HEALTH MATTERS BBC ကျန်းမာရေး ပြဿနာ အဖြေရှာ ကျန်းမာရေးရာ သိကောင်းစရာများ၊ BBC News မြန်မာ ၏ ကျန်းမာရေးရာ အမေးအဖြေများ ။ ၁ / ၃

အထွေ ထွေ ကျန်းမာရေးရာ ပြဿနာ များ ။

နောက်ဆက်တွဲ ဆိုးကျိုးများ နဲ့ အဝလွန်ရောဂါ အထူးသတိပြုသင့် ။ ကိုယ်ဝနေသလား ဆိုတာ ဘယ်လိုနည်းနဲ့ သိနိုင်ပါလဲ၊
ကိုယ်အလေးချိန်နဲ့ ချိန်ကြည့်ရမလား၊ ခါးကို တိုင်းကြည့်ရမလား ဘယ်လိုလူတွေက ပုံမှန်ထက် ပိုဝနိုင်ခြေ ရှိသလဲ။ ဝလို့ နောက်ဆက်တွဲ ရောဂါရှိလာတာလား၊ ရောဂါရှိလို့ ဝနေတာလား။

ပုံမှန်ထက် ဝသူတွေ၊ အဝလွန်နေသူတွေဟာ ကိုဗစ်ရောဂါ ကူးစက်ခံရရင် ရောဂါလက္ခဏာ ပိုပြင်းထန်တတ်သလို အထူးကြပ်မတ်ကုသဆောင်ရောက်ဖို့ လမ်းပိုများတာမို့ ကိုယ်အလေးချိန် မတိုးအောင် ဘယ်လိုနည်းတွေနဲ့ ထိန်းနိုင်မလဲ စတာတွေနဲ့ ပတ်သက်လို့ ယူကေနိုင်ငံက အဝလွန်သူတွေအတွက် ဖွင့်ထားတဲ့ အထူးဆေးခန်းမှာ တာဝန်ယူ ကုသပေးနေတဲ့ ဆီးချို၊ သွေးတိုးနဲ့ ဟော်မုန်း အထူးကုသမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြပေးမှာပါ။

အစာအိမ် အူ လမ်းကြောင်း I

နေ့စဉ်ဘဝ ထိခိုက် စေတဲ့ အူလမ်းကြေ င်း ပြဿနာ . ၊ ဝမ်းတစ်လုံး ကောင်းခေါင်းမခဲ၊ ဝမ်းသာတယ် ၊ဝမ်းမသာ

ဝမ်းချုပ်၊ ဝမ်းလျှော ဒါမှမဟုတ် ဗိုက်ထဲမှာ မအီမသာ၊ ဗိုက်နာ၊ လေပွ စတဲ့ ဝေဒနာတွေကို စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင် ဆက်တိုက်ခံစားနေရပါသလား။ ဒါဆိုရင် IBS လို့အတိုကောက်ခေါ်ကြတဲ့ (Irritable bowel syndrome) အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်တဲ့ ရောဂါလက္ခဏာစု ဖြစ်နေတာလားဆိုတာကို ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။
လူတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှုဘဝကို အကြီးအကျယ် ထိခိုက်စေနိုင်တဲ့ IBS ရောဂါလက္ခဏာစုနဲ့ ပတ်သက်လို့ သိထားသင့်တာတွေကို ယူကေနိုင်ငံက အသည်း၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အထွေထွေရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာစုစုမြတ်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

အစာအိမ်နာနဲ့ လေထိုး လေနာ ဘယ်လို ခွဲမလဲ ။ အခံရဆိုးတဲ့ လေထိုးလေအောင့်ရောဂါ သက်သာစေဖို့ ဘာတွေ လုပ်နိုင်သလဲ။
ရိုးရိုးလေအောင့်တာလား၊ အစာအိမ်ရောဂါလားဆိုတာ ဘယ်လိုလက္ခဏာတွေနဲ့ ခွဲသိနိုင်မလဲ။
အစာအိမ်အနာ မဖြစ်အောင် ဘယ်လို ကြိုကာကွယ်မလဲ၊ ဖြစ်လာခဲ့ရင် ဘယ်လိုကုရမလဲ စတဲ့ အစာအိမ်ပိုင်းဆိုင်ရာ သိကောင်းစရာတွေကို ယူကေနိုင်ငံက အသည်း၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ စုစုမြတ်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဥ်မှာ ရှင်းပြထားပါတယ်။

