HEALTH MATTERS ဆီးချိုရောဂါ အကြောင်းသိကောင်းစရာများ နှင့် ဆီးချို အားပေး ဒူးရင်းသီး နှင့် ကျွန်တော်

ဆေး၌ု့မှန်သောက်ရက်နဲ့ ဆီးချို မထိန်းနိုင်တာ က ဒီ အချက် ( ၅ ) ချက် ကြောင့်ပါ။

လူတိုင်းအတွက်

ကျန်းမာရေးရာ ပြဿနာ အဖြေရှာ –

ဖတ်စရာ မှတ်စရာ။. (၂၀၆ ) က

ကြည့်စရာ သိစရာ

ကျန်းမာရေးရာ

စာပဒေသာ

ဆီးချိုရောဂါ အကြောင်းသိကောင်းစရာများ နှင့်

ဆီးချို အားပေး ဒူးရင်းသီး နှင့် ကျွန်တော်

ကျွန်တော်နှင့်ရန်ကုန်က ဒူးရင်းသီးဝီဇ္ဇာ

ကျွန်တော်သည် ဆီး ချိုရောဂါ ရှိနေတာကို ၂၀၀၉ မှာ ဆည်မြောင်းပင်စင်ယူပြီး အလုပ်တွေအား၊ အနားရတော့မှ သာ ဆေး စစ်ကြည့်တော့မှ ဆီးချိုသွားတွေ့ခဲ့ပါတယ်။

ဘယ်အချိန်ကတည်းက ဖြစ်နေခဲ့လဲတော့မသိ။ ဆည်မြောင်း ဌာနမှာ ၃၅ နှစ်တာ လုပ်သက်တစ်လျောက်လုံး ရောက်လေရာ နိုင်ငံအနှံ့ နေရာတိုင်းမှာ ဆည်မြောင်း အလုပ်တွေက လဲ များတာမို့ လူကလဲ ငယ်ရွယ်စဉ် အခါ သာမန်အားဖြင့် ကျန်းမာ သန်မာ လှုပ်ရှားသွာလာနေနိုင်တာမို့လဲ ကျန်းမာရေး ဆေးစစ်ရမှာကို အာရုံ မရောက်ခဲဘူး။ အလုပ်ထဲမှာသာ ဇော ကပ်နေခဲ့တယ်။

ဆီးချို ရှိမရှိ ဆေးစစ်ကြည့်

မဖြစ်မနေ မစစ်မနေရလို့ ဆေးစစ်ခဲ့ရ တာ တစ်ကြိမ်တော့ရှိခဲ့ဘူးပါတယ်. ။

သေချာတာတာက ၁၉၈၂ မှာ နယ်သာလန်န်ုင်ငံသို့ နိုင်ငံခြား ပညာတော်သင် သွားဘို့ ထိုခေတ်က ဆေးတကယ်အစစ်ခံခဲ့ရတာမို့ ဆေး ရုံကြီးနဲ့အတူ လက်အောက်ကမျက်စေ့ ၊နား၊နှာခေါင်း၊ နှလုံး၊ အဆုပ် သွားနဲ့စိတ်ရောဂါစတဲ့ ကျန်မာရေးဌာနတွေအများမှာ ၁ ပတ်ခန့်ကြာသည်အထိ အမှန် အကန် တကယ်စစ်ခဲ့ရပါတယ်။ အဲဒီအချိန်ကာလက သွေးစစ်ခဲ့ရာတွင် ဆီးချိုမတွေ့ခဲ့ဘူးမှတ်ပါတယ်. ။ ယခု ၂၀၂၅ နှင့်ပြန်ကြည့်သော် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ခန့် မျာ ကျွန် တော့် တွင် ဆီးချို သွေး ချို ရောဂါ မရှိ သေးဟု ပြောနိုင်မ လား တော့မသိ ။

ဆီးချို ရောဂါနှင့် သရက်သီး။

ဆီးချိုသာမရှိတာ ကျွန်တော်က ၁၀ တန်းမအောင်ခင်ထိ မွေးရပ်မြေညောင်တုန်းမှာ ၁၇ နှစ်သားလူ ငယ်ပိုင်းကျန်းမာရေးကောင်းနေချိန်ထိ အိမ် ခြံဝင်းထဲမှာ စိုက်ထားတဲ့ သရက်ပ င်တွေ က သရက်သီးပေါ်ချိန်ဆိုလျင် အချိုအရသာကောင်းတဲ့ သရက်သီးတွေ က စားလို့ အလွန်ကောင်းခဲ့တာ။အိမ်မှာ အဖိုးဖြစ်သူ စိုက်ထားတဲ့ ဘင်္ဂလားသီး လို့ ခေါ် ခဲ့ တဲ့ သရက်သီးရဲ ဖင်ဖျားက ချွန်ထွက် ပြီး ကောက်ကောက်ကွေးလေး ရှိ နေပြီး သရက်သီး အခွံကလဲ ပါးပါးလေးနဲ့ စားလို့အလွန် ကောင်းပါတယ် ။ နောက်ပိုင်း ယခု ခေတ်မှာ ထိုသရက်သီးမျိုး မတွေ့ရတော့ပါ။ အိမ်မှာ ခြံထဲရှိ မြေပို နဲ့ လမ်းဘေးက အိမ် ေရှ့ ခြံစည်းရီုးမှာ အဖိုးဖြစ်သူ ဦးညို စိုက် ခဲ့တဲ့ သရက် ပင် တွေက သရက်သီးပေါ်ချိန် သီး လာတဲ့သရက်သီးတွေကများလို့ ရောင်တာလဲရောင်း၊ အိမ်နီး ပါးချင်း တွေ ဝေပေးတာလဲပေး ၊ ဘုန်းတော်ကြီး ကျောင်းတွေလှူတာတောင်မကုန်နိုင်မခန်းနိုင် လို့ ပိုတဲ့ သရက်သီး မှည့်တွေကို သရက်ပြင်အခြောက်လုပ်လှန်းပြီးနွေရာသီ တစ်လျောက်လုံးအိမ်သားတွေဖြစ်တဲ့ အဖိုးနဲ့ အဒေါ်တွေ နဲ့အတူ အဒေါ်တွေက အိမ်မှာ ခေါ်ထား ကျွေးမွေးထား တဲ့ သူတို့ရဲ့ရုန် ကုန်နေ အစ်မကြီးနဲ့ငယ်ငယ်နဲ့ ဆုံးပါးခဲ့တဲ့မောင်အငယ်ဆုံးရဲ့ သားသမီး ၃ ယောက် ဖြစ်တဲ့ ကျွန်တော်တို့ တူတူမ မောင်နှမတွေ အားလုံး သရက်ပြင် တွေ တစ်နွေလုံး စားနေနိုင်ခဲ့ကြတယ်။

