တွေးမိတွေးရာ
ရေးမီရေးရာ
ဖတ်စရာ မှတ် စရာ။ ( )
ဆည် မြောင်းနှင့်
တိုင်းရင်းသား ရေးရာ
စာပဒေသာ
မောင်ကြုံတိုင်း၏ ဘဝအထွေ ထွေ ထဲမှ
ဆည် မြောင်းသား ကျွန်တော်နှင့် တိုင်ရင်းသားတွေ
( ကျွန်တော့် အမည်၊မူလ ငယ် နာမည် မှာ မောင်ကြုံတိုင်း ပါ )
ချစ်ခင်လေးစား ဂုဏ်ယူစရာကောင်းသော
တစ်မြေထဲနေ တစ်ရေထဲသောက်
အတူနေ မြန်မာ တိုင်းရင်းသား တွေ ပါ ။
မွန် မြန်မာ ကရင်တွေ ညီညွတ်စွာ ပူးတွဲနေထိုင်ကြတဲ့ ဒေသမှာ
၁၉ ၈၈ ပတ်ဝန်းကျင်မှာ
မွန်ပြည်နယ် သထုံ ခရိုင် ဆည်မြောင်း တဝန်ခံ အဖြစ်
AE Assistant Engineer လက်ထောက် အင် ဂျင် နီယာ ( ရှေးကအညာဒေသမှ ဆည် မြောင်း ရာထူး အခေါ် ဝန်ထောက် မင်း)
ယခုအရပ်အခေါ် ဦးစီး အရာရှိ SO Staff Officer ရာထူးဖြင့်
၅ နှစ်ကြာ ကျွန် တော် တာဝန်ခံ လုပ်ခဲ့ရတော့
ဒေသခံ မြန်မာတိုင်းရင်းသားတွေအများနဲ့ပူးတွဲပြီး
ဆည်မြောင်း အလုပ်တွေများစွာ ကောင်းစွာလုပ်ခဲ့ရလို့
ဒေသခံတိုင်းရင်းသားတွေနဲ့ပထမဦးဆုံးရင်းနှီး ကျွမ်းဝင်ခဲ့ရ ကာ
သူ့တို့တွေရဲ့ ရိုးသားကြိုးစားမှုတွေနဲ့အတူ
သူတိုံ့၏တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုတွေနဲ့ ပါ
ရင်းနှီး ကျွမ်းဝင် ခဲ့ရပါတယ်။
မိမိတို့ နိုင်ငံထဲ မှာမိမိတို့နဲ့ အတူ တစ်မြေထဲနေ တစ်ရေထဲ သောက် အတူ လက်တွဲနေထိုင် နေကြတဲ့
မြန်မာ တိုင်းရင်းသားတွေကို
အမိ မြန်မာ နိုင်ငံသားတစ်ဦးအနေနဲ
အထူး လေးစားးဂုဏ်ယူ ခဲ့ရပါတယ် ။
ကံကောင်းချင်တာလား ကံဆိုးချင်တာလား
ပြောရခက်သား ။
ဆည် မြောင်း အင်ဂျင်နီယာလုပ်သက် ၃၅ နှစ်တာကာလအတွင်း ဆရာသမားတွေ ပို့ရာနေရာတိုင်းဒေသတိုင်းကို
အမြံတမ်း မငြီးမငြူ မငြင်းခဲ့ ဘဲ
ကျွန်တော် သွားရောက် တာဝန်ထမ်းခဲ့ပါတယ် ။
ဆည် မြောင်း အင်ဂျင်နီယာ ငယ်ဘဝ A E Assistant Engineer လက် ထောက် အင်ဂျင်နီယာ AE (ယခု အရပ် အခေါ် ဦးစီးအရာရှိ Staff Officer ) ဖြင့် နှစ်ပေါင်း ၂၀ နီးပါးခန့်လုပ်ခဲ့ ပြီးနောက် ၁၉၉၂ ခန့်မှာ EE Exexutive Engineer အလုပ်အမှုဆောင် အင်ဂျင်နီယာ ( ရှေးအခေါ် အရေးပိုင် ရာ ထူး) အ ရပ် ခေါ် AD Assistant Director ခရိုင် အဆင့် တာဝန်ခံ လက် ထောက် ညွှန်န်ကြား ရေးမှုး ရာထူးတိုးဖြင့် ရှမ်းပြည်နယ် အ ရှေ့ ပိုင်း သံလွင်မြစ် အရှေ့ခြမ်း ဒေသ ဖြစ်တဲ့ ၊ ကျိုင်းတုံ ခရိုင် တာဝနိခံအဖြစ် ပြောင်းရွှေ့ တာဝန်ချထားခဲခဲ့ရတယ် ။
စပြောင်းတော့ ရာထူးတို့နဲ့ ပြောင်းပေးခဲ့တဲ့ဆရာ သမား ကြီးတွေကို ရက်စက်လိုက်တာ ဟု ပထမမှာ မှတ်ထင် ခဲ့ပေမဲ့ ကျိုင်းတုံရောက်သွားပြီး တဲ့အခါ မှာ ဆည် မြောင်းအလုပ်တွေ က လုပ်စရာတွေကလဲ အလွန် များနဲ့ လုပ်လို့ကောင်းနေလိုက်တာ ဆရာသမားတွေက ရန်ကုန်ကိုပြန်ခေါ်ခဲ့တာ ချက်ခြင်းပြန်မဆင်းသေးဘဲ တစ်နီစ်ပြည့်အောင် နေခဲ့ပြီး မှ မပြီးသေးတဲ့အလုပ်တွေပြီးအောင် အလုပ် တွေဆက်လုပ်ခဲ့တယ် ။ကျိုင်း တုံခရီုင်အတွင်း မြို့နယ်တွေအလိုက် ရေလွှဲ ဆည် မြောင်းအလုပ် တွေ ကို ဒေသခံတိုင်းရင်းသားတွေအတွက် လုပ်ပေးဖြစ်ခဲ့ပါတယ်.