နား နှာခေါင်း လည် ချောင်း ရောဂါများ

ကုရလွယ်ပေမဲ့။ မသိ လိုက်ရင် အသက်ဆုံးနိုင် တဲ့ သိုင်း ရါိုက် ရော ဂါ ( ၁ ) မှမလုပ်ရဘဲ အားမရှိ၊ နုံးခွေနေတတ်ပါသလား၊ တချိန်လုံး အိပ်ချင်နေတတ်ပါသလား၊ နှလုံးခုန်နှုန်းတွေ နှေးနေပါသလား
ဒါဆိုရင်တော့ သိုင်းရွိုက်ဟော်မုန်း နည်းနေပြီလား ဆိုတာ စစ်ကြည့်သင့်ပါပြီ။
ကုဖို့ လွယ်ပေမဲ့ မသိလိုက်ရင် အသက်အန္တရာယ် ပေးနိုင်တဲ့ သိုင်းရွိုက်ဟော်မုန်း ရောဂါတွေကြောင်း ယူကေနိုင်ငံက ဆီးချို၊ သွေးတိုးနဲ့ ဟော်မုန်း အထူးကု သမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

သိချင် နေကြတဲ့ သိုင်း ရွိုက် ရောဂါ မေးခွန်းများ ။ သိုင်းရွိုက်ဟော်မုန်းရောဂါကို အရှင်းပျောက်အောင် ကုနိုင်သလား၊ တစ်သက်လုံး ဆေးသောက်နေရမှာလား
-သိုင်းရွိုက်အကြိတ်တွေကို ဒီအတိုင်းထားရင် အန္တရာယ်ရှိနိုင်သလား။ ခွဲထုတ်သင့်သလား

  • သိုင်းရွိုက်ဟော်မုန်း များသလား၊ နည်းသလားဆိုတာ ဘယ်လို သွေးစစ်သိနိုင်သလဲ
    -အာသီးရောင်တာ၊ ပါးကြိတ် ရောင်တာတွေက သိုင်းရွိုက်ဟော်မုန်းရောဂါတွေနဲ့ ဆက်နွှယ်နေသလား
    ဘီဘီစီ ပရိသတ်တွေ မေးလာတဲ့ မေးခွန်းတွေကို ယူကေနိုင်ငံက ဆီးချို၊ သွေးတိုးနဲ့ ဟော်မုန်းရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ပြန်ရှင်းပြပေးထားပါတယ် ။

သတိပြုစရာ နာတ ရှည်။ ထိပ် ကပ်နာ ရောဂါ ။ အအေးမိ၊ နှာစေးရာကနေ နှာခေါင်းပိတ်၊ အနံ့မရ ဖြစ်နေတာ လနဲ့ချီ ကြာနေပြီလား။ မခံမရပ်နိုင်လောက်အောင် ခေါင်းကိုက်နေတတ်ပါလား။
ဒါဆိုရင်တော့ Sinusitis လို့ ခေါ်တဲ့ နာတာရှည် ထိပ်ကပ်နာ ဖြစ်နေပြီလားဆိုတာ စစ်ကြည့်သင့်ပါတယ်။
ထိပ်ကပ်နာ ရှိမရှိဆိုတာကို ဘယ်လိုနည်းတွေနဲ့ သိနိုင်မလဲ။ CT Scan နဲ့ စစ်ကြည့်ဖို့ လိုမှာလား။ မကြာမကြာ ပြန်ဖြစ်တတ်တဲ့ ထိပ်ကပ်နာကို ဘယ်လိုကုမလဲ။ ထိပ်ကပ်နာ မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ စတဲ့ ဆောင်ရန် ရှောင်ရန်အချက်တွေကို ယူကေနိုင်ငံက နား၊ နှာခေါင်းနဲ့ လည်ချောင်းရောဂါဆိုင်ရာ အထူးကု သမားတော်ကြီး ဒေါက်တာ ကျော်ထင်မောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

နားနှာခေါင်း လည် ချောင်း ရောဂါများ

မပေါ့ဆသင့်တဲ့ အာသီးရောငါ ရောဂါ ။ ရာသီအပြောင်းအလဲကာလမျိုးမှာ အအေးမိ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။
ဒါပေမဲ့ အဲဒီကတဆင့် တံတွေးမျိုရခက်လာပြီး အဖျားဝင်၊ အာသီးရောင်တာတွေ ဖြစ်လာခဲ့ရင် (အထူးသဖြင့်) အာသီးနားမှာ ပြည်တည်တဲ့အထိ ဖြစ်လာခဲ့ရင်တော့ မပေါ့ဆသင့်ပါဘူး။
အာသီး ဘာ့ကြောင့် ရောင်ကြတာလဲ၊ ဘယ်လိုအခါမှာ ကျွမ်းကျင်သူ ဆရာဝန်နဲ့ ပြသင့်သလဲ ဆိုတာတွေကို ယူကေနိုင်ငံက နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာကျော်ထင်မောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