သရက်သီးပေါ်ချိန်တိုင်းမှာ အိမ်က ထွက်တဲ့သရက်သီးတွေ ဒီလောက်စားခဲ့တာ ၁၀ တန်းကျောင်းသားဘဝ ၁၉၆၆ မှသည် ၁၅ နှစ်ကျော်အကြာ ဆည်မြောင်းအင်ဂျင်နီယာဘဝ ၁၉၈၂ မှာ ဆေး စစ်ခဲ့တာ ဆီးချိုမတွေ့ခဲ့ တာအံ့စရာ ။ ယနေ့မှာ သိထားတာက ဆီး ချိုရဲ့ ရန်သူနံပတ် ၁ က ဒူးရင်းသီး ဖြစ် ပြီး ၊ ဒုတိယ လိုက်တဲ့နံပတ် ၂ ရန်သူက သရက်သီးဖြစ်နေတယ်၊

ရန်ကုန်က ဒူးရင်း သီး ဝိဇ္ဇာကြီး

၁၉၆၆ မှာ ရန်ကုန်ရောက်လာ ၊ စက်မှု တက္ကသိုလ်မှာ ၆ နှ စ် ကြာတက်လာချိန်မှာ မွန်ပြည်နယ်ကျိုက်ကော်သိမ်ဆိပ်ကလာတဲ့ဒူးရင်းသီးနဲ့ ရန်ကုန်မှာ စတွေ့ပြီ။

တစ်ခါ တစ် လေ ဝယ်စားခဲ့တာ စားလို့အလွန်ကောင်းမှကောင်း။

ထို ခေတ် ထို အချိန်က အနော်ရထာလမ်း ပေါ်က ၂၉ လမ်းထိပ် ဒေါ င့်မှာ ဒူရင်းသီးဝိဇ္ဇာဟုနာမည်ကြီးနေတဲ့ ဒူးရင်းသီးဆိုင်မှာ အချိုကြိုက်သူတွေ လူတွေ တန်းစီစောင့်ဝယ်ကြရတယ်။ ဒူးရင်းသီးဝိဇ္ဇာ ကြီးက စားလို့ရတဲ့ဒူးရင်းသီး ကိုသူကိုယ်တိုင် ရွေး ပေး ပြီး ဒူးရင်းသီးတစ်လုံးချင်းအလိုက် ရောင်း စျေး သတ် မှတ် ပြီးအာမခံနဲ့ ရောင်းတယ်။ လိုအပ်ရင် ချက်ချင်း စားချင်ရင် တစ်လုံးချင်းခွဲရောင်းပေးတယ်။စားလို့ရတဲ့ဒူးရင်းသီူ၊ မှဲ့ နေတဲ့ ဒူး ၇င်း သီး ကို ဒူးရင်းသီးဝိဇ္ဇာကြီးကသိတယ်။ ကျွမ်းကျင်ရာလိမ္မာပေါ့ ။

နောင်မှာ ဒူးရင်းသီးဝိဇ္ဇာကြီးက ဒူးရင်းသီးေရာ င်းပြီး ကြီး ပွါးချမ်း သာ သူဌေးဖြစ်သွားတယ် ကြားသိခဲ့ရတယ်။အခြားစီးပွါရေးလုပ်ငန်းလဲသူ့မှာ ရှိန်ုင်တာပေါ့ ။ ၂၀၀၂ ခန့် ကစလို့ ပဲခူးတိုင်းအတွက် ဆည် မြောင်းတာဝန်ကျေနေ စဉ် ကာလတစ်ခုမှာ သနပ်ပင် ခရမ်း သုံး ခွ တာလမ်းဘေး က အုန်းနှဲ နဲ့ သက္ကလ ရွာ ကြားက ဘုန်းကြီး ကျောင်းကြီး ကို ရန်ကုန် က ဒူးရင်းသီး ဝိဇ္ဇာကြီးက ဆောက်လုပ်လှူဒါန်းခဲ့တာကို RIT ဆရာ သမားကြီး Building construction အဆောက်အဥဖိဆောက်လုပ်ရေးဘာသာ သင်ပေးခဲ့ တဲ့ ဆရာ ဦးတင်မောင်က အဆိုပါ ဘုန်းကြီးကျောင်း တိုးချဲ့ပြင်ဆင်ဆောက်လုပ် ရေးလုပ်ငန်းကိစ္စ အတွက် အုန်းနှဲ ဘက်ကို ဆရာနဲ့ အတူလိုက်ပါ သွားခဲ့စဉ်က ဆရာပြောပြ လို့ သိခဲ့ ရပါတယ်။

