မောင်ကြုံတိုင်း၏ ဘဝအထွေထွေhttps://youtu.be/BoyhCUG7EaI?si=XwbAElpuhIt-66AP
ဘဝသံသရာတစ်ကွေ့မှာ
လာဆုံတွေ့ခဲ့ကြတဲ့
အိမ်ဖေါ် ကောင်လေးတွေ
ချစ်နေလိုက်ကြတဲ့ သားအမိ နှစ်ကောင်
အမေဖြစ်သူက သူ့ သားသမီးလေးတွေ ၅ ကောင် မွေးခဲ့ရာမှာ
အမ ၂ကောင် အထီး၃ ကောင် မွေးဖွား လာခဲ့ကြရာမှာ
အမေဖြစ်သူရဲ့ အချစ်ဆုံးသမီးလေး က
Beauty ဟု အမည်ပေးခဲ့တဲ့မချော ခွေးကောင်မလေးဖြစ်တယ်
ယခုပုံမှာ တွေ့တဲ့အတိုင်း
သူ့အမေနားမှာကပ်ပြီးပွတ်သီးပွတ်သပ်လုပ်နေတတ်တဲ့ခွေးမကလေး
၊အမေဖြစ်သူကလဲသူ့သမီးငယ်လေးကို ဖက်ယက် ပြုစု ယုယ လုပ် နေတတ်တယ် .
အခြားသားသမီးကောင်တွေကိုအမေကနိုင်တယ်
ဟောက်လားဟန့်လားလုပ် တယ် သားသမီးတွေအားလုံးက
အမေ့က်ုကြောက်ကြတယ် ရန်ပြန်မလုပ်ကြဘူး
အမေကိုတော့ဘယ်ကောင်က မှ ပြန် ရန်လုပ်တာမရှိကြဘူး
သူတို့အမေကို ချစ်ကြခင်ကြသလားတော့ မသိ
လူတွေလို သားသမီး တွေက မိဘကို ချစ်ကြောက်ရိုသေ
ပထမဆုံး မွေးခဲ့တဲ့ လူ့လောကထဲ ထွက်လာတဲ့အကြီးဆုံး သမီးခွေးမလးက သူ့ဘာသာသူနေတတ်တယ် ။
အဖေအမေနဲ့ သားသမီးလေးတွေ၆ ကောင်ရှိနေခဲ့ရာမှာ
အဖေဖြစ်သူ Paul ကကျန်းမာမာရေးချို့ငဲ့ပြီး တက်တတ်ချက် တတ် တဲ့ရောဂါနဲ့ပထမဆုံးကွယ်လွန်သွားခဲ့ တယ်
၂၀၂၂ မှာ အမေဖြစ်သူကွယ်လွန်ခဲ့ တယ်
အဖေနဲ့အမေ ဆုံးပြီးတဲ့နောက် မှာ သူတို့ရဲ့ သားငယ်သမီးငယ်လးတွေလဲ တစ်တစ်နှစ်ပြီးတစ်နှစ် နောက်ကလိုက် ပြီးဆုံးပါး သွားခဲ့ လိုက် ကြတာ –
/ Blacky အောင်နက် / Brownie .ညိုမ / Beauty မချော / Lucky ဖိုးကံကောင်း တို့ ၄ ကောင် ဟာ တစ်ကောင်ပြီးတစ်ကောင် မိဘတွေနောက် ကို လိုက်ပါ ဆုံးပါးကွယ်လွန်သွား ခဲ့ကြပါတယ်.
ယ ခုအခါ သားသမီး၅ ကောင် ထဲမှာ ငယ်စဉ်မွေးကတည်းက အခြားခွေးငယ်တွေပေါ်မှာ ကျော်ခွ ပြီး အမေ့ နို့ကို လုစီုတတ်တဲ့ မွေးစဉ်မှာ အဝဆုံး အကောင် မွေးစမှာကတည်းက Fatty ဖိုးဝတုတ် အမည်ပေးထားတဲ့ တစ်ကောင် သာ အိမ်ဖေါ် အဖြစ် အိမ်အစောင့် ကျန်ရှိနေပါတောတယ်.