မပေါ့ဆသင့်တဲ့ အာသီး ရောင် ရောဂါ ။ ရာသီအပြောင်းအလဲကာလမျိုးမှာ အအေးမိ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။
ဒါပေမဲ့ အဲဒီကတဆင့် တံတွေးမျိုရခက်လာပြီး အဖျားဝင်၊ အာသီးရောင်တာတွေ ဖြစ်လာခဲ့ရင် (အထူးသဖြင့်) အာသီးနားမှာ ပြည်တည်တဲ့အထိ ဖြစ်လာခဲ့ရင်တော့ မပေါ့ဆသင့်ပါဘူး။
အာသီး ဘာ့ကြောင့် ရောင်ကြတာလဲ၊ ဘယ်လိုအခါမှာ ကျွမ်းကျင်သူ ဆရာဝန်နဲ့ ပြသင့်သလဲ ဆိုတာတွေကို ယူကေနိုင်ငံက နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာကျော်ထင်မောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

သိလိုကြတဲ့ နား၊ နားခေါင်း ၊ လည် ချောင်း ရောဂါ မေးခွန်း များ ။ နားမှာ နားကျပ်တပ်ပြီး သီချင်းနားထောင်တာ နားကို အန္တရာယ် ဖြစ်နိုင်သလား

  • အမြဲတန်း နားအူနေတတ်တာ ဘာ့ကြောင့်လဲ
  • ထိပ်ကပ်နာကို အရှင်းပျောက်အောင် ကုလို့ရသလား
  • အာသီးရောင်တဲ့ ကလေးတွေ အိပ်နေတုန်း အသက်ရှူကျပ်တာ ဘာ့ကြောင့်လဲ၊ ဘယ်လိုကုသင့်သလဲ
  • အာသီး တခါခွဲစိတ်ပြီးရင် နောက်ပြန်ဖြစ်နိုင်သလား စတဲ့ ဘီဘီစီပရိသတ်တွေ မေးလာတဲ့ မေးခွန်းတွေကို ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ယူကေနိုင်ငံက နား နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ ကျော်ထင်မောင်က ဖြေကြားပေးထားပါတယ်။
  • https://youtu.be/dJs6Be-wb1U?si=o-nas4NNPBGtXFKu

ဂရုပြုစရာ နားရောဂါ နားယားလို့ နားဖာချေး ကလော်တံနဲ့ ကလိတာက ဘယ်လောက် အန္တရာယ်များသလဲ။
နားကိုက်၊ နားပြည်ယိုတာတွေ ဖြစ်လာရင် ဘာလုပ်သင့်သလဲ။
Ear infection လို့ခေါ်တဲ့ နားထဲ ရောဂါပိုးဝင်ရင် ဘာ့ကြောင့် မပေါ့သင့်သလဲ။
အထူးသဖြင့် ကလေးငယ်တွေ နားထဲ ရောဂါပိုးဝင်ပြီ ဆိုရင် ဘယ်လိုလက္ခဏာတွေနဲ့ သိနိုင်သလဲ။
အကြားအာရုံအတွက် အရေးပါတဲ့ နားကို ဘယ်လို ဂရုစိုက်သင့်သလဲ ဆိုတဲ့ နားနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ယူကေနိုင်ငံက နား၊ နှာခေါင်းနဲ့ လည်ချောင်းရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ ကျော်ထင်မောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ် ။

မျက်စီရောဂါ ပြဿနာများ

မျက်စီမကြာမကြာစစ်ဘို့ ဘာကြောင့်လို ။ ကိုယ့်မှာ ရေတိမ် ရှိနေသလား၊ အတွင်းတိမ် ရှိနေသလားဆိုတာကို ဘယ်လိုလက္ခဏာတွေနဲ့ သိနိုင်သလဲ။
ဆီးချို၊ သွေးတိုးသမားတွေ မျက်စိကို အထူးဂရုစိုက်ဖို့ ဘာ့ကြောင့်လိုတာလဲ
ဘာ့ကြောင့် မျက်စိစွန်၊ မျက်စိနာကြတာလဲ၊ မျက်စိစွန်၊ မျက်စိနာရင် ဘာလုပ်ရမလဲ။
စတဲ့ မျက်စိရောဂါတွေအကြောင်း သိထားသင့်တာတွေကို ယူကေနိုင်ငံ စိန့်ဟယ်လင်ဆေးရုံက မျက်စိအထူးကု သမားတော်ကြီး ဒေါက်တာ အောင်မော်တင်ဦးက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြပေးထားပါတယ်။

အရိုးရောဂါ များ

အရိုးပါး၊ အရိုး ပွ အရိုးရောဂါ အန္တရာယ် ။ နာကျင်ကိုက်ခဲ လက္ခဏာတစုံတရာ မပြတတ်တဲ့ Osteoporosis အရိုးပါး၊ အရိုးပွရောဂါက အသက် ၃၀ ကျော်လာပြီ ဆိုရင် စသတိထားရမယ့် ရောဂါ ဖြစ်ပါတယ်။
ကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ အလွယ်တကူ အရိုးကျိုးတတ်တဲ့ အရိုးပါး အရိုးပွရောဂါက ဘယ်လိုလူတွေမှာ ဖြစ်နိုင်ခြေ ပိုများသလဲ ကိုယ့်ဘဝသက်တမ်းတစ်လျှောက် အရိုးအဆစ်တွေ ခိုင်မာနေစေဖို့ ကလေးဘဝကစလို့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင် ဒီဓာတ်တွေ နေ့စဉ် ဘယ်လောက် ဖြည့်ဆည်းဖို့လိုအပ်သလဲ

