FLOODS IN MYANMARဝါဆို ဝါခေါင်ရေဖေါင် ဖေါင် နှင့် ရေကြီး ပြဿနာအဖြေရှာ ရေတွေဘယ်ကလာ July August Rain andFlood ( English )

ရန်ကုန်မှာ ဘာကြောင့် ရေကြီးလဲ

ရန်ကုန်မှာ ဘာကြောင့် ရေကြီးလဲ (ရုပ်/သံ)

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၄

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဒီရက်ထဲ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သွားရေး၊ လာရေး အခက်အခဲတွေဖြစ်ခဲ့သလို ရေကြီးမှုကြောင့် ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့ မြို့ခံတွေက ဧရာဝတီကို ပြောပါတယ်။

ရေကြီးမှုတွေဟာ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမြို့နယ်တွေ အပါအဝင် ကမာရွတ်၊ မရမ်းကုန်း၊ လှိုင်၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ မြို့နယ်တွေမှာ ဖြစ်ပွားခဲ့ပြီး နေအိမ်တွေပေါ်အထိပါ ရေလွှမ်းခဲ့တာပါ။

ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်သူတွေ များလာပြီး လူနေထိုင်မှု များတာ၊ ဒီကနေ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ လိုက်လံ သိမ်းဆည်းဖို့နဲ့ လိုအပ်တဲ့ နောက်ဖေးလမ်းကြား ရှင်းလင်းတာ၊ ရေနုတ်မြောင်းတွေ ဖော်ဆောင်တာ အပါအဝင် မြစ်ချောင်းတွေထဲက အမှိုက်နဲ့စွန့်ပစ်ပစ္စည်းတွေကို ဆည်ယူရေးတွေမှာ မြို့တော်စည်ပင်အနေနဲ့
လစ်ဟာနေတာကြောင့် အခုလို ရေကြီး၊ ရေလျှံမှုတွေ ဖြစ်လာတာလို့ ဆိုပါတယ်။

နောင်ကာလတွေမှာ ရေကြီးမှုဟာ ပိုမိုဆိုးရွားလာနိုင်တဲ့ အခြေအနေမှာ ရှိနေတာကြောင့် မြို့ပြ လူထုအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပူးပေါင်း ပါဝင်ဖို့ လိုအပ်နေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။

Floods, Flood Disasters and Flood Control in Myanmar မြန်မာနိုင်ငံအတွင်းရေကြီးရေလျှံ မှု များ ၊ရေဘေးအန္တရာယ်များနှင့် ရေဘေးကာကွယ်ရေးများ

Referenceး Hazard Profile of Myanmar , Flood ( Original English Version )