ဒူးရင်းသီး စတင်စားခါစက ဒူးရင်းသီး အကြောင်း အစိမ်း အ မှဲ့မ ရွေး တတ်ခဲ့ ပါဘူး။ ရန်ကုန် မှာတွေ့ခဲ့တဲ့ဒူးရင်းသီး ဝိဇ္ဇာ ရွေးပေးပြီးရောင်းတဲ့ စားလို့ရတဲ့ ဒူးရင်းသီးအမှဲ့ တွေ ကို သာစားခဲ့ဘူးတယ်။

ရန်ကုန် မ န္တလေးရထားနဲ့ခရီးသွားရင် ဒူးရင်းသီး ပေါ်ချိန်တွေမှာ ဒးရင်းသီးထွက်တဲ့မြို့တွေ မှာ ရထားခနဆိုက်နားရင် ဘူတာတွေမှာ ခေါင်းရွက်ဗျတ်ထိုး စျေးသည် တွေက ရထားဆိုက်တာနဲ့ ဒူးရင်း သီးတွေဗန်းနဲ့ရွက်ပြီး အော် ရောင်းကြတယ်။

ဒူးရင်းသီးကြိုက် သူ ကျွန် တော်က အချို ကြိုက်တတ်လို့ ဘူတာကဝယ်သွားတဲ့ဒူးရင်းသီး ကို အိမ်ရောတာနဲ့ ခွဲစား ဖွင့်စားတာ စားမရတဲ့ ဒူးရင်း အသီး သက်သက်တွေနဲ့ကြုံခဲ့ရ တာလဲအကြိမ်ကြိမ်ပါဘဲ ။ ဒူးရင်းသီးအမှည့် ရွေးရတာ ပညာသားပါပုံရတယ်၊ စားလို့ ရတဲ့ မှဲ့တဲ့ဒူးရင်းသီးကို . မရွေးတတ် ခင်အချိန်တွေကပါ။

စားမရတဲ့ ဒူးရင်းသီးအသိမ်းတွေဝယ်မိတာ ခံ ရပေါ င်းများလာခဲ့ ရာက နိုင်ငံ ရဲ့ အရေးအခင်းကာလ ၁၉၈၇ မှ ၁၉၉၁ ထိ မွန်ပြည်နယ်သထုံမှာ သထုံ ခရီုင် ဆည် မြောင်း တာဝန်ခံအင်ဂျင်နီယာအဖြစ် ၅ နှစ် ခနိ့ တာ ဝန်ကျခဲ့တော့ ဒူးရင်းသီး ကြိုက်သူ ကျွန်တော် ဒူးရင်းသီး တောထဲရောက်သွားခဲ့ပါတယ်။ကျိုက် ကော်သိမ်ဆိပ်အနီး အလံတရာ တောင် ပေါ်က အလံတရာဆရာတော် ကျောင်းကိုသွားရောက် ဖူးမျော် ချိန်တွေမှာ အလံတရာတောင်ပေါ်က ဒူး ရင်းပင် တွေနဲ့ သီးနေတဲ့ ဒူးရင်း ခြံ တွေ ကို တောတွေထဲ မှာ ဖြတ်သွားရင်း တွေ့ခဲ့ ရတယ်. ။

သထုံ နယ်က ကျိုက်ကော် သိမ်ဆိပ် ဒူးရင်းသီး တွေနဲ့ ရင်းနှိးကျွမိးဝင်ခဲ့ရတယ်.။ ဒူးရင်း ခြံတွေလံ ဝင် ထွ က် သွားလာ ရောက်ခဲ့ တယ်.၊ မှည့် တဲ့ဒူးရင်းသီး ကို ကိုယ် တို င် ရွး တတ်နေပြီ ၊ ဒူး ရင်းသီး ဝိဇ္ဇာတစ်ပိုင်း ဖြစ်ခဲ့ပြီး စားလို့ရတဲ့ဒူးရင်းသီး ကိုေရွး ခြယ်ဝယ်တတ်နေပါ ပြီ။ အရင်လို မခံ ရတော့ပါဘူး။

ဒူးရင်းသီး ဝိဇ္ဇာရဲ့ ဒူးရင်းသီး အမှဲ့ ရွေး နည်း

ဒူးရင်းသီး မှည့်ပြီးလားမမှဲ့သေးဘူးလား သိရတဲ့ အဓိကအချက် တွေရှိတယ်.

