင့်သလဲ။
ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေ ဖြစ်ခဲ့ရတဲ့ လေဖြတ်ခံထားရသူတွေအနေနဲ့ ဘာတွေ သတိထား လုပ်ဆောင်သင့်သလဲ
လေဖြတ်ခံထားရသူတွေ ပြန်နာလန်ထူလာနိုင်ဖို့ ကုသပေးနေတဲ့ ယူကေနိုင်ငံက ပြန်လည်ထူထောင်ရေး ဆေးပညာ သမားတော်ကြီး ဒေါက်တာ သူရဝင်းက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဘာကြောင့် Heart Attack ဖြစ်ကြတာလဲ ။ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါ၊ နှလုံးအားနည်းတဲ့ရောဂါတွေကို ဘယ်လိုကုသမလဲ စတဲ့ နှလုံးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းတွေကို ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ယူကေနိုင်ငံက နှလုံးရောဂါအထူးကု သမားတော်ကြီး ဒေါက်တာ သန္တာအေးက ရှင်းပြထားပါတယ်။
သတိပြုသင့်တဲ့ SLE လေးဖက်နာ လက္ခဏာများ ။ Systemic lupus erythematosus (SLE
ခေါင်းကနေ ခြေဖျားအဆုံး ကိုယ်ခန္ဓာတွင်းက အစိတ်အပိုင်းမျိုးစုံကို ဒုက္ခပေးတတ်တဲ့ Systemic lupus erythematosus (SLE) လို့ခေါ်တဲ့ လေးဖက်နာရောဂါက ဘယ်လောက်ထိ စိုးရိမ်ရပါလဲ
SLE လေးဖက်နာရောဂါ ရောဂါ ပိုဆိုးမလာအောင် ဘယ်လိုနည်းတွေနဲ့ ကုနိုင်သလဲ
SLE လေးဖက်နာရောဂါ ခံစားနေရသူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို ထိုင်ဝမ်က အရိုး၊ အကြောနဲ့ အဆစ်ရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာ ခေါပိုပိုက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
သွေးလေးဘက်နာ။ ဘာကြောင့် ဘယ်လို ဖြစ် ။ အဆစ်အမြစ်ရောင်ရောဂါက တာရှည်မကုဘဲ ထားရင် အဆစ်တွေ ပုံပျက်ပြီး ပျက်စီးလာနိုင်တာမို့ ပိုမဆိုးလာအောင် ဘယ်လိုနည်းတွေနဲ့ ထိန်းမလဲ
သွေးလေးဘက်နာ အဆစ်အမြစ်ရောင်ရောဂါက ဘယ်လိုလူတွေမှာ ဖြစ်လေ့ရှိသလဲ
အမျိုးသားတွေမှာ တွေ့ရတတ်တဲ့ ဂေါက်ရောဂါက ဘာ့ကြောင့် ဖြစ်တာလဲ
အခံရဆိုးလွန်းတဲ့ ဂေါက်ရောဂါကို ဘယ်လိုကုမလဲ
အကိုက်အခဲပျောက်ဆေးတွေ တာရှည်သုံးရင် ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ
ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ယူကေနိုင်ငံက အဆစ်အမြစ်ရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ ဝင်းဝင်းမော်က ရှင်းပြထားပါ
သတိပြုစရာ သွေး ပြန်ကြော သွေးခဲပိတ် ရောဂါ ။ နာ ရီပေါင်းများစွာ ဖုန်းပွတ်နေတတ်သူတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို မထတမ်း ဆက်တိုက် ထိုင်ကြည့်တတ်သူတွေ၊ ဒါမှမဟုတ် ကား ရထား လေယာဉ် ကြာကြာ စီးရလေ့ရှိသူတွေဟာ ခြေထောက် သွေးခဲဖို့ အန္တရာယ် ပိုများတယ်လို့ ကျန်းမာရေး ဆရာဝန်ကြီးတွေက သတိပေးထားကြပါတယ်။ ခြေထောက် သွေးပြန်ကြော သွေးခဲရာကနေ အခန့်မသင့်ရင် ရုတ်တရက် အသက်ဆုံးပါးတဲ့အထိ ဖြစ်ကြတာ ဘာကြောင့်လဲ။