ဝမ်က အရိုး၊ အကြောနဲ့ အဆစ်ရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ ခေါပိုပိုက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း

– အဆုတ် ရောဂါ ပြဿနာများ

အဆုတ်ကင်ဆာ ဖြစ်ရတဲ့ အဓိက အကြောင်းရင်း ။ BBC News မြန်မာ

အဆုတ်ကင်ဆာ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဆေးလိပ်ကြောင့်လို့ ဆိုပေမဲ့ ဆေးလိပ်မသောက်သူတွေ အဆုတ်ကင်ဆာ ဖြစ်ကြတာ ဘာ့ကြောင့်လဲ။ အဆုတ်ကင်ဆာ ဖြစ်နေတာကို ဘယ်လိုလက္ခဏာတွေနဲ့ သိနိုင်သလဲ။ အဆုတ်တခြမ်းထဲနဲ့ အသက်ရှင်နိုင်သလား။
အဆုတ်ကင်ဆာရောဂါ မဖြစ်အောင်၊ အဆုတ်ကျန်းမာအောင် ဘယ်လို နေထိုင်ပြုမူကြမလဲ
ယူကေနိုင်ငံက အဆုတ်ကင်ဆာ ဆေးဝါးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်မြတ်မိုးက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

– အသည်း နှင့်ဆက်စပ်ရောဂါမျာား

အဖြစ်များလာတဲ့ အသည်း အဆီဖုံး ရောဂါ ။ Fatty Liver Disease လို့ခေါ်တဲ့ အသည်းအဆီဖုံးရောဂါက လူတွေမှာ အဖြစ်များလာနေတဲ့ ရောဂါတစ်ခုပါ။ အသည်းအဆီဖုံးရာကနေ အသည်းရောင်၊ အသည်းခြောက်ရောဂါတွေအထိ ဖြစ်လာနိုင်တာမို့ ဒီရောဂါ ဖြစ်မလာအောင် ဘယ်လိုကြိုတင် ကာကွယ်ထားသင့်သလဲ။ အရှင်းပျောက်အောင်ကုနိုင်ဖို့ ဆေးမပေါ်သေးတဲ့ အသည်းအဆီဖုံးရောဂါ ပိုဆိုးမလာစေဖို့ ဘယ်လိုနည်းတွေနဲ့ ကုသင့်သလဲ။ လူ့ခန္ဓာကိုယ်မှာ လုပ်ငန်းတာဝန်တွေ အများကြီး ယူထားရတဲ့ အသည်း ကျန်းမာကောင်းမွန်နေဖို့က ဘယ်လောက် အရေးကြီးပါလဲ။ ယူကေနိုင်ငံက အသည်း၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အထွေထွေရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာစုစုမြတ်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

သည်းခြေအိတ် ဆိုင်ရာရောဂါပြဿနာများ

လူလူတွေမှာ အဖြစ်များလေ့ရှိတဲ့ သည်းခြေအိတ် ကျောက်တည်တဲ့ ရောဂါဟာ တချို့တွေမှာ လက္ခဏာ မပြတတ်ပေမဲ့ အများစုကတော့ မခံမရပ်နိုင်လောက်အောင် ဝေဒနာ ခံစားရတတ်ပြီး ဆေးရုံပြေးရတဲ့အထိ ဖြစ်တတ်ကြပါတယ်။

သည်းခြေအိတ် ကျောက်တည်နေပြီဆိုရင် ခွဲထုတ်ဖို့ မဖြစ်မနေ လိုသလား။ ရုတ်တရက် ဗိုက်ထဲက ထိုးထိုး အောင့်လာရင် Gallstone လို့ ခေါ်တဲ့ သည်းခြေ ကျောက်တည်တာလား ဒါမှမဟုတ် Kidney stone လို့ ခေါ်တဲ့ ဆီးကျောက်တည်တာလား ဆိုတာကို ဘယ်လို ခွဲသိနိုင်မှာပါလဲ။

သည်းခြေ ကျောက်တည်ရာကနေရော နောက်ဆက်တွဲ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါလဲ။ ယူကေနိုင်ငံက အူလမ်းကြောင်း အထူးကု ခွဲစိတ်ဆရာဝန် ဒေါက်တာ မျိုးခိုင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်.