၁ ။ ၊ဒူးရင်းသီးမှဲ့ရင်အသီးကိုနမ်းကြည့်ရင် ဒူးရင်းမှဲ့နဲ့ ရနေပြီ. ။

၂ ။ ဒါနဲ့မပြီးးသေးဘူး ။ ဒူရင်းသီးထဲက ဒူးရင်းသီးတွေက မမှဲ့ သေးရင် ဒူးရင်းသီး အထဲမှာ အစေ့အသားတွေက မာနေသေးလို့ ပြည့်သိပ် ကြပ် နေတယ်.။ ဒူးရင်းသီးကို လက် နှစ်ဖက်နဲ့ကိုင် ပြီး,နားအနားကပ် လှုပ်ယမ်း ခါကြည့်ရင် အသီးတွေ ပြည့်ကြပ် အခန်းနံရံ ကပ် နေလို့ အထဲမှာ ချောင် မနေလို့ ဘာသံမှ မကြာရဘူး ။

၃ ။ မှဲ့ လာမှသာ အထဲက ဒူးရင်း သီးအသားတွေက စားလို့ရတဲ့ အစေ့ အဖြစ် ပျော့လာလို အိမ်ထဲမှာ အဆန်ချောင်နေပြီ ၊လှုပ်ရင် ခါပြီ ၊ ဒူးရင်းသီးကိုနားနားကး လှုပ်ခါကြည့်ရင် ဒူရင်းအမွှာတွေ အထဲက ဒူးရင်းသီးစိတ် အိမ်ထဲမှာ အဆံချောင်ပြီး လှုပ်ခါနေတဲ့အသံ ကြးနေရပြီ ။

၄ ။ ပိုသေချာအောင် က ဒူးရင်းသီးကို လက်နဲ့ ကိုင်ပြီး. အပေါ်ယံ ဆုးတွေပေါ်ကို လက်နဲ့ ခေါက်ကြည်ရင် မှဲ့တြ့ဒူးရင်းက တောင် ေတောင် ဒုတ်ဒတ် နဲ့အသံမာထွက် ပြီး။ စ,းလို့ရတဲ့ မှည့်နေတဲ့အဆံချောင်ဒူရင်းစေ့း ဖြစ်နေရင် ဒူးရင်းသီးကိုလက် နဲ့ ပုတ်ကြည့်ရင် ဒုတိဒုတ် သံမကြားရဘဲ ဘဝ် ဘဒတ် အသံကိုသာကြားရပါတ၊

သေချာပြီ ။ဒူး ရင်းသီးတွေမှဲ့နေကြပြီ ။

နှစ်ပေါင်း များစွာဒူးရင်းသီးစားလာတဲ့အတွေ့အကြုတွေက ရင့် ကျက်လာ လို့, ဒူးရင်းသီးဝိဇ္ဇာလို့ အခေါ်မခံရရုံ တမယ် ၊ဒူးရင်းသီးအမှည့်ကို ကျွန် တော် ေရွး ဝယ် တတ် နေ ပါပြီ ။ နောင်မှာ မခံ ရတော့ပါဘူး ၊ စားမရတဲ့ဒူးရင်းသီးအစိမ်းတွေမ ဝယ် ဖြစ်ခဲ့ ၊ မတွေ့ရတော့ပါဘူး ။

ကိုယ် တိုင်က ဒူး ရင်းသီး ကြိုက်သူ အချို ကြိုက်သူဖြစ်နေတော့ ဆည် မြောင်း အလုပ်ကိစ္စ တွေနဲ့မွန်ပြည်နယ်ကိုလာကြတဲ့ ရန်ကုန် ဆည် မြောင်း ရုံး ချုပ်က ဆည် မြောင်း ဆရာသမား ကြီး တွေက လမ်းခရီး လမ်းကြုံတဲ့ သထုံမှာ အမြဲလိုလို ခေတ္တခန ဝင် နား တတ် ကြ၊ နေ့လည်စာ စားချိန် ဝင်စားတတ် ကြတာ မို့ ဆရာသမားတွေ ရန်ကုန် အပြန်မှာ မွန်ပြည်နယ် ကျိုက်ကော်သိမ် ဆိပ်က ထွက်တဲ့ ဒူး ရင်းသီး တွေကို ခြင်းကြီးခြင်းငယ် တွေနဲ့ ထည့် ပြီး ခြင်း လိုက် လက်ဆောင်ပေးခဲ့ပါ တယ်။

ပဲခူးတိုင်းတာဝန်ခံအဖြစ် ၂၀၀၂ ခနိ့မှာ ဆည်မြောင်းတာဝန်ကျခဲ့ ပြန် တော့ေ ဒေ သထွက် အုတ်တွင်းနဲ့ ကျောက်ကြီးဒူးရင်းသီး တွေစားနေရပြီး၊ အားမရမကျေနပ်နိုင်သေးဘဲ အလုပ်ကိစ္စနဲ့ ဝေါ မြို့ ကို ရော က်ရင် ဒူးရင်းသီး ပေါ်ချိ န် တွေမှာ ဝေါနဲ့ အလှမ်း မဝေးလှတဲ့ စစ်တောင်းတံတားကို အရောက်သွား ပြီး စစ် တောင်းမြစ် တစ်ဖက်ကမ်းက မုပ္ပလင်ကို ဆက် သွားကာ မွန်ပြည်နယ်ထွက်ဒူးရင်းသီးကို တကူးတက သွား ရောက် ရှာဝယ် ပြီး အိမ်မဖျာခြင်းလိုက်တည်ပြီး ဒူးဖ၇င်းသီးတွေ စားတတ်ခဲ့ပါ သေးတယ်။