ဘဝသံသရာ တစ်ကွေ့ မှာလာဆုံ တွေ့ ကြတဲ့ အဖေါ် သံယောစင်လေးတွေ
ဖိုးဝတုတ်ခွေး ကောင်
သူ့အလှည့်ဘယ်တော့ ရောက် လာမယ်မသိ
အကောင်က ဝနေဆဲအကောင်ကြီးနေပေမဲ့ အရွယ်က ၁၂ နှစ်ကျော်မို့ရုပ်က ကျစပြုလာနေပြီ
ခွေးအကောင်ကတော့ ပြေးလွှား ကစားနေမြဲ
တက်ကြွသန်မြန်နေဆဲဲဘဲ။
ဝတုတ်ဆိုတဲ့အကောင်က အိမ်မှာ မနက်စာ ကြွေးရင် အားလုံး သူနဲ့ အတူတူကြွေးတာ သူ့ပုဂံထဲထမင်းဟင်းတွေက အရင်ကုန်တယ်
အစား သွက်သလားမပြောနဲ့။
အနားမှာစားနေတဲ့သူ့အမေက အသက်ကြီးသူပြီပြီ ဖြည်းဖြည်းချင်းစားနေတယ်.သားတော်မောင်ဝတုတ် က သူ့အမေစားနေတာကို အနားကဘေးကကြည့်နေတယ်
အမေကလဲသိတယ်
အမေကအမြဲလိုလို ပုဂံ ထဲက ကြွေးတဲ့ထမင်းဟင်းတွေကုန်
အောင်မစား ဘူဂ ။ သူစားလို့ဝတာနဲ့ ထွက်သွားတယ်
ဘေးမှာထိုင်စောင်းကြည့်နေတဲ့ ဝတုတ်ဆိုတဲ့အကောင်
သူ့အမေလဲထွက်သွဦးရော သူ့အမေစားလက်ကျန် ထမင်းဟင်းတွေကုန်အောင် အပြောင်လာရှင်းစားတော့တာဘဲ
အခြားသူ့ ညီအကိုမောင်နှမတွေမှာ သူလို့အကောင် မရှိကြဘူး။
ယနေ့ယခုမှာတော့
Fatty ဝတုတ် ခွေး ကောင် တစ်ကာင်ထဲသာ အိမ်မှာ
အဖေါ် အဖြစ် ကျန်ရှိနေပါတော့တယ်.
အေးမြင့် ( ညောင်တုန်း )
20July 2025
Mother Dog lovingly cleaning her daughter dog at FMI City ,Yangon
My Memory Post
တွေးမိတွေးရာhttps://youtu.be/d1QMS9T-OEw?si=o9Zz3cH8vSmm8rnD
ရေးမိရေးရာ
သစ်တောသစ်ပင်
တကယ်ချစ်ခင်လို့ နေပြီ။
( သစ်တောသစ်ပင် တကယ် ချစ်ခင် သူများ
နှင့်
ခွေးချစ်သူများအတွက် )
သီးချိန်တန်သီး
ပွင့်ချိန်တန် ပွင့်နေကြပြီ။
အိမ်မှာ ကျွန်တော်က တောဖြစ်ပြီးရော အစုံစိုက်ထားတယ်။ရန်ကုန်လို အောက်ပြည် အောက်ရီာ မှာ
ရှားပါး ဖြစ်ခဲတဲ့ မကျည်းပင် ၂ ပင်စိုက်ထားတာ ကြီးနေ သီးနေပြီ ။ခြံ ပြင် ပလက်ဖေါ င်းပေါ်မှာ လဲ ဖန်တီးတယ်။
သူများတကာ ခြံစည်းရိုးလုံခြုံရေး သံဘလိတ်ဓား ဆူးခွေတွေနဲ့ ခြံစည်ရိုးကာနေချိန် မှာ အိမ်တပတ်လုံးကို ဆူးတွေပါတဲ့ စက္ကူပန်းပင် မျိုးစုံနဲ့ ရှောက် သံ ပယိုပင် တွေ အများအပြား စိုက်ခဲ့တယ် ၁၀ နှစ်ကျော်အကြာ မှာ လမ်းပေါ်က နေ ကြည့်ရင် အိမ်ကို ကောင်းကောင်းမမြင်ရတော့ဘူး တော တွေ ဖုံးသွားတယ် ။ မြက်ခင်းပြင် နဲသစ်တော သစ်ပင် ဘဲ တွေ့မယ် ။ သစ်တောဆရာတွေတော့မသိ။