သည်းခြေအိတ်။ ကျောက်မတည် ဖို့ ဒါတွေ လုပ် – BBC News မြန်မာ

– နှလုံးနဲ့ သွေးကြော ပြဿနာ ရောဂါများ

သွေးကြောထုံးတာ စိုးရိမ်စရာလား ။ ခြေထောက်မှာ သွေးကြောတွေ ထုံးနေတတ်တာ ဒါမှမဟုတ် အပြာရောင်၊ ခရမ်းရောင် သွေးကြောကြီးတွေ ပေါ်နေတတ်တာ ဘာ့ကြောင့်လဲ။ သွေးကြောထုံးတာနဲ့ သွေးခဲပိတ်ဆို့တာနဲ့ တူသလား။ သွေးကြောထုံးနေတာကို မကုဘဲ ဒီတိုင်းထားထားရင် စိုးရိမ်ရသလား။ ကုမယ်ဆိုရင် ဘယ်လိုနည်းတွေနဲ့ ကုနိုင်သလဲ။ ဘယ်ဆရာဝန်နဲ့ ပြရမလဲ
စတဲ့ စတဲ့ Varicose veins လို့ ခေါ်တဲ့ သွေးကြောထုံးရောဂါအကြောင်း ဘီဘီစီပရိသတ်တွေ မေးလာကြတဲ့ မေးခွန်းတွေကို ယူကေနိုင်ငံက သွေးနဲ့ သွေးကင်ဆာ အထူးကု သမားတော်ကြီး ဒေါက်တာ ယုစန္ဒာအောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

သွေး တိုး ရောဂါ ကိုယ့် မှာ ရှိနေသလား ဆိုတာ ကို ဘယ်လို သိနိုင်မလဲ – လူတစ်ယောက်မှာ ပုံမှန် သွေးပေါင်ချိန် ဘယ်လောက် ရှိသင့်သလဲ။
သွေးပေါင်ချိန်တိုင်းတဲ့အခါ နည်းမှန်လမ်းမှန် ဘယ်လိုတိုင်းသင့်သလဲ။
သွေးတိုးတက်မှ သွေးကျဆေး သောက်ရတာလား စတဲ့ သွေးတိုးရောဂါနဲ့ ပတ်သက်လို့ လိုက်နာသင့်တာတွေအကြောင်း ယူကေနိုင်ငံက သွေးတိုး၊ ဆီးချိုနဲ့ ဟော်မုန်း အထူးကု သမားတော်ကြီး ဒေါက်တာ ခင်ဆွေမြင့်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

လူတွေ ရုတ်တရက် လေဖြတ်တာ ဘာကြောင့်လဲ ခါနီး ဘယ်လို လက္ခဏာတွေ ပြသလဲ။ ရုတ်တရက် လေဖြတ်ရင် အမြန်ဆုံး ဘာလုပ်ရမလဲ။
အသက်ဆုံးရင်ဆုံး ဒါမှမဟုတ် နာတာရှည် မသန်မစွမ်းဘဝ ရောက်သွားနိုင်တဲ့ လေဖြတ်ရောဂါ မဖြစ်အောင် ဘယ်လို သတိထား နေထိုင်ကြမလဲ စတဲ့ လေဖြတ်ရောဂါအကြောင်း သိကောင်းစရာတွေကို ယူကေနိုင်ငံက လေဖြတ်ရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာ ခင်ဇာညိုက ဘီဘီစီရဲ့ Health Matters ကျန်းမာရေးရာ အစီအစဉ်မှာ ရှင်းပြပေးထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

လူဆယ်ရောက်မှာ တစ်ယောက် အသက်ဆုံးတဲ့ နှ လုံး သွေး ကြောကျဉ်း ရောဂါ – BBC News မြန်မာ ။ Coronary Artery Disease လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါဟာ မြန်မာနိုင်ငံမှာ အသက်သေဆုံးမှု ဒုတိယအများဆုံး ရောဂါ ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၂၀ ခုနှစ် ထုတ်ပြန်ချက်က ဆိုပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဘာ့ကြောင့် ဖြစ်ကြတာလဲ။
နှလုံးသွေးကြောကျဉ်းနေရင် ဘယ်လို လက္ခဏာတွေနဲ့ သိနိုင်သလဲ။
နှလုံးသွေးကြောကျဉ်းလို့ Stent ထည့်ထားရသူတွေ ငြိမ်ငြိမ်လေး နေသင့်သလား။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်နိုင်သလား။
နှလုံးသွေးကြော မပိတ်သွားအောင် ဘယ်လို ပြုမူနေထိုင်သင့်သလဲ ဆိုတာတွေကို ယူကေနိုင်ငံက နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာဇော်မျိုးထက်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။ ဘီဘီစီမြန်မာပိုင်း