ဒူရင်းသီး ကြိုက် အချိုကြိုက်တဲ့ကျွန်တော် ၁၉၈၂ မှာ နယ်သာလန်ပညာတော်သင် အတွက် ဆေး တကယ်စစ် ခဲ့ရတာ ဆီးချို ရောဂါ မတွေ့ခဲ့တာ ယခု ပြန်တွေးကြည့်တော့ အံ့ဩ နေမိတယ်။

၂၀၀၉ ခုနှစ် မှာ အသက် ၆၀ ပြည့်ပင်စင်ယူမှ ဆီးချို ရှိနေတာ သိ ရတော့တယ်။

ဖေါ်ပြခဲါသလို ဒူးရင်းသီး တွေ များစွာစားခဲ့တဲ့ကျွန်တော် ယခု ဆီးချိုရှိနေတာ နည်းတောင်နည်းသေးတယ်ပြောရမလားဘဲ။

ဆိး ချိုအကြောင်းလေ့လာ ရာမှ အစာလဲဆေးလို့ အမြဲ ပြောနေ တတ် တဲ့ ကျွ န် တော့် အတွက် ဆီး ချို ရဲ့နံပတ် ၁ ရန် သူ ဟာ ဒူးရင်းသီး ဖြစ် ပြီး နံပတ် ၂ က သရက်သီး ဖြစ်နေတာ လေ့လာ တွေ့ ရှိလာခဲ့ ပါတယ်။

Myanmar Diabetic Association ၏ ဆီးချိုသွေးချိုရောဂါနှင့် အာဟာရ ကုထုံးအကြောင်း

လူထုပညာပေး စကားဝို င်း ။

ယခု ဆီးချို ဆရာဝန်ကြီး ပါ မောက္ခ ဒေါက်တာတင့်ဆွေလတ် ဦးစီး ပြု လုပ်တဲ့ ဆီး ချိုအကြောင်း သိ ကောင်းစရာ စကားတေိုင်းဆွေးနွေးပွဲမှာ အစာလဲ ဆေး အကြောင်း တွေကို ကျန်မာရေး အတွက် အဟာရပညာ ရှင် ဆရာတွေ ဆရာမတွေ က ဆီးချိုအကြောင်းကျန်းမာရေး အစာအဟာ ရတွေ အကြောင်း ရှင်း ပြရာမှာ တန်ဆေး လွန်ဘေးကျန်းမာရေး အတွက် အစားအစာတွေကို ချင့်ချိန်စားကြ ဘို့ ပြောပြ တာ လဲတွေ့ရပါတယ်။

ကျန်း မာရေး အတွက် အသက် ရှည်စွာ နေနိုင်ကြ ရေး အတွက် ကျန်ူမာရေးကို ထိခိုက်စေတဲ့အစာတွေကို ရှောင်လေဝေးဝေး နေနိုင်ရင်တော့အကောင်းဆုံးပါဘဲ။ စိတ်အလိုမလိုက်နိုင် တစ်ကိုယ်ရေကျန်းမာရေး ကောင်းမယ်။ ဘနေ့ခေတ် ရောဓါ ဘယဖြစ်လိုါကတော့ဆေးဘိုးဝါးခတွေက မတွေးဝံ့စရာပါ။

ဆီးချိုဝေဒနာရှင် များ အတွကိ ဆီး ချို အကြောင်း သိ ကောင်းစရာ ရုပ်.သံ ဗီဒိယိုများ စုထားတာတွေကို အောက်ပါ ayemyint.blog မိမိ၏ ကိုယ်ပိုင် အင်တာ နက် စာမျက်နှာ ဘလော့ကို နှိပ်ဖွင့် ၍ ကျန်းမာရေးပညာရီင်ကြီးတွေ ဆွေးနွေးပြောပြကြတဲ့ ဆီးချိုအ ကြောင်းတွေ နဲ့ ကျန်းမာရေးရာအဖြာဖြာ တွေ ကို အချိန်ပေး ကြည့်ရှု လေ့လာ နိုင်ကြပါတယ် ။

ယခု ပူးတွဲဖေါ်ပြပါ Youtube video များထဲတွင် ဖေါ် ပြ ပြောဆိုထားကြသည်များကို ကျန်းမာရေးပညာရှင် များ၊ရောဂါ ဗေဒ ကျွမ်း ကျင်သူဆရာဝန် ကြီးများ,အဟာရပညာရှင်များ နှ င့် ထပ်မံ မေးမြန်းဆွေးနွေး နိုင်လျင် ကျန်းမာရေး ရာပြဿနာများ၏ ပို မို ကောင်းမွန်သော အဖြေမှန်များ ကို ကောင်းစွာ ရရှိစေနိုင် မလား ဟု ထင်မှတ် ယုဆမိပါသည်။

မြန်မာ ပြည်သူ အများ ကျန်းမာစွာ ဖြင့် နေ့စဉ် ဘဝများကို စိတ်အေးချမ်းသာစွာ ၊ ကောင်းစွာ ဖြတ်သန်း နိုင်ကြပါ စေကြောင်း ဆန္ဒပြုလျက် …………

အေးမြင့် ( ညောင်တုန်း )