ကျွန်တော်က သူတို့ရေးတဲ့ဆောင်ပုဒ်အတိုင်း လိုက်လုပ်တယ် ။
သစ် တော သစ်ပင် တကယ် ချစ် တဲ့ လူ ဖြစ်နေပြီ။
မြန်မာပြည်ရဲ့ စီမံကိန်းအလုပ် တွေ ၊
ဖွံ့ ဖြို းရေး အလုပ်တွေ၊စက်ရုံ အလုပ်ရုံလုပ်ငန်းတွေကြာင့်
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ဆန်းစစ်တဲ့ EIA/SIA အလုပ်မျိုးစုံ ကို
၁၂ နှစ်ကျော်ကြာအောင် ခုချိန်အထိ နေ့ တစ်ဓူဝ လုပ်နေဆဲ့ မို့
သဘာဝအပင်တွေရော
သဘာဝ တိရစ္ဆာန်ကလေးတွေကိုပါပြီး ချစ်တတ် ခင် တတ်နေပါတယ်။
အိမ်မွေး ခွေးငယ်လေးတွေကတော့ တကယ့် အိမ် ဖေါ် တွေ ဖြစ်နေကြတယ် ။
်
အိမ်မှာ အိမ်ဖေါ်
ခွေးမိသားတစ်စု ရှိနေရာက
အမေခွေးမကလေး မာစီ
၃/၄/၂၀၂၂ နေ့က
ဘဝတစ်ပါး ပြောင်းသွားခဲ့ပါတယ်။
ကွယိလွန်ချိန်မှာ
အသက် ၁၂ ကျော် အရွယ်အိုနေပါ ပြီ
မကွယ်လွန်မီ ၂ပတ်ခန့်မှာဘဲ အစားစတင်ပျက်ပြီး ကျန်အချိန်တွေပကတီကောင်းနေတာပါ
သူ့သားသမီး ခွေး လေးတွေ မောင်နှမတစ်တွေ ၅ ကောင် ကို
ချန်ရစ်ထားခဲ့ပါတယ်
ပြန် လ ည်ကူးယူဖေါ်ပြပါသည် ။
အေးမြင့် ( ညောင်တုန်း )
2 February 2025 ( edited )
ရည်ညွှန်းhttps://youtu.be/iwflzLjt8NY?si=AvOOXFG0p21V-fOV
My Hungry Dogs Facebook post 20 July 2019( and edited 2 January 2025 )
My Dog Family ခွေ းမိသားတစ်စု
( ၆ နှစ်တာကာလအတွင်းမှာ သေဆုံးကွယ်လွန်သွးခဲကြတဲ့ အိမ်ဖေါ် အကောင်လေးတွေ )
1 -Mother Mercy အေမ မာစီ ( ဒုတိယ မြောက်ဆုံးပါးခဲ့ )
2-Father Paul ( Deceased ) အဖေ ပေါ ( ပထမ ဆုံး (ဆုံးပါးသွားတဲ့အကောင် )
3-Daughter Brownie သမီ း ကြီး ညိ ုမ( ဆုံးခဲ့ပြီ )
4- Son Blackie သား ကြီး အောင်နက် ( ဆုံးသွားပြီ )
5- Son Fatty သားလတ် ဖိုးဝတုတ် ( စားကောင်း သောက်ကောင်းနေကောင်းနေဆဲ)
6-Daughter Beauty သမီး ငယ် ချောချော ( နောက် ဆုံး/ ဆုံးပါးခဲ့ )
7-Son Lucky သားငယ် ဖိုးကံကောင်း ( နားပြည်ယိုတာကလွဲလို့ ကျန်းမာနေဆဲ)