သတိပြုစရာ သွေးပြန်ကြော သွေးခဲပိတ် ရောဂါ ။ နာရီပေါင်းများစွာ ဖုန်းပွတ်နေတတ်သူတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို မထတမ်း ဆက်တိုက် ထိုင်ကြည့်တတ်သူတွေ၊ ဒါမှမဟုတ် ကား ရထား လေယာဉ် ကြာကြာ စီးရလေ့ရှိသူတွေဟာ ခြေထောက် သွေးခဲဖို့ အန္တရာယ် ပိုများတယ်လို့ ကျန်းမာရေး ဆရာဝန်ကြီးတွေက သတိပေးထားကြပါတယ်။ ခြေထောက် သွေးပြန်ကြော သွေးခဲရာကနေ အခန့်မသင့်ရင် ရုတ်တရက် အသက်ဆုံးပါးတဲ့အထိ ဖြစ်ကြတာ ဘာကြောင့်လဲ။
အနှိပ်ခံတဲ့အခါ ပေါင်ရင်းကိုဖိပြီး အပူထုတ်လေ့ရှိသူတွေ သတိထားသင့်တဲ့ သွေးပြန်ကြော သွေးခဲရောဂါဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်တွေကို ယူကေနိုင်ငံက သွေးနဲ့ သွေးကင်ဆာ အထူးကု သမားတော်ကြီး ဒေါက်တာ ယုစန္ဒာအောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

ကိုယ့်နှလုံးခုန်နှုန်း စည်းချက် မှန်ရဲ့လား ။ စိတ်လှုပ်ရှားစရာတစ်ခုခု တွေ့ရင် လူတွေ နှလုံးခုန်မြန်တတ်ကြပါတယ်။ ဒါပေမဲ့ အကြောင်းတစ်စုံတရာမရှိဘဲ ရုတ်တရက် နှလုံးခုန်မြန်နေတတ်တာ၊ ရင်တလှပ်လှပ် တုန်နေတတ်တာဆိုရင်တော့ Atrial Fibrillation (AF) လို့ခေါ်တဲ့ နှလုံးခုန်နှုန်း စည်းချက် ပုံမမှန်တဲ့ ရောဂါ ဖြစ်နေပြီလား ဆိုတာကို ကျွမ်းကျင်သူ ဆရာဝန်ကြီးတွေနဲ့ ပြသ စစ်ဆေးသင့်ပါတယ်။ လူတစ်ယောက်မှာ နှလုံးခုန်နှုန်း စည်းချက် ပုံမှန်ဖို့က ဘယ်လောက်အရေးကြီးသလဲ၊ နှလုံးခုန်နှုန်း ပုံမမှန်ရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ ဆိုတာတွေကို ယူကေနိုင်ငံက နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာ ဇော်မျိုးထက်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

ဘာကြောင့် Heart Attack ဖြစ်ကြတာလဲ -BBC News မြန်မာ ။

Heart Attack ရဲ့ ရှေ့ပြေးလက္ခဏာတွေက ဘာတွေလဲ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါ၊ နှလုံးအားနည်းတဲ့ရောဂါတွေကို ဘယ်လိုကုသမလဲ စတဲ့ နှလုံးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းတွေကို ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ယူကေနိုင်ငံက နှလုံးရောဂါအထူးကု သမားတော်ကြီး ဒေါက်တာ သန္တာအေးက ရှင်းပြထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

-သွားနဲ့ ခံတွင်း ရောဂါများ,

သွားနဲ့ခံတွင်း မသန့်တဲ့ ဆိုး ျိုး -BBC News မြန်မာ သွားနဲ့ ခံတွင်း ကျန်းမာသန့်စင်ဖို့ ဘာတွေ လုပ်ရမလဲ။ ခံတွင်း အနံ့ဆိုးနေတာ ဘာ့ကြောင့်လဲ။ ကိုယ့်သွားတိုက်နည်းက မှန်ရဲ့လား။ သွားဖုံး ပြည်တည်တဲ့ ရောဂါ၊ ရေစီးကမ်းပြို သွားဖုံးရောဂါနဲ့ ခံတွင်းကင်ဆာ စတဲ့ ခံတွင်းမသန့်ရာကနေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးရောဂါတွေအကြောင်း ယူကေနိုင်ငံက သွားနဲ့ခံတွင်း ဆရာဝန် ဒေါက်တာ ဇာနည်ရဲမြင့် က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း

– ဆီးနှင့်ကျောက်ကပ် ဆိုင်ရာ ရောဂါများ

ခဏခဏ ပြန်ဖြစ်တတ်တဲ့ ဆီးလမ်းကြောင်း ပိုးဝင် ရောဂါ – BBC News မြန်မာ

ရေများများသောက်၊ ဆီးများများပေါက်ပေးဖို့ ဘာ့ကြောင့် လိုအပ်ပါလဲ။
အမျိုးသမီးတွေ လိင်ဆက်ဆံပြီးတိုင်း ဆီးသွားသင့်တာ ဘာ့ကြောင့်လဲ။
ဆီပူ၊ ဆီးအောင့်၊ ဆီးကျင်တာတွေ ဖြစ်စေတဲ့ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ရောဂါ ခဏခဏ ထပ်မဖြစ်အောင် ဘယ်လိုနည်းတွေနဲ့ ကာကွယ်မလဲ။
အမျိုးသမီးတွေ၊ ဆီးချိုရောဂါသည်တွေမှာ အဖြစ်များတတ်တဲ့ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ရောဂါနဲ့ ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်အချက်တွေကို အမေရိကန်နိုင်ငံက ကျောက်ကပ်ရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာ သန်းနိုင်ဦးက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။