အနှိပ်ခံတဲ့အခါ ပေါင်ရင်းကိုဖိပြီး အပူထုတ်လေ့ရှိသူတွေ သတိထားသင့်တဲ့ သွေးပြန်ကြော သွေးခဲရောဂါဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်တွေကို ယူကေနိုင်ငံက သွေးနဲ့ သွေးကင်ဆာ အထူးကု သမားတော်ကြီး ဒေါက်တာ ယုစန္ဒာအောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်
သွေးကြောထုံးတာ စိုးရိမ်စရာလား ။ ခြေထောက်မှာ သွေးကြောတွေ ထုံးနေတတ်တာ ဒါမှမဟုတ် အပြာရောင်၊ ခရမ်းရောင် သွေးကြောကြီးတွေ ပေါ်နေတတ်တာ ဘာ့ကြောင့်လဲ။ သွေးကြောထုံးတာနဲ့ သွေးခဲပိတ်ဆို့တာနဲ့ တူသလား။ သွေးကြောထုံးနေတာကို မကုဘဲ ဒီတိုင်းထားထားရင် စိုးရိမ်ရသလား။ ကုမယ်ဆိုရင် ဘယ်လိုနည်းတွေနဲ့ ကုနိုင်သလဲ။ ဘယ်ဆရာဝန်နဲ့ ပြရမလဲ
စတဲ့ စတဲ့ Varicose veins လို့ ခေါ်တဲ့ သွေးကြောထုံးရောဂါအကြောင်း ဘီဘီစီပရိသတ်တွေ မေးလာကြတဲ့ မေးခွန်းတွေကို ယူကေနိုင်ငံက သွေးနဲ့ သွေးကင်ဆာ အထူးကု သမားတော်ကြီး ဒေါက်တာ ယုစန္ဒာအောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
သွေး တိုးရောဂါ ကိုယ့်မှာ ရှိနေသလားဆိုတာ ကို ဘယ်လို သိနိုင်မလဲ ။ လူတစ်ယောက်မှာ ပုံမှန် သွေးပေါင်ချိန် ဘယ်လောက် ရှိသင့်သလဲ။
သွေးပေါင်ချိန်တိုင်းတဲ့အခါ နည်းမှန်လမ်းမှန် ဘယ်လိုတိုင်းသင့်သလဲ။
သွေးတိုးတက်မှ သွေးကျဆေး သောက်ရတာလား စတဲ့ သွေးတိုးရောဂါနဲ့ ပတ်သက်လို့ လိုက်နာသင့်တာတွေအကြောင်း ယူကေနိုင်ငံက သွေးတိုး၊ ဆီးချိုနဲ့ ဟော်မုန်း အထူးကု သမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။ ဘီဘီစီမြန်မာ
မပေါ့ဆသင့်တဲ့ Anemia သွေးအားနည်း ရောဂါ ။ Anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ ကိုယ့်မှာရှိနေသလားဆိုတာ ဘယ်လိုသိနိုင်သလဲ။
မသိလို့ပဲ ဖြစ်ဖြစ်၊ သိရက်နဲ့ ဖြစ်ဖြစ် သွေးအားနည်းရောဂါကို မကုဘဲ ထားရင် နောက်ဆက်တွဲ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်လဲ။ သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ စတဲ့ သွေးအားနည်းရောဂါ ကာကွယ်ကုသရာမှာ ဆောင်သင့်၊ ရှောင်သင့်တာတွေကို ယူကေနိုင်ငံက သွေးနဲ့ သွေးကင်ဆာ အထူးကု သမားတော်ကြီး ဒေါက်တာ ယုစန္ဒာအောင်က ဘီဘီစီရဲ့ ကျန်းမာရေးရော Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ် ။
နား၊ နှာခေါင်း ၊မျက်စိ ပြဿနာများ၊ရောဂါများ
