၁ ။ AA နဲ့ စစ်ကောင်စီ အကြား ဆွေးနွေးပွဲ ဖြစ်လားနိုင်သလား ( 4 January 2025 )
/”RFA စကားဝိုင်း”
AA နဲ့ စစ်ကောင်စီအကြား ဆွေးနွေးပွဲဖြစ်လာနိုင်သလား
~~~
■ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ အာရက္ခတပ်တော် AA က ပြည်တွင်းရေး အခြေအနေတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးမယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ AA ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်မြို့ပေါင်း ၁၇ မြို့ထဲက ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ AA က ဘာကြောင့် နိုင်ငံရေးဆွေးနွေးဖို့ ပြောဆိုလာတာလဲ၊ ဆွေးနွေးပွဲကရော ဖြစ်လာမှာလား၊ နှစ်ဖက်လုံးက ဘာတွေ တောင်းဆိုနိုင်သလဲ၊ တော်လှန်ရေး ရှေ့အလားအလာကရော ဘယ်လိုရှိလာနိုင်မလဲ စတာတွေကို ဒီတစ်ပတ်စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ အမေရိကန်စစ်တပ် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်နဲ့ CDM ဗိုလ်ကြီး ညီသုတတို့ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။ rfaburmese
၂။ အာရက္ခ တပ်မတော် ရဲ့ နိုင်ငံရေး စစ်ရေး အလားအလာ BBC News မြန်မာ 4 January 2025
အာရက္ခတပ်တော် အေအေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် ရခိုင် တစ်ခုလုံးနီးပါးကို သိမ်းပိုက် ထိန်းချုပ် ပြီးနောက်မှာတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ရာ အသင့်ရှိတယ် ဆိုပြီး ကျန် ညီနောင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့လိုပဲ ကြေညာလာပါတယ်။
ဒါဟာ ရခိုင်ထဲက မြို့တော် စစ်တွေ အပါအဝင် လက်ကျန် မြို့ ၃ မြို့ကို ဆက်မတိုက်တော့ပဲ တရုတ်ကို ကြားခံထားလို့ စစ်ကောင်စီနဲ့ အပစ်ရပ် ဆွေးနွေးမယ် ဆိုပြီး မူအရ အဓိပ္ပာယ် သက်ရောက်သလား ဆိုတဲ့ မေးခွန်း ထွက်လာစေပါတယ်။ မြေပြင် အခြေအနေတွေကို ကြည့်ရင်တော့ စစ်ကောင်စီဟာ နှစ်သစ်ကူးကာလ တိုင်းပြည်နေရာ အနှံ့ ဗုံးကြဲခဲ့တာမှာ ရခိုင် ပုဏ္ဏားကျွန်းမြိုနယ်ထဲက ယိုးတရုပ်ရွာလည်း ပစ်မှတ်ထားခံရပါတယ်။ သေဆုံးသူ အနည်းဆုံး ၅ ယောက် ရှိတယ်လို့ သိထားရပါတယ်။
တခါ၊ အေအေဘက်ကလည်း တောင်ကုတ်မြို့နယ်ထဲ လက်ကျန် စစ်ကောင်စီ စခန်းတွေကို အပြီးသတ် ရှင်းလင်းနေတာမှာ ပဲခူးတိုင်းနဲ့ ထိနေတဲ့ ပန်းတောင်း-တောင်ကုတ်လမ်းပိုင်း အထိ အေအေ ထိုးစစ်ရောက်လာတယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။