6 February 2025

ရည်ညွှန်း

( ၁ ) ဆီးချိုရောဂါနှင် ဆက်စပ် ပတ်သက်၍ Chat GPT နှင့်အမေးအဖြေများ ။

( ၂ ) Myanmar Diabetic Association ၏ ဆီးချိုသွေးချိုရောဂါနှင့် အာဟာရ ကုထုံးအကြောင်း

လူထုပညာပေး စကားဝို င်း ။ အောက်ပါ ( ပူးတွဲ)ကိုနှိပ်၍ကည့်ရန် ။

သို့မဟုတ်

အခြား ကျန်းမာရေးရာ YouTuber video များ ပါ ဝင်သော ayemyint.blog အင်တာနက်

စာမျက်နှာ ဘလော့ ကိုနှိပ်ဖွင့်၍ ကြည့်ရန် ။

………………………

ဆီးချိုရောဂွ ရှိသူက ဘယ်လို သစ်သီးတွေကို စိတ်ကြိုက် စားလို့ ရလဲ။ ဘယ်လိုသစ်သီးတွေကို ဆင်ခြင် သင့် သလဲ . ။ ရှိသူက ဘယ်လို သစ်သီးတွေကို စိတ်ကြိုက်စားလို့ရသလဲ၊ ဘယ်လို သစ်သီးတွေကို ဆင်ခြင်သင့်သလဲဆိုတဲ့ မေးခွန်းတွေကို အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောကြားပေးထားပါတယ်။

ရည် ညွှန်း ( ၁ )

ဆီးချိုရောဂါ နှင် ဆက်စပ် ပတ်သက်၍ Chat GPT နှင့်အမေးအဖြေ များ ။ ( မူရင်းအတိုင်း )

ပြဿနာက အခြားရော ဂါ များနဲ့ နှိုင်းယှက် လိုက်လျှင် ဆီး ချောရောဂါက ဘယ် လောက်အန္တရာယ်များပြီး ကြောက်စရာကောင်းသလဲ၊ အသေအပျောက် ဘယ်လောက်များသလဲ သိ လိုတာ နဲ့ ယ နေ့ အင်တာနက် ဉာဏ်ရည်တု ကမ္ဘာသစ်ကြီးထဲက Chat GPT ကို မြန်မာလို ရေး ပြီး မြန်မာလိုမေးခဲ့တာ ဉာဏ်ရည်တုဥနှောက်နဲ့ChatGPT အင်တာနက်ပညာရှင်ကြီးက အင်တာနက်ကမ္ဘာထဲက အချက်အလက်တွေကို ချက်ခြင်းတမဟုတ်ချင်းမွှေနှောက်ရှာဖွေ ပြီး အောက်ပါအတိုင်း ချက်ချင်း ပြန် ဖြေပေး ခဲ့ ပါတယ်။

အေးမြင့် မေး ( ၁ )

၁။ ကမ္ဘာပေါ်မှာ လူတွေအသေအပျောက်အများဆုံး ဖြစ်စေတဲ့ ရောဂါတွေက ဘာတွေလဲ

၂။ အသေအပျောက် ရာခိုင်နှုန်း လူ ၁၀၀ မှာ ဘယ်လောက်သေနုန်း တွေရှီတာကို ကြီးစဉ်ငယ်လိုက်တန်းစီဇယး နဲ့ပြပေးပါ

၃။ ဖြစ်နိုင်လျင် အချက်အလက်ရှိရင် ကမ္ဘာ့နိုင်ငံတွေအလိုက် သေပျောက်နှုန်း များတဲ့ရောဂါတွေကိုသိလိုပါတယ်။

Chat GPT ဖြေ ( ၁ )

၁။ ကမ္ဘာပေါ်မှာ လူတွေအသေအပျောက်အများဆုံး ဖြစ်စေတဲ့ ရောဂါတွေက ဘာတွေလဲ

### ၁။ ကမ္ဘာပေါ်မှာ လူတွေအသေအပျောက်အများဆုံး ဖြစ်စေတဲ့ ရောဂါများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ 2021 ခုနှစ် အချက်အလက်များအရ၊ လူတို့အသေအပျောက်အများဆုံးဖြစ်စေသောရောဂါများမှာ –

1. **Ischaemic heart disease (နှလုံးသွေးကြော ပိတ်ဆို့ရောဂါ)**

2. **COVID-19**

3. **Stroke (ဦးနှောက်သွေးကြောပျက်စီးခြင်း)**

4. **Chronic obstructive pulmonary disease (COPD) (အဆုတ်ရောဂါ)**

5. **Lower respiratory infections (အဆုတ်နှင့်သက်ရှိခြင်းဆိုင်ရာရောဂါများ)**

6. **Trachea, bronchus, lung cancers (ထိခိုက်မှုများနှင့် အဆုတ်ကင်ဆာများ)**

7. **Alzheimer’s disease and other dementias (မေ့လျော့ရောဂါများ)**

8. **Diabetes mellitus (ဆီးချိုရောဂါ)**

9. **Kidney diseases (သွေးနှင့်ကျောက်ကပ်ဆိုင်ရာရောဂါများ)**

10. **Tuberculosis (တီဘီရောဂါ)**

**အရင်းခံအချက်အလက်** – WHO Global Health Estimates【8】

၂။ အသေအပျောက် ရာခိုင်နှုန်း လူ ၁၀၀ မှာ ဘယ်လောက်သေနုန်း တွေရှီတာကို ကြီးစဉ်ငယ်လိုက်တန်းစီဇယး နဲ့ပြပေးပါ