ကွန်ပြူတာ ၊မိုဘိုင်းဖုန်း နဲ့ မျက်စိကျန်းမာရေး။ ဖုန်းတွေ၊ ကွန်ပြူတာတွေ အသုံးများလာတဲ့ ခေတ်ကြီးမှာ မျက်စိ မထိခိုက်အောင် ဘယ်လိုနည်းတွေနဲ့ သတိထားပြုမူသင့်ပါလဲ
အမှောင်ထဲမှာ ဖုန်းသုံးတာက မျက်စိကို ဘယ်လောက်ထိ အန္တရာယ် ဖြစ်စေနိုင်သလဲ
မျက်စိစွေ၊ မျက်စိစောင်းတာတွေ၊ မျက်စိမှုန်တာတွေ မဖြစ်အောင် ကလေးအရွယ် ငယ်ကတည်းက ဘယ်လို ကာကွယ်နိုင်သလဲ
ကွမ်းရွက်ကပ်တာက မျက်စိကို အထောက်အကူ ပြုသလား
ဆိုတဲ့ အကြောင်းတွေကို ယူကေနိုင်ငံက မျက်စိ အထူးကု သမားတော်ကြီး ဒေါက်တာ အောင်မော်တင်ဦးက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
အသည်းရောဂါနှင့်ပြဿနာများ။
အဖြစ်များလာတဲ့ အသည်း အဆိဖုံး ရောဂါ ။ Fatty Liver Disease လို့ခေါ်တဲ့ အသည်းအဆီဖုံးရောဂါက လူတွေမှာ အဖြစ်များလာနေတဲ့ ရောဂါတစ်ခုပါ။
အသည်းအဆီဖုံးရာကနေ အသည်းရောင်၊ အသည်းခြောက်ရောဂါတွေအထိ ဖြစ်လာနိုင်တာမို့ ဒီရောဂါ ဖြစ်မလာအောင် ဘယ်လိုကြိုတင် ကာကွယ်ထားသင့်သလဲ။ အရှင်းပျောက်အောင်ကုနိုင်ဖို့ ဆေးမပေါ်သေးတဲ့ အသည်းအဆီဖုံးရောဂါ ပိုဆိုးမလာစေဖို့ ဘယ်လိုနည်းတွေနဲ့ ကုသင့်သလဲ။ လူ့ခန္ဓာကိုယ်မှာ လုပ်ငန်းတာဝန်တွေ အများကြီး ယူထားရတဲ့ အသည်း ကျန်းမာကောင်းမွန်နေဖို့က ဘယ်လောက် အရေးကြီးပါလဲ။
ယူကေနိုင်ငံက အသည်း၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အထွေထွေရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာစုစုမြတ်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
သင့်မှာ အသည်း ရောဂါ ဖြစ်နေပြီ ဆိုရင် ခန္ဓာ ကိုယ် ကနေ ပြတတ်တဲ့ ရောဂါ လက္ခဏာ ( ၁၀ ) ချက် ။
အစာအိမ် အူလမ်းကြောင်း ပြဿနာများ ရောဂါများ
သိထားသင့်တဲ့ အစာ ရေ မျို ပြွန် ကင်ဆာ လက္ခဏာများ ။
လည်ပင်းထဲမှာ တစ်ဆို့ဆို့ ဖြစ်ပြီး အစာမျိုရခက်လာတတ်ပါသလား။ ခဏခဏ အစာနင်တာ၊ သီးတာတွေ ဖြစ်နေသလား။ လေချဉ်တက်တာက ပိုဆိုးလာနေသလား။ ဒါဆိုရင်တော့ ကျွမ်းကျင်သူဆရာဝန်ကို ပြပြီ အစာရေမျိုပြွန်ကင်ဆာ ရှိမရှိ ဆိုတာကို အမြန်ဆုံး စမ်းကြည့်သင့်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စာရေးဆရာ အကြည်တော် အစာရေမျိုပြွန်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့အပြီးမှာ အစာရေမျိုပြွန်ရောဂါကြောင့် ဖခင်၊ ဦးလေး၊ အစ်ကို၊ မောင် မိသားစုဆွေမျိုး ဆုံးပါးခဲ့ရသူ အတော်များများကလည်း ဒီရောဂါအကြောင်း လူမှုကွန်ရက်ပေါ်ကနေ ပြန်ဝေမျှ လာခဲ့ကြတာပါ။