ဒီဒေသမှာ မှာ ဒေသခံတိုင်းရင်းသားတွေ ဖြ စ် ကြတဲ့ ရှမ်းလူမျိုးတွေနဲ့ အခါ လူမျိုး၊ ဝ လူမျိုးတွေနဲ့ ဆုံတွေ့ ရင်းနှိးခဲ့ရတယ်။
နောက်တဖန် ရာထူးတိုးနဲ့ ဒုတိယ အကြိမ် အဖြစ် ၁၉၉၅ ခန့်မှာ ချင်းပြည်နယ် ဆည် မြောင်းတာဝန်ခံ ASE Assistant Suprentending Engineer တိုင်းနဲ့/ ပြည်နယ် အဆင့်တာဝန်ခဲ( ရှေးအခေါ် တိုင်းမင်းကြီး ) အရပ် / ယခု / အခေါ် ဒု-ညွှန်ကြားရေးမှူး ရာထူးတိုးနဲ့ ပေ ၆၀၀၀ ခန့်မြင့်တဲ့ တောင်ပေါ်ဒေသ ဖြစ်တဲ့ ချင်းတောင် ဟားခါးမြို့ကို
ပြောင်းခဲ့ရပြီး တာဝန်ကျခဲ့ ပြန်ပါတယ်. ။
ရှမ်းပြည်နယ် နယ် အရှေ့ ခြမ်း ရှမ်းကုန်းပြင်မြင့်ဒေသ ရှမ်းတိုင်းရင်းသားတွေနေထိုင်ရာ ဒေသကို နေခဲ့ဘူးသူမို့ ယခု အခါ ချင်းတောင်ပေါ်ကို ဆရာသမားတွေက ပြောင်းရွှေ့ နေရာချပေးလိုက်တဲ့အခါ ချက် ခြင်းမဆိုင်းမတွ သွားခဲ့ပြီး ၊ကျရာတောင်ပေါ် ဒေသ ဆည် မြောင်းအလုပ် တွေ ကို လဲ ဒေသခံ ချင်း တိုင်းရင်းသားတွေအတွက် ဆည် မြေ င်း အလုပ်တွေ မျိုးစုံ ကို တပျော်တပါးလုပ် ကိုင်ပေး ခဲ့ပါတယ်.။
ဒီတစ်ကြိမ်မှာတော့ ချင်း တောင်ပို့ပေးသူ ဆရာသမားတွေကို ကျေးဇူးတင် နေခဲ့ရတယ်. ။
ဒါပေမဲံ ချင်းတောင်ရောက်တာမှမကြာသေး ၊ ၆ လခန်အတွင်းမှာ အလုပ်တွေလုပ်ကောင်းနေဆဲံ၊ဒေသခံချင်းတိုင်းရင်းသားတွေနဲ့အတူလက်တွဲလုပ် ကောင်းနေတုန်းမှာ ဝန်ကြီးနဲ့ ဆည် မြောင်း ဆရာသမားကြီးတွေက နယ်သာလန် မှာ မြစ်ဝကျွန်းပေါ်ဒေသ ပင်လယ်ပိုင်းဒေသ မြေနိမိ့ပိုင်း အင်ဂျင်နီယာအလုပ် တွေ ပညာသင်သင်ကြား ပြီးပြန်လာခဲ့သူ ကိုချင်းတောင်ပေါ် ကို ပို့ရမလား ဆိုပြီးအောက်မြန်မာပြည် မြေပြန့်က မြေနိမ့်ပိုင်း ဆည် မြောင်းအလုပ် တွေ လုပ်ဘို့ ပြန်ခေါ်ဘို့စီစဉ်နေခဲ့ကြပါတယ်. ။
ချင်တောင်ရောက် ပြီးတစ်နှစ်အကြာမှာ အောက်မြန်မာပြည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဆည် မြောင်းအလုပ် တွေကိုအဓီက လုပ်ကိုင် တည် ဆောက်နေကြတဲ့ အောက်မြန်မာပြည် ဆည် မြောင်းရုံးတစ်ရုံးကို မုလ ရာထူး ASE ဒု-ညွှန်ကြားရေးမှူး ရာထူးနဲ့ဘဲ ပြန်လည် ပြောင်းရွှေ့ ခဲ့ရပြီး ရန်ကုန် ကိုပြန် ရောက်လာ