အခု တစ်ပတ်မှာတော့ အာရက္ခတပ်တော် အေအေဘက်က စစ်ရေး နိုင်ငံရေး ဗျူဟာမြောက် ဘာတွေ ဆက်ပြီး လုပ်လာနိုင်လဲ … စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် လက်ကျန် ၃ မြို့ကို မသိမ်းတော့ပဲ ရခိုင်ထဲ အပစ်ရပ် သဘောတူမှု တကယ်ရယူမလား … ရခိုင်နဲ့ ထိစပ်နေတဲ့ ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီထဲက တော်လှန်ရေး အင်အားစုတွေ အပေါ် ဘယ်လို သက်ရောက် လာနိုင်လဲ စတာတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။
ဒီတစ်ပတ် ပါဝင် ဆွေးနွေးကြသူတွေကတော့ … အမေရိကန် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ရဲ့ အစိတ်အပိုင်း National War College က လုံခြုံရေး မဟာဗျူဟာ ဘာသာရပ်မှာ ပါမောက္ခတစ်ဦး ဖြစ်ပြီး၊ အရှေ့တောင်အာရှရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးပိုင်း ကျွမ်းကျင်သူ ပါမောက္ခ ဇာခရီ အဘူဇာ နဲ့ နိုင်ငံတကာ ပဋိပက္ခတွေ ဖြေရှင်းရေး အကြံပြုနိုင်ဖို့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် ဖွဲ့စည်း ထူထောင်ထားတဲ့ International Crisis Group ICG အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေးဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီးန်တို့ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို ဇန်နဝါရီ ၄ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ် တို့ကနေ ထုတ်လွှင့်သွားမှာမို့ စောင့်မျှော်ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း
၃ ။ မြန်မာ့ အရေး ကြိုးပမ်း သူ ဒေါက်တာ မိမိဝင်းဘတ် 8 September 2024
မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ရေး ပြည်တွင်းပြည်ပ နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်ကြိုးပမ်းတာမှာ အမိမြေနဲ့ နှစ်ပေါင်း ၅၀ လောက်ဝေးကွာနေပြီး အမေရိကန်ပြည်ထောင်စုမှာ လက်ရှိနေထိုင်နေတဲ့ ပါမောက္ခမီမီ၀င်းဘတ်လည်း ပါ၀င်တာပါ။ နေရာပေါင်းစုံ အကြောင်းစုံအစီအစဉ်မှာ မညိုညိုလွင် တင်ဆက်ပေးထားပါတယ်။
ဗွီအိုအေ အမေရိကန်အသံသည် မြန်မာနှင့် ကမ္ဘာတလွှား နောက်ဆုံးရသတင်းတွေကို ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် အင်တာနက်တို့ကနေ မြန်မာဘာသာဖြင့် နေ့စဉ်ထုတ်လွှင့် တင်ဆက်ပေးနေပါသည်။ ဗွီအိုအေ အစီအစဉ်တင်ဆက်မှု အသေးစိတ်ကို အောက်တွင်ကြည့်ရှုနိုင်ပါသည်။
၄ ။ မြန်မာပြည်သူတေg လွတ်မြောက်ဖို့ နီးစပ်လာတဲ့ ၂၀၂၅ ခုနှစ် 29 December 2024 ၂၀၂၄ခုနှစ်အတွင်း ရခိုင်နဲ့ ရှမ်းမှာရှိနေတဲ့ စစ်ဌာနချုပ် ၂ ခုလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအတွက် မဟာဗျူဟာမြောက်အထိနာခဲ့ပေမဲ့ မြန်မာပြည်သူတွေလွတ်မြောက်ဖို့ လမ်းကတော့ နီးလာနေပြီလို့ နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါ၀င်နေသူတွေက ဗွီအိုအေကိုပြောပါတယ်။