ဆီးကျောက်တယ်တာ ဘာကြောင့်လဲ တချို့လူတွေမှာ ဆီးကျောက်တည်ရင် မခံမရပ်နိုင်အောင် နာတတ်တာက ဘာ့ကြောင့်လဲ
ဆီးကျောက်တည်ပြီဆိုရင် ဘယ်လိုနည်းတွေနဲ့ ကုသင့်ပါလဲ
လူတွေမှာ ဖြစ်တတ်တဲ့ ဆီးကျောက်အမျိုးအစားတွေနဲ့အတူ ဆီးကျောက်နဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို အမေရိကန်နိုင်ငံက ကျောက်ကပ်ရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာ သန်းနိုင်ဦးက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။ ဘီဘီစီမြန်မာပိုင်း

ကျော၊က်ကပ်မှာပြ၊ဿ၊နာရှိနေပြီလို့
ပြနေတဲ့ လက္ခဏာ (၁၀) ခု

ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့လူတွေကလွဲလို့
တော်ရုံဆို ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေတာကို
မသိတဲ့သူများပါတယ်။

သိပြီဆိုလည်း ဆေးခန်းပြမှ လက္ခဏာတော်တော်ပြနေပြီ၊
ဝေဒနာတော်တော်ဆိုးနေပြီဆိုတာချည်းပဲ။
ဘာလို့လဲဆိုတော့ရောဂါလက္ခဏာတွေဖြစ်နေလည်း
လူတွေကကျောက်ကပ်လို့မထင်ဘဲ တခြားအကြောင်းရင်းတွေနဲ့
ရောထွေးကြလို့ပါပဲ။

နောက်ပြီး တချို့ကျောက်ကပ်ဝေဒနာရှင်တွေမှာ
ရောဂါရင့်တဲ့အဆင့်အထိ လက္ခဏာမပြဘဲရှိတတ်တယ်၊
နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ၁၀ ရာခိုင်နှုန်း
လောက်က ကိုယ့်ရောဂါကိုမသိဘဲနေကြတာတွေ့ရပါတယ်။

ကျောက်ကပ်ကောင်းမကောင်း အတိအကျသိနိုင်တဲ့
နည်းလမ်းကဆေးစစ်တာပဲဆိုတော့ လူတိုင်းပုံမှန်
ဆေးစစ်ဖို့ကလည်း သိပ်မဖြစ်နိုင်တဲ့ကိစ္စပါ။

ဒီတော့ဖြစ်နိုင်ခြေ လက္ခဏာတွေနဲ့ပဲအရင်
ဆန်းစစ်ရပါမယ်။ ကိုယ့်မှာသွေးတိုး၊ ဆီးချို၊ ဒါမှမဟုတ်
မိဘဆွေမျိုးတွေထဲမှာကျောက်ကပ်ရောဂါရှိဖူးတာ၊
ဒါမှမဟုတ် အသက် ၆၀ အထက်ရှိသူတွေဟာ
ကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးမှုခံယူဖို့
လိုအပ်ပါတယ်။

ဆေးမစစ်ခင် ကိုယ့်မှာဒီလက္ခဏာတွေရှိနေသလား
အရင်ကြည့်ပါ။

(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ်
အာရုံစူးစိုက်လို့မရတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင်သွေးထဲမှာ အဆိပ်အတောက်တွေစုပုံလာစေနိုင်ပြီးသွေးညစ်စေပါတယ်။
အဲဒီအခါ လူတွေက ပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေ
ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့သွေးအားနည်းတာပဲဖြစ်ပါတယ်။

(၂) အိပ်မပျော်တာ
ကျောက်ကပ်ကကောင်းကောင်းစစ်မထုတ်နိုင်တော့
ဆီးထဲကိုစွန့်ထုတ်မယ့်အစားသွေးထဲမှာ
အဆိပ်အတောက်တွေကျန်နေတာပေါ့။
ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။
အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါက
ဆက်နွှယ်မှုလည်းရှိနေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာ
အိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာတွေ့ရပါတယ်။

(၃) အသားခြောက်ပြီး ယားတာ
ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေက
ကဏ္ဍအတော်များများမှာ အရေးပါပါတယ်။
ကျောက်ကပ်က ခန္ဓါကိုယ်ထဲက အရည်ပိုတွေနဲ့
အညစ်အကြေးတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်၊
သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊
အရိုးတွေကြံ့ခိုင်ဖို့ထောက်ပံ့တယ်၊သွေးထဲမှာ
သတ္တုဓါတ်ပမာဏတွေ ထိုက်သင့်သလောက်
ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။
အသားအရေခြောက်သွေ့ပြီး ယားယံနေတာက
ကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓါတ်ချို့တဲ့မှု
သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။