ခဲ့ရပါတယ်.။
အောက်မြန်မာပြည် ဆည် မြောင်း တည် ဆောာက်ရေးရုံးအမှတ် (၆ ) ရုံးမှာ ဝါရင့် ဆည် မြောင်းအင်ဂျင်နီယာ ကြီးဖြစ်သူ ဆရာသမားကြီး ဦးထွေးမြင့် ( ပင်စင်ယူပြီး နှစ်ပေါင်းများစွာ ဝန်ကြီးအကြံပေး လုပ်ခဲ့သူ . ယခု ကွယ်လွနိသူ) ) ၏ လက် အောက်မှာ အတူပူးတွဲ ပြီး ၆ နှစ်ခနိ့ အောက်မြန်မာပြည် မြေနိမ့် ပိုင်း Lowland Delta Works မြစ်ဝကျွန်းပေါ် ဆည် မြောင်းအလုပ် တာဝန် တွေကို တာဝန်ယူ ထမ်းဆောင်ခဲ့ရပြီး ၊ မိခင် နိုင်ငံအတွက် မြစ်ဝကျွန်းပေ့်ပေါ် ဆည် မြောင်း အလုပ် တွေ နဲ့အတူ အောက်မြန်မာပြည်က ရေတံခါး အလုပ် တွေ မျိုးစုံကို ဆရာသမားကြီးဦးထွေးမြင့်နဲ့အတူ ညှိနှိုင်းတိုင်ပင် စီစဉ် ဖန်တီးပြီး ဆည် မြောင်းတပည့်တွေ ၊ မျိုးဆက်သစ် လူငယ် အင်ဂျင်နီယာ ငယ်တွေနဲ့အတူ မြစ်ဝကျွန်းပေါ် က မြေနိမိ့ပိုင်းရေနက်ကွကွင်း ေ၇မြုပ်ကွင်း ဒေသတွေ မှာ ရှိကြတဲ့ စပါးစိုက် လယ်ယာမြေတွေအတွက် ရေမကြီးအောင် ၊ရေငန်မဝင် အောင် ၊နှင့် ေ၇ချိုပါ သွင်းပေးနိုင်အောင် ရေထုတ် ရေနုတ် ရေထိနိး အလုပ် တွေကို ကောင်းစွာ လုပ်ကိုင်ပေး တည် ဆောက်ပေး နိုင်င်ခဲ့ ပါ တယ် ။
ဆည် မြေ ာင်းမှာ လုပ်သက် ၃၅ နှစ်တာခန့်ကာလ အတွင်း မှာ တောင် ပေါ်မြပြန့် ဒေသတွေကို တာဝန်ကျ ရောက်ခဲံရာမှ မြန်မာတိုင်းရင်းသားတွေဖြစ်ကြတဲ့မွန် ၊ကရင် ၊ရှမိး ၊ချင်း လူမျိုးတွေနဲ့ ရင်းနှီးပေါင်းသင်းဆုံ တွေ့ခဲ့ရလို့ ဒေသမရွေး အလုပ်တာဝန်မျိုးစုံလုပ်နိုင်အောင် စေလွှတ် တာဝန်ချထားပေးခဲ့ကြတဲ့ ဆည် မြောင်း ကဆရာသမားကြီးတွေကို ပြန်လည် သတိရ ကျေးဇူးတင် နေရပါတယ်.
ဆည် မြောင်း လုပ် ဖေါ် ကိုင်ဘက် မိတ်ဆွေများ ၊တပည့်များ ဆရာသမားကြီးများကို သတိရ လျက် …………
အေးမြင့် ( ညောင်တုန်း )
15 February 2025
ရည်ညွှန်း
Linkadipa လင်္ကာဒီပ ဩဂက်စတြာ အဖွဲ့၏
နှစ်သက် စဖွယ် သီချင်းကောင်းတစ်ပုဒ်
“ မွန်ပြည်နယ်မှ နှလုံးသားများ “