ဗွီအိုအေ အမေရိကန်အသံသည် မြန်မာနှင့် ကမ္ဘာတလွှား နောက်ဆုံးရသတင်းတွေကို ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် အင်တာနက်တို့ကနေ မြန်မာဘာသာဖြင့် နေ့စဉ်ထုတ်လွှင့် တင်ဆက်ပေးနေပါသည်။ ဗွီအိုအေ အစီအစဉ်တင်ဆက်မှု အသေးစိတ်ကို အောက်တွင်ကြည့်ရှုနိုင်ပါသည်။
၅ ။ ၂၀၂၅ အတွင်း မြန်မာ့ နိုင်ငံအရေး မျှောကြည့်ခြင်း ( Mizzima Editorial Talk ) 23 December 2024
မဇ္ဈိမ။ ။ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲအရှိန်က ပိုမို မြင့်တက်နေပါတယ်။ ဒီနှုန်းအတိုင်းသွားမယ်ဆိုလျှင် တော်လှန်ရေးခရီး ဘယ်ထိရောက်မလဲ။ မြို့တွေ၊ တိုင်းစစ်ဌာနချုပ်တွေနဲ့ တပ်စခန်းတွေ ဆက်တိုက်လက်လွှတ်ဆုံးရှုံးနေရပေမယ့် တဖက်မှာ ၂၀၂၅ ထဲ ရွေးကောက်ပွဲလုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီက ဒီရွေးကောက်ပွဲကို အကောင်အထည်ဖော်လာ နိုင်ဦးမှာလား။ စတဲ့အကြောင်းအရာတွေကို ဒီတပတ် မဇ္ဈိမ Editoiral Talk အစီအစဉ်မှာ မေးမြန်းဆွေးနွေးထားပါတယ်။
၆ ။ မြန်မာ့ အရေး အဆုံး အဖြတ် ပေးမယ့် ကာလ ရောက်ပါပြီ DVB News DVB Talk Show 7 January 2025
မြန်မာ့အရေး အဆုံးအဖြတ်ပေးမယ့် ကာလရောက်လာပါပြီ။ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်လာတော့မယ့်ကာလလို့ သုံးသပ်ပါတယ်။ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးပေါ်မူတည်ပြီး ဒီတော်လှန်ရေးဟာ ဘယ်ဘက်ကိုပြောင်းမလဲဆိုတာကို မြင်ရမယ်လို့ ယူဆပါတယ်။ တရုတ်ရဲ့ ရပ်တည်ချက်ကို ကျနော့်အနေနဲ့ အရှင် အနေနဲ့သုံးသပ်လိုပါတယ်။ တရုတ်က စစ်ကောင်စီဘက်က အပြတ်ရပ်သွားပြီဆိုတဲ့သုံးသပ်မှုမျိုးကို သတိထားရမယ်ထင်ပါတယ်။ တရုတ်နိုင်ငံရဲ့ မူဝါဒကို ပြောင်းနိုင်ရင်ပြောင်းနိုင်သလောက် တော်လှန်ရေး ခရီးရောက်ပါလိမ့်မယ်” 7 January 2025 4.4 K Likes 185,084 Views.
တကယ်ရော ပြည်တွင်းမှာ ရုံးစိုက်နိုင်ပါ့မလား၊ ဒီလိုရုံးထိုင်ပြီး ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ ဖော်ဆောင်နိုင်မလား။ လက်တွေ့မှာ ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်မလဲ။ ဒီအကြောင်းတွေကို ဒီတစ်ပတ် RFA စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်၊ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီးကောင်းသူဝင်းနဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးတို့ ပါဝင်ဆွေးနွေးထားပါတယ်။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။
၇ ။ မြန်မာ ပြည်တွင်းစစ် ၂၀၂၅ လားရာ – BBC News မြန်မာ 19 January 2025