### ၂။ အသေအပျောက်ရာခိုင်နှုန်း (Per 100 People)

သေဆုံးမှုနှုန်းကို တစ်ရာခိုင်နှုန်းအဖြစ် ကြီးစဉ်ငယ်လိုက် တန်းစီခြင်း –

| ရောဂါအမျိုးအစား | တစ်ရာခိုင်နှုန်းအတိုင်းအတာ |

|——————|————————|

| နှလုံးသွေးကြောပိတ်ဆို့ရောဂါ | 9% |

| COVID-19 | 7% |

| ဦးနှောက်သွေးကြောပျက်စီးခြင်း | 6% |

| အဆုတ်ရောဂါ | 5% |

| အဆုတ်နှင့်သက်ရှိခြင်းဆိုင်ရာရောဂါ | 4% |

| အဆုတ်ကင်ဆာ | 3% |

| မေ့လျော့ရောဂါ | 3% |

| ဆီးချို | 2% |

| ကျောက်ကပ်ရောဂါ | 2% |

| တီဘီရောဂါ | 1% |

(ယင်းအချက်အလက်များသည် အနည်းငယ် မတူကွဲပြားနိုင်သည်)

၃။ ဖြစ်နိုင်လျင် အချက်အလက်ရှိရင် ကမ္ဘာ့နိုင်ငံတွေအလိုက် သေပျောက်နှုန်း များတဲ့ရောဂါတွေကိုသိလိုပါတယ်။

### ၃။ နိုင်ငံအသီးသီးတွင် သေဆုံးမှုနှုန်းများ အများဆုံးဖြစ်စေသော ရောဂါများ

နိုင်ငံအလိုက် သေဆုံးမှုနှုန်းများ အများဆုံးဖြစ်စေသော ရောဂါများမှာ **ဒေသအလိုက် မတူညီမှုရှိသည်**။

– **အနောက်နိုင်ငံများ** – နှလုံးသွေးကြောပိတ်ဆို့ရောဂါနှင့် ကင်ဆာများ

– **အာဖရိကနှင့် အနောက်တောင်အာရှ** – ချောင်းဆိုးတုပ်ကွေးနှင့် တီဘီ

– **တောင်အာရှ** – ဆီးချိုနှင့် ဦးနှောက်သွေးကြောပျက်စီးခြင်း

– **အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက** – အဆုတ်ရောဂါနှင့် နှလုံးရောဂါ

(ဖြစ်နိုင်လျှင် တိကျသောနိုင်ငံအလိုက် အချက်အလက်များကို သီးခြားလိုချင်ပါက ပြောပြပါ)【8】

အေးမြင့် မေး ( ၂ )

ကမ္ဘာပေါ်မှာနဲ့ နိုင်ငံကြီးတွေအချို့အလိုက် ဖြစ်နေကြတဲ့ ကုသနေကြရတဲ့ အသေအပျောက်များတဲ့ အဓိကရောဂါကြီးတွေ နှဲ့ပတ်သက်၍

( က ) ကမ္ဘာပေါ်မှာနဲ့

(ခ ) နိုင်ငံ တွေအလိုက်

နိုင်ငံ လူဦးရေအရ ရောဂါတစ်မျိုးစီ ဖြစ် နေကြသူ လူ ဦးရေ ၊သို့မဟုတ် ၊ နိုငံလူဦးရေစုစုပေါင်း၏ ရာခိုင်နှုန်း မည်မျှ ရှိသည်ကို စာရင်း ရှိလျင် သိလိုပါတယ်.

Chat GPT ဖြေ ( ၂ )

### (က) ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး ဖြစ်စေသည့် ရောဂါများ

**WHO 2021** အရ ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး ဖြစ်စေသည့် ရောဂါများမှာ –

1. **Ischaemic heart disease (နှလုံးသွေးကြောပိတ်ရောဂါ)** – ၉.၀ သန်းခန့်

2. **COVID-19**

3. **Stroke (သွေးကြောပိတ်ခြင်း/ပေါက်ခြင်း)**

4. **Chronic obstructive pulmonary disease (COPD) – အဆုတ်ရောဂါများ**

5. **Lower respiratory infections (အဆုတ်ရောင်ရောဂါများ)**

6. **Lung cancer (အဆုတ်ကင်ဆာ)**

7. **Alzheimer’s disease (အာမခံရောဂါ)**

8. **Diabetes (ဆီးချို)**

9. **Kidney diseases (ကျောက်ကပ်ရောဂါများ)**

10. **Tuberculosis (တုပ်ကွေး)**【17†source】။

### (ခ) နိုင်ငံအလိုက် အသေအပျောက်နှုန်း

နိုင်ငံအလိုက် အသေအပျောက်နှုန်းမှာ လူတစ်ထောင်ချင်းနှုန်းထားဖြင့် တိုးတက်နေသောနိုင်ငံများ [oai_citation:1,Mortality and global health estimates](https://www.who.int/data/gho/data/themes/mortality-and-global-health-estimates)နိမ့်ဝင်ငွေနိုင်ငံများနှင့် အိုမင်းသူများများပြားသောနိုင်ငံများတွင် မြင့်မားသည်။

– ဥရောပနိုင်ငံများ (Bulgaria, Ukraine, Latvia) တွင် အသေအပျောက်နှုန်း ၁၅/၁,၀၀၀ ကျော်