အစာရေမျိုပြွန်ကင်ဆာဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပြီး အချိန်မီမကုမိတဲ့အတွက် သေဆုံးမှုနှုန်းလည်း များတဲ့ ရောဂါဖြစ်ပါတယ်။ အစာရေမျိုပြွန်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေနဲ့ ဘယ်လို ကြိုတင်ကာကွယ်သင့်သလဲ ဆိုတဲ့အကြောင်းတွေကို ယူကေနိုင်ငံက အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းနဲ့ အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာ စုစုမြတ်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါ
သိချင်နေကြတဲ့ သိုင်း ရွီုက် ရောဂါ မေးခွန်း များ ။ သိုင်းရွိုက်ဟော်မုန်းရောဂါကို အရှင်းပျောက်အောင် ကုနိုင်သလား၊ တစ်သက်လုံး ဆေးသောက်နေရမှာလား
-သိုင်းရွိုက်အကြိတ်တွေကို ဒီအတိုင်းထားရင် အန္တရာယ်ရှိနိုင်သလား။ ခွဲထုတ်သင့်သလား
- သိုင်းရွိုက်ဟော်မုန်း များသလား၊ နည်းသလားဆိုတာ ဘယ်လို သွေးစစ်သိနိုင်သလဲ
-အာသီးရောင်တာ၊ ပါးကြိတ် ရောင်တာတွေက သိုင်းရွိုက်ဟော်မုန်းရောဂါတွေနဲ့ ဆက်နွှယ်နေသလား
ဘီဘီစီ ပရိသတ်တွေ မေးလာတဲ့ မေးခွန်းတွေကို ယူကေနိုင်ငံက ဆီးချို၊ သွေးတိုးနဲ့ ဟော်မုန်းရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ပြန်ရှင်းပြပေးထားပါတယ်။
သိုင်း ရွိုက် ဟော် မုန်း များတာ ဘာကြောင့် လဲ ။
Hyperthyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း များတာ ဘာကြောင့်လဲ။
သိုင်းရွိုက်ဟော်မုန်း များရင် ဘယ်လိုလက္ခဏာတွေ ဖြစ်လာတတ်သလဲ။
သိုင်းရွိုက်ဟော်မုန်း များတဲ့ ရောဂါကို အရှင်းပျောက်အောင် ကုနိုင်သလား၊ ဘယ်လိုနည်းတွေနဲ့ ကုမလဲ။ ယူကေနိုင်ငံက ဆီးချို၊ သွေးတိုးနဲ့ ဟော်မုန်း အထူးကု သမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ကုရလွယ်ပေမဲံ့ မသိလိုက် ရင် အသက် ဆုံးနိုင်တဲ့ သိုင်း ရွီုက် ရောဂါ ( ၁ ) ။
ဘာမှမလုပ်ရဘဲ အားမရှိ၊ နုံးခွေနေတတ်ပါသလား၊ တချိန်လုံး အိပ်ချင်နေတတ်ပါသလား၊ နှလုံးခုန်နှုန်းတွေ နှေးနေပါသလား
ဒါဆိုရင်တော့ သိုင်းရွိုက်ဟော်မုန်း နည်းနေပြီလား ဆိုတာ စစ်ကြည့်သင့်ပါပြီ။
ကုဖို့ လွယ်ပေမဲ့ မသိလိုက်ရင် အသက်အန္တရာယ် ပေးနိုင်တဲ့ သိုင်းရွိုက်ဟော်မုန်း ရောဂါတွေကြောင်း ယူကေနိုင်ငံက ဆီးချို၊ သွေးတိုးနဲ့ ဟော်မုန်း အထူးကု သမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ကျောက်ကပ် ပြဿနာ၊ ကျောက်ကပ် ရောဂါ ။
အသက်အန္တရာယ် ပေးခါနိုင်တဲ့ ကျောက်ကပ် ရောဂါ ။ ကျောက်ကပ်ရောဂါက ရုတ်တရက် အသက်ဆုံးပါးနိုင်တဲ့အထိ ဘာကြောင့် အန္တရာယ်ပေးနိုင်တာလဲ။
ကနဦးအဆင့်မှာ ကြိုတင်လက္ခဏာ မပြတတ်တဲ့ ကျောက်ကပ်ရောဂါကို အဆိုးဆုံးအခြေအနေ ရောက်မလာအောင် ဘယ်လို သတိထားကာကွယ်မလဲ။
ကျောက်ကပ်ရောဂါနဲ့ မတည့်တဲ့၊ ရှောင်သင့်တဲ့ အစားအစာမျိုးတွေက ဘာတွေလဲ