၈ ။ “ နေဇော်နိုင် ရဲ့ ကျနော်ဆွဲဖွင့်မိသောတံခါးများ” DVB TV Interview – 18.01.2025 Every Saturday on DVB TV6.1 K Likes. 117, 437 Views
၉ ။ ၂၀၂၅ ခုနှစ် ဟာ ဗိုလ်လုပွဲတက်မဲ့ နှစ် ၊နိုင်ကိုနိုင်မှ ဖြစ် မယ်. ။ DVB Talk Show ဦးကြီးမြင့်နှင့် မေးမြန်းချက် ။ DVB TV News 13 January . 2025
လူထုကလည်းဆုံးဖြတ်ထားပြီးပြီဆိုတော့ ဒီစစ်ပွဲက နိုင်ကိုနိုင်ရမယ်၊ မနိုင်လို့မရဘူး၊ နိုင်အောင်လည်းတိုက်ရမယ်၊ဒါကြောင့် ၂၀၂၅ ခုနှစ်ဟာဗိုလ်လုပွဲတက်မယ့် နှစ်..နိုင်ကိုနိုင်မှဖြစ်မယ်။ ကိုယ်နိုင်ရင်နိုင်..မနိုင်ရင် နှစ်တစ်ရာလောက် သားစဉ်မြေးဆက် စစ်ကျွန်ဖြစ်မယ်။ ဒါကြောင့် အနိုင်တိုက်ရမယ့်နှစ်၊ အဆုံးအဖြတ်နှစ်လို့ပဲ ပြောချင်ပါတယ်”. 8.5 K Likes. 313,247 Views , 14 Han 2025
၁၀ ။ ၂၀၂၅မှာ မြန်မာ့အရေး အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်မလား……ဒေါက်တ။ ခိုင်ကြည် ဇင်စိုး ၊ 15 January 2025 KIC The Karen News
မြန်မာ့နိုင်င့ရေး အကဲခတ် ၂၀၂၅ မှာ စစ်ကောင်စီ ဘယ် လောက် ရက်စက်ပြဦးမလဲ
၂၀၂၅ခုနှစ်မှာ မြန်မာနိုင်ငံရေး၊ စစ်ရေးအပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်လား ဆိုတာကို မြန်မာနိုင်ငံရေး အကဲခတ် ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။ 15 January 2025 KIC The Karen News
၁၁ ။ ၂၀၂၅ မှာ စစ်ရေး အရှိန် အဟုန် မြင့်မားပြင်းထန်မယ် ။ ဦးသန်းစိုးနိုင် Salween Press ဇန်နဝါရီ ၁၄၊ ၂၀၂၅
၂၀၂၅ မှာ စစ်ရေးအရှိန်အဟုန် မြင့်မားပြင်းထန်မယ်” ဦးသန်းစိုးနိုင်
၂၀၂၅ ခုနှစ်ဟာ တော်လှန်ရေးအတွက် အဆုံးအဖြတ် ပေးမယ့်နှစ်လို့ ပြည်သူအများစုက ယူဆထား ကြပါတယ်။ ပြည်သူတွေ မျှော်လင့်ထားသလို၊ ဒီနှစ်မှာ စစ်ရေး၊ နိုင်ငံရေး သိသိသာသာ တိုးတက်ပြောင်း လဲမှုတွေ ဖြစ်ပေါ်လာမှာလား။ 3.3 K Likes 92,182 Views. 14 January 2025
၁၂ ။ NUG ပြည်တွင်းမှာ ရုံး စိုက် နိုင်တော့မလား RFA လွတ်လပ်တဲ့ အာရှအသံ 18 January 2025
NUG ပြည်တွင်းမှာ ရုံးစိုက်နိုင်တော့မလား” RFA လွတ်လပ်တဲ့ အာရှအသံ စကားဝိုင်း ဆွေးနွေးပွဲ
~~~
■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝန်ကြီးဌာနတွေ ပြည်တွင်းမှာ အခြေစိုက်ရုံး ဖွင့်လှစ်တော့မယ်လို့ ဒီရက်ပိုင်းမှာ သတင်းတွေ ထွက်လာပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားအပါအဝင် တခြားအကြောင်းတွေကြောင့် ပြည်တွင်းမှာ အင်အားပြန်တည်ဆောက်ဖို့ NUG ယာယီသမ္မတက ဝန်ကြီးတွေကို ၂၀၂၄ နိုဝင်ဘာလ ၂၆ ရက်နေ့က NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ NUG အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီး စုစုပေါင်း ၃၄ ယောက် ရှိပါတယ်။ ဘယ်ဌာနတွေ အရင်ဆုံး ပြည်တွင်းမှာ ရုံးပြန်စိုက်မယ်ဆိုတာတော့ NUG ဘက်က တိတိကျကျ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