(၄) ဆီးခဏခဏသွားချင်နေတာ
အထူးသဖြင့် ညဘက်မှာဆီးခဏခဏသွားချင်တာ
ကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်
ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာ ထိခိုက်နေတဲ့အခါ
ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။
တစ်ခါတလေ ဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ
ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာရဲ့
လက္ခဏာဖြစ်နိုင်ပါတယ်။

(၅) ဆီးထဲမှာသွေးပါတာ
ကျောက်ကပ်ကျန်းမာနေရင်သွေးထဲက
အညစ်အကြေးတွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ
ခန္ဓါကိုယ်ထဲကသွေးကလာပ်စည်းတွေကို
ထိန်းသိမ်းကာကွယ်ပေးပါတယ်။

ဒါပေမယ့်ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်က
ယိုယွင်းနေတဲ့အခါသွေးကလာပ်စည်းတွေက
ဆီးထဲကို စတင်ယိုစိမ့်လာနိုင်ပါတယ်။

ဆီးထဲသွေးပါတာဟာ ကျောက်ကပ်ရောဂါရှိတယ်လို့
အချက်ပြတာဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊
ကျောက်ကပ်ကျောက်တည်တာ၊ရောဂါပိုးဝင်တာတစ်ခုခုရဲ့
လက္ခဏာဖြစ်နိုင်ပါတယ်။

(၆) ဆီးကအမြှုပ်တွေထတာ
ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့်
အမြှုပ်ကသိပ်များနေတယ်ဆိုရင်၊ အထူးသဖြင့် ဆီးသွားပြီး
ရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာ ပရိုတင်းတွေ
ရှိတာကိုဖော်ပြပါတယ်။ ဒါဟာ ဆီးထဲမှာalbumin လို့ခေါ်တဲ့
ပရိုတင်းတစ်မျိုးရှိနေတာကိုဖော်ပြတာဖြစ်ပါတယ်။

(၇) မျက်လုံးမို့အစ်နေတာ
ဆီးထဲမှာပရိုတင်းရှိနေတာဟာကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်
မကောင်းတဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။
ပရိုတင်းတွေကို ခန္ဓါကိုယ်ထဲမှာထိန်းပေးရမယ့်အစား
ကျောက်ကပ်က ဆီးထဲကို ပရိုတင်းတွေအများကြီး
စွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။

(၈)ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ
ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ
ဆိုဒီယမ်တွေစုနေစေပြီးခြေကျင်းဝတ်နဲ့ခြေထောက်ကို
ရောင်ရမ်းစေပါတယ်။

ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာက
နှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်
သွေးပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

(၉) အစာစားချင်စိတ်နည်းတာ
ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့
ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ကျောက်ကပ်ကြောင့်
ဖြစ်လာနိုင်ပါတယ်။

ကျောက်ကပ်က စစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိပ်အတောက်
ဓါတ်တွေစုပုံလာတာက အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

(၁၀) ကြွက်တက်တာ
ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ
Electrolyteတွေမညီမျှတော့ပါဘူး။
ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီးဖော့စဖရပ်စ်ဓါတ်
ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။crd_to_owner_with_respect

ဦးေဏှာက် နှင့်အာရုဏ်ကြော်ပြဿနာများ၊ ရောဂါများ ။

အသိမှတ်ဥာဏ်လျော့ပါးလာတဲ့ Dementia ရောဂါ ဖြစ်ရင် ဘယ်လို ကုနိုင်မလဲ။

ကိုယ့် မိသားစုဝင်ထဲက အဘိုးအဘွား၊ အဖေအမေ တစ်ဦးဦး ခါတိုင်းနဲ့မတူ ခဏခဏ မေ့တတ်လာရင်၊ တွေ့နေကျလူတွေရဲ့ နာမည်တွေကိုတောင် မမှတ်မိတော့ဘူးဆိုရင် စိုးရိမ်စရာပါလား။
ဒါတွေက သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်တဲ့ အသိမှတ်ဥာဏ် လျော့ပါးလာတဲ့ Dementia ‌ရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေလား။ ဒီရောဂါ ဖြစ်လာခဲ့ရင် ရောဂါ ပိုဆိုးမလာအောင် ဘယ်လိုနည်းတွေနဲ့ ထိန်းထားလို့ ရမလဲ။
သူငယ်ပြန်နေပြီလို့ တချို့က ထင်တတ်ကြတဲ့ Dementia ရောဂါသည် မိသားစုဝင်တွေကို အကောင်းဆုံး ဘယ်လို ပြုစုစောင့်ရှောက်ကြမလဲ။ ယူကေနိုင်ငံက သက်ကြီး စိတ်ရောဂါ အထူးကု သမားတော်ကြီး ‌ဒေါက်တာနွဲ့ဝင်းသိန်းက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဥ်မှာ ရှင်းပြထားပါတယ်။