စတဲ့ ကျောက်ကပ်ရောဂါအကြောင်း ဆောင်ရန်၊ ရှောင်ရန်တွေကို အမေရိကန်နိုင်ငံက ကျောက်ကပ်ရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ သန်းနိုင်ဦးက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါ
သွားနဲ့ခံတွင်း ပြဿနာများ ၊ရောဂါများ
သွားနဲ့ ခံတွင်း မသန့်တဲ့ ဆိုးကျိုး ။ သွားနဲ့ ခံတွင်း ကျန်းမာသန့်စင်ဖို့ ဘာတွေ လုပ်ရမလဲ။ ခံတွင်း အနံ့ဆိုးနေတာ ဘာ့ကြောင့်လဲ။ ကိုယ့်သွားတိုက်နည်းက မှန်ရဲ့လား။ သွားဖုံး ပြည်တည်တဲ့ ရောဂါ၊ ရေစီးကမ်းပြို သွားဖုံးရောဂါနဲ့ ခံတွင်းကင်ဆာ စတဲ့ ခံတွင်းမသန့်ရာကနေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးရောဂါတွေအကြောင်း ယူကေနိုင်ငံက သွားနဲ့ခံတွင်း ဆရာဝန် ဒေါက်တာ ဇာနည်ရဲမြင့် က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
လက္ခဏာ တွေ့တာနဲ့ ကုသင့်တဲ့ ခံတွင်းကင်ဆာ ။
ခံတွင်းကင်ဆာ အဖြစ်များပြီး သေဆုံးမှုနှုန်း များနေတဲ့ မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာရောဂါကို အထူးဂရုပြုကြဖို့ ဆေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။
ခံတွင်းကင်ဆာ ဖြစ်လာခဲ့ရင် နည်းမှန်လမ်းမှန် ဘယ်လိုကုသင့်သလဲ။ ဆေးမြီးတိုတွေကြောင့် ခံတွင်းကင်ဆာ ဝေဒနာသည်တွေကို ဘယ်လောက်အထိ ဆိုးကျိုးတွေ ဖြစ်စေနိုင်သလဲ။
ခံတွင်းကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို မျက်နှာ၊ မေးရိုး၊ ခံတွင်း အစားထိုးပြုပြင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ကျော်စံနိုင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ကွမ်းဆေးလိပ် အရက်နဲ့ ခံတွင်း ကင်ဆာ ။ ပါး စပ်ထဲမှာ အနာ ဒါမှမဟုတ် အဖြူကွက် အနီကွက်တွေ ပေါက်ပြီး တော်တော်နဲ့ မပျောက်ဘဲ ဖြစ်နေပါလား။
လည်ပင်းမှာ အကြိတ်တွေ ထွက်နေပါလား ဒါမှမဟုတ် လည်ချောင်းမှာ တစ်ဆို့ဆို့ ဖြစ်သလို ခံစားနေရပါလား။
အထူးသဖြင့် ကွမ်းစားသူတွေ၊ ဆေးလိပ်အရက် သောက်သူတွေဆိုရင်ဖြင့် ဒါတွေက ခံတွင်းကင်ဆာ အကြိုရောဂါ လက္ခဏာလား ဆိုတာကို ဆရာဝန်တွေနဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ လိုတယ်လို့ ကျွမ်းကျင်သူ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။
ကွမ်းဆေးလိပ် အရက်နဲ့ ခံတွင်းကင်ဆာ ဘယ်လို ဆက်စပ်နေသလဲ ဆိုတဲ့အကြောင်း ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ မျက်နှာ၊ မေးရိုး၊ ခံတွင်း အစားထိုးပြုပြင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ကျော်စံနိုင်က ရှင်းပြထားပါ