၁၃ ။ မြန်မာ့အရေး ဧောင်ကောင် နိုင်ငံရေး သုတေသီနဲ့ မေး မြန်းချက် – BBC News မြန်မာ DECEMBER 2024
မြန်မာမှာ စစ်အာဏာသိမ်း ၄ နှစ်ပြည့်လာချိန်မှာ တရုတ်ဟာ မြန်မာစစ်ကောင်စီဘက်ကို ယိမ်းလိုက်ပြီလို့ အကဲခတ်တွေက သုံးသပ်တာတွေရှိလာပါတယ်။
ဒါကိုလည်း အာဏာသိမ်း ၄ နှစ်အတွင်း မြန်မာစစ်ခေါင်းဆောင်ရဲ့ ကူမင်းခရီးစဥ်က မီးမောင်းထိုးပြ နေပါတယ်။
စစ်ကောင်စီက ကျင်းပမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲ၊ နောက် စစ်တပ်ကို တိုက်ခိုက်ပြီး နယ်မြေသိမ်းပိုက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ သတင်းစကား၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပေါ် ဆန်းစစ်အကဲဖြတ်မှုတွေပါတဲ့ ဟောင်ကောင်တက္ကသိုလ် သုတေသီ တွဲဖက်ပါမောက္ခရဲ့ ဆန်းစစ်ချက်တွေကို ရုပ်သံမှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။
ဒေါက်တာ အန်ဇီဟန်ကို ဘီဘီစီက ၂၀၂၄ ဒီဇင်ဘာလတုန်းက မေးမြန်းထားတာဖြစ်ပါတယ်။ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်တပ် #စစ်ကောင်စီ #အာဏာသိမ်းမှု #ကူမင်း #တရုတ် #တိုင်းရင်းသားလက်နက်ကိုင် #နိုင်ငံရေး #NUG #ရွေးကောက်ပွဲ #နယ်မြေ
၁၄ ။ ဒီမိုကရေစီ အောင်ပွဲလား……ကြွေ မွ တိုင်းပြည် ဖြစ်သွား ဦး နိုင်လား။ -BBC NEWS မြန်မာ 7 September 2024
မြန်မာနိုင်ငံထဲက ပြည်တွင်းစစ် ဆက်လက်ကျယ်ပြန့်ပြီး ပြင်းထန်နေပါတယ်။ မန္တလေးမြို့ပေါ် အထိ စစ်ရေး ဆောင်ရွက်ချက်တွေ ရှိလာသလို၊ ရခိုင်မှာ ဆိုရင်လည်း မြို့တော် စစ်တွေနားအထိ စစ်ပွဲရောက်လာပါတယ်။ စစ်တပ်ဘက်ကလည်း ရှမ်းမြောက်ဒေသ၊ ကရင်နီနဲ့ မန္တလေး စစ်ကိုင်းထဲက နေရာတွေမှာ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်ပါတယ်။ ညီနောင် မဟာမိတ် ၃ ဖွဲ့ကိုလည်း အကြမ်းဖက် အဖွဲ့တွေ အဖြစ် ပြန်လည် သတ်မှတ် ကြေညာပါတယ်။
ဒီတစ်ပတ်မှာတော့ မြန်မာစစ်တပ်ရဲ့ လက်ရှိ အနေအထား အပေါ် သုံးသပ်ရင်းမှာပဲ၊ မြန်မာစစ်တပ်ကို စစ်ရေးနည်းနာသုံးပြီး ဖယ်ရှားနိုင်ပြီ ဆိုရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေ အကြောင်း ဆွေးနွေးသွားဖို့ ရှိပါတယ်။
- တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးအရ အောင်မြင်မှု တစ်နည်းအားဖြင့် မြန်မာစစ်တပ်ရဲ့ စစ်ရေး ရှုံးနိမ့်မှုတွေဟာ ဒီမိုကရေစီ ထွန်းကားရေးနဲ့ ညီမျှခြင်းချနိုင်လား ….