– ရုရှား (13.1), ဂျာမနီ (11.7), ဂျပန် (11.5)

– အမေရိကန် (9.2)

– နိုင်ဂျီးရီးယား (11.0), တောင်အာဖရိက (9.4)【16†source】။

### (ဂ) နိုင်ငံအလိုက် ရောဂါတစ်မျိုးစီဖြင့် ဖြစ်နေသူများ

**WHO** မှ ထုတ်ပြန်ထားသော **Global Health Observatory** အရ နိုင်ငံအလိုက် ရောဂါဖြင့် သေဆုံးမှုနှုန်းမှာ တစ်နိုင်ငံစီအားဖြင့် မတူညီပါ။

– **နိုင်ငံအားလုံးတွင်** နှလုံးသွေးကြောပိတ်ရောဂါ (Ischaemic heart disease) သည် အသေအပျောက်အ [oai_citation:2,Death Rate by Country 2024](https://worldpopulationreview.com/country-rankings/death-rate-by-country)

– **သွေးကြောပိတ်ခြင်း (Stroke)** သည် အရှေ့တောင်အာရှ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ်တွင် အများဆုံးဖြစ်သည်။

– **အဆုတ်ရောဂါ (COPD, Lung cancer)** သည် စင်ကာပူ, တောင်ကိုရီးယား, ဥရောပနိုင်ငံများတွင် မြင့်မားသည်။

– **Alzheimer’s disease** သည် အိုမင်းသူများများသော နိုင်ငံများ (ဂျပန်, ဥရောပ) တွင် အသေအပျောက်များစေသည်။

– **Diabetes (ဆီးချို)** သည် အာရှနိုင်ငံများတွင် အများဆုံးဖြစ်သည်။

– **Tuberculosis (တုပ်ကွေး)** သည် အနောက်အာဖရိက၊ အိန္ဒိယနှင့် တောင်အာဖရိကတွင် အများဆုံးဖြစ်သည်။【17†source】။

သင်လိုချင်သော တိကျသောနိုင်ငံအလိုက် အသေးစိတ်အချက်အလက်များကို တောင်းဆိုနိုင်ပါသည်။

ရည် ညွှန်း ( ၂ ) ayemyint.blog ကိုဖွင့်၍ ရှာဖွေကြည့်၇ှုပါရန် ။

Myanmar Diabetic Association ၏ ဆီးချိုသွေးချိုရောဂါနှင့် အာဟာရ ကုထုံးအကြောင်း

လူထုပညာပေး စကားဝို င်း ။

YouTuber video များ ပါ ayemyint.blog အင်တာနက်စာမျက်နှာ ဘလော့ ( ပူးတွဲ )

ဆီးချိုသွေးချိုရော ဂါနှင့် အာဟာရ ကုထုံးအကြောင်း လူထုပညာပေး စကားဝိုင်း များ၏ Medical Nutrition Therapy အစာလဲဆေး အကြေ င်း နှင့် အဟာရပညာရှင်များ၏ အခန်းနှငိ့ အဟာရကုထုံး၏ အကျိုးကျေးဇူးမျာ ။ ( ရုပ်သံဗီဒီယို ၁၂ ခု )

ပါဝင်ဆွေးနွေးပြောကြားကြသူ ဆရာဝနိကြီးများ

၁ ။ ဒေါက်တာတင့်ဆွေလတ်

၂ ။ ပါမော က္ခ ဒေါက်တာ ဦး ကိုကို။ ဆေးတက္ကသိုလ် ၂ ၊ရန်ကုန် ၊( မြောက် ဥက္ကလာ) ဆီးချိုသွေးချိုရောဂါ နှင့်ဟို မုန်းရောဂါများဆိုင်ရာ ဌာန )

၃ ။ ဒေါက်တာ ဝါဝါမင်း။ ဟိုမုန်းရောဂါ အထူးကုဆရာဝန်ကြီး။ ( ( မြေ က် ဥက္ကလာဆေးရုံ )’

၄ ။ ဒေါက်တာ သက်မွန် ဇော် ။ ဆီးချိုဿွေးချိုရောဂါ အထူးကု/သင်ကြားရေး ဆရာဝန်ကြီး

( မြေ က် ဥက္ကလာဆေးရုံ )’

၅ ။ ပါမောက္ခ ဒေါက်တာ ဒေါ် စန်းစန်းဝင်း ။ ရန်ကုန်ဆေးတက္ကသိုလ် ၁ ။ဆီးချိုသွေးချိုရောဂါ နှင့်ဟို မုန်းရောဂါများဆိုင်ရာ ဌာန ၊အထူးကု ဆရာဝန်ကြီး။

၆ ။ ဒေါက်တာ ရီရီဝင်း။ ဟိုမုန်းရောဂါအထူးကု ဆရာဝန်ကြီး ( မြေ က် ဥက္ကလာဆေးရုံ )’

END —————————-

ဆီးချိုရောဂါရှိသူတွေ စားသင့်တဲ့ အသီး (၈) မျိုး
1:21 ဘယ်ရီသီး
2:09 ချယ်ရီသီး
2:57 မက်မွန်သီး
3:33 မက်မန်းသီး
3:53 ပန်းသီး
4:29 လိမ္မော်သီး
5:04 သစ်တော်သီး
5:25 ကီ၀ီသီး