နည်းပညာ မှာ တရုတ်က အားလုံး ရဲ့ ရှေ့မှာ ပြေးနေပြီလား – BBC News မြန်မာ
အေအိုင်၊ အက်ပ်၊ ကား – နည်းပညာပိုင်းမှာ တရုတ်က အားလုံးကို ကျော်တက် နေပြီလား
DeepSeek ၊ တစ်တော့ပ်၊ ရှီအင်း၊ တီမူး၊ BYD၊ ဟွာဝေး၊ DJI စတဲ့ နာမည်တွေနဲ့ နည်းပညာ နယ်ပယ် အားလုံးမှာ တရုတ်က အောင်မြင်နေပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်က ချမှတ်ခဲ့တဲ့ ရည်မှန်းချက် မြင့်မြင့်မားမားကြောင့် တရုတ်က အခုလိုနေရာကို ရလာ တာပါ။ Made in China ၂၀၂၅ စီမံကိန်းက တရုတ်ကို စျေးပေါကုန် ထုတ်လုပ်တဲ့ ကမ္ဘာ့စက်ရုံကနေ ကမ္ဘာ့ ထိပ်တန်းတီထွင်သူအဖြစ် မြင့်တက်လာစေပါတယ်။ သူတို့ ဘယ်လို လုပ်ခဲ့တာပါလဲ။ ဒါက ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေ အတွက်ကော ဘယ်လို အဓိပ္ပာယ် ဆောင်ပါသလဲ။ ကိုရင်မောင်က ပြောပြမှာပါ။