- ဒါမှမဟုတ် အတိုက်အခံတွေ ရည်ညွှန်းပြောကြသလို တည်ငြိမ်မှုကို နိုင်ငံ လွှမ်းခြုံ ထိခိုက် ပျက်ပြားစေရုံမက၊ ဒေသတွင်းကိုပါ ရိုက်ခတ်နေတာရဲ့ အဓိက လက်သည် စစ်တပ်ကိုသာ ဖယ်နိုင်ရင် အနာဂတ် နိုင်ငံ အတွက် ပေါင်းစည်း ညီညွတ်မှု၊ ညှိနှိုင်းမှုတွေဟာ အနှစ်သာရ ရှိရှိ ဖြစ်လာနိုင်လား ….
၁၅ ။ ဘုံ ရန်သူဟာ စစ်တပ်ပဲ- ဒေါက်တာ မိမိဝင်းဖေ Myanmar Now News August 2024
ဘုံရန်သူဟာ စစ်တပ်ပဲ – ဒေါက်တာမီမီဝင်းဘတ်
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံခြားရေးမူဝါဒကင်းမဲ့ကာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲသည့် ရုရှားကဲ့သို့ နိုင်ငံအနည်းငယ်ဖြင့်သာ အထီးကျန်ဆန်စွာ ရပ်တည်နေရသည်။
ထိုအခြေအနေတွင် အာဏာသိမ်း စစ်ကောင်စီကြောင့် တိုင်းပြည်နှင့် စီးပွားရေး ပျက်စီးရုံသာမက ၎င်းတို့၏ စစ်တပ်သည်လည်း ပျက်စီးသွားပြီဟု အမေရိကန်တပ်မတော်၏ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးဖြစ်သူ၊ လက်ရှိ ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန၏ ပါမောက္ခဖြစ်သူ ဒေါက်တာမီမီဝင်းဘတ်က ပြောကြားလိုက်သည်။ ၂နှစ်ခွဲကျော်လာသည့် မြန်မာ့နွေဦးတော်လှန်ရေးအလားအလာ၊ NUG အစိုးရ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာဆက်ဆံရေးတွင် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ဩစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါက်တာမီမီဝင်းဘတ်ကို ဩဂုတ် ၁၄ရက်တွင် Myanmar Now က တွေ့ဆုံမေးမြန်းထားသည်။
၁၆ ။ မကွေး ၊ပဲ ခူး နဲ့ စာရင်။ မြစ် ဝကျွန်းပေါ် ဖက်ကို ဦးစားပေး ထိုးမယ် ထင်တယ်. 10 January 2024
မကွေး၊ ပဲခူးနဲ့စာရင် မြစ်ဝကျွန်းပေါ်ဖက်ကို ဦးစားပေး ထိုးမယ်ထင်တယ်”
- ဦးသန်းစိုးနိုင် (စစ်ရေး – နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၁၀- ၁- ၂၀၂၄)
“မကွေးနဲ့ ပဲခူးတိုင်းထဲမှာ ပကစ တွေရှိတာမှန်ပေမယ့် AA ရဲ့ စစ်ရေးဦးတည်းချက်ဟာ မြစ်ဝကျွန်းပေါ်ဖက်ကို ဦးစားပေးမယ်ထင်တယ်” လို့ စစ်ရေး – နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ ၂၀၂၅ ပထမ ၁၀ ရက်အတွင်းမှာတင် KIA က မံစီကို သိမ်းလိုက်တာ၊ AA က မကွေး-ပဲခူး-ဧရာဝတီအစပ်ဒေသတွေဆီ ထိုးဝင်လာတာ၊ အညာမှာ ချေမှုန်းရေးစစ်ပွဲတွေပေါ်လာတာ… စတဲ့ စစ်ရေးအရ ထူးခြားချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
၁၇ ။ ဧရာဝတီ အနောက် ခြမ်း တခုလဒံး လွတ် မြောက် ဖို့ ရဉ် ရွယ် ထားတယ်. 11 January 2025 Myatthu Channel ?
ရခိုင်ပြည်နဲ့ ကပ်လျက်ရှိတဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီတို့ က စစ်ကောင်စီရဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ရိုက်ခြိမ်းခြောက်လာနိုင်တာ တွေ့ရပါတယ်။ အဲ့ဒီလို ကပစ စက်ရုံအများကို ခြိမ်းခြောက်နိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ လူထုတော်လှန်ရေး မဟာမိတ်အင်အာစု PRA မကွေးလည်း ပါပါတယ်။ ဒီနေ့တော့ PRA မကွေးက စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်ကို မေးမြန်းသွားမှာဖြစ်ပါတယ်။ မြန်မာ #myanmar #my #ရခိုင် #မကွေး #ချင်း
၁၈ ။ အမေရိကန် သတင်းဌာန က ဖေါ် ပြလိုက်တဲ့ ရခိုင်။ AA အဖွဲ့ အောင် မြင် ခဲံရတဲ့ အဓိက အချက် ၅ ချက် မိုးသောက် မီဒီယာ 10 January2025
အာရက္ခ တပ်မတော်အား တွန်းတင် ပေးခဲ့သည့် အချက် ၅ ချက်
အာရက္ခတပ်တော်အား တွန်းတင်ပေးခဲ့သည့် အချက် ၅ ချက်
မည်သည့်အရာများက AA ရဲ့ အောင်မြင်မှုများအတွက် အရင်းခံ အကြောင်းတရားများ ဖြစ်ပါသလဲ။ ဗမာတို့ရဲ့ အုပ်ချုပ်မှုအောက်မှ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ယခင်ရခိုင်မျိုးဆက်ဟောင်းများရဲ့ ကျရှုံးမှုများမှ လေ့လာ သင်ခန်းစာယူခဲ့တဲ့အပြင်၊ AA ရဲ့ ခေါင်းဆောင်မှု၊ စည်းရုံးရေးစွမ်းရည်နှင့် မဟာမိတ်ဖွဲ့မှုများက AA နှင့် ၎င်းရဲ့ နိုင်ငံရေးတောင်ပံဖြစ်တဲ့ ညီညွတ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ ဦးဆောင်တဲ့ ခိုင်မာသော လှုပ်ရှားမှုတစ်ရပ်ကို တည်ဆောက်နိုင်စေခဲ့ပါတယ်လို့ ဒီပလိုမက်နှင့် တွေ့ဆုံမေးမြန်းခန်းအတွင်း ထွန်းမြတ်နိုင်က ပြောဆိုခဲ့ပါတယ်။ YouTube: / @dawnatv
Facebook: / dawnatv
TikTok: / dawnamedia
Telegram: https://t.me/dawnatvchannel
dawnatv
၁၉ ။ ခေတ်သစ် သတင်းဌာန ၏ ဧရာဝတီ သတင်း ၂၀ ဇန္နဝါရီလ ၂၀၂၅ သတင်း
၂၀ ။ မြန်မာ့ အရေး ၂၀၂၄ နဲ့ ၂၀၂၅ အလားအလာ 28 December 2024
RFA စကားဝိုင်း
“မြန်မာ့အရေး ၂၀၂၄ နဲ့ ၂၀၂၅ အလားအလာ”
~~~
■ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြာင်းအလဲအမျိုးမျိုး ရှိခဲ့ပြီး စစ်ကောင်စီအတွက်ရော စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းအားလုံးအတွက်ပါ အရေးပါတဲ့ အပြောင်းအလဲတွေ တွေ့မြင်ခဲ့ရပါတယ်။ ပြည်သူတွေဟာလည်း ဖိနှိပ်မှုတွေအပြင် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ဆင်းရဲကျပ်တည်းမှုတွေကို ပုံစံအမျိုးမျိုး ဆက်လက်ကြုံခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်ရော ဘယ်လို အလားအလာရှိသလဲ။ အပြောင်းအလဲ ဖြစ်လာမဲ့ အရိပ်အယောင်တွေ တွေ့ရပြီလားဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမဲ့ ပညာရှင်တွေကတော့ မြန်မာနိုင်ငံ အမေရိကန်သံရုံးရဲ့ သံမှုးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ အမေရိကန်အစိုးရ ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှာ မြန်မာ့အရေးကျွမ်းကျင်သူအဖြစ် တာဝန်ယူနေတဲ့ မစ္စ ပရက်ဆီလာ ကလပ်ပ်နဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြောင်း လေ့လာခဲ့တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဘောဂဗေဒပညာရှင် ဂျဲရက် ဘစ်ဆင်ဂျာတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က စီစဉ်တင်ဆက်ထားပါတယ်။ စကားဝိုင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese
၂၁ ။ ရခိုင်ပြည်နယ် တစ်ခုလုံး စစ်ကောင်စီ လက်လွှတ် ရတော့မလား 21 December 2024
RFA စကားဝိုင်း
“ရခိုင်ပြည်နယ်တစ်ခုလုံး စစ်ကောင်စီလက်လွှတ်ရတော့မလား”
~~~
■ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်မှာ နယ်မြေသိမ်းတိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ ပြည်နယ်အတွင်းက ၁၇ မြို့နယ်မှာ ၁၄ မြို့နယ်အထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ပဲ ကျန်ပါတော့တယ်။
၂၀၂၅ နှစ်သစ်မှာ ရခိုင်တစ်ပြည်နယ်လုံးကို စစ်ကောင်စီလက်လွှတ်လိုက်ရတော့မလား။ AA နဲ့ ရခိုင်ပြည်သူ တွေအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့လာရနိုင်လဲ ဆိုတာကို ဒီတစ်ပတ်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ ကိုဝေဟင်အောင်နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန ဒုတိယဌာနမှူး မမော်ရီးရီ တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။
RFA စကားဝိုင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Subscribe ▶  / @rfaburmese
ဝဘ်ဆိုက် ▶ https://www.rfa.org/burmese
မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp
Follow us on:
ဖေ့စ်ဘွတ်ခ်  / rfaburmese
တွစ်တာ  / rfaburmese
အင်စတာဂရမ်  / rfaburmese
တယ်လီဂရမ် https://t.me/rfaburmeseofficial
လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)
၂၂ ။ မြန်မာပြည် သူတွေရဲ့ လူမှုဘဝ တွေ ဘယ်လောက်ထီ ဆိုးရွား နေလဲ ။ 14 December 2024
RFA စကားဝိုင်း
မြန်မာပြည်သူတွေရဲ့ လူမှုဘဝတွေ ဘယ်လောက်ထိဆိုးရွားနေလဲ
~~~
■ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် စီးပွားရေး ကျဆင်းလာတာနဲ့အတူ ကုန်စျေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံနေရသလို၊ ခိုးဆိုးလုယက်မှုတွေနဲ့ ရာဇဝတ်မှုတွေကြောင့်လည်း ပြည်သူတွေ လုံခြုံရေးကင်းမဲ့တာတွေ ခံစားနေကြရပါတယ်။
မြန်မာနိုင်ငံမှာ အထွေထွေအကျပ်အတည်းတွေကြောင့် လူ ၁၅ သန်းလောက် အစားအစာမလုံလောက်တဲ့ဘေး ရင်ဆိုင်နေရပြီး၊ ကျန်းမာရေး ပညာရေးတွေလည်း ဆိုးဆိုးဝါးဝါးထိခိုက်နေရတယ်လို့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။ လာမယ့်နှစ်မှာ မြန်မာနိုင်ငံက လူဦးရေ သန်း ၂၀ လောက် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လိမ့်မယ်လို့လည်း ဆိုပါတယ်။ မြန်မာပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေအကြောင်း ဒီတစ်ပတ်ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးတဲ့သူတွေကတော့ မန္တလေးမြို့က အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်အေးအေး၊ ရန်ကုန်မြို့က ဒေါ်ထိပ်ထားနဲ့ အညာဒေသက သပိတ်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မချောစုဟန်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